( ရဲထွဋ္ဋ်လှ )
တကယ့်လူဆိုသည်မှာ လူသာမန်တို့ ထက်ထူးကဲသောလူဖြစ်၏။ သို့ ရာတွင် မွေးကတည်းက ထူးကဲသောလူဟူ၍ဘုရားလောင်းမှတပါးမရှိ။ ထိုသာမန်ဘ၀မှ တကယ့်လူဖြစ်စေရန် ဆရာကောင်းလို၏။
နည်းလမ်းကောင်းလို၏။
( ပီမိုးနင်း )
လူတယောက်၏ အသိပညာသည် သူ့ အတွက် အကောင်းဆုံး အဆွေခင်ပွန်းဖြစ်၏။ အသိအမြင် နည်းပါး
မိုက်မဲမူ့ ကား အဆိုးရွားဆုံးရန်သူ ဖြစ်ပေသည်။
( ဆားတင်ပါယ်လ် )
မစဉ်းစားမဆင်ခြင်ပဲ အလျှင်အမြန်ပြုလုပ်ခြင်းသည် ပျက်စီးခြင်းသာဖြစ်၏၊ အောင်မြင်ခြင်းသို့ မရောက်မှီ
အပြိုင်အဆိုင်တို့ နှင့် ပြည့်လျှက်ရှိသော ကြာမြင့်သည့် အချိန်ကို တွေ့ ဆုံရလိမ့်မည်။ သို့ သော် စိတ်မပျက်နှင့်၊
မိမိကိုယ်ကို အားကိုးလျှင် အောင်မြင်လိမ့်မည်ဟု တထစ်ချယုံကြည်ပါ။
( ငွေဗိ )
စဉ်းစားချင့်ချိန်နိုင်သောဥာဏ် သို့ မဟုတ် ဘ၀၏ အမှားအမှန်တို့ ကို ဝေဖန်စိစစ် ပိုင်းခြားသိမြင်နိုင်သည့်အသိတရားသည် လူသားတို့ အဖို့ အရေးကြီးဆုံးအချက်ပင်ဖြစ်၏။
( ဆိုကရေးတီး )
သင်သည် အကျိုးကို ရှေးဦးစွာမမျှော်လင့်ပါနှင့်။ မှန်မှန်ဝိရိယအစွမ်းကိုသာ ထက်မြက်ပါစေ၊
ဝိရိယအစွမ်းထက်မြက်လာသောအခါ မျှော်လင့်ချက်မကအောင် ၀ီရိယ အကျိုးတွေကို တွေ့ မြင်ရပါလိမ့်မည်။
( နာဂရီယောဂကျမ်း )
အရိုးအဖြောင့်ကိုသာလက်ကိုင်ထားပါ။ လိမ်လည်လှည့်ပတ်မူ့ များကိုလက်မခံပါနှင့်။ အားမကျပါလေနှင့်။
ဘယ်အခါမဆိုမှန်သည့်ဘက်ကနေပါ။မှားသောအရာကိုအလေးမပြုပါနှင့်။
( ဒဂုန်ဦးစန်းငွေ )
ဘယ်အရာကိုမဆို ကြီးပွားမူ့ ကိုအလိုရှိကမေတ္တာနှင့်အခြေစိုက်မှသိုက်မြိုက်စည်ကားနိုင်လေသည်။
( ဒဂုန်ဦးစန်းငွေ )
တက္ကသိုလ်က ဘွဲ့ ထူး ဂုဏ်ထူးရမှ ပညာတတ်တယ်မခေါ်ဘူး။ ကျောင်းက တက္ကသိုလ်က
လေ့လာဆည်းပူးမူ့ ပညာနဲ့  ပညာရှိတာနဲ့ တခြားစီဖြစ်တယ်။
( ရဲထွဋ္ဋ်လှ )
သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )
No comments:
Post a Comment