Tuesday, July 21, 2015

*~~~ဘ၀တက္ကသိုလ်မှပညာသင်ယူခြင်းအကြောင်း~~~*


 ကိုယ်တို့ ပြည်နယ် State University ရဲ့  Associate ဖြစ်တဲ့ကောလိပ်ကျောင်းတခုမှာ
ဆေးပညာနဲ့ ကျန်းမာရေးစောင့်ရှောက်မူ့ Program ကိုယူပြီးတက်ဖြစ်ပါတယ်...။
 ဒီပညာရပ်ကိုသင်ယူရတဲ့ကိုယ့်အတွက် ဘ၀မှာ အလွန်တန်ဘိုးကြီးမားလှတဲ့
အသိပညာ အတတ်ပညာနဲ့ ဗဟုသုတများစွာကိုရရှိခဲ့ပါတယ်...။
 ကိုယ်တို့ ပြည်နယ်မှာ ယူနီဗာစီတီပေါင်း ၃၁ ခုနဲ့ ကောလိပ်ကျောင်းပေါင်း ၇၈ ခုရှိပါတယ်။
ဒီပြည်နယ်ရဲ့ State University ဟာ အမေရိကန်နိုင်ငံရဲ့နံပါတ်လေးခုမြောက်
ကျောင်းသားဦးရေအများဆုံးနဲ့ အဆင့်မြင့်တဲ့ပညာရပ်တွေကိုသင်ကြားပေးတဲ့
တက္ကသိုလ်ကြီးတခုဖြစ်ပါတယ်။

"Education is not preparation for life;
Education is life itself."
(John Dewey)

"ပညာရေးဆိုတာ ဘ၀အတွက်ပြင်ဆင်ခြင်းမဟုတ်
ပညာရေးဆိုတာကိုက ဘ၀ပါပဲ"...လို့ ဆိုတဲ့  John Dewey ရဲ့အဆိုဟာ 
တကယ့်ကိုတန်ဘိုးကြီးမားတဲ့မဟာ ဒဿ      နပါပဲ...။
ဘာကြောင့်လည်းဆိုတော့ ယနေ့ ကမ္ဘာပေါ်မှာထိပ်တန်းရောက်နေတဲ့နိုင်ငံတွေအားလုံးဟာ
အသိပညာ အတတ်ပညာဆိုတဲ့ပညာရေးတွေနဲ့ 
အခိုင်အမာတည်ဆောက်ထားကြတဲ့နှို်င်ငံတွေချည်းပါပဲ...။ 
 ပညာရေးဟာနိုင်ငံတနိုင်ငံရဲ့အသက်သွေးကြောဖြစ်သလို
 ပညာရေးကိုတန်ဘိုးထားရကောင်းမှန်းမသိတဲ့နိုင်ငံတွေ ပညာရေးကိုစနစ်တကျ
တည်ဆောက်နိုင်ခြင်းမရှိတဲ့နိုင်ငံတွေဟာ ကမ္ဘာမှာဆင်းရဲမွဲတေနေကြဆဲပါပဲ...။

 ကိုယ်သင်ယူရတဲ့ဆေးပညာနဲ့ ပတ်သက်တဲ့ Medical Terms တွေ
Medical Terminology တွေ ခန္ခ္တာကိုယ်နဲ့ ပတ်သက်တဲ့အစိတ်အပိုင်းတွေကို
ခွဲခြမ်းစိတ်ဖြာသွားတဲ့ သိပ္ပံပညာရှင်တွေ ဆေးပညာရှင်တွေရဲ့ အသိဥာဏ်
ပညာတွေဟာ အံ့မခမ်းဖွယ်ကြီးမားလွန်းကြပါတယ်။
ခန္တာကိုယ်တခုလုံးကို အရေပြားတထောင့်မကျန် အတွင်းအပြင်
သတ်မှတ်ခေါ်ဝေါ်တဲ့ Body Structure and Function တွဟာလည်းအံ့သြစရာကောင်းပါတယ်။
ခန္တာကိုယ်ရဲ့ အခြေခံအစိတ်အပိုင်းတွေဖြစ်တဲ့ Cell, ( ကလပ်စည်း )
Tissue (အသားမျှင် ) နဲ့ Organs ( နှလုံး-အသဲ-ကျောက်ကပ် ) တွေကိုခွဲခြမ်းစိတ်ဖြာသွားပုံတွေ
The Integumentary System = ခန္တာကိုယ်ပေါ်ကအရေပြားနဲ့ ပတ်သက်တဲ့အစိတ်အပိုင်းတွေ
The Musculo -Skeletal System  = ခန္တာကိုယ်အတွင်းပိုင်းကအရိုးတွေနဲ့ 
Muscles - ကြွက်သားတွေရဲ့အစိတ်အပိုင်းတွေ
The Nervous System  = အာရုံအကြောတွေနဲ့ ပတ်သက်တဲ့အစိတ်အပိုင်းတွေ
The Central Nervous System = ဦးနှောက်အာရုံကြောနဲ့ ဆက်စပ်နေတဲ့
နောက်ကျောရိုးအစိတ်အပိုင်းတွေ
The Peripheral Nervous System  = အကြား- Ear
အမြင်- Eye  အနံ့ - Nose - ဦးနှောက်အာရုံခံမူ့  -Brain အစရှိတဲ့အစိတ်အပိုင်းတွေ
The Circulatory System = ခန္တာကိုယ်ရဲ့သွေး-  နှလုံး နဲ့ သွေးကြောလည်ပတ်မူ့ တွေ
The Lymphatic System  = အရေပြားအောက်ကခန္တာကိုယ်တခုလုံးကိုလှည့်ပတ်နေတဲ့
အဆီအရည်ကြည်တွေ
The Respiratory System  = အဆုပ်နဲ့ အသက်ရူသွင်းမူ့  Oxygen- အောက်ဆီဂျင်နဲ့ 
ခန္တာကိုယ်မှာမလိုအပ်တဲ့ Carbon Dioxide ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ
The Digestive System = ခန္တာကိုယ်ရဲ့  အစာအိမ် အူသိမ်အူမ အစာခြေမူ့ နဲ့ Waste-  အညစ်အကြေးထုတ်ပြစ်မူ့ တွေ
The Urinary System = ခန္တာကိုယ်ထဲက အရည်တွေမျှတနေအောင်လိုအပ်တဲ့ Sodium -ဆိုဒီယမ်တွေ
(ဥပမာ- ၀မ်းသွားတာ - အန်တာ တွေကြောင့် ကိုယ်တွင်းမှာလိုအပ်တဲ့ အရည်တွေကုန်ဆုံးပြီး
Dehydration - ဖြစ်တာမျိုး )
အခြားအရည်တွေဖြစ်တဲ့ ဆီး- သွေးထဲကမလိုအပ်တဲ့အရည် နဲ့ 
ခန္တာကိုယ်မှာလိုအပ်နေတဲ့အရည်တွေကိုမျှတအောင်လုပ်မူ့ တွေ
The Reproductive System = အမျိုးသား - The Male Reproductive System နဲ့ 
အမျိုးသမီး - The Female Reproductive System
တွေရဲ့ခန္တာကိုယ်ထဲက မတူညီတဲ့ထုတ်လုပ်မူ့ တွေ
The Endocrine System =  ခန္တာကိုယ်ရဲ့ကြီးထွားမူ့ အတွက် 
ဟိုမုန်း (Hormones) နဲ့ အားအင်တွေ သိုလှောင်ထားတဲ့ Gland လို့ ခေါ်တဲ့အဖုအလုံးတွေ... 
ဦးနှောက်နားမှာရှိတဲ့ Pineal gland
မျက်လုံးအနောက်နားမှာရှိတဲ့ Pituitary gland  ၊
လည်ချောင်းမှာရှိတဲ့ Thyroid gland  နဲ့ Parathyroid gland ၊
ရင်ဘတ်မှာရှိတဲ့ Thymus gland နဲ့ ခန္တာကိုယ်ရဲ့ညာဖက်ရင်ဘုံအောက်မှာရှိတဲ့ Adrenal gland တွေ...
The Immune System = ခန္တာကိုယ်ထဲကိုဝင်ရောက်လာတဲ့ Viruses နဲ့  Bacteria 
ရောဂါပိုးတွေကို ခန္တာကိုယ်ထဲက Cell တွေက ပြန်လည်တိုက်ဖျက်မူ့ တွေ၊
ဒီခန္တာကိုယ်ထဲက မလိုအပ်တဲ့ Cell တွေကပဲ ခန္တာကိုယ်ကိုပြန်လည်ဖျက်ဆီးပြစ်မူ့ တွေ
ဥပမာအားဖြင့် ကင်ဆာလိုရောဂါမျိုး...
အစရှိသဖြင့် လူ့ ခန္တာကိုယ်အရေပြားတထောင့်မကျန်ရှာဖွေတွေ့ ရှိမူ့ တွေဟာ
ဆေးပညာနဲ့ သိပ္ပံပညာရဲ့ခမ်းနားကြီးကျယ်စိတ်ဝင်စားစရာကောင်းတဲ့အရာတွေပါပဲ...။
ဒီခန္တာကိုယ်မှာ ဖြစ်ပွားတတ်တဲ့မရေမတွက်နိုင်သောရောဂါဆိုးတွေကိုလည်း 
သိပ္ပံပညာရှင်တွေနဲ့  ဆေးပညာရှင်တွေဟာ သူတို့ ဘ၀တခုလုံးမြှုပ်နှံပြီးဒါတွေကိုကုစားဖို့ ရှာဖွေကြတော့တာပါ...
သူတို့ ရှာဖွေတွေ့ ရှိသမျှ တန်ဘိုးအလွန်ကြီးမားတဲ့ပညာရပ်တွေ ဗဟုသုတတွေကိုလည်း 
တကမ္ဘာလုံးမှာရှိတဲ့လူသားတွေ အသက်ချမ်းသာရာရဖို့ 
ကောင်းကျိုးချမ်းသာရဖို့ အတွက်ဖြန့် ဝေတော့တာပါပဲ...
ဘယ်နိုင်ငံ ဘယ်လူမျိုး ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် သူတို့ မှာနယ်စည်းခြားဆိုတာမရှိသလို
သူတို့ ရှာဖွေတွေ့ ရှိသမျှတွေကိုလည်း သူတို့ နိုင်ငံတနိုင်ငံထဲအတွက်အသုံးပြုမယ်ဆိုတဲ့ 
အမြင်ကျဉ်းမြောင်းတဲ့တကိုယ်ကောင်းဝါဒတွေလည်းမရှိကြပါဘူး...။
သာဓကအနေနဲ့ ပြောရရင် ကမ္ဘာအ၀ှမ်းက Polio ရောဂါတိုက်ဖျက်ဖို့ အတွက် Bill Gates က
သန်းပေါင်း တစ်ထောင့်ရှစ်ရာကို သူ့ ရဲ့ဖောင်ဒေးရှင်းကိုလှူခဲ့ပြီး
သန်းပေါင်း ငါးထောင့်ငါးရာရရှိဖို့ အတွက် အခြားသောနိုင်ငံတွေကိုလည်း
တိုက်တွန်းခဲ့ပါတယ်...။ လာမယ့်သက္ကရာဇ် ၂၀၁၈ မှာ Polio ရောဂါဆိုတာ
ကမ္ဘာပေါ်မှာလုံးဝမရှိစေရဘူးဆိုတဲ့ဦးတည်ချက်နဲ့ ပါ...။
အမေရိကန်နိုင်ငံမှာ Polio ရောဂါကိုတိုက်ဖျက်ပြီးလို့ မရှိတော့ပါဘူး...
ယခုလက်ရှိ Polio ရောဂါဖြစ်ပွားနေသေးတဲ့နိုင်ငံတွေက နိုက်ဂျီးရီးယား၊
ပါကစ်စတန် ၊ အာဖဂန်နစ်စတန်နဲ့ အခြားဆင်းရဲတဲ့နိုင်ငံတွေပါပဲ...
 ဒီနိုင်ငံတွေဟာ အမေရိကန်နဲ့ ဘာသာလည်းမတူ လူမျိုးလည်းမတူတဲ့နိုင်ငံတွေပါ...။
ကမ္ဘာပေါ်မှာဒုတိယလူဦးရေအများဆုံးဖြစ်တဲ့ ဟိန္ဒူ ဘာသာနိုင်ငံ အိန္ဒိယ ကတော့ 
ဘီိလ်ဂိတ် ဖောင်ဒေးရှင်းရဲ့အများဆုံးကူညီမူ့ နဲ့ အိန္ဒိယနိုင်ငံမှာ Polio ရောဂါမရှိတော့ဘူးလို့ 
၂၀၁၂ ခုနှစ်မှာကြေငြာနိုင်ခဲ့ပါတယ်...။
( Polio ရောဂါဟာလူအများသိထားတဲ့အရိုးပြော့ တဲ့ သာမာန်ရောဂါမဟုတ်ပါဘူး
ဒီရောဂါဟာ ခန္တာကိုယ်ထဲကိုဝင်ရောက်လာတဲ့ဗိုင်းရပ်စ်တွေက 
ကိုယ်ထဲကကြွက်သားနဲ့ အရိုးတွေကိုဖျက်ဆီးပြစ်တဲ့အခါမှာ 
ခန္တာကိုယ်က Paralyze ဖြစ်ပြီးလုံးဝလမ်းမလျှောက်နိုင်တော့ပဲသေဆုံးတဲ့ရောဂါပါ...။
Polio ရောဂါဟာကူးစက်တတ်တဲ့ရောဂါလည်းဖြစ်ပါတယ်...။ )
အမေရိကန်နိုင်ငံမှာ နှစ်ဆယ်ရာစုရဲ့ပထမပိုင်း ၁၉၅၂ ခုနှစ်ဝန်းကျင်မှာ 
(Poliomyelitis ) လို့ ခေါ်တဲ့ Polio  ရောဂါကို လူပေါင်း ၆သောင်းခံစားခဲ့ရပါတယ်
ဒီအထဲမှာအမေရိကန်နိုင်ငံရဲ့ ၃၂ ယောက်မြောက်သမ္မတဖြစ်တဲ့ Franklin D. Roosevelt လည်းပါဝင်ခဲ့ပါတယ်။ ဒီရောဂါဟာမဖြစ်ခင် ကာကွယ်ဆေးထိုးပြီးကာကွယ်ထားလို့ ရပေမယ့်
ဖြစ်ပြီးမှဆိုရင်တော့ကုလို့ မရတော့ပါဘူး...။
Polio ရောဂါကာကွယ်တဲ့ထိုးဆေး Salk Vaccine ကို သိပ္ပံပညာရှင်လည်းဖြစ် 
ဆရာဝန်လည်းဖြစ်တဲ့ ဒေါက်တာ ဂျွို နက်စ်ဆောခ့်  ( Dr. Jonas Salk )
ဆိုတဲ့ဆရာဝန်ကရှာဖွေတွေ့ ရှိခဲ့ပြီး သောက်ဆေးနဲ့ ကာကွယ်ရတဲ့
Sabin Vaccine ကိုတော့ ဒေါက်တာ အလ်ဘတ် ဆဘင် (  Dr. Albert Sabin ) ကရှာဖွေတွေ့ ရှိခဲ့ပါတယ်။
 
ဘီလ်ဂိတ်ဟာ Polio ရောဂါတခုထဲအတွက်လှူဒါန်းခဲ့တာမဟုတ်ပါဘူး...
ကမ္ဘာ့ နိုင်ငံအအနှံ့ အပြားမှာဖြစ်ပွားနေတဲ့ အထူးသဖြင့်အာဖရိကနိုင်ငံနဲ့ 
အာရှနိုင်ငံ တွေမှာဖြစ်ပွားတတ်တဲ့ Malaria ရောဂါတိုက်ဖျက်ဖို့ အတွက်လည်း
ဒေါ်လာသန်းရာပေါင်းများစွာလှူဒါန်းခဲ့ပါတယ်...။
(Malaria ရောဂါဟာကမ္ဘာပေါ်မှာ လူအသေ အများဆုံးရောဂါထဲမှာအပါဝင်ဖြစ်ပါတယ်...။)
ဘီလ်ဂိတ်ကသူ့ ရဲ့ပိုင်ဆိုင်မူ့ ၉၅ ရာခိုင်နှုန်းကိုလှူဒါန်းသွားမယ်လို့ ဆိုပါတယ်...။ 
သူနဲ့ အတူလှူဒါန်းတဲ့သူကတော့ စီးပွားရေးပညာရှင်ကြီး  Billionaire Warren Buffet ပါ...။
သူက ၂၀၀၆ ခုနှစ်မှာ ဘီလ်ဂိတ်ရဲ့ဖောင်ဒေးရှင်းကို သူပိုင်ဆိုင်တဲ့
စတော့ခ် (Stock) ဘီလီယံ ၃၀ ကိုဘီလ်ဂိတ်ရဲ့ ဖောင်ဒေးရှင်းကိုလှူဒါန်းခဲ့ပါတယ်...။
Warren Buffet ကသူ့ ရဲ့ပိုင်ဆိုင်မူ့ ၉၉ ရာခိုင်နှုန်းကိုလှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သူနဲ့ အတူ ဘီလီယံနာ ပေါင်း ၇၀နီးပါး ကလည်းသူတို့ တွေရဲ့
ပိုင်ဆိုင်မူ့  ၅၀ ရာခိုင်နှုန်းကိုလှူဒါန်းကြမယ်လို့ ဆိုပါတယ်...။
ဒါဟာပညာတတ်သူတော်ကောင်းများရဲ့ မဟာလောကကောင်းကျိုးသယ်ပိုးမူ့ ကြီးလို့ ဆိုရမှာပါ...။

အထက်မှာပြောခဲ့တဲ့  John Dewey ရဲ့  "Education is not preparation for life;
Education is life itself." ဆိုတာကိုပြန်ကြည့်မယ်ဆိုရင် ပညာရေးဟာဘာကြောင့်
ဘ၀ဖြစ်ရတာလည်းဆိုတော့ ပညာသင်ယူခြင်းဆိုတာ Intelligence ဆိုတဲ့ အသိဥာဏ်နဲ့ 
သက်ဆိုင်ပါတယ်...။ ဥပမာ... ဘီလ်ဂိတ်က တက္ကသိုလ်ကနေ ကွန်ပြူတာပညာကို
သင်ယူခဲ့ပြီး သူ့ ရဲ့အသိဥာဏ်ထက်မြက်မူ့ နဲ့ သူဟာကွန်ပြူတာပရိုဂရမ်ကိုရှာဖွေတွေ့ ရှိခဲ့ပြီး
အောင်မြင်တဲ့စီးပွားရေးသမား ကမ္ဘာပေါ်မှာချမ်းသာကြွယ်ဝဆုံးသူ တယောက်ဖြစ်လာခဲ့ပါတယ်။
ပညာရေးဟာသူ့ ဘ၀ကိုအမြင့်ဆုံးအထိမြှင့်တင်ပေးခဲ့တာပါ... ဒီပညာဟာဒီနေရာမှာတင်
ဆုံးသွားခဲ့တာမဟုတ်ပဲနဲ့ ဒီပညာနဲ့ ပတ်သက်ပြီး ဆင့်ပွားရရှိခဲ့တဲ့ အကြီးမားဆုံးအရာကတော့
"Education is life itself" ပညာရေးဆိုတာဘ၀ပါ လို့ ပြောတဲ့ 
အကောင်းအဆိုးအမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်တဲ့ 
ပညာရေးရဲ့အဓိက အသက်သွေးကြောဖြစ်တဲ့ "Wisdom"  ကိုရရှိခဲ့လို့ ပါပဲ။
ပညာတတ်တွေဟာပညာရေးကြောင့်သူတို့ ပိုင်ဆိုင်ရရှိခဲ့တဲ့ချမ်းသာကြွယ်ဝမူ့ တွေနဲ့ 
လောကကောင်းကျိုးပြုရမယ်ဆိုတာကိုတွေးခေါ်ခဲ့တာတွေက သူ့ တို့ ရဲ့"ဘ၀" ဖြစ်ခဲ့တာပါ...။ 
Education = Intelligence + Wisdom လို့ ဆိုချင်ပါတယ်...။
လောကမှာပညာတတ်တွေအများကြီးရှိပါတယ်...ဒီအထဲမှာ ပညာတတ်ဝိသမလောဘသားတွေ
ပညာတတ်လူလိမ်တွေ...ပညာတတ်ကိုယ်ကျိုးရှာသမားတွေ...ပညာတတ်ခေါင်းပုံဖြတ်တွေ
ပညာတတ်အချောင်သမားတွေ...ပညာတတ် လူမိုက်တွေအများကြီးရှိပါတယ်...။
သို့ သော် ဒါတွေဟာတကယ့်ပညာတတ်တွေမဟုတ်ပါဘူး...။ 
တကယ်ပညာတတ်တဲ့သူတွေဟာ သူတို့ ဆီမှာ 
ကမ္ဘာကြီးကိုငြိမ်းချမ်းစေမယ့်
Compassion ရှိတယ်
Intelligence ရှိတယ်
Wisdom ရှိတယ်
Dignity ရှိတယ်
Quality ရှိတယ်
Morality ဆိုတဲ့
ဘ၀ရဲ့တန်ဘိုးအကြီးမားဆုံးလူ့ ဂုဏ်သိက္ခာဆိုတဲ့အရာတွေရှိပါတယ်...။ 
ဒီအရာတွေကပဲသူတို့ ဘ၀တွေကိုအဆင့်အတန်းအမြင့်ဆုံး 
အထက်တန်းအကျဆုံးဖြစ်အောင်ဖန်တီးပေးသွားတာပါ...။
ဒါဟာတကယ့်စစ်မှန်တဲ့
"Education is not preparation for life;
Education is life itself." ဆိုတဲ့ပညာရဲ့အမြင့်မားဆုံးအနှစ်သာရပါပဲ...။


*
*
*


ကိုယ်ဒီစာစုလေးကိုရေးခဲ့တာ ရက်အနည်းငယ်ကြာခဲ့ပါပြီ...
အခုမှပဲအပြီးသတ်ဖြစ်ပါတယ်...။ ဆေးပညာနဲ့ ပတ်သက်လို့ ကိုယ်သင်ယူခဲ့ရတဲ့
ရောဂါတွေအကြောင်းကိုအချိန်ရတဲ့အခါ ဗဟုသုတအဖြစ် ရေးသားမျှဝေပါဦးမယ်...
စာဖတ်တာကိုပဲဝါသနာပါပြီး စာရေးရတာကိုသိပ်ဝါသနာမပါတော့
တနှစ်လောက်မှတခါရေးဖြစ်ပါတယ်... :)

အားလုံးပဲကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ... 



Related Posts Plugin for WordPress, Blogger...

စကားအင်္ဂါ ( ၅ ) တန်

( ၁ ) ကာလ = ပြောသင့်သောအခါမှပြောရာ၏၊ အချိန်မတန်လျှင်မပြောဆိုရာ ။

( ၂ ) သစ္စာ = အမှန်ကိုသာပြောဆိုရာ၏၊ မမှန်မကန် လုပ်ကြံမပြောဆိုရာ။

( ၃ ) သဏှာ = နူးညံ့ချိုသာစွာပြောဆိုရာ၏၊ ခက်ထန်ရင့်သီးစွာမပြောဆိုရာ

( ၄ ) အတ္တံသဟိတ = အကျိုးစီးပွားဖြစ်မည့်စကားကိုသာပြောဆိုရာ၏။

အကျိုးယုတ်မည့်စကားကို မပြောဆိုရာ။

( ၅ ) မေတ္တာစိတ္တ = မေတ္တာရှေ့ ထားပြောဆိုရာ၏၊ ဒေါသမောဟဖြင့်မပြောဆိုရာ။

( အင်္ဂုတ္ထိရ်ပါဋ္ဌိတော် )


မိမိရင်းနှီးကျွမ်းဝင်သူရှိရာနေရာ၊ အရပ်သည် မွေ့ လျှော်ဖွယ်ရာဖြစ်ပါလိမ့်မည်။
မိမိရင်းနှီးကျွမ်းဝင်သူလျှောက်လှမ်းတတ်ရာ တောလမ်းနှင့်
သစ်ပင်တမ်းကလေးသည်ပင် နှစ်လိုဖွယ်ရာ မွေ့ လျှော်ဖွယ်ဖြစ်ပါလိမ့်မည်။
ကောင်းမြတ်သောစကားကိုဆိုတတ်သော၊ အပြစ်မဲ့စွာပြုမူဆက်ဆံတတ်သော၊
မိမိကိုနားလည်တတ်သော၊ မိမိကိုအလေးအနက်ထားတတ်သောသူနှင့်
အတူနေရခြင်းသည်လည်းမွေ့ လျှော်ဖွယ်ရာရှိပါလိမ့်မည်။
မိမိနှင့်ကျွမ်းဝင်သောသူနှင့် စားရခြင်းသည်လည်းနှစ်လိုဖွယ်ရှိပါလိမ့်မည်။
သို့ ပေမယ့် ဤသည်လို ရင်းနှီးကျွမ်းဝင်သူမျိုးကို ရဖို့ မလွယ်။
တွေ့ ဖို့ ရာမလွယ်......မလွယ်လှချေတကား။
(နန္ဒာသိန်းဇံ)

dhamma

တရားနာဖို့ အချိန်......
ဆရာတော်ဘဒ္ဒန္တနန္ဒမာလာဘိဝံသ( MA,PhD ) ဟောကြားသောတရားတော်များ...

ဖိုင်အမှတ်စဉ် - ၁

၀၀၁။ ဓမ္မသင်္ဂဏီကျမ်း

၀၀၂။ ဓမ္မသင်္ဂဏီကျမ်း

၀၀၃။ ဓမ္မသင်္ဂဏီကျမ်း

၀၀၄။ ဓမ္မသင်္ဂဏီကျမ်း

၀၀၅။ ဓမ္မသင်္ဂဏီကျမ်း

ဖိုင်အမှတ်စဉ် - ၂

အဘိဓမ္မာဒေသနာတော်ကြီး

၀၀၆။ အဘိဓမ္မာမြတ်ဒေသနာ

၀၀၇။ သမ္ဗုတိသစ္စာနှင့်ပရမတ္တသစ္စာ

၀၀၈။ ရုပ်တရားကိုလေ့လာသုံးသပ်ခြင်း (၁)

၀၀၉။ ရုပ်တရားကိုလေ့လာသုံးသပ်ခြင်း (၂)

၀၁၀။ နာမ်တရားကိုလေ့လာသုံးသပ်ခြင်း

၀၁၁။ စိတ်ကိုလေ့လာသုံးသပ်ခြင်း

၀၁၂။ စိတ်ကိုအမှီပြုအင်အားစုများ

၀၁၃။ စိတ်၏အညစ်အကြေးများ

၀၁၄။ စိတ်ဖြူစင်မှုအင်အားစုများ(၁)

၀၁၅။ စိတ်ဖြူစင်မှုအင်အားစုများ(၂)

၀၁၆။ စိတ်ဖြစ်ပုံကိုလေ့လာခြင်း (၁)

၀၁၇။ စိတ်ဖြစ်ပုံကိုလေ့လာခြင်း (၂)

၀၁၈။ စိတ်၏အာရုံများနှင့်ဆောင်ရွက်မှုကိစ္စများ

၀၁၉။ စိတ်ဖြစ်စဉ်ကိုလေ့လာခြင်း (၁)

၀၂၀။ စိတ်ဖြစ်စဉ်ကိုလေ့လာခြင်း (၂)

၀၂၁။ စိတ်ကိုအာရုံနှင့်လေ့ကျင့်ခြင်း

၀၂၂။ သတ္တဝါတို့၏(၃၁)ဘုံ

၀၂၃။ ဘဝနိဂုံးသေဆုံးခြင်း

၀၂၄။ဘဝသစ်၌ပြန်လည်မွေးဖွားခြင်း

၀၂၅။ နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်း

ဖိုင်အမှတ်စဉ် - ၃

၀၂၆။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၂၇။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၂၈။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၂၉။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၀။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၁။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၂။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၃။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၄။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၅။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

ဖိုင်အမှတ်စဉ် - ၎

၀၃၆။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၃၇။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၃၈။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၃၉။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၀။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၁။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၂။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၃။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၄။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၅။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၆။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၇။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၈။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၉။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၀။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၁။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၂။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၃။ ပဋ္ဌာန်းမြတ်ဒေသနာ

ဖိုင်အမှတ်စဉ် - ၅

၀၅၄။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၅။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၆။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၇။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၈။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၉။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၀။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၁။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၂။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၃။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၄။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၅။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၆။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

ဖိုင်အမှတ်စဉ် - ၆

၀၆၇။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (နိဒါန်း)

၀၆၈။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ကာယာနုပဿနာ)

၀၆၉။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ဝေဒနာနုပဿနာ)

၀၇၀။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်(စိတ္တာနုပဿနာ)

၀၇၁။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ဓမ္မာနုပဿနာ)

ဖိုင်အမှတ်စဉ် - ၇

၀၇၂။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၁)

၀၇၃။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၂)

၀၇၄။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၃)

၀၇၅။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၄)

ဖိုင်အမှတ်စဉ် - ၈

၀၇၆။ သစ္စဒေသနာဓမ္မစကြာ (၁)

၀၇၇။ သစ္စဒေသနာဓမ္မစကြာ (၂)

၀၇၈။ သစ္စဒေသနာဓမ္မစကြာ (၃)

၀၇၉။ သစ္စဒေသနာဓမ္မစကြာ (၄)

၀၈၀။ အနတ္တလက္ခဏသုတ်အနှစ်ချုပ်

ဖိုင်အမှတ်စဉ် - ၉

၀၈၁။ အမြိုက်ရေစင

၀၈၂။ လူ့ပြည်ရောက်နတ်တမန်များ

၀၈၃။ ရတနာသုံးရပ်အမြဲဆည်းကပ်သည့်ဥပါသကာ

၀၈၄။ အက္ခဏ သုတ္တန

၀၈၅။ အဘယ သုတ္တန

၀၈၆။ သမာပတ္တိ သုတ္တန

၀၈၇။ သမာပတ္တိ သုတ္တန်

၀၈၈။ ရှင်သာရိပုတ္တရာမထေရ်မြတ်၏နှမတော်တို့၏ဓမ္မအမြင်များ

၀၈၉။ ကတ္တာရုဇာတ်

၀၉၀။ ရှင်သာရိပုတ္တရာမထေရ်မြတ်၏သာသနာတော်အရေးလျှောက်ထားချက်

၀၉၁။ အမြတ်ရတနာ ဥပါသကာကျင့်စဥ

၀၉၂။ အမတာဘိသေက

၀၉၃။ နိဗ္ဗာန်လမ်းပေါ်မှအဆီးအတားများ

၀၉၄။ ကိုယ့်နေရာကိုယ်နေကြ

၀၉၅။ ဗုဒ္ဓအလိုကျနေထိုင်နည်း

၀၉၆။ ဃဋိကာရ သုတ္တန

၀၉၇။ အဒိတ္တာဇာတ်

၀၉၈။ ဓမ္မသည်သာကိုးကွယ်ရာ

၀၉၉။ ပမာဒနှင့်အပမာဒ

၁၀၀။ စိတ်အကြောင်း

၁၀၁။ နတ်ပြည်မှအမှာစကား

၁၀၂။ ဒကာရင်းကိုကယ်တင်ခြင်း

၁၀၃။ ကာလာမသုတ္တန

၁၀၄။ ဘဝကိုအလှဆင်မည့်သ

၁၀၅။ စိတ်ဓါတ်ခွန်အားမြင့်တင်ထား

၁၀၆။ သောတပန်၏ဘဝရုပ်ပုံလွှာ

၁၀၇။ သြဝါဒနှင့်အမေးအဖြေ

၁၀၈။ဘဝအသွင်ကိုဓမ္မအမြင်ဖြင့်လေ့လာခြင်း

၁၀၉။ အကောင်းဆုံးသောညတစ်ည

၁၁၀။ ဃဋိကာရ၏ဘဝတစ်စိတ်သမိုင်းပုံရိပ်များ

၁၁၁။ ကိုးကွယ်ရာအမှန်တရား

၁၁၂။ လူထဲကလ

ဖိုင်အမှတ်စဉ် - ၁၀

၁၁၃။ ဓမ္မနုပဿနာ

၁၁၄။ အကျင့်မှန်မှနိဗ္ဗာန်ရ

၁၁၅။ ယနေ့လူသားများရဲ့မနက်ဖြန်ကမ္ဘာ

၁၁၆။ ရှစ်ယောက်နှင့်တစ်ယောက

၁၁၇။ တရားမြင်မှဘုရားမြင်မည

၁၁၈။ စိတ္တာနုပဿနာ

၁၁၉။ ဆပ်ကပွဲမှရသောတရားတစ်ပုဒ်

၁၂၀။ ရန်ရှင်းမှရန်ကင်းမည်

၁၂၁။ သြဃတရဏ

၁၂၂။ အရှင်အာနန္ဒာ၏အလွမ်းစကားနှင့်မြတ်ဗုဒ္ဓ၏သြဝါဒတရား

၁၂၃။ ဘဝခရီးဝယ်ရွေးချယ်ရမည့်လမ်း

၁၂၄။ လက်တွေ့ဘဝကိုပဠာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၁၂၅။ ဓါတုဝိဘင်္ဂသုတ်အနှစ်ချုပ်

၁၂၆။ ဆန္ဒဓိပတ

၁၂၇။ အလောင်းတော်သုမေဓါ၏ဘဝအပေါ်ရှုမြင်သုံးသပ်ချက

၁၂၈။ မြတ်သောဥစ္စာစုဆောင်းပါ

၁၂၉။ မနုဿဓမ္မနှင့်ဥတ္တရိမနုဿဓမ

၁၃၀။ အရှုံးအမြတ

၁၃၁။ ယဉ်ကျေးလိမ္မာသင်တန်း

၁၃၂။ ဘဝနှင့်နိဗ္ဗာန

၁၃၃။ အကာကိုပြစ်၍အနှစ်ကိုရှာ

၁၃၄။ အမြင်မှန်

၁၃၅။ အစွဲဖြုတ

၁၃၆။ ထာဝရတွေးထားရမယ့်ဘဝအရေးများ

၁၃၇။ လက်တွေ့ဘဝကိုပဋိစ္စသမုပ္ပါဒ်နည်းဖြင့်ဆင်ခြင်သုံးသပ်ခြင်း

၁၃၈။ သြကာသရှင်းတန်း

၁၃၉။ မှန်ကန်သောကြိုးပမ်းအားထုတ်မှု

၁၄၀။ သြဃလေးဖြာသံသရာ

၁၄၁။ အမျက်ဖြေ

၁၄၂။ ယနေ့ကမ္ဘာကြီး၏နောက်ဆုံးနေ့များ

၁၄၃။ ဒိဠေ ဒိဠေ မတ္တံ

၁၄၄။ သူတော်ကောင်းတရားတည်တန့်ပြန့်ပွါးရေး

၁၄၅။ ပညာမဲ့သဒ္ဒါ-၁

၁၄၆။ ပညာမဲ့သဒ္ဒါ-၂

၁၄၇။ ဆင်းရဲတွင်းမှလွတ်ကင်းခြင်း

ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတရားများနာကြား၍တရားထူးများရရှိနိုင်ကြပါစေ...

်ဤတရားတော်များအားမျှဝေပေးသောဆရာတော်အရှင်သူမြတ်အားကျေးဇူးအနန္တတင်ရှိပါတယ်ဘုရား...။

...

Globe