ဤလူကားငါ့လူ၊ ဟိုလူကားသူ့ လူ၊ ဤသူကားရင်းနှီးသူ၊ ဤသူကားသူစိမ်းဟုရေတွက်စိစစ်ခြင်းသည် သဘောထားသေးနုပ်သူတို့ ၏အလုပ်ဖြစ်၏။ သဘောထားမြင့်မြတ်သူ၊
သနားညှာတာစိတ်ရှိသူတို့  အဖို့ မှာမူ မြေတပြင်လုံး တပေါင်းတည်းသာလျှင်ဖြစ်၏။
သူတော်ကောင်းတို့ ၏သဘောသည် စင်ကြယ်ဖြောင့်မတ်သည် ဖြစ်သောကြောင့်ဖောက်ပြန်ပြောင်းလဲခြင်း မရှိပေ။ အမျက်ဒေါသထွက်သော်လည်း သူတော်ကောင်းတို့ ၏စိတ်သဘောသည် ဖောက်ပြန်ပြောင်းလဲ မသွားပေ။ ပင်လယ် သမုဒ္ဒရာရေကို မြက်ခြောက်မီးဖြင့် ပူအောင်မပြုနိုင်သကဲ့သို့ ပင်ဖြစ်၏။
ကြာရိုးကျိုးသော်လည်း အမျှင်မပြတ်သကဲ့သို့ သူတော်ကောင်းတို့ ၏ သဘောဖြောင့်မတ်မူ့ စသော ဂုဏ်အရည်အချင်းတို့ သည် အချစ်ပြတ်စဲသွားသော်လည်း ဖောက်ပြန်ပြောင်းလဲမသွားပေ။
ပညာဥာဏ်နှင့် စွမ်းရည်သတ္တိရှိသူတို့ အတွက်အဘယ်အရပ်ကို "မိမိအရပ် ဟူ၍ဆိုမည်နည်း။ အဘယ်အရပ်ကိုအရပ်တပါးဟုဆိုမည်နည်း။ ရောက်ရာအရပ်၊ ရောက်ရာနေရာကို လက်ရုံးရည် နှလုံးရည်ဖြင့် အောင်မြင်စိုးမိုးနိုင်လေသည်။
သူတပါးကို နည်းပေးညွှန်ပြဆုံးမရာ၌ ပညာရှိအဖြစ်သည်လွယ်ကူလှလေသည်။ သို့ ရာတွင် မိမိကိုယ်တိုင် တရားဓမ္မအတိုင်း ကျင့်ကြံအားထုတ်သူမှာမူ အရေ အတွေက်အနည်းငယ်မျှသော သူတော်ကောင်းတို့ သာလျှင် ဖြစ်ကြ၏။
လောက၌ တရားဟူသည် သတ္တ၀ါတို့ ကို သနားမူပင်ဖြစ်၏။ ချမ်းသာသုခဟူသည် ကျန်းမာစွာနေရမူ့ ပင်ဖြစ်၏။ ချစ်ခြင်းဟူသည် အမှန်တရားကိုချစ်ခင်မြတ်နိုးမူ့ ပင်ဖြစ်၏။ ဘေးရန်ရောက်ရှိလာသောအခါ သင့်မသင့်ကို ထောက်ချင့်ဆုံးဖြတ်နိုင်သူသည် ပညာရှိမည်လေ၏။ ဆုံးဖြတ်မူ့ မပြုနိုင်သူတို့ တွင်ကား ခြေလှမ်းတိုင်း ဘေးရန်ဖြစ်ပေါ်လာတတ်လေသည်။
သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )
No comments:
Post a Comment