
ကောင်းမူ့ နှင့်ယှဉ်သော မိတ်ဆွေများ မရေတွက်နိုင်အောင် များပြားလေလေ ကောင်းလေလေဖြစ်သည်။ မကောင်းမူ့ နှင့်ယှဉ်သောမိတ်ဆွေတစ်ယောက် တိုးလာလျှင်မူ များစွာသောဒုက္ခကို ဖြစ်နိုင်စေသည်။
( တက္ကသိုလ်လွမ်းဝေ )
ယုတ်မာသောအကုသိုလ်မကောင်းမူ့ ကိုပြုကျင့်လေ့ရှိသောသူသည် ချမ်းသာသုခကို လွယ်လွယ်ကူကူမရနိုင်၊ မီးနှင့်အကြွေး၊ မမွေးမြူရာ မိတ်ဆွေလူမိုက်၊ မပေါင်းထိုက်တာ မကောင်းတူဘိ၊ သတိရှိပါ။
( မင်္ဂလာဦးသိန်းမောင် )
ဆပ်သွားဖူးပန်းပင်သည် အဆင်းလှ၍ အနံ့ မွှေးကြိုင်သော်လည်း ဆူးရှိနေသောကြောင့် ပျားပိတုန်းများမနားကြ သကဲ့သို့  ဂုဏ်ကျက်သရေနှင့်ပြည့်စုံပါလျှက် အပြောအဆိုကြမ်းကြုတ်၍ ခက်ထန်လျှင် အခြွေအရံပရိသတ် ရှိမည်မဟုတ်ချေ။
( လယ်တီပဏ္ဍိတ၊နိကိမဉ္စရီ အတွဲ ၁ မှ )
အပြောကြီးသူသည် အလိမ်ကြီး၏ ။ အကြွားကြီးသူသည် အလုပ်နည်း၏ ။
လူမိုက်၏အပြုံးကအေးဆေးသည် ။
( ပြင်သစ်စကားပုံ )
ပညာတတ်သောသူတို့ သည် ငါတတ်သည်ဟု ထင်မှား၍ ထောင်လွှားကြ၏ ။ ပညာရှိကား ငါတတ်စရာတွေများလှချည့်လားဟု ဆင်ခြင်နှိမ့်ချ၏ ။
( တကူးပါး )
လူဆိုး လူလိမ် ဖြစ်ခြင်းထက် ရူးနှမ်းနေခြင်းကပိုကောင်း၏ ။
( အင်္ဂလိပ်စကားပုံ )
မကောင်းသောသူကို ပေါင်းသင်းပါက ဘေးဥပါဒ် အန္တရယ်ကိုဖိတ်ခေါ်သလိုဖြစ်၏ ။
( အင်္ဂလိပ်စကားပုံ )
မာန်မာနရှေ့ ကသွားလျှင် အရှက်ရမူ့ က နောက်ကလိုက်သည်။
( ဝေလပညာရှိ စကားပုံ )
လုံ့ လ၀ိရိယ ဇွဲရှိသော်လည်း ဗဟုသုတမရှိလျှင် မိုက်မဲခြင်းဖြစ်၏ ။
( ဝေလပညာရှိစကားပုံ )
လောက၌ သူ့ အသက်ကိုသတ်သူ၊
မဟုတ်မမှန်ပြောသူ၊
မပေးသည်ကိုယူသူ၊
သူ့ မယားကိုလည်းကျူးလွန်သွားလာသူ၊
သေရည်သောက်ခြင်းကိုအဖန်တလဲလဲအားထုတ်သူ။
ထိုရန်သူငါးမျိုးတို့ ကိုမပယ်နိုင်ခြင်းကြောင့် သီလမရှိ ၊
သီလမရှိ ပညာမရှိသော ထိုသူသည် ခန္တာကိုယ် ပျက်စီးသည်ရှိသော် အပါယ်ငရဲသို့ ကျရောက်ရလေ၏။
( စတုတ္တသုတ်မှ )
အလိုလိုက် အမိုက်စော်ကား၊ အပါယ်ထိုထို ဥဒဟိုသည် ငါလိုလူမိုက်သွားလမ်းတည်း။
( မိုးညှင်းဆရာတော် )
သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )
No comments:
Post a Comment