Sunday, August 29, 2010

ဆံတော်ရှင်ဆုတောင်းပြည့်စေတီတော်


ဆံတော်ရှင်ဆုတောင်းပြည့်စေတီတော် ( နွားလပို့ တောင် )
မူလဘုရားဘွဲ့ တော်~~~~~~~~ဗိန္ခိသေလာ ( ကျောက်များဆက်စပ်နေသောဘုရား )
ကရင်ဘာသာအရ~~~~~~~~ လုံး -ထို-မို ( ကျောက်တို့ ဘုရား )
မွန်ဘာသာအရ ~~~~~~~~ ကျိုက်ဗော့ဂလ် ( ဘုရားဘွဲ့ တော် )
တည်ထားကိုးကွယ်သောနှစ်~~~~~~~~ ( သာသနာသက္ကရာဇ် ၄၇ ခုနှစ် )
ပင်လယ်ရေပြင်မှအမြင့် ~~~~~~~~၁၈၈၈ ပေ
ဥာဏ်တော်အမြင့်~~~~~~~~ ၉ တောင်
အပေါ်ကျောက်တုံးအမြင့် ~~~~~~~~ ၅ တောင် ၁ ထွာ
အပေါ်ကျောက်တုံးလုံးပတ် ~~~~~~~~ ၁၇ တောင်
အလယ်ကျောက်တုံးအမြင့် ~~~~~~~~ ၇ တောင်
အလယ်ကျောက်တုံးလုံးပတ်လည် ~~~~~~~~ ၂၈ တောင် ၁ ထွာ
အောက်ခံကျောက်တုံးအမြင့် ~~~~~~~~ ၅ တောင်
အောက်ခံကျောက်တုံးလုံးပတ်လည် ~~~~~~~~ ၁၅ တောင်

ကျိုက်ထီးရိုးစေတီတော်မြတ်ကို တည်ထားပူဇော်ခဲ့သော ရှင်တိဿရသေ့မှ ကျိုက်ထီးရိုးစေတီတော်မြတ်ထက်
( ၅ ) နှစ်စောပြီး ဗုဓ္ခဆံတော်မြတ်အစစ်တဆူကို အလယ်ကျောက်တုံး၌ဋ္ဌာပနာ၍ ကျောက်တုံးသုံးလုံးဆင့်ကာ
အံ့သြဘနန်း တည်ထားပူဇော်ခဲ့ပါသည်။
မွန်ပြည်နယ် ပေါင်မြို့ နယ် ကျုံကကျေးရွာ ရန်ကင်းကျောင်းတိုက်မှ ( ၄ ) မိုင်အကွာ တောတောင်ရှိုမြောင်
ရေတံခွန်စိမ့်စမ်းများကို ဖြတ်သန်း၍ သပိတ်အိုင်တောရကျောင်းအနီးရှိ နွားလပို့ တောင်တန်းပေါ်၌
တည်ထားပူဇော်ခဲ့ပါသည်။ အလွန်ရှေးကျသော တရုတ်သူတော်စင်များ နေထိုင်ခဲ့ခြင်းအထိမ်းအမှတ်အဖြစ်
တရုတ်စာထွင်း စာလုံးသုံးလုံးကို အောက်ခံကျောက်တုံး၌တွေ့ ရှိရပြီး ( ပြိုမယောင်ကျောင်းတော် )
ဟုအဓိပါယ်ရပါသည်။ ( ၁၂ ) လရာသီပတ်လုံး ဘုရားဖူးများသွားရောက်ဖူးမြှော်နိုင်ပါသည်။

( မိဘနှစ်ပါးက ဖူးရအောင်လို့ ပို့ ပေးထားတဲ့ ဘုရားပုံတော်ပါ။ ဓမ္မမိတ်ဆွေအားလုံးကိုမျှဝေဒါနပြုပါရစေ )
ဆုတောင်းပြည့်တဲ့စေတီတော်တဲ့ ...ဒါကြောင့်မို့ တောင်းချင်တဲ့ဆုတွေတောင်းသွားကြပါ...။
ကိုယ်တိုင်လည်းဆုတောင်းထားလိုက်တာတွေအများကြီးပါပဲ.............။

Saturday, August 28, 2010

နေ့ လည်မှာမီးထွန်းရှာတောင်မတွေ့ နိုင်သူများ


တခါတုန်းက...တွေးခေါ်ပညာရှင်ကြီး ဒိုင်အိုဂျီးနီစ်ဟာလည်း လောကမှာ အင်မတန် လူကောင်းသူကောင်း မိတ်ကောင်းဆွေကောင်းရှားပါးတယ်လို့ ယူဆပုံရပါတယ်။ ဒိုင်အိုဂျီးနစ်ကနေ့ လည်ကြောင်တောင်ကြီးမှာ မီးအိမ်ကိုဆွဲပြီး တလမ်းဝင်တလမ်းထွက်နဲ့ မြို့ ထဲမှာလျှောက်သွားနေတယ်။ လူတွေကသူ့ ကို "မီးအိမ်ကြီးတကားကားနဲ့  ဆရာကြီးဘာလုပ်နေတာလဲ" လို့ မေးတော့ ဒိုင်အိုဂျီးနစ်က
" ကျုပ်...လူကောင်းသူကောင်းကို လိုက်ရှာနေတာ"တဲ့။

သူဆိုလိုတာက လောကမှာလူကောင်းသူကောင်းဆိုတာ ရှားလွန်းလို့ 
နေ့ လည်ကြောင်တောင်မှာ မီးထွန်းရှာတောင် မတွေ့ ရဘူးဆိုတဲ့သဘောပါပဲ။

ဒိုင်အိုဂျီးနစ်နှင့်လူကုံထံ

တစ်နေ့ မှာ ချမ်းသာကြွယ်ဝတဲ့ လူကုံထံတဦးရဲ့ အိမ်ကြီးကို ဒိုင်အိုဂျီးနစ်အလည်ရောက်သွားတယ်။ ခမ်းနားလွန်းလှတဲ့ အိမ်ကြီးထဲမှာ အင်မတန်အဖို့ ထိုက်တန်တဲ့ ပစ္စည်းတွေကို ပြထားတယ်။
လူကုံထံကသူ့ ရဲ့ ချမ်းသာကြွယ်ဝမူ့ ၊ ထည်ဝါမူ့ ကိုဂုဏ်ယူဝင့်ကြွားတဲ့အနေနဲ့ 
ဒီလိုအဖိုးထိုက်တန်တဲ့ ပစ္စည်းတွေကိုပြထားတာဖြစ်ပါလိမ့်မယ်။ အိမ်ကြီးရှင်လူကုံထံက ခပ်ပေပေနေတတ်တဲ့ ဒိုင်အိုဂျီးနစ်ကို
" အဖိုးထိုက်တန်တဲ့ပစ္စည်းတွေပေါ်တံတွေးမထွေးပါနဲ့ လို့ " ကြိုပြီးသတိပေးထားတယ်။
ဒိုင်အိုဂျီးနစ်က ပြထားတဲ့ပစ္စည်းတွေကို လှည့်လည်
ကြည့်ရူ့ တယ်။
ကြည့်ရူ့ ပြီးတဲ့အခါမှာ ဒိုင်အိုဂျီးနစ်က လူကုံထံရဲ့ မျက်နှာကို လက်ညှိုးထိုးပြပြီး

"ဟောဒီမျက်နှာကတော့ဘာမှတန်ဖို့ မရှိဘူး"
လို့ ပြောရင်းတံတွေးနဲ့ ပက်ကနဲထွေးလိုက်တယ်။ အပေါ်ယံအယောင်အဆောင် ဂုဏ်ပကာသနတွေနဲ့  လူ့ တန်ဖိုးရှိလိုသူတွေ၊ လူကြီးလူကောင်းလိုဟန်လုပ်သူတွေ၊ အပေါ်ယံဟန်ဆောင်ကောင်းပေမယ့် အတွင်းသန္တာန်မှာတော့ ကောင်းမြတ်တဲ့သဘောထားမရှိသူတွေကို ဒိုင်အိုဂျီးနီစ်ကမုန်းဟန်တူပါတယ်။

ဒိုင်အိုဂျီးနစ်က အပြောနဲ့ အလုပ် ညီတယ်လို့ ဆိုရမလားပဲ။

သူ့ မှာအပေါ်ယံအဆောင်အယောင်ဆိုလို့ မရှိသလောက်ပါပဲ။
သူ့ အတွက်မလိုအပ်တာတွေကိုဖယ်ရင်းဖယ်ရင်းနဲ့ 
နောက်ဆုံးမှာရေသောက်စရာခွက်တခုပဲကျန်တယ်။
တစ်နေ့ မှာလူတယောက်က ကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်သောက်နေတာမြင်တော့

" ရေသောက်တယ်ဆိုတာခွက်မရှိလည်းဖြစ်တာပါပဲ" လို့ တွေးပြီး
နောက်ဆုံးပိုင်ဆိုင်တဲ့ ပစ္စည်းဖြစ်တဲ့ သူ့ ခွက်ငယ်ကိုလည်းစွန့် ပစ်လိုက်တယ်။


ဒိုင်အိုဂျီးနစ်နဲ့ အလက်ဇန္နားဘုရင်ကြီး

ဒိုင်အိုဂျီးနီးစ်ရဲ့ သတင်းကထင်ရှားလေတော့ တစ်နေ့ မှာ အလက်ဇန္နားဘုရင်ကြီးက
ပြဿနာတခုကိုစဉ်းစားပြီး
အဖြေရှာရင်း ထိုင်နေတဲ့ဒိုင်အိုဂျီးနီးစ်အရှေ့ လာရပ်ပြီး အထူးအခွင့်အရေးပေးတဲ့အနေနဲ့  "လိုရာကိုတောင်းပါလို့ " ဆိုတယ်။
ဒိုင်အိုဂျီးနီးစ်ကဘာမှမတောင်းရုံမက " ဖယ်ပါ ကျုပ်ကိုမကွယ်ပါနဲ့ "
လို့ တောင်ပြောလိုက်တယ်လို့ ဆိုပါတယ်။


စိတ်ထားဖြောင့်မတ်သောမိတ်ဆွေ
ဒိုင်အိုဂျီးနီးစ်ဟာလူတွေအပေါ်မှာအားမလိုအားမရနဲ့ ကြည့်မရတာတွေ၊ အထင်မကြီးနိုင်တာတွေရှိပေမယ့် ခွေးတွေကိုတော့သိပ်ကိုချစ်တယ်။ ချီးမွမ်းတတ်တယ်။ သူ့ အမြင်မှာ လူဆိုတာရိုးသားဖြောင့်မတ်မူ့ မရှိဘူး။ အပေါ်ယံဟန်အမူအရာတွေနဲ့ လူကောင်းယောင်ဆောင်တတ်သူတွေဖြစ်တယ်လို့ မြင်ပုံရပါတယ်။ ခွေးသတ္တ၀ါကတော့ရိုးသားဖြောင့်မတ်တယ်။ ဟန်ဆောင်မူ့ မရှိဘူး။ ကိုယ့်ကိုချစ်ပြီခင်ပြီဆိုရင် ရိုးးမြေကျ သေသည်အထိရိုးသားစွာ၊ သစ္စာရှိစွာနဲ့  ချစ်သွားခင်သွားတတ်တာပဲ။ ခွေးသတ္တ၀ါဟာ လူတွေလို ခုတမျိုး၊ တော်ကြာတမျိုး၊ ချစ်လိုက် မုန်းလိုက်မလုပ်တတ်ဘူး။ လိုလျှင်တမျိုး၊ မလိုလျှင်တမျိုးနဲ့  ကိုယ့်ကိုပေါင်းလိုက်ခွာလိုက်မလုပ်တတ်ဘူး။ အခွင့်အရေးကိုမျှော်ကိုးပြီး ကိုယ့်ကိုခင်တာမျိုး၊ ဆက်ဆံပေါင်းသင်းတာမျိုးလည်းမလုပ်တတ်ဘူး။ ကိုယ်ကကိုယ့်ခွေးကိုမျက်နှာကြောတင်းတင်းနဲ့  ဘယ်လောက်ပဲဆူဆူကြိမ်းကြိမ်း သခင်ဖြစ်တဲ့ကိုယ့်ကိုခွေးဟာမုန်းခဲတယ်။
မကျွေးမွေးပဲ ထားလို့ လဲကိုယ့်ကိုသူကမမုန်းတတ်ဘူး။

ပြီးတော့...ကိုယ်ကဆင်းရဲဒုက္ခရောက်တဲ့အခါ၊ ကျရှုံးမူ့ တွေ၊ နိမ့်ကျမူ့ တွေနဲ့ ကြုံရတဲ့အခါမှာလည်း ကိုယ့်ခွေးကကိုယ့်ကိုစွန့် ပစ်မသွားဘူး။ အထင်သေးအမြင်သေးနဲ့ ကိုယ့်ကိုမထီမဲ့မြင်မပြုတတ်ဘူး။ အင်မတန်သစ္စာရှိစွာနဲ့ ကိုယ့်အပါးမှာမခွဲမခွါရှိနေတတ်တယ်။ ဆင်းရဲ...ဆင်းရဲ၊ ချမ်းသာ...ချမ်းသာ အေးအတူပူအမျှ ခွေးဟာကိုယ့်အနားမှာနေထိုင်သူဖြစ်တယ်။ ဒါတွေကိုကြုံတွေ့ ခဲ့ဘူးတဲ့ ဒိုင်အိုဂျီးနီးစ်က ခွေးတွေကိုလူတွေထက် သစ္စာရှိတဲ့ စိတ်ထားဖြောင့်မတ်တဲ့ မိတ်ဆွေတွေအနေနဲ့ အရောတ၀င် ဆက်ဆံဟန်တူပါတယ်။ ခွေးတွေနဲ့ သူဒီလိုဆက်ဆံနေတာကိုကြည့်မရတဲ့ အထင်အမြင်သေးတဲ့လူတဦးက ဒိုင်အိုဂျီးနီးစ်ကို အမဲရိုး ပစ်ပေးလိုက်ဖူးတယ်။ သဘောကတော့ ခွေးတွေကို အမြတ်တနိုးနဲ့ အရောတ၀င် ဆက်ဆံနေတဲ့ ဒိုင်အို ဂျီးနီးစ်ဟာလည်း ခွေးပဲလို့  ပြောချင်တဲ့သဘောနဲ့ အမဲရိုးကိုပစ်ပေးလိုက်တာပါပဲ။

ဘ၀နာခဲ့တဲ့ဒိုင်အိုဂျီးနီးစ်ဟာတမင်ရွဲ့ ပြီးခွေးတွေကို မိတ်ဆွေကောင်းအဖြစ်
အရောတ၀င်ဆက်ဆံပြတာလည်းဖြစ်နိုင်ပါတယ်။ ဘာလို့ ဆိုတော့သူ့ ဘ၀ခရီးမှာလူကောင်းသူကောင်း မိတ်ကောင်းဆွေကောင်းကို များများ စားစား တွေ့ ခဲ့ရဟန်မတူပါဘူး။
သူ့ ကိုအယုံအကြည်ကင်းမဲ့စွာနဲ့ သူ့ မြို့ ကနေပြီးနှင်ပစ်တာမျိုးလည်းသူကြုံ
ခဲ့ရတယ်။
ကျွန်အဖြစ်နဲ့ အရောင်းခံလိုခံရ၊ ပင်လယ်ဓါးမြတို့ ရဲ့ ဖမ်းဆီးနှိပ်စက်တာကိုခံရလိုခံရနဲ့ 
လူတွေကပေးတဲ့ ဒုက္ခမျိုးစုံကိုခံခဲ့ရသူ၊
ဘ၀အတွေ့ အကြုံများသူပါပဲ။


တကယ်တော့ ဘ၀ခရီးကိုသွားရဖန်များလို့  ဘ၀အတွေ့ အကြုံတွေများလာတဲ့အခါကျမှ
ကိုယ့်ပတ်ဝန်းကျင်မှာဆက်ဆံရတဲ့လူတွေကို မိတ်ကောင်းဆွေကောင်း အဖေါ်ကောင်းဟုတ်မဟုတ် ခွဲခြားသိရတော့တာပါပဲ။ အသက်တစ်ရာနေရတယ်ပဲထား၊ အဲဒီအသက်တစ်ရာကာလအတွင်းမှာ မိတ်ဆွေကောင်း ဘယ်နှစ်ယောက်ရှိတယ်ဆိုတာကို လက်ချိုးပြီးရေကြည့်ရင် လက်တဖက်ပြည့်အောင် လက်ချိုးရေတွက်စရာ ရှိမယ်မထင်ပါဘူး။ ဘ၀ခရီးမှာအခက်အခဲတွေ၊ ဘေးအန္တရယ်တွေ၊ ဆင်းရဲခြင်းတွေ၊ အဆင့်မြင့်ရာမှ နိမ့်ကျသွားတဲ့အဖြစ်တွေ၊ ကျရှုံးတာတွေ စတဲ့ဒုက္ခတွေနဲ့ ကြုံလေလေ...... ကိုယ့်ပတ်ဝန်းကျင်မှာ ဆက်ဆံနေရတဲ့ မိတ်ဆွေ ဆိုတဲ့ သူတွေ လျှော့နည်း လျှော့နည်းသွားလေလေပါပဲ။

ဆရာနန္ဒာသိန်းဇံ၏မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားခြင်းမှကောက်နှုတ်ဖေါ်ပြသည်

***~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~***

***ကိုယ်ပိုင်ခံစားချက်***
ကိုယ်လည်းဒိုင်အိုဂျီးနီးစ်နဲ့ အမျိုးတော်နေတယ်ထင်ပါတယ်...လူဆိုရင်ခပ်ကြောက်ကြောက်ဖြစ်နေမိတယ်။ ဘ၀မှာလူတော်တော်များများကိုတွေ့ ဖူးကြုံဖူး ပါတယ်... ကြုံလိုက်သမျှလူတွေထဲမှာလူကောင်းသူကောင်းမိတ်ကောင်းဆွေကောင်းရယ်လို့ တွေ့ ရတာအင်မတန်နဲပါတယ် ကိုယ်ကဘယ်လောက်ပဲကောင်းလည်းသူတို့ ရဲ့ ကိုယ့်အပေါ်တုန့် ပြန်မူ့ ကတော့ခါးသီးစရာကောင်းပါတယ် လောကမှာ လူဆိုးလူကောင်းဆိုတာဂျိုပေါက်နေတာမဟုတ်တော့ခွဲခြားရသိပ်ခက်ပါတယ်။
တချို့ ကျတော့လည်းဆိုးမလိုလိုနဲ့ ကောင်းကြပြီး အချို့ ကျတော့လည်းကောင်းမလိုလိုနဲ့ ဆိုးကြပြန်ပါတယ် ဒါကြောင့်မို့ လည်းသစ်ကောက်ဝါးကောက်တာမြင်ရပေမယ့်
လူ့ ရဲ့ အတွင်းစိတ်ကောက်နေဖြောင့်နေတာကိုမမြင်ရဘူး..လို့ ဆိုကြပါတယ်...။

ဘ၀မှာမထင်မှတ်ပဲကိုယ့်အပေါ် သိပ်ကောင်းခဲ့တဲ့သူတွေရှိခဲ့ဘူးပါတယ်...

အခုမှပဲသိ အခုမှပဲမြင်ဘူးတဲ့လူတယောက်ပါပဲ ဒါပေမယ့်ကိုယ့်အပေါ် သူစိမ်းတယောက်လိုသဘောမထားပဲ
မောင်ရင်းနှမလိုဆက်ဆံပြီးကူညီပေးသွားတာရှိခဲ့ဘူးပါတယ်...ဘာမျှော်လင့်ချက်မှလည်းမထားပါဘူး...
သူတို့ ရင်ထဲကရှိနေတဲ့စေတနာအတိုင်းသာ သူတပါးလိုအပ်နေတဲ့အချိန်မှာကူညီပေးလိုက်တဲ့သဘောပါပဲ။
ဒါပေမယ့် ကံမကောင်းစွာနဲ့ အဲလိုမိတ်ဆွေမျိုးကိုခဏတာပဲကြုံခဲ့ရဘူးပါတယ်...။
စိတ်ထားမကောင်းသူတွေ အပေါ်ယံမိတ်ဆွေတွေကိုတော့
သွားလေရာရာမှာတော်တော်ကြာကြာဆုံခဲ့ကြုံခဲ့ရပြန်ပါတယ်...။ ကိုယ့်မှာရှိတဲ့ဆင်တကောင်လုံးသတ်ကျွေးလိုက်တာတောင် အကောင်းပြောမခံရပဲ
အပြစ်ပဲပြောခံရတာတွေနဲ့ လည်းကြုံခဲ့ရဘူးပါတယ်...

တချို့ ကျတော့လည်းကူညီပေးလိုက်တာကနဲနဲ သူတို့ ရဲ့ ကျေးဇူးကိုအံ့မခန်းဘွယ်
ထုတ်ဖေါ်ဂုဏ်ယူနေကြတဲ့သူတွေလည်းတွေ့ ဖူးပါတယ်။
တချို့ ကျတော့လည်းကိုယ့်ကိုတခါမှမမြင်ဘူးမတွေ့ ဘူးပေမယ့်

ဖြူဖြူစင်စင်နဲ့ အဝေးကနေကူညီပေးတတ်သူတွေလည်းတွေ့ ဖူးပါတယ်။
ထို့ အတူကိုယ့်ကိုတခါမှမတွေ့ ဘူးမမြင်ဘူးပေမယ့်

ကိုယ်ဒုက္ခရောက်မှပျော်မယ့်သူတွေလည်းကြုံခဲ့ဖူးပါတယ်။
လောကသဘာဝအတိုင်းလူအမျိုးမျိုးစိတ်အထွေထွေဆိုတာရှိတတ်ကြပါတယ်
ဆန်းတော့လည်းမဆန်းပါဘူး...သို့ သော်လည်း အခုန ကဒိုင်အိုဂျီးနီးစ်လိုပါပဲ

အဲလိုလူမျိုးတွေနဲ့ ကြုံရတဲ့အခါမှာတော့ စိတ်ပျက်မိတယ်...။

ဒါပေမယ့်လည်းသူတို့ အပေါ်ဘယ်လိုမှသဘောမထားပါဘူး..။ ဘ၀ဆိုတာဒီလိုပါပဲ...
လူကောင်းသူကောင်းမိတ်ကောင်းဆွေကောင်းကိုပဲတွေ့ ချင်သော်ငြားလဲ.... အကောင်းအဆိုးတွေဒွန်တွဲနေတဲ့လောကကြီးမှာ... ကောင်းတခါ ဆိုးတလှည့်ကြုံရမှာပါပဲ....
မြတ်စွာဘုရားရှင်တောင်မှဒီလောကဓံတရားတွေကို
ရှောင်လွှဲလို့ မရပဲကြုံခဲ့ရတာပဲလေ...
ကိုယ်လိုသာမန်လူတယောက်အတွက်တော့....
အခုလည်းကြုံရမယ်...နောက်လည်းကြုံရမယ်...နောင်ကိုလည်းကြုံနေဦးမှာပါပဲ...။
သို့ သော်မည်သို့ ပင်ကြုံစေဦးတော့....

ခံနိုင်ရည်ရှိဖို့ နှင့် သူမကောင်းပေမယ့် သူ့ ကိုကိုယ်ကရန်ညှိုးဖွဲ့ မတုန့် ပြန်မိဖို့ သာကျိုးစားရင်း...........
*~~မိစ္ဆာပဏိဟိတံစိတ္တံပါပိယောနံတတောကရေ~~*
( မကောင်းသောစိတ်ထားသည် ထိုစိတ်ရှိသူအား ယုတ်ညံ့ဆိုးရွားသူဖြစ်အောင်ပြုတတ်၏ )
*~~သမ္မာမဏိဟိတံစိတ္တံသေယျသောနံတတောကရေ~~*
( ကောင်းသောစိတ်ထားသည် ထိုစိတ်ရှိသူအား အထက်တန်းကျသူဖြစ်အောင်ပြုတတ်၏ )
ဘုရားရှင်၏အဆုံးအမများကိုနာခံရင်းနဲ့ သာ....................။

***~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~***


Thursday, August 26, 2010

" မြတ်စွာဘုရားရဲ့ နားထင်ရိုးတော်ဓာတ်ပုံများ"








မြတ်စွာဘုရားရဲ့ နားထင်ရိုးတော်ဓာတ်ပုံကို မျှဝေပေးလိုက်ပါတယ်။
သူငယ်ချင်းတစ်ယောက်ရဲ့ မေးလ်လေးကတစ်ဆင့် ရခဲ့တာပါ။ အားလုံးကို
ဖူးမျှော်စေချင်လို့လည်း ပို့ပေးလိုက်တာပါ။

မသူတော်တရားဘေး နှင့် သူတော်မဟုတ်သူယုတ်မာတို့၏ နှိပ်စက်မှုဘေးမှ
အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ

ကိုကျော်စွာ


forward mail မှတဆင့်မျှဝေခြင်းဖြစ်ပါသည်။


မိတ်ဆွေကောင်းတို့ အတွက်ဆိုကရေးတီး၏အိမ်


တခါမှာ....ဂရိတွေးခေါ်ပညာရှင်ကြီး ဆိုကရေးတီးက အိမ်ဆောက်နေပါတယ်။
ဆိုကရေးတီးဟာ အတွေ့ အကြုံ ဗဟုသုတနဲ့  ပညာအရာမှာ ကြွယ်ဝချမ်းသာသူဖြစ်ပေမယ့်
ပစ္စည်းဥစ္စာအရာမှာတော့ ချမ်းသာလှသူမဟုတ်ပါဘူး။
ဒါကြောင့်သူဆောက်နေတဲ့အိမ်က
ခမ်းခမ်းနားနား ထည်ထည်ဝါ၀ါအိမ်မျိုးမဟုတ်ပါဘူး။ ခပ်ငယ်ငယ်ခပ်ကျဉ်းကျဉ်း နေလို့ ဖြစ်ရုံအိမ်မျိုးပါပဲ။
ဒီလိုအိမ်ငယ်ငယ်ကျဉ်းကျဉ်းဆောက်နေတာကို မြင်တဲ့လူတဦးက ဆိုကရေးတီးကို အထင်အမြင်သေးသွားပါတယ်။ ဒါနဲ့ ဒီလူကအပြစ်ပြောတဲ့လေသံနဲ့ ၊ ခနဲ့ တဲ့လေသံမျိုးနဲ့ 
"ပညာရှိကြီး ဆိုကရေးတီး အိမ်ကငယ်လှချည်လား"
လို့ ဆိုတယ်။
ဒီလိုဆိုလာတဲ့လူကို ဆိုကရေးတီးက ပညာရှိပီပီ " ကျုပ်အိမ်ကမိတ်ကောင်းဆွေကောင်းတွေ
လာရင်တော့ နေလောက်ပါတယ်" လို့ ပြောလိုက်ပါတယ်။

ဆိုကရေးတီးပြောလိုက်တဲ့စကားကို တဖက်ကလူ ဘယ်လိုနားလည်သွားသလဲတော့မသိဘူး။
ဆိုကရေးတီး ဆိုလိုချင်တာက
"စိတ်ကောင်း နှလုံးကောင်းရှိတဲ့ ....သူတပါးကိုကူညီရိုင်းပင်းတတ်တဲ့
မိတ်ကောင်းဆွေကောင်းဆိုတာမျိုးက လောကမှာရှားတယ်။
သူတပါးကိုကူညီရိုင်းပင်းဖို့ ကို
စိတ်ကူးထဲတောင်မထည့်တတ်တဲ့ မင်းလိုလူစားတွေ.....သူတပါးကိုအပြစ်ပဲမြင်တတ်၊ အထင်အမြင်သေးဖို့  လောက်ပဲတတ်တဲ့မိတ်ကောင်းဆွေကောင်းမဟုတ်တဲ့လူစားမျိုးတွေကတော့ လောကမှာအများကြီး ဒီလိုအရေအတွက်များပြားလှတဲ့မင်းလိုလူစားမျိုးတွေ လာကြမယ်ဆိုရင်တော့ငါ့အိမ်ကငယ်တယ်၊
ကျဉ်းတယ်၊ ဆံ့မှာမဟုတ်ဘူး။ ဒါပေမယ့် စိတ်နှလုံးကောင်းမြတ်ဖြူစင်တဲ့ သူတပါးကိုကူညီရိုင်းပင်းတတ်တဲ့
မိတ်ကောင်းဆွေကောင်းဆိုတာမျိုးကတော့ လောကမှာအင်မတန်နဲတယ်၊ ရှားပါးတယ်၊
ဒီတော့ ရှားရှားပါးပါး
တခါတလေမှရောက်လာမယ့်မိတ်ကောင်းဆွေကောင်း အနည်းငယ်အတွက်တော့ ငါ့အိမ်က နေလောက်ပါတယ် ဆံ့ပါတယ်လို့ " ဆိုလိုချင်တာဖြစ်ပါလိမ့်မယ်။

ဆိုကရေးတီးဟာ လူကောင်းသူကောင်းဖြစ်ရေး သဘောတရားအယူအဆတွေ၊
အသိအလိမ္မာ ဆင်ခြင်ဥာဏ်
တိုးတက်ရေးဆိုင်ရာအယူအဆတွေကို အပတ်တကုတ်လေ့လာစူးစမ်းခဲ့သူဖြစ်ပါတယ်။
ဒီလိုလူကောင်း
သူကောင်းဖြစ်ရေး အစရှိတဲ့လူ့ အတွင်းသန္တာန် နာမ်ပိုင်းဆိုင်ရာတို့ ကိုတိုးတက်အောင် စူးစမ်းလေ့လာသူ ဖြစ်ပါမှ လူဖြစ်ရကျိုးနပ်မယ်လို့  ယူဆသူဆိုတော့ လူရဲ့ အပြင်သန္တာန်နဲ့ ဆိုင်တဲ့ ပစ္စည်းဥစ္စာတိုးတက်ရေး ထင်ပေါ်ကျော်စောရေးအတွက် လောဘတကြီး အာသာငမ်းငမ်းနဲ့  အတ္တအကျိုးပဲကြည့်ရင်းလှုပ်ရှား ကြိုးစားနေကြတဲ့ သူ့ ပတ်ဝန်းကျင်ကလူတွေအပေါ် ဆိုကရေးတီးကအားမလိုအားမရ ဖြစ်ပုံရပါတယ်။
မဟုတ်မတရားစွဲချက်အမျိုးမျိုးနဲ့ သူ့ ကိုသေဒဏ်ပေးဖို့ အပြစ်ရှာကြတဲ့ ဂျူရီအဖွဲ့ ကိုရည်ညွှန်းပြီး
ဆိုကရေးတီးက.....
" အသင်တို့ ဟာ အသိပညာရရှိရေး ၊ အမှန်တရားကိုသိမြင်ရေးနဲ့ 
စိတ်ပိုင်းဆိုင်ရာ ကောင်းမြတ်စင်ကြယ်
တိုးတက်ရေးအတွက် အားမထုတ်ကြပဲ တနေ့ ပြီးတနေ့  ပစ္စည်းဥစ္စာတိုးတက်ရေး ၊ ဂုဏ်သိက္ခာမြင့်မားရေး ထင်ပေါ်ကျော်စောရေးအတွက်သာ လောဘတကြီး ကြိုးစားနေခြင်းကို မရှက်ကြသလော"
လို့ ပြောခဲ့ဘူးပါတယ်။


အမှန်ကတော့ လူများစွာဟာ မရှက်ကြပါဘူး။
ပစ္စည်းဥစ္စာ တိုးတက်ရေး၊ ဂုဏ်သိက္ခာမြင့်မားရေး၊
ထင်ပေါ်ကျော်ကြားရေးအတွက်ပဲ
နေ့ ရှိသရွေ့ ကြိုးစားနေကြတာပါ။ ဒါတွေရရှိရေးအတွက်ပဲ နေ့ ရှိသရွေ့ 
စဉ်းစားနေကြတာပါ။
ဒီလိုကြိုးစားရင်း၊ စဉ်းစားရင်း "အလိုမပြည့်မီပဲ လူဟာသေရတယ်"
ဆိုတဲ့စကားအတိုင်း
အလိုလောဘရဲ့ လှည့်စားမူ့ အတွင်းမှာ မကျေနပ်ပဲနဲ့  အသက်ကုန်သွားကြတာပါပဲ။ ဘ၀တခုကုန်ဆုံးသွားရတာပါပဲ။

( ဆရာနန္ဒာသိန်းဇံ၏ မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားခြင်းမှကောက်နှုတ်ဖေါ်ပြသည် )

Wednesday, August 25, 2010

မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားခြင်း


"မိတ်ကောင်းဆွေကောင်းဆိုတာ"
မိတ်ကောင်းဆွေကောင်းဆိုတာ.....မိမိကို အင်မတန်ပေးနိုင်ခက်တဲ့အရာကိုပေးတတ်တယ် ။ အင်မတန်ပြုနိုင်ခက်တဲ့အမူမျိုး ၊အကူညီမျိုးကို လုပ်ဆောင်ပေးတတ်တယ်။
မိမိကသတိလွတ်လို့ ပဲဖြစ်ဖြစ်
တခြားအခြေအနေတရပ်ရပ်ကြောင့်ပဲဖြစ်ဖြစ်
မကောင်းသဖြင့်ပြောဆိုမိတဲ့စကား
ပြုမိတဲ့အပြုအမူမျိုး
ရှိလာရင်လည်း သည်းခံတတ်တယ်။

မိမိကလျှို့ ဝှက်ထားစေချင်တဲ့ မပေါက်ကြားစေလိုတဲ့စကားကိုပြောတဲ့အခါမှာလည်း
အဲဒီစကားကိုမပေါက်
ကြားအောင် လုံခြုံအောင် လျှို့ ဝှက်ပေးတတ်တယ်။
ဘေးရန်အန္တရာယ်တွေနဲ့ ကြုံတွေ့ လာတဲ့အခါမှာလည်း
မိမိကိုစွန့် ပစ်ကျောခိုင်းမသွားဘူး။ ထားချန်မပြစ်ခဲ့ဘူး။
အကြောင်းမသင့်လို့ မိမိမှာ ပစ္စည်းဥစ္စာဆင်းရဲသွားတဲ့
အခါမျိုး၊
အဆင့်အတန်းလျှောဆင်းနိမ့်ကျသွားတဲ့အခါမျိုးမှာလည်း မိမိကိုမထီမဲ့မြင်မပြုဘူး။
အထင်သေးတဲ့
အပြောမျိုးနဲ့  မပြောတတ်ဘူး။ အထင်သေးတဲ့အကြည့်မျိုးနဲ့ မကြည့်တတ်ဘူး။

မိမိချမ်းသာရင်၊ အောင်မြင်ရင်၊ ကျော်ကြားရင်လည်း မနာလိုမရူ့ စိတ်မဖြစ်ဘူး။
မိမိနဲ့ ထပ်တူပဲ ၀မ်းသာနေတတ်
သေးတယ်။
မိမိရဲ့ အောင်မြင်မူ့  ကျော်ကြားမူ့ ကို ၀မ်းမြောက်ဂုဏ်ယူစွာနဲ့ 
အခြားသူတွေကိုတောင် တစ်ဆင့်
ပြောပြနေတတ်သေးတယ်။
မိမိရဲ့ ဂုဏ်သတင်းကိုညှိုးမှိန်စေတဲ့ မဟုတ်မတရား စကားမျိုးကို
တပါးသူက
ပြောလာရင်လည်း "ဒီလိုမဟုတ်ပါဘူး၊ ဒီလိုမပြောသင့်ပါဘူး" စသဖြင့်တားဆီးတတ်တယ်။
တဦးနဲ့ တဦးဝေးနေတုန်းမှာအစားကောင်းစားရရင်
မိမိကို ကျွေးချင်မွေးချင်စိတ်တွေနဲ့ သတိများရနေတတ်
သေးတယ်။
ပြီးတော့....မိတ်ကောင်းဆွေကောင်းဆိုတာ သဒ္ခါတရားနဲ့ ပြည့်စုံတယ်၊စင်ကြယ်တဲ့သီလရှိတယ်
အကြားအမြင်ဗဟုသုတများတယ်၊ ၀န်တိုခြင်းမရှိဘူး၊ ပညာနဲ့ လည်းပြည့်စုံတယ်။

ဒီလိုစိတ်ထားမျိုးရှိတဲ့ မိတ်ဆွေတွေနဲ့ ဘ၀ခရီးမှာတွေ့ ရကြုံရဆုံရရင်တော့ သိပ်ကိုငြိမ်းအေးပြေလွင်တဲ့ ဘ၀ခရီးဖြစ်မှာပါပဲ။ လူဖြစ်ရကျိုးနပ်တယ်လို့ တောင်ဆိုရမှာပဲ။

သူတော်ကောင်းတို့ နှင့်ပေါင်းဆုံရခြင်းသည် တစ်ကြိမ်သာလျှင်ဖြစ်၏။ (၀ါ ) တကြိမ်သာလျှင်ဖြစ်စေကာမူ ထိုတကြိမ်မျှ ပေါင်းဆုံတွေ့ ရခြင်းသည် သူတော်ကောင်းတို့ နှင့်ပေါင်းဆုံတွေ့ ရသော
ထိုသူကို အကျိုးမဲ့
ပယ်ရှား၊ အကျိုးများအောင် ဆောင်ရွက်စောင့်ရှောက်တတ်ပေ၏။
သူယုတ်မာတို့ နှင့် အကြိမ်များစွာ ပေါင်ဆုံရခြင်းသည်( ၀ါ ) ပေါင်းဆုံရစေကာမူ
အကျိုးများအောင်
မဆောင်ရွက်မစောင့်ရှောက်တတ်ချေ။
( မဟာသုတသောမဇတ် )

( ဆရာနန္ဒာသိန်းဇံ၏ မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားခြင်းမှကောက်နှုတ်ဖေါ်ပြသည် )

Tuesday, August 24, 2010

ဓမ္မဒဿနများ(သို့ မဟုတ်)အဖိုးထိုက်တန်သောအဆုံးအမများ

























*forward mail မှရရှိသောဓမ္မဒဿနများနှင့်
ဆရာတော်များ၏အဆုံးအမများကိုပြန်လည်မျှဝေခြင်းဖြစ်ပါသည်*

Wednesday, August 18, 2010

လူလိမ္မာ၏မနော ( အထွေထွေမှတ်သားဖွယ်ရာ) ( ၃ )

*~~~ဆောင်ရွက်နိုင်လျှင် အကျိုးရှိသော အချက် ( ၁၂ ) ချက်~~~*
( ၁ ) တောင်းပန်ခြင်း
( ၂ ) မှား၍အသစ်ပြန်လုပ်ရခြင်း
( ၃ ) မှားကြောင်းဝန်ခံခြင်း
( ၄ ) တကိုယ်ကောင်းမကြံခြင်း
( ၅ ) သူငယ်ချင်းထံမှအကြံဥာဏ်တောင်းခြင်း
( ၆ ) တွန့် တိုခြင်းမရှိ ရက်ရောခြင်း
( ၇ ) အခါခါရှုံးသော်လည်းဆက်၍ကြိုးစားခြင်း
( ၈ ) မည်သို့ သောအရာမဆို တွေးတောဆင်ခြင်ပြီးမှလုပ်ခြင်း
( ၉ ) ထောက်ထားစာနာတတ်ခြင်း
( ၁၀ ) အမှားကိုသင်ခန်းစာအဖြစ်ယူတတ်ခြင်း
( ၁၁ ) တပါးသူကိုခွှင့်လွှတ်တတ်ခြင်း
( ၁၂ ) မိမိအပေါ်သို့  ကျင့်သင့်ကျထိုက်သောအပြစ်ဒဏ်ကိုခံယူခြင်း။
( လယ်တီပဏ္ဍိတဦးမောင်ကြီး )

ပညာရှိသည်ဟုမထင်ပဲ ပညာရှိခြင်းက ပညာရှိသည်ဟုထင်ရ၍ ပညာမရှိခြင်းထက် သာလွန်ကောင်းမွန်တယ်။
( ပလေတိုး )

တွေးခေါ်မူ့ ပင်လျှင်ဘ၀ဖြစ်၏။ တွေးတောမူ့ မပြုလျှင်ကား အမှန်စင်စစ်အားဖြင့် အသက်ရှင်နေထိုင်ခြင်းမဟုတ်တော့ပေ။ တွေးတောခြင်းဖြင့်သာလူအဖြစ်ရပ်တည်နေပေသည်။
( အေဘီအလ်ကော့ )

မိမိကိုယ်ကိုဝေဘန်ရေးမလုပ်သူသည် ဤလောက၌ ယထာဘူတကျသောအတွေးအခေါ်သမားတယောက်ဖြစ်ရန်အခက်ခဲဆုံးပင်ဖြစ်သည်။
( ရှက်ဖ် တက်စ် ဘာရီ )

ကြီးကျယ်သောအတွေးအခေါ်များသည် နှလုံးသားမှပေါက်ဖွားလာပေသည်။
( ဗိုဗင်နာဂျင်စ် )

မြင့်မြတ်သောအတွေးအခေါ်ရှိသူများကားမည်သို့ သောအခါမျှတစ်ကိုယ်တော်သမားများမဟုတ်ကြပေ။
( စာဖီးလစ်-ဆစ်ဒနီ )


တွေးခေါ်မြှော်မြင်မူ့ မရှိသောလေ့လာသင်ကြားခြင်းကားအချီးနှီးသာတည်း။
( ကွန်ဖြူးရှပ် )

သူတပါးထံမှ ပညာတစ်ရပ်ရပ်ဖြစ်စေ၊ ဗဟုသုတတခုခုဖြစ်စေရနိုင်ပါသည်။
ထို့ ကြောင့်လူတိုင်းကိုလေးစားပါ။ အယုတ်ဆုံး သူတောင်းစားထံမှပင် မှတ်သားစရာသင်ခန်းစာတခု
ရနိုင်ပါလိမ့်မည်။ ယူတတ်ဖို့ သာလိုပေသည်။ ( ဗိုဗင်နာဂျင်စ် )

အဖြစ်စိတ်ငါးမျိုးဖြစ်တဲ့ အကျိုးအပြစ်ဝေဖန်ခြင်း၊ သေချာပြတ်သားစွာတွေးကြံတတ်ခြင်း ၊ ချိန်ဆ၍လုပ်ခြင်း ၊ စိတ်ကိုပြဋ္ဌာန်းခြင်း၊ ၀ီရိယရှိခြင်းတို့ သည် အလွန်အရေးကြီးလှ၏။
( ပီမိုးနင်း )

ဆုံးဖြတ်နိုင်စွမ်းရှိသူမှသာလျှင် ခေါင်းဆောင်ဖြစ်နိုင်သည် ။
လောက၌ကြီးပွားမည် ။ ချီတုံချတုံလုပ်ကာသူတစ်ပါး
အဆုံးဖြတ်ခံနေသူမှာနောက်လိုက်ဘ၀မှဘယ်တော့မှမတက်ရဲချေ။
ချက်ချင်းဆုံးဖြတ်တတ်ဖို့ အခြေအနေကို
ချက်ခြင်းသုံးသပ်စေဖန်တတ်၍ အကြောင်းအကျိုးကိုချက်ချင်းတွက်ဆနိုင်ရမည်။ နောင်ရေးမရေရာမူ့ ကိုကြောက်နေလျှင် ဆုံးဖြတ်နိုင်စွမ်းရှိမည်မဟုတ် သတ္တိရှိမှဆုံးဖြတ်နိုင်စွမ်းပေမည်။
( တက်တိုး )

ဓမ္မစစ်၊ ဓမ္မမှန်၏ အနှစ်သာရကိုမရပါက ဒေါသဖြစ်မူ့ ၊
ရန်ငြိုးထားမူ့  ၊ စိတ်နှလုံးမသာယာမူ့ ၊ ခေါင်းမာမူ့ 
ဘက်လိုက်သည့်အမြင် ကျဉ်းမြောင်းမူ့  ၊ အယူသီးမူ့ ၊ ထိတ်လန့် မူ့ ၊ ယုံမှားသံသယဖြစ်မူ့ ၊ မယုံကြည်မူ့  ပျင်းရိမူ့  ၊ မေ့လျှော့ပေါ့တန်မူ့ ၊
ကိုယ့်ကိုယ်ကို အထင်ကြီးမူ့ များ အပြည့်အ၀ရှိနေသည့်ဘ၀သည်
အရှိန်အ၀ါမဲ့နေပေလိမ့်မည်။
( ပါရဂူ ၊ဓမ္မဘ၀တလျှောက်လုံးနေသွားနည်း )

အလျှော့မပေးဆိုတဲ့စိတ်ဓါတ်မျိုးကိုလူတိုင်းလူတိုင်းမွေးမြူထားအပ်၏ ။ ထိုစိတ်ကူးရှိသောလူများသည် အခက်အခဲ ကိုသူများထက်ပိုပြီး ကျော်နင်နိုင်လေသည်။
( ဒေါက်တာမာဒင် )

လောကမှာရှိရှိသမျှ လူတိုင်းဟာ ချမ်းချမ်းသာသာနေလိုတယ် ၊
တင့်တောင်းတင့်တယ်နေလိုကြတယ်။
မပူရမပင်ရဘ၀ရလိုကြတယ် ၊ ဒါကတော့သဘာဝတရားပဲ။ တစ်ခဏချမ်းသာ တစ်ဘ၀ချမ်းသာမူ့ အတွက် မိမိရဲ့ စိတ်ပိုင်းဘ၀ ပျက်စီးခဲ့ပြီး ကိုယ်ကျင့်တရား စာရိတ္တအပျက်ခံပြီး ချမ်းသာကြွယ်ဝအောင် လုပ်တာမျိုးကတော့ ပစ္စုပန်မှာတောင်တည်တံ့ခိုင်မြဲတဲ့အကျိုး မရနိုင်ဘူး။ သံသရာအတွက်ဆိုရင်တော့သာပြီးဆိုးတယ်။
( ရဲထွဋ္ဋ်လှ )

သုတေသီ
ဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )

Tuesday, August 17, 2010

လူလိမ္မာ၏မနော ( အထွေထွေမှတ်သားဖွယ်ရာ) ( ၂ )


သင်၏စိတ်ကို မြင့်မြတ်သောအတွေးခေါ်များဖြင့် ပြုစုပျိုးထောင်ပါ ။ ရဲစွမ်းသတ္တိကိုယုံကြည်သူသာလျှင် သူရဲကောင်းဖြစ်နိုင်ပေသည်။
( ကွန်ဖြူးရှပ် )

သင်သည် သူတစ်ဦးအား ခွှင်လွှတ်သည်းခံတိုင်း၊ သည်းခံတိုင်း ထိုသူအား ယုတ်နိမ့်စေ၍ သင့်ကိုယ်သင်သာလျှင် မြင့်မြတ်အောင် အားအင်ဖြည့်တင်းပေးခြင်းဖြစ်လေသည်။
( အမေရိကန်စကားပုံ )

သတိတရား လက်ကိုင်ထား၊ သတိလက်လွတ်ငှက်တောင်ကျွတ်၊ သတိမမူဂူမမြင်၊ သတိတလုံးအခက်ဆုံးဟုဆိုကြသည်။ "သတိ" ဆိုသည်မှာကိစ္စတိုင်း၏ အချက်အခြာဖြစ်သည်ကို ဘယ်သောအခါမှမမေ့နှင့်။
( သုတေသီသွေး )

လူတို့ သည် ပေးမှန်းသိလျှင်တောင်းတတ်၏။ လုပ်ပေးမှန်းသိလျှင်ခိုင်းတတ်၏။ ခံမှန်းသိလျှင်ကျူးကျော်၏။
( ငွေမျှား )


ပညာဥာဏ် ဗဟုသုတများတိုင်းလည်း တကယ်ပညာဥဏ်ကြီးသူဟု မဆိုနိုင်။ သင်ညာသာများနေသည်ဟုဆိုရ၏။ လှပသော အ၀တ်တန်ဆာ လွှမ်းခြုံထား၍ အတွင်းကိုယ် ညစ်နွမ်းညှီဟောက်နေသောသူနှင့်သာတူ၏။
( ငွေမျှား )

လူတို့ ၏တည်ကြည်ရိုးသားမူ့ ကိုအကျင့်စာရိတ္တနှင့်သာ တိုင်းတာရပေမည်။
သူတပါး၏ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင့်နှင့်မဟုတ်ပေ။
(ဂျူးနီးယပ်စ် )

ပူပန်ခြင်းသည် ဦးနှောက်ကိုရှုပ်ထွေးထိုင်းမိုင်းစေသည်။ ဆင်ခြင်ခြင်းသည် တိုးတက်မူ့ ကိုသာရှေးရှု့ သော ကြောင့်ဦးနှောက်အားအားတက်စေသည်။
( သုတေသီသွေး )

သင့်ကိုယ်သင် လမ်းမှန်ပေါ်တွင်ရှိသည်ကိုသေချာပါက ရဲဝံစွာရှေ့ သို့ ချီတက်ပါ။
( ဒေးဗစ်ကရော့ကက် )

ခိုင်မာသောစိတ်သည် လူ၏ကိုယ်တွင်ရှိသော ကျောရိုးကြီးနှင့်တူ၏။ လှေတွင်တက်မသည် အရေးအကြီးဆုံးဖြစ်သည်။ တက်မ ရှိမှသာလျှင်လိုရာခရီးကိုရောက်နိုင်သည်။ ခိုင်မာသောသံမဏိစိတ်ဓါတ်သည်လည်း လိုရာကိစ္စကိုပြီးစေနိုင်သည်။ လူငယ်တယောက်၏တက်လမ်းသည် ထိုခိုင်မာသောစိတ် အပေါ်တွင်တည်၍နေသည်။
( တက်တိုး )

ကိုယ့်ထူးကိုယ်ချွန်စိတ်မျိုးမရှိသူသည် ကံ၏ပြုပြင်ရာကိုသာခံရမည် အ၀န်းအရံကိုသာမှီ၍နေရမည်။ အကြောင်းအခွှင့်ကိုသာအားကိုး၍နေရချေမည် စိုင်ကော်မှချုံပေါ်ရောက်တော့မည်။
( တက်တိုး )

သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )

Monday, August 16, 2010

လူလိမ္မာ၏မနော ( အထွေထွေမှတ်သားဖွယ်ရာ) ( ၁ )

ရေတံခွန်နဲ့  ကိုယ့်ထူးကိုယ်ချွန်သမားဟာ ကိုယ့်လမ်းကိုယ်ဖေါက်သွားစမြဲပဲ။
( ရဲထွဋ္ဋ်လှ )

တကယ့်လူဆိုသည်မှာ လူသာမန်တို့ ထက်ထူးကဲသောလူဖြစ်၏။ သို့ ရာတွင် မွေးကတည်းက ထူးကဲသောလူဟူ၍ဘုရားလောင်းမှတပါးမရှိ။ ထိုသာမန်ဘ၀မှ တကယ့်လူဖြစ်စေရန် ဆရာကောင်းလို၏။
နည်းလမ်းကောင်းလို၏။
( ပီမိုးနင်း )

လူတယောက်၏ အသိပညာသည် သူ့ အတွက် အကောင်းဆုံး အဆွေခင်ပွန်းဖြစ်၏။ အသိအမြင် နည်းပါး
မိုက်မဲမူ့ ကား အဆိုးရွားဆုံးရန်သူ ဖြစ်ပေသည်။
( ဆားတင်ပါယ်လ် )

မစဉ်းစားမဆင်ခြင်ပဲ အလျှင်အမြန်ပြုလုပ်ခြင်းသည် ပျက်စီးခြင်းသာဖြစ်၏၊ အောင်မြင်ခြင်းသို့ မရောက်မှီ
အပြိုင်အဆိုင်တို့ နှင့် ပြည့်လျှက်ရှိသော ကြာမြင့်သည့် အချိန်ကို တွေ့ ဆုံရလိမ့်မည်။ သို့ သော် စိတ်မပျက်နှင့်၊
မိမိကိုယ်ကို အားကိုးလျှင် အောင်မြင်လိမ့်မည်ဟု တထစ်ချယုံကြည်ပါ။
( ငွေဗိ )

စဉ်းစားချင့်ချိန်နိုင်သောဥာဏ် သို့ မဟုတ် ဘ၀၏ အမှားအမှန်တို့ ကို ဝေဖန်စိစစ် ပိုင်းခြားသိမြင်နိုင်သည့်အသိတရားသည် လူသားတို့ အဖို့ အရေးကြီးဆုံးအချက်ပင်ဖြစ်၏။
( ဆိုကရေးတီး )

သင်သည် အကျိုးကို ရှေးဦးစွာမမျှော်လင့်ပါနှင့်။ မှန်မှန်ဝိရိယအစွမ်းကိုသာ ထက်မြက်ပါစေ၊
ဝိရိယအစွမ်းထက်မြက်လာသောအခါ မျှော်လင့်ချက်မကအောင် ၀ီရိယ အကျိုးတွေကို တွေ့ မြင်ရပါလိမ့်မည်။
( နာဂရီယောဂကျမ်း )

အရိုးအဖြောင့်ကိုသာလက်ကိုင်ထားပါ။ လိမ်လည်လှည့်ပတ်မူ့ များကိုလက်မခံပါနှင့်။ အားမကျပါလေနှင့်။
ဘယ်အခါမဆိုမှန်သည့်ဘက်ကနေပါ။မှားသောအရာကိုအလေးမပြုပါနှင့်။
( ဒဂုန်ဦးစန်းငွေ )

ဘယ်အရာကိုမဆို ကြီးပွားမူ့ ကိုအလိုရှိကမေတ္တာနှင့်အခြေစိုက်မှသိုက်မြိုက်စည်ကားနိုင်လေသည်။
( ဒဂုန်ဦးစန်းငွေ )

တက္ကသိုလ်က ဘွဲ့ ထူး ဂုဏ်ထူးရမှ ပညာတတ်တယ်မခေါ်ဘူး။ ကျောင်းက တက္ကသိုလ်က
လေ့လာဆည်းပူးမူ့ ပညာနဲ့  ပညာရှိတာနဲ့ တခြားစီဖြစ်တယ်။

( ရဲထွဋ္ဋ်လှ )

သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )

Wednesday, August 11, 2010

လူမိုက်၏သဘော ( အထွေထွေမှတ်သားဖွယ်ရာ ) ( ၉ )


မပေးရက် ၊ မသုံးရက်သူသည် ဥစ္စာပစ္စည်းဖြင့်အဘယ်အကျိုးရှိမည်နည်း။

ရှာဖွေစုဆောင်းစဉ်အခါ ဆင်းရဲဒုက္ခကိုဖြစ်စေတတ်၏။
ပျက်စီးဆုံးပါးသောအခါ ပူပန်သောကကိုဖြစ်စေတတ်၏။
ပြည့်စုံကြွယ်ဝသောအခါ မာန်မာနကိုဖြစ်စေတတ်၏။
ဤသို့ သဘောရှိသော စည်းစိမ်ဥစ္စာတို့ သည် အဘယ်မှာလျှင်ချမ်းသာကိုပေးတတ်သနည်း။

ဆင်းရဲခြင်း ပြွမ်းလျှက်ရှိသော ဤလူ့ ဘ၀၌ အလိုဆန္ဒဟူသည် ပြည့်ဝသည်မရှိပဲ တိုးတက်ပွားများ၍
နေ၏ ထိုထက် လွန်ကဲသောဒုက္ခသည် အဘယ်မှာရှိမည်နည်း။

သံသရာတည်းဟူသော အဆိပ်ပင်ကြီး၌ အရသာရှိသောအသီး နှစ်လုံးသာလျှင်သီးလေ၏။
ယင်းတို့ ကား ကဗျာကျမ်းတည်းဟူသော အမြိုက်အရသာကိုခံစားရခြင်းနှင့် သူတော်ကောင်းတို့ နှင့်
မိတ်ဖွဲ့ ပေါင်းသင်းရခြင်း ဖြစ်လေသည်။

သူတော်ကောင်းတို့ သာလျှင် သူတော်ကောင်းတို့ ကိုဘေးရန်မှကာကွယ်စောင့်ရှောက်နိုင်လေသည်။

လွတ်လပ်စွာအသက်မွေးရသူသည်လူဖြစ်ရကျိုးနပ်လေ၏။ လွတ်လပ်စွာအသက်မမွေးရသူကား
အသက်ရှင်နေသော်လည်းလူ သေပင်ဖြစ်၏။

ယုတ်ညံ့သူနှင့် ပေါင်းသင်းလျှင် မိမိပညာသည် ဆုတ်ယုတ်သွားမည်သာဖြစ်၏။
တန်းတူသူနှင့်ပေါင်းသင်းလျှင် မိမိပညာသည် တန်းတူအလယ်အလတ်ဖြစ်နေမည်။တိုးတက်ကြီးပွားခြင်းမရှိပေ။
ပညာအရာသာသူနှင့်ပေါင်းသင်းလျှင်မူ မိမိပညာသည် ကြီးပွားတိုးတက်လာမည်ဖြစ်သည်။

လောက၌လူတို့ သည် ပင်ကိုယ်သဘာဝအားဖြင့် သူတော်ကောင်းသူယုတ်မာမဖြစ်နိုင်ပေ၊
မိမိ၏ အပြုအမူသာလျှင် လူကိုမြင့်မြတ်သူ၊ ယုတ်နိမ့်သူအဖြစ်သို့ ပို့ ဆောင်တတ်လေ၏။

အသိဥာဏ် ပညာသည် သူတပါးစိတ်အလိုကို အလိုလိုပင်သိနိုင်စွမ်းလေသည်။

သူစိမ်းပင်ဖြစ်သော်လည်း အကျိုးစီးပွားကိုပြုမူတတ်မူဆွေမျိုးဖြစ်လေသည်။
ဆွေမျိုးပင်ဖြစ်သော်လည်း အကျိုးစီးပွားမဲ့ကိုပြုမူတတ်မူ သူစိမ်းဖြစ်လေသည်။

ကောင်းစွာအားထုတ်ပြုလုပ်ပါသော်လည်း ကံကြမ္မာကြောင့် အလုပ်ကိစ္စပျက်စီးရ၏။
ယင်းသို့ ကျိုးစားအားထုတ် ပါလျှက် အောင်မြင်မူ့ မရခြင်းသည်ကား အားထုတ်သူ၏အပြစ်မဟုတ်
ကံကြမ္မာ၏အပြစ်သာလျှင်ဖြစ်၏။

ပညာရှိသူသည် နည်းလမ်းကောင်းကို ကြံစည်စဉ်းစားရာ၌ ပျက်စီးနိုင်မည့်အချက်ကိုလည်း ၀ကွက်မထားပဲ
ထည့်သွင်းစဉ်းစားရာ၏။

သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )

လူမိုက်၏သဘော ( အထွေထွေမှတ်သားဖွယ်ရာ ) ( ၈ )


လောက၌ ကြီးပွားတိုးတက်လိုသောသူသည် အအိပ်ကြူးခြင်း၊ ထိုင်းမိုင်းခြင်း ၊ ကြောက်ရွံ့ ခြင်း၊ အမျက်ထွက်ခြင်း၊ ပျင်းရိခြင်း ၊ အလုပ်ကိစ္စ၌ လေးကန်ဖင့်နွဲ့ ခြင်းဟူသော အပြစ်ခြောက်ပါးကိုစွန့် ပယ်သင့်ပေသည်။

ဤလူကားငါ့လူ၊ ဟိုလူကားသူ့ လူ၊ ဤသူကားရင်းနှီးသူ၊ ဤသူကားသူစိမ်းဟုရေတွက်စိစစ်ခြင်းသည် သဘောထားသေးနုပ်သူတို့ ၏အလုပ်ဖြစ်၏။ သဘောထားမြင့်မြတ်သူ၊
သနားညှာတာစိတ်ရှိသူတို့ 
အဖို့ မှာမူ မြေတပြင်လုံး တပေါင်းတည်းသာလျှင်ဖြစ်၏။

သူတော်ကောင်းတို့ ၏သဘောသည် စင်ကြယ်ဖြောင့်မတ်သည် ဖြစ်သောကြောင့်ဖောက်ပြန်ပြောင်းလဲခြင်း မရှိပေ။ အမျက်ဒေါသထွက်သော်လည်း သူတော်ကောင်းတို့ ၏စိတ်သဘောသည် ဖောက်ပြန်ပြောင်းလဲ မသွားပေ။ ပင်လယ် သမုဒ္ဒရာရေကို မြက်ခြောက်မီးဖြင့် ပူအောင်မပြုနိုင်သကဲ့သို့ ပင်ဖြစ်၏။

ကြာရိုးကျိုးသော်လည်း အမျှင်မပြတ်သကဲ့သို့ သူတော်ကောင်းတို့ ၏ သဘောဖြောင့်မတ်မူ့ စသော ဂုဏ်အရည်အချင်းတို့ သည် အချစ်ပြတ်စဲသွားသော်လည်း ဖောက်ပြန်ပြောင်းလဲမသွားပေ။


ပညာဥာဏ်နှင့် စွမ်းရည်သတ္တိရှိသူတို့ အတွက်အဘယ်အရပ်ကို "မိမိအရပ် ဟူ၍ဆိုမည်နည်း။
အဘယ်အရပ်ကိုအရပ်တပါးဟုဆိုမည်နည်း။ ရောက်ရာအရပ်၊ ရောက်ရာနေရာကို လက်ရုံးရည် နှလုံးရည်ဖြင့် အောင်မြင်စိုးမိုးနိုင်လေသည်။

သူတပါးကို နည်းပေးညွှန်ပြဆုံးမရာ၌ ပညာရှိအဖြစ်သည်လွယ်ကူလှလေသည်။ သို့ ရာတွင် မိမိကိုယ်တိုင်
တရားဓမ္မအတိုင်း ကျင့်ကြံအားထုတ်သူမှာမူ အရေ အတွေက်အနည်းငယ်မျှသော သူတော်ကောင်းတို့ သာလျှင် ဖြစ်ကြ၏။

လောက၌ တရားဟူသည် သတ္တ၀ါတို့ ကို သနားမူပင်ဖြစ်၏။ ချမ်းသာသုခဟူသည် ကျန်းမာစွာနေရမူ့ ပင်ဖြစ်၏။
ချစ်ခြင်းဟူသည် အမှန်တရားကိုချစ်ခင်မြတ်နိုးမူ့ ပင်ဖြစ်၏။ ဘေးရန်ရောက်ရှိလာသောအခါ သင့်မသင့်ကို ထောက်ချင့်ဆုံးဖြတ်နိုင်သူသည် ပညာရှိမည်လေ၏။ ဆုံးဖြတ်မူ့ မပြုနိုင်သူတို့ တွင်ကား ခြေလှမ်းတိုင်း ဘေးရန်ဖြစ်ပေါ်လာတတ်လေသည်။

သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )

Sunday, August 1, 2010

လူမိုက်၏သဘော ( အထွေထွေမှတ်သားဖွယ်ရာ ) ( ၇ )


မိမိထက် အသက်၊ သိက္ခာ ၊ ၀ါကြီးသော သူတို့ ကို အမြဲအရိုအသေပြုလေ့ ရှိခိုးလေ့ရှိသူမှာ အသက်ရှည်ခြင်း အဆင်းလှခြင်း ချမ်းသာခြင်း၊ ခွန်အားကြီးခြင်းဟူသောအကျိုးထူးတရားလေးပါးတို့ သည်တိုးပွားကုန်၏။

သီလလည်းမရှိ၊ တည်ကြည်ခြင်းလည်းမရှိသောသူ၏ အနှစ်တစ်ရာပတ်လုံးအသက်ရှည်ခြင်းထက်
သီလရှိ၍ ကမ္မဋ္ဌာန်း ရူသောသူ၏ တစ်ရက်မျှ အသက်ရှည်ခြင်းသည်သာ၍မြတ်၏..။

ခန္တာငါးပါးတို့ ၏ အဖြစ်အပျက်ကို မရူမဆင်ခြင်၍ အနှစ်တစ်ရာပတ်လုံးအသက်ရှည်ခြင်းထက်
ထိုခန္တာငါးပါးတို့ ၏ အဖြစ်အပျက်ကို ကောင်းစွာဆင်ခြင်မြင်သောသူ၏ တစ်ရက်အသက်ရှည်ခြင်းသည် သာ၍မြတ်၏။

ရှက်ဖွယ်ရာမဟုတ်ရာ၌ ရှက်တတ်သော၊ ရှက်ဖွယ်ရာ၌ မရှက်တတ်သော မှားသောအယူရှိကုန်သော

သူတို့ သည် မကောင်းသောဘ၀သို့ သွားကုန်၏။


အပြစ်မဟုတ်သည်၌အပြစ်ဟုမှတ်ထင်တတ်၊ အပြစ်ဟုတ်သည်၌ အပြစ်မဟုတ်ဟုမှတ်ထင်တတ်သော
မှားသောအယူရှိကုန်သောသူတို့ သည် မကောင်းသောဘ၀သို့ သွားကုန်၏။

လုံခြုံစွာစောင့်ရှောက်အပ်သောစိတ်သည် ချမ်းသာကိုဆောင်တတ်၏။


နိဗ္ဗာန်ရောက်ကြောင်းနှင့်မဆိုင်၊ တောဘွဲ့ တောင်ဘွဲ့ အကျိုးမဲ့ နှင့်သာဆိုင်သော စကားအခွန်းတထောင်ထက်
ကြားနာရ၍ရာဂစသည့် ကိလေသာအပူငြိမ်းကြောင်းဖြစ်သော စကားတစ်ခွန်းသည် သာ၍မြတ်၏။

မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာဖြစ်၍ မိမိသည်သာလျှင် မိမိ၏ မှီခိုရာဖြစ်၏


သုတေသီ
ဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )
Related Posts Plugin for WordPress, Blogger...

စကားအင်္ဂါ ( ၅ ) တန်

( ၁ ) ကာလ = ပြောသင့်သောအခါမှပြောရာ၏၊ အချိန်မတန်လျှင်မပြောဆိုရာ ။

( ၂ ) သစ္စာ = အမှန်ကိုသာပြောဆိုရာ၏၊ မမှန်မကန် လုပ်ကြံမပြောဆိုရာ။

( ၃ ) သဏှာ = နူးညံ့ချိုသာစွာပြောဆိုရာ၏၊ ခက်ထန်ရင့်သီးစွာမပြောဆိုရာ

( ၄ ) အတ္တံသဟိတ = အကျိုးစီးပွားဖြစ်မည့်စကားကိုသာပြောဆိုရာ၏။

အကျိုးယုတ်မည့်စကားကို မပြောဆိုရာ။

( ၅ ) မေတ္တာစိတ္တ = မေတ္တာရှေ့ ထားပြောဆိုရာ၏၊ ဒေါသမောဟဖြင့်မပြောဆိုရာ။

( အင်္ဂုတ္ထိရ်ပါဋ္ဌိတော် )


မိမိရင်းနှီးကျွမ်းဝင်သူရှိရာနေရာ၊ အရပ်သည် မွေ့ လျှော်ဖွယ်ရာဖြစ်ပါလိမ့်မည်။
မိမိရင်းနှီးကျွမ်းဝင်သူလျှောက်လှမ်းတတ်ရာ တောလမ်းနှင့်
သစ်ပင်တမ်းကလေးသည်ပင် နှစ်လိုဖွယ်ရာ မွေ့ လျှော်ဖွယ်ဖြစ်ပါလိမ့်မည်။
ကောင်းမြတ်သောစကားကိုဆိုတတ်သော၊ အပြစ်မဲ့စွာပြုမူဆက်ဆံတတ်သော၊
မိမိကိုနားလည်တတ်သော၊ မိမိကိုအလေးအနက်ထားတတ်သောသူနှင့်
အတူနေရခြင်းသည်လည်းမွေ့ လျှော်ဖွယ်ရာရှိပါလိမ့်မည်။
မိမိနှင့်ကျွမ်းဝင်သောသူနှင့် စားရခြင်းသည်လည်းနှစ်လိုဖွယ်ရှိပါလိမ့်မည်။
သို့ ပေမယ့် ဤသည်လို ရင်းနှီးကျွမ်းဝင်သူမျိုးကို ရဖို့ မလွယ်။
တွေ့ ဖို့ ရာမလွယ်......မလွယ်လှချေတကား။
(နန္ဒာသိန်းဇံ)

dhamma

တရားနာဖို့ အချိန်......
ဆရာတော်ဘဒ္ဒန္တနန္ဒမာလာဘိဝံသ( MA,PhD ) ဟောကြားသောတရားတော်များ...

ဖိုင်အမှတ်စဉ် - ၁

၀၀၁။ ဓမ္မသင်္ဂဏီကျမ်း

၀၀၂။ ဓမ္မသင်္ဂဏီကျမ်း

၀၀၃။ ဓမ္မသင်္ဂဏီကျမ်း

၀၀၄။ ဓမ္မသင်္ဂဏီကျမ်း

၀၀၅။ ဓမ္မသင်္ဂဏီကျမ်း

ဖိုင်အမှတ်စဉ် - ၂

အဘိဓမ္မာဒေသနာတော်ကြီး

၀၀၆။ အဘိဓမ္မာမြတ်ဒေသနာ

၀၀၇။ သမ္ဗုတိသစ္စာနှင့်ပရမတ္တသစ္စာ

၀၀၈။ ရုပ်တရားကိုလေ့လာသုံးသပ်ခြင်း (၁)

၀၀၉။ ရုပ်တရားကိုလေ့လာသုံးသပ်ခြင်း (၂)

၀၁၀။ နာမ်တရားကိုလေ့လာသုံးသပ်ခြင်း

၀၁၁။ စိတ်ကိုလေ့လာသုံးသပ်ခြင်း

၀၁၂။ စိတ်ကိုအမှီပြုအင်အားစုများ

၀၁၃။ စိတ်၏အညစ်အကြေးများ

၀၁၄။ စိတ်ဖြူစင်မှုအင်အားစုများ(၁)

၀၁၅။ စိတ်ဖြူစင်မှုအင်အားစုများ(၂)

၀၁၆။ စိတ်ဖြစ်ပုံကိုလေ့လာခြင်း (၁)

၀၁၇။ စိတ်ဖြစ်ပုံကိုလေ့လာခြင်း (၂)

၀၁၈။ စိတ်၏အာရုံများနှင့်ဆောင်ရွက်မှုကိစ္စများ

၀၁၉။ စိတ်ဖြစ်စဉ်ကိုလေ့လာခြင်း (၁)

၀၂၀။ စိတ်ဖြစ်စဉ်ကိုလေ့လာခြင်း (၂)

၀၂၁။ စိတ်ကိုအာရုံနှင့်လေ့ကျင့်ခြင်း

၀၂၂။ သတ္တဝါတို့၏(၃၁)ဘုံ

၀၂၃။ ဘဝနိဂုံးသေဆုံးခြင်း

၀၂၄။ဘဝသစ်၌ပြန်လည်မွေးဖွားခြင်း

၀၂၅။ နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်း

ဖိုင်အမှတ်စဉ် - ၃

၀၂၆။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၂၇။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၂၈။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၂၉။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၀။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၁။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၂။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၃။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၄။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၅။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

ဖိုင်အမှတ်စဉ် - ၎

၀၃၆။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၃၇။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၃၈။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၃၉။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၀။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၁။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၂။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၃။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၄။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၅။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၆။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၇။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၈။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၉။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၀။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၁။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၂။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၃။ ပဋ္ဌာန်းမြတ်ဒေသနာ

ဖိုင်အမှတ်စဉ် - ၅

၀၅၄။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၅။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၆။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၇။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၈။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၉။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၀။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၁။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၂။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၃။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၄။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၅။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၆။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

ဖိုင်အမှတ်စဉ် - ၆

၀၆၇။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (နိဒါန်း)

၀၆၈။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ကာယာနုပဿနာ)

၀၆၉။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ဝေဒနာနုပဿနာ)

၀၇၀။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်(စိတ္တာနုပဿနာ)

၀၇၁။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ဓမ္မာနုပဿနာ)

ဖိုင်အမှတ်စဉ် - ၇

၀၇၂။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၁)

၀၇၃။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၂)

၀၇၄။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၃)

၀၇၅။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၄)

ဖိုင်အမှတ်စဉ် - ၈

၀၇၆။ သစ္စဒေသနာဓမ္မစကြာ (၁)

၀၇၇။ သစ္စဒေသနာဓမ္မစကြာ (၂)

၀၇၈။ သစ္စဒေသနာဓမ္မစကြာ (၃)

၀၇၉။ သစ္စဒေသနာဓမ္မစကြာ (၄)

၀၈၀။ အနတ္တလက္ခဏသုတ်အနှစ်ချုပ်

ဖိုင်အမှတ်စဉ် - ၉

၀၈၁။ အမြိုက်ရေစင

၀၈၂။ လူ့ပြည်ရောက်နတ်တမန်များ

၀၈၃။ ရတနာသုံးရပ်အမြဲဆည်းကပ်သည့်ဥပါသကာ

၀၈၄။ အက္ခဏ သုတ္တန

၀၈၅။ အဘယ သုတ္တန

၀၈၆။ သမာပတ္တိ သုတ္တန

၀၈၇။ သမာပတ္တိ သုတ္တန်

၀၈၈။ ရှင်သာရိပုတ္တရာမထေရ်မြတ်၏နှမတော်တို့၏ဓမ္မအမြင်များ

၀၈၉။ ကတ္တာရုဇာတ်

၀၉၀။ ရှင်သာရိပုတ္တရာမထေရ်မြတ်၏သာသနာတော်အရေးလျှောက်ထားချက်

၀၉၁။ အမြတ်ရတနာ ဥပါသကာကျင့်စဥ

၀၉၂။ အမတာဘိသေက

၀၉၃။ နိဗ္ဗာန်လမ်းပေါ်မှအဆီးအတားများ

၀၉၄။ ကိုယ့်နေရာကိုယ်နေကြ

၀၉၅။ ဗုဒ္ဓအလိုကျနေထိုင်နည်း

၀၉၆။ ဃဋိကာရ သုတ္တန

၀၉၇။ အဒိတ္တာဇာတ်

၀၉၈။ ဓမ္မသည်သာကိုးကွယ်ရာ

၀၉၉။ ပမာဒနှင့်အပမာဒ

၁၀၀။ စိတ်အကြောင်း

၁၀၁။ နတ်ပြည်မှအမှာစကား

၁၀၂။ ဒကာရင်းကိုကယ်တင်ခြင်း

၁၀၃။ ကာလာမသုတ္တန

၁၀၄။ ဘဝကိုအလှဆင်မည့်သ

၁၀၅။ စိတ်ဓါတ်ခွန်အားမြင့်တင်ထား

၁၀၆။ သောတပန်၏ဘဝရုပ်ပုံလွှာ

၁၀၇။ သြဝါဒနှင့်အမေးအဖြေ

၁၀၈။ဘဝအသွင်ကိုဓမ္မအမြင်ဖြင့်လေ့လာခြင်း

၁၀၉။ အကောင်းဆုံးသောညတစ်ည

၁၁၀။ ဃဋိကာရ၏ဘဝတစ်စိတ်သမိုင်းပုံရိပ်များ

၁၁၁။ ကိုးကွယ်ရာအမှန်တရား

၁၁၂။ လူထဲကလ

ဖိုင်အမှတ်စဉ် - ၁၀

၁၁၃။ ဓမ္မနုပဿနာ

၁၁၄။ အကျင့်မှန်မှနိဗ္ဗာန်ရ

၁၁၅။ ယနေ့လူသားများရဲ့မနက်ဖြန်ကမ္ဘာ

၁၁၆။ ရှစ်ယောက်နှင့်တစ်ယောက

၁၁၇။ တရားမြင်မှဘုရားမြင်မည

၁၁၈။ စိတ္တာနုပဿနာ

၁၁၉။ ဆပ်ကပွဲမှရသောတရားတစ်ပုဒ်

၁၂၀။ ရန်ရှင်းမှရန်ကင်းမည်

၁၂၁။ သြဃတရဏ

၁၂၂။ အရှင်အာနန္ဒာ၏အလွမ်းစကားနှင့်မြတ်ဗုဒ္ဓ၏သြဝါဒတရား

၁၂၃။ ဘဝခရီးဝယ်ရွေးချယ်ရမည့်လမ်း

၁၂၄။ လက်တွေ့ဘဝကိုပဠာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၁၂၅။ ဓါတုဝိဘင်္ဂသုတ်အနှစ်ချုပ်

၁၂၆။ ဆန္ဒဓိပတ

၁၂၇။ အလောင်းတော်သုမေဓါ၏ဘဝအပေါ်ရှုမြင်သုံးသပ်ချက

၁၂၈။ မြတ်သောဥစ္စာစုဆောင်းပါ

၁၂၉။ မနုဿဓမ္မနှင့်ဥတ္တရိမနုဿဓမ

၁၃၀။ အရှုံးအမြတ

၁၃၁။ ယဉ်ကျေးလိမ္မာသင်တန်း

၁၃၂။ ဘဝနှင့်နိဗ္ဗာန

၁၃၃။ အကာကိုပြစ်၍အနှစ်ကိုရှာ

၁၃၄။ အမြင်မှန်

၁၃၅။ အစွဲဖြုတ

၁၃၆။ ထာဝရတွေးထားရမယ့်ဘဝအရေးများ

၁၃၇။ လက်တွေ့ဘဝကိုပဋိစ္စသမုပ္ပါဒ်နည်းဖြင့်ဆင်ခြင်သုံးသပ်ခြင်း

၁၃၈။ သြကာသရှင်းတန်း

၁၃၉။ မှန်ကန်သောကြိုးပမ်းအားထုတ်မှု

၁၄၀။ သြဃလေးဖြာသံသရာ

၁၄၁။ အမျက်ဖြေ

၁၄၂။ ယနေ့ကမ္ဘာကြီး၏နောက်ဆုံးနေ့များ

၁၄၃။ ဒိဠေ ဒိဠေ မတ္တံ

၁၄၄။ သူတော်ကောင်းတရားတည်တန့်ပြန့်ပွါးရေး

၁၄၅။ ပညာမဲ့သဒ္ဒါ-၁

၁၄၆။ ပညာမဲ့သဒ္ဒါ-၂

၁၄၇။ ဆင်းရဲတွင်းမှလွတ်ကင်းခြင်း

ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတရားများနာကြား၍တရားထူးများရရှိနိုင်ကြပါစေ...

်ဤတရားတော်များအားမျှဝေပေးသောဆရာတော်အရှင်သူမြတ်အားကျေးဇူးအနန္တတင်ရှိပါတယ်ဘုရား...။

...

Globe