ရှာဖွေစုဆောင်းစဉ်အခါ ဆင်းရဲဒုက္ခကိုဖြစ်စေတတ်၏။
ပျက်စီးဆုံးပါးသောအခါ ပူပန်သောကကိုဖြစ်စေတတ်၏။
ပြည့်စုံကြွယ်ဝသောအခါ မာန်မာနကိုဖြစ်စေတတ်၏။
ဤသို့ သဘောရှိသော စည်းစိမ်ဥစ္စာတို့ သည် အဘယ်မှာလျှင်ချမ်းသာကိုပေးတတ်သနည်း။
ဆင်းရဲခြင်း ပြွမ်းလျှက်ရှိသော ဤလူ့ ဘ၀၌ အလိုဆန္ဒဟူသည် ပြည့်ဝသည်မရှိပဲ တိုးတက်ပွားများ၍
နေ၏ ထိုထက် လွန်ကဲသောဒုက္ခသည် အဘယ်မှာရှိမည်နည်း။
သံသရာတည်းဟူသော အဆိပ်ပင်ကြီး၌ အရသာရှိသောအသီး နှစ်လုံးသာလျှင်သီးလေ၏။
ယင်းတို့ ကား ကဗျာကျမ်းတည်းဟူသော အမြိုက်အရသာကိုခံစားရခြင်းနှင့် သူတော်ကောင်းတို့ နှင့်
မိတ်ဖွဲ့ ပေါင်းသင်းရခြင်း ဖြစ်လေသည်။
သူတော်ကောင်းတို့ သာလျှင် သူတော်ကောင်းတို့ ကိုဘေးရန်မှကာကွယ်စောင့်ရှောက်နိုင်လေသည်။
လွတ်လပ်စွာအသက်မွေးရသူသည်လူဖြစ်ရကျိုးနပ်လေ၏။ လွတ်လပ်စွာအသက်မမွေးရသူကား
အသက်ရှင်နေသော်လည်းလူ သေပင်ဖြစ်၏။
ယုတ်ညံ့သူနှင့် ပေါင်းသင်းလျှင် မိမိပညာသည် ဆုတ်ယုတ်သွားမည်သာဖြစ်၏။
တန်းတူသူနှင့်ပေါင်းသင်းလျှင် မိမိပညာသည် တန်းတူအလယ်အလတ်ဖြစ်နေမည်။တိုးတက်ကြီးပွားခြင်းမရှိပေ။
ပညာအရာသာသူနှင့်ပေါင်းသင်းလျှင်မူ မိမိပညာသည် ကြီးပွားတိုးတက်လာမည်ဖြစ်သည်။
လောက၌လူတို့ သည် ပင်ကိုယ်သဘာဝအားဖြင့် သူတော်ကောင်းသူယုတ်မာမဖြစ်နိုင်ပေ၊
မိမိ၏ အပြုအမူသာလျှင် လူကိုမြင့်မြတ်သူ၊ ယုတ်နိမ့်သူအဖြစ်သို့ ပို့ ဆောင်တတ်လေ၏။
အသိဥာဏ် ပညာသည် သူတပါးစိတ်အလိုကို အလိုလိုပင်သိနိုင်စွမ်းလေသည်။
သူစိမ်းပင်ဖြစ်သော်လည်း အကျိုးစီးပွားကိုပြုမူတတ်မူဆွေမျိုးဖြစ်လေသည်။
ဆွေမျိုးပင်ဖြစ်သော်လည်း အကျိုးစီးပွားမဲ့ကိုပြုမူတတ်မူ သူစိမ်းဖြစ်လေသည်။
ကောင်းစွာအားထုတ်ပြုလုပ်ပါသော်လည်း ကံကြမ္မာကြောင့် အလုပ်ကိစ္စပျက်စီးရ၏။
ယင်းသို့ ကျိုးစားအားထုတ် ပါလျှက် အောင်မြင်မူ့ မရခြင်းသည်ကား အားထုတ်သူ၏အပြစ်မဟုတ်
ကံကြမ္မာ၏အပြစ်သာလျှင်ဖြစ်၏။
ပညာရှိသူသည် နည်းလမ်းကောင်းကို ကြံစည်စဉ်းစားရာ၌ ပျက်စီးနိုင်မည့်အချက်ကိုလည်း ၀ကွက်မထားပဲ
ထည့်သွင်းစဉ်းစားရာ၏။
သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )
No comments:
Post a Comment