( ၁ ) တောင်းပန်ခြင်း
( ၂ ) မှား၍အသစ်ပြန်လုပ်ရခြင်း
( ၃ ) မှားကြောင်းဝန်ခံခြင်း
( ၄ ) တကိုယ်ကောင်းမကြံခြင်း
( ၅ ) သူငယ်ချင်းထံမှအကြံဥာဏ်တောင်းခြင်း
( ၆ ) တွန့် တိုခြင်းမရှိ ရက်ရောခြင်း
( ၇ ) အခါခါရှုံးသော်လည်းဆက်၍ကြိုးစားခြင်း
( ၈ ) မည်သို့ သောအရာမဆို တွေးတောဆင်ခြင်ပြီးမှလုပ်ခြင်း
( ၉ ) ထောက်ထားစာနာတတ်ခြင်း
( ၁၀ ) အမှားကိုသင်ခန်းစာအဖြစ်ယူတတ်ခြင်း
( ၁၁ ) တပါးသူကိုခွှင့်လွှတ်တတ်ခြင်း
( ၁၂ ) မိမိအပေါ်သို့  ကျင့်သင့်ကျထိုက်သောအပြစ်ဒဏ်ကိုခံယူခြင်း။
( လယ်တီပဏ္ဍိတဦးမောင်ကြီး )
ပညာရှိသည်ဟုမထင်ပဲ ပညာရှိခြင်းက ပညာရှိသည်ဟုထင်ရ၍ ပညာမရှိခြင်းထက် သာလွန်ကောင်းမွန်တယ်။
( ပလေတိုး )
တွေးခေါ်မူ့ ပင်လျှင်ဘ၀ဖြစ်၏။ တွေးတောမူ့ မပြုလျှင်ကား အမှန်စင်စစ်အားဖြင့် အသက်ရှင်နေထိုင်ခြင်းမဟုတ်တော့ပေ။ တွေးတောခြင်းဖြင့်သာလူအဖြစ်ရပ်တည်နေပေသည်။
( အေဘီအလ်ကော့ )
မိမိကိုယ်ကိုဝေဘန်ရေးမလုပ်သူသည် ဤလောက၌ ယထာဘူတကျသောအတွေးအခေါ်သမားတယောက်ဖြစ်ရန်အခက်ခဲဆုံးပင်ဖြစ်သည်။
( ရှက်ဖ် တက်စ် ဘာရီ )
ကြီးကျယ်သောအတွေးအခေါ်များသည် နှလုံးသားမှပေါက်ဖွားလာပေသည်။
( ဗိုဗင်နာဂျင်စ် )
မြင့်မြတ်သောအတွေးအခေါ်ရှိသူများကားမည်သို့ သောအခါမျှတစ်ကိုယ်တော်သမားများမဟုတ်ကြပေ။
( စာဖီးလစ်-ဆစ်ဒနီ )
တွေးခေါ်မြှော်မြင်မူ့ မရှိသောလေ့လာသင်ကြားခြင်းကားအချီးနှီးသာတည်း။
( ကွန်ဖြူးရှပ် )
သူတပါးထံမှ ပညာတစ်ရပ်ရပ်ဖြစ်စေ၊ ဗဟုသုတတခုခုဖြစ်စေရနိုင်ပါသည်။
ထို့ ကြောင့်လူတိုင်းကိုလေးစားပါ။ အယုတ်ဆုံး သူတောင်းစားထံမှပင် မှတ်သားစရာသင်ခန်းစာတခု ရနိုင်ပါလိမ့်မည်။ ယူတတ်ဖို့ သာလိုပေသည်။ ( ဗိုဗင်နာဂျင်စ် )
အဖြစ်စိတ်ငါးမျိုးဖြစ်တဲ့ အကျိုးအပြစ်ဝေဖန်ခြင်း၊ သေချာပြတ်သားစွာတွေးကြံတတ်ခြင်း ၊ ချိန်ဆ၍လုပ်ခြင်း ၊ စိတ်ကိုပြဋ္ဌာန်းခြင်း၊ ၀ီရိယရှိခြင်းတို့ သည် အလွန်အရေးကြီးလှ၏။
( ပီမိုးနင်း )
ဆုံးဖြတ်နိုင်စွမ်းရှိသူမှသာလျှင် ခေါင်းဆောင်ဖြစ်နိုင်သည် ။
လောက၌ကြီးပွားမည် ။ ချီတုံချတုံလုပ်ကာသူတစ်ပါး အဆုံးဖြတ်ခံနေသူမှာနောက်လိုက်ဘ၀မှဘယ်တော့မှမတက်ရဲချေ။
ချက်ချင်းဆုံးဖြတ်တတ်ဖို့ အခြေအနေကို ချက်ခြင်းသုံးသပ်စေဖန်တတ်၍ အကြောင်းအကျိုးကိုချက်ချင်းတွက်ဆနိုင်ရမည်။ နောင်ရေးမရေရာမူ့ ကိုကြောက်နေလျှင် ဆုံးဖြတ်နိုင်စွမ်းရှိမည်မဟုတ် သတ္တိရှိမှဆုံးဖြတ်နိုင်စွမ်းပေမည်။
( တက်တိုး )
ဓမ္မစစ်၊ ဓမ္မမှန်၏ အနှစ်သာရကိုမရပါက ဒေါသဖြစ်မူ့ ၊
ရန်ငြိုးထားမူ့  ၊ စိတ်နှလုံးမသာယာမူ့ ၊ ခေါင်းမာမူ့  ဘက်လိုက်သည့်အမြင် ကျဉ်းမြောင်းမူ့  ၊ အယူသီးမူ့ ၊ ထိတ်လန့် မူ့ ၊ ယုံမှားသံသယဖြစ်မူ့ ၊ မယုံကြည်မူ့  ပျင်းရိမူ့  ၊ မေ့လျှော့ပေါ့တန်မူ့ ၊
ကိုယ့်ကိုယ်ကို အထင်ကြီးမူ့ များ အပြည့်အ၀ရှိနေသည့်ဘ၀သည် အရှိန်အ၀ါမဲ့နေပေလိမ့်မည်။
( ပါရဂူ ၊ဓမ္မဘ၀တလျှောက်လုံးနေသွားနည်း )
အလျှော့မပေးဆိုတဲ့စိတ်ဓါတ်မျိုးကိုလူတိုင်းလူတိုင်းမွေးမြူထားအပ်၏ ။ ထိုစိတ်ကူးရှိသောလူများသည် အခက်အခဲ ကိုသူများထက်ပိုပြီး ကျော်နင်နိုင်လေသည်။
( ဒေါက်တာမာဒင် )
လောကမှာရှိရှိသမျှ လူတိုင်းဟာ ချမ်းချမ်းသာသာနေလိုတယ် ၊
တင့်တောင်းတင့်တယ်နေလိုကြတယ်။ မပူရမပင်ရဘ၀ရလိုကြတယ် ၊ ဒါကတော့သဘာဝတရားပဲ။ တစ်ခဏချမ်းသာ တစ်ဘ၀ချမ်းသာမူ့ အတွက် မိမိရဲ့ စိတ်ပိုင်းဘ၀ ပျက်စီးခဲ့ပြီး ကိုယ်ကျင့်တရား စာရိတ္တအပျက်ခံပြီး ချမ်းသာကြွယ်ဝအောင် လုပ်တာမျိုးကတော့ ပစ္စုပန်မှာတောင်တည်တံ့ခိုင်မြဲတဲ့အကျိုး မရနိုင်ဘူး။ သံသရာအတွက်ဆိုရင်တော့သာပြီးဆိုးတယ်။
( ရဲထွဋ္ဋ်လှ )
သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )
No comments:
Post a Comment