
သစ်ကောက် ၀ါးကောက်သာမြင်နိုင်၏ ။ လူအများ၏ကောက်ကျစ်စဉ်းလဲသော စိတ်ကိုမမြင်နိုင်။ လူ့ စိတ်သည် တနေရာ၌ကောင်း၍ အခြားတနေရာ၌ ဆိုးတတ်၏ ။ ထို့ ကြောင့်မည်သူ့ စိတ်ကိုမှ မိမိက အာမခံ မရဲလေနှင့်။
( သုတေသီသွေး )
သူတပါးအကျိုးယုတ်အောင် မလုပ်ပေမယ်လို့ ကိုယ့်ဟာကိုယ်အကျိုးယုတ်အောင်လုပ်ရင် အကုသိုလ်ဖြစ်တယ် လို့ ယူဆနိုင်ပါတယ်။
( ဦးသာချို )
အကြင်သူသည်လူဟူ၍အခေါ်ခံရပြီး ၊ ဘယ်ဟာကကုသိုလ် ၊ ဘယ်ဟာကအကုသိုလ် ၊ ဘယ်ဟာကသုစရိုက်တရား ၊ ဘယ်ဟာကဒုစရိုက်တရားဟူ၍ ခွဲခြားနားလည်ခြင်းမရှိ၊ သိအောင်လည်းမလေ့လာ သိသည်ဆိုစေကာမူ ကျင့်ကြံအားထုတ်ခြင်းလည်းမရှိ၊ ရှောင်ကြဉ်ရမည်ကိုလည်း မရှောင်ကြဉ် ၊ ကိုယ်အကျိုး ရှိမည်ထင်သော အရာမှန်သမျှ ဆိုးဆိုးကောင်းကောင်းမဟုတ် ၊ ဘာမဆိုအကုန်ပြုလုပ်၏ ၊ ပြောဆို၏ ။
ကြံစည်၏ ။ ထိုသူသည် အဘယ်မှာလျှင် လူဟု အခေါ်ခံထိုက်ပါမည်နည်း။
( တက္ကသိုလ်လွမ်းဝေ )
မရဘူးသား ၊ ရတုံငြားသော် အများထင်လျှက် ၊ ငွေပဲဝက်ကြောင့် ထက်သည့်မာန်စောင် ၊ ခေါင်းမြီးထောင်
( မတော်ပြဿနာခဏ်းပျို့ )
နှစ်ယောက်မတန် ၊ ငါသာလွန်ဟု မာန်တရှေးရှေး ၊ တသွေးသွေးနှင့် နွားခြေးထက်ဝယ်၊ ဖားသူငယ်သို့ ။
( ဘလ္လာတိယပျို့ )
ဤလူ့ ဘ၀ ၊ လူ့ လောက၌ ဥာဏသမဇဉ် ၊ ကင်းမယှဉ်ပဲ ကတညုတ ၊ ကတဝေဒိ မသိတတ်သူ ၊ လူမသမာ ၊ ထိုများစွာတို့  ချမ်းသာစီးပွား ၊ လျှော့ပါးယိမ်းယိုင် မြဲမခိုင်ဘူး။
( မာဃဒေ၀ )
ဥာဏမသန် ၊ တရိစ္ဆာန်သို့  ၊ မဖန်မေ့ကာ၊ မှတ်မဲ့သာလျှင် ၊ အိပ်ကာစားကာ မကျင့်ရာတည်း။
( မဟာသုတသောမပျို့ )
သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )
No comments:
Post a Comment