Friday, December 30, 2011
*Sangha*
Sunday, August 14, 2011
*တရားအားထုတ်စဉ်မဂ္ဂင်ကိစ္စ*
(၂၀၀၈-ခုနှစ်၊ ဖေဖော်ဝါရီလထုတ် မြတ်ပန်းရဂုံတွင် ပါရှိသော ဘိက္ခုသုည၊ ဘားအံ-၏ မဂ္ဂင်ကိစ္စ မေးခွန်းသုံးပုဒ်ကို ဖြေကြားထားခြင်း ဖြစ်ပါသည်။)
မေး။ ။ နိဗ္ဗာန်ကို မျက်မှောက်ပြုသော သူတော်ကောင်းများ၏ လောကုတ္တရာစိတ်တွင် မဂ္ဂရှစ်ပါး ပါဝင်ပါသည်။ မဂ္ဂင်ရှစ်ပါးနှင့် ပြည့်စုံသော စိတ်ကသာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်ဟု နားလည်ထားပါသည်။
ဝိပဿနာ အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် သမာဓိမဂ္ဂင် နှင့် ပညာမဂ္ဂင်ငါးပါး ပြည့်စုံလျှင် သီလမဂ္ဂင်သုံးပါးနှင့် ပေါင်းကာ မဂ္ဂင်ရှစ်ပါး ပြည့်စုံရသည်ဟု မှတ်သားရပါသည်။ သီလမဂ္ဂင်သုံးပါး ပေါင်းသည့်ကာလ၊ ပေါင်းသည့်အခြေအနေတို့ကို ရှင်းလင်းစွာ နားမလည်သေးပါ။
ဖြေ။ ။ လမ်းခရီးကို ပါဠိလို မဂ္ဂ-ဟု ခေါ်ပါသည်။ မဂ်ဖိုလ်နိဗ္ဗာန် ရောက်ရန်အကြောင်း ကောင်းမြတ်သော လမ်းစဉ်ဖြစ်သောကြောင့် မဂ္ဂရှစ်ပါး မြတ်တရားကိုလည်း မဂ္ဂ-ဟု ခေါ်ပါသည်။ ထိုမဂ်ဖိုလ်နိဗ္ဗာန် ရောက်ရန်အကြောင်း လမ်းစဉ်ကောင်း၏ အစိတ်အပိုင်း အင်္ဂါရှစ်ပါးကို မဂ္ဂ+အင်္ဂ=မဂ္ဂင်္ဂ=မဂ္ဂင်-ဟု ခေါ်ပါသည်။
ထိုမဂ္ဂင်ရှစ်ပါးမှာ
(၁) သမ္မာဒိဋ္ဌိမဂ္ဂင် = မှန်ကန်သော ဉာဏ်အမြင်၊
(၂) သမ္မာသင်္ကပ္ပမဂ္ဂင်=မှန်ကန်သောအကြံအစည်၊
(၃) သမ္မာဝါစာမဂ္ဂင်=မှန်ကန်သောစကား၊
(၄) သမ္မာကမ္မန္တမဂ္ဂင်= မှန်ကန်သောအလုပ်၊
(၅) သမ္မာအာဇီဝမဂ္ဂင်= မှန်ကန်သော အသက်မွေးဝမ်းကျောင်းမှု၊
(၆) သမ္မာဝါယာမမဂ္ဂင်= မှန်ကန်သော အားထုတ်မှု လုံးလဝီရိယ၊
(၇) သမ္မာသတိမဂ္ဂင်= မှန်ကန်သော ဆင်ခြင်အောက်မေ့မှု၊
(၈) သမ္မာသမာဓိ= မှန်ကန်သော တည်ကြည်မှု တို့ဖြစ်၏။
ထိုတွင်
(၁) သမ္မာဒိဋ္ဌိ-ဟူသည် သစ္စာလေးပါးကို သိသော ဉာဏ် အမြင်ကို ဆိုလို၏။
(၂) သမ္မာသင်္ကပ္ပ-ဟူသည် ဝတ္ထုကာမ၊ ကိလေသာ ကာမတို့မှ လွတ်မြောက်လိုသောအကြံ၊
သူတစ်ပါးတို့ကို မပျက်စီးစေ လိုသော အကြံ၊ မညှဉ်းဆဲလိုသောအကြံကို ဆိုလို၏။
(၃) သမ္မာဝါစာ- ဟူသည် မုသာ-မိတ်ခွဲ-ဆဲရေး-ပြိန်ဖျင်းဟူသော လေးသင်းသော
ဝစီကံ တို့မှ ရှောင်ကြဉ်မှုကို ဆိုလို၏။
(၄) သမ္မာကမ္မန္တဟူသည် သက်သတ်-ခိုးမှု-ကာမေသုဟူသော
သုံးခုသော ကာယကံတို့မှ ရှောင်ကြဉ်မှုကို ဆိုလို၏။
(၅)သမ္မာအာဇီဝ-ဟူသည် အထက်ပါ ကာယကံသုံးပါး၊ ဝစီကံလေးပါးဟူသော
ဒုစရိုက်ခုနစ်ပါးတို့ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်မှုကို ဆိုလို၏။
(၆) သမ္မာဝါယာမ-ဟူသည် မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေရန်၊
ဖြစ်ပြီးသော အကုသိုလ်တရား တို့ကို ပယ်ရန်၊
မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပွားစေရန်၊
ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တိုးတက်ဖြစ်ပွားစေရန် အားထုတ်မှုကို ဆိုလို၏။
(၇) သမ္မာသတိ-ဟူသည် ကိုယ်ကာယ၌ သော်လည်းကောင်း၊
ခံစားမှု၌သော်လည်းကောင်း၊ စိတ်၌သော်လည်း ကောင်း၊
နီဝရဏစသော တရားတို့၌သော်လည်းကောင်း
မိမိစိတ် တည်နေစေရန် မမေ့မလျော့နေခြင်းကို ဆိုလို၏။
(၈) သမ္မာသမာဓိ- ဟူသည် ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်တို့ကို ဆိုလို၏။ ထိုမဂ္ဂင်ရှစ်ပါး မြတ်တရားတို့ကို သဘောတူရာပေါင်း၍ အုပ်စုဖွဲ့သည်ရှိသော်
သီလက္ခန္ဓ (သီလအုပ်စု)၊
သမာဓိက္ခန္ဓ (သမာဓိ အုပ်စု)၊
ပညာက္ခန္ဓ (ပညာအုပ်စု)ဟု သုံးခုဖြစ်လာ၏။
ထိုတွင်
သမ္မာဝါစာ၊
သမ္မာကမ္မန္တ၊
သမ္မာအာဇီဝ-ဟူသော မဂ္ဂင်သုံးပါးသည်
ရှောင်ကြဉ်အပ်သောကြောင့် ဝိရတီမည်၏။
သီလ သဘောရှိသဖြင့် သီလအစု၌ ရေအပ်သောကြောင့် သီလက္ခန္ဓမဂ္ဂင် ဟု ခေါ်၏။
သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ-ဟူသော မဂ္ဂင်သုံးပါးကို သမာဓိက္ခန္ဓမဂ္ဂင် ဟု ခေါ်၏။
(သမာဓိသည် မိမိ၏သဘောအားဖြင့် တည်ကြည်မှု မရနိုင်၊
သတိ ဝီရိယတို့၏ အထောက်အပံ့ရမှသာ တည်ကြည်မှု ရနိုင်၏။
ထို့ကြောင့် ဝါယာမ သတိ-တို့ကို လျော်သောအနေအားဖြင့် သမာဓိ၌ သွင်းယူသည်။)
သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ-ဟူသော မဂ္ဂင်နှစ်ပါးကို ပညာက္ခန္ဓမဂ္ဂင် ဟု ခေါ်၏။
(သမ္မာဒိဋ္ဌိ-ဟူသော ပညာသည် မိမိ၏သဘောအားဖြင့်
အနိစ္စ-ဒုက္ခ-အနတ္တဟု အာရုံကို ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်၊ သမ္မာသင်္ကပ္ပ ဟူသော ဝိတက်က အာရုံသို့ ရှေ့ရှုတင်ပေးမှ (ဝါ) အာရုံကို တီးခေါက်ပေးမှ ဆုံးဖြတ်ခြင်းငှါ စွမ်းနိုင်၏။
ထို့ကြောင့် ပညာနှင့်တူသော အနေအားဖြင့်
သမ္မာသင်္ကပ္ပကို သမ္မာဒိဋ္ဌိနှင့်အတူ ပညာက္ခန္ဓာ၌ သွင်းယူသည်။
(ပဏ်၊ဋ္ဌ၊ ၁၊၂၆၀။ အဘိ၊ဋ္ဌ၊၂၊၈၅)
ထိုမဂ္ဂင်ရှစ်ပါးတို့တွင် “ဝိရတီယော ပန တိေဿာပိ လောကုတ္တရ
စိတ္တေသု သဗ္ဗထာပိ နိယတာ ဧကတောဝ လဗ္ဘန္တိ၊ လောကိယေသု ပန
ကာမာဝစရကုသလေသုသွေဝ ကဒါစိ သန္ဒိဿန္တိ ဝိသုံ ဝိသုံ။” ဟူသော သင်္ဂဟပါဠိနှင့်အညီ မဂ်မရမီ ပုဗ္ဗဘာဂမဂ်ဟု ဆိုအပ်သော လောကီဘက်၌ ရှစ်ပါးလုံး တစ်ပြိုင်နက် တစ်ချိန်တည်း မဖြစ်နိုင်ကြကုန်။ အသီးအသီး တပြိုင်နက် တွဲဖက်ဖြစ်ပေါ်နိုင်သမျှသာ တွဲဖက်ဖြစ်ပေါ်နိုင်ကြကုန်၏။
လောကုတ္တရာသို့ ရောက်သောအခါ၌ ကား တပြိုင်နက်
တစ်ချိန်တည်း ရှစ်ပါးလုံး တွဲဖက်ဖြစ်ပေါ်ကြ၏။
သောတာပတ္တိမဂ်၏ ရှေးအဖို့ဖြစ်သော ပုဗ္ဗဘာဂမဂ်၌ကား
ဝိရတီ ဟု ဆိုအပ်သော သီလမဂ္ဂင်သုံးပါးသည် အာရုံမတူသောကြောင့်
တပြိုင်နက် မဖြစ်နိုင်ကြကုန်။
ဝစီဒုစရိုက်ကို ရှောင်ကြဉ်ခိုက် သမ္မာဝါစာ သာဖြစ်၍ သမ္မာကမ္မန္တ-စသည် မဖြစ်။
ဤသို့လျှင် သီလမဂ္ဂင်သုံးပါးသည် အချင်းချင်း တစ်ပါးနှင့်တစ်ပါး
အာရုံကွဲပြားသဖြင့် လောကီဘက်၌ တပြိုင်နက် အတူတကွ မဖြစ်နိုင်ကြရုံမက
ဝိပဿနာရှုပွားခိုက်တွင်လည်း အာရုံချင်းမတူသော ကြောင့် ပါဝင်ခြင်းမရှိကြ။ မှန်၏။ ယင်းသီလမဂ္ဂင်သုံးပါးသည် လောကီစိတ်နှင့် ယှဉ်တွဲခိုက် မလွန်ကျူးအပ်သော ဝတ္ထုကို အာရုံပြု၏။ ဝိပဿနာရှုပွားရာတွင်ကား ရုပ်နာမ်ဓမ္မသင်္ခါရတို့ကိုသာ ရှုပွားရသဖြင့် ကျန်မဂ္ဂင်ငါးပါးသာ ဖြစ်ပေါ်ကြ၏။
ထိုသို့ မဂ္ဂင်ငါးပါးသာ ရှိသောကြောင့် ပုဗ္ဗဘာဂမဂ်ကို ပဉ္စင်္ဂိကမဂ်ဟု ခေါ်၏။
ထိုသို့ မဂ္ဂသစ္စာကို ပွားများအားထုတ်ရာတွင် အရိယာမဂ်ကို မရမီ ရှေ့အဖို့၌ မဂ္ဂင်ငါးပါးကိုသာ ပွားများအားထုတ်နိုင်ကြသော်လည်း လောကုတ္တရာမဂ် အခိုက်အတန့်သို့ ရောက်သောအခါတွင်မူ အကုသိုလ်တရားတို့ကို သမုစ္ဆေဒဝိရတီဖြင့် အကြွင်းမဲ့ ပယ်သတ်လိုက် သဖြင့်
ဝိရတီသုံးပါးဟု ခေါ်ဆိုအပ်သော သီလမဂ္ဂင်သုံးပါးသည် အတူတကွ ပါဝင်လာ၍
မဂ္ဂင်ရှစ်ပါး အပြည့်အစုံ ဖြစ်လေတော့သည်။
(ဗုဒ္ဓဘာသာလက်စွဲကျမ်း၊ ဒု၊ ၆၅၈)
မေး။ ။ သမထဖြင့် ဈာန်ရပြီးမှ ဝိပဿနာရှုကာ သောတာပန် စသည်ဖြစ်သော ပုဂ္ဂိုလ်များရသော
မဂ်ကို ပထမဈာန်နှင့်ယှဉ်သော သောတာပတ္တိမဂ် စသည်ဖြင့် ခေါ်ပါ၏။
(ဈာန်ကို အားမထုတ်ဘဲ ဝိပဿနာသက်သက်ဖြင့် မဂ်ရသောပုဂ္ဂိုလ်များကို မဆိုလိုပါ။)
ထိုအခါ ပထမဈာန်မှထ၍ မဂ်ရသောပုဂ္ဂိုလ်များမှာ မဂ္ဂင်ရှစ်ပါး ပြည့်စုံခြင်းကို ရှင်းပါသော်လည်း ဝိတက်ကိုပယ်ထားသော ဒုတိယဈာန်မှ ပဉ္စမဈာန် အထိရသော ပုဂ္ဂိုလ်များအဖို့ မဂ္ဂင်ရှစ်ပါး မည်သို့ ပြည့်စုံသည်ကို မရှင်းလင်းတော့ပါ။
ဝိတက်သည် သမ္မာသင်္ကပ္ပမဂ္ဂင်ပင် ဖြစ်ပါသည်။
ဖြေ။ ။ ဈာန်-သမာပတ်-အဘိညာဉ်တို့ကို ရရှိသော
အရိယာပုဂ္ဂိုလ် သုံးမျိုးသုံးစား ရှိသည်ဟု ဆိုပါသည်။ သုံးမျိုးမှာ-
(က) အရိယမဂ်ဖိုလ်ကို ရပြီးမှ သမထကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်သဖြင့်
လောကီဈာန်သမာပတ် အဘိညာဉ်တို့ကို ရကြသော အရိယာပုဂ္ဂိုလ်များ။
(ခ) ပုထုဇဉ်အခိုက်ကပင် လောကီဈာန်သမာပတ် အဘိညာဉ် တို့ကို ရခဲ့ပြီးဖြစ်၍
အရိယာဖြစ်ပြီးသောအခါ သမထကမ္မဋ္ဌာန်းကို အသစ်စီးဖြန်းမှု မပြုရတော့ဘဲ ထိုပုထုဇဉ်အခိုက်က ရပြီးသော လောကီဈာန်သမာပတ်တို့ကို အလွယ်တကူ ဝင်စားနိုင်ကြသော အရိယာပုဂ္ဂိုလ်များ။
(ဂ) ပုထုဇဉ်အခိုက်က လောကီဈာန်သမာပတ် အဘိညာဉ်တို့ကို မရရှိခဲ့ကြသော်လည်း
လောကုတ္တရာ အရိယာမဂ်ဖိုလ်သို့ ရောက်သည် နှင့် တပြိုင်နက်
လောကီဈာန်သမာပတ်အဘိညာဉ်တို့ ရပြီးရောက်ပြီး သားဖြစ်ကြကာ
အလိုရှိသောအချိန်မှာပင် အလွယ်တကူ ဝင်စား
သုံးဆောင်တော်မူနိုင်ကြသော အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။
(မဟာဗုဒ္ဓဝင်၊၃၊ ၃၈၃)
မေးခွန်းရှင် သိလိုသော ပုထုဇဉ်ဘဝက ဒုတိယဈာန်စသည်ကို ရရှိကာ
ထိုဒုတိယဈာန်စသည်ကို အခြေပြု၍ ဝိပဿနာရှုသဖြင့် မဂ်ရသော ပုဂ္ဂိုလ်များမှာ
မဂ္ဂင်ရှစ်ပါး မပြည့်စုံဟုပင် မှတ်ရပါမည်။ မှန်ပါသည်။
ဒုတိယဈာန်စသည်တွင် ဝိတက်မပါဝင်သဖြင့် သမ္မာသင်္ကပ္ပမဂ္ဂင်မပါ။
မဂ္ဂင်ခုနစ်ပါးသာ ဖြစ်ပါသည်။
ကျမ်းကိုး။ ။ ဒုတိယဇ္ဈာနတော ဝုဋ္ဌာယ ဝိပဿန္တဿ ဥပ္ပန္နော
မဂ္ဂေါ ဒုတိယဇ္ဈာနိကော ဟောတိ၊
မဂ္ဂဂ္ဂင်္ါနိ ပနေတ္ထ သတ္တ ဟောန္တိ။ (အဘိ၊ဋ္ဌ၊ ၂၊ ၁၁၃)
သို့ဆိုလျှင် ပါဠိတော်နှင့် ဆန့်ကျင်သည်မဟုတ်ပါလော ဟူငြားအံ့။
ပါဠိတော်တွင် “အဋ္ဌင်္ဂိကော”ဟု ဆိုထားခြင်းမှာ ဥက္ကဋ္ဌနိဒ္ဒေသ=အလွန်အားဖြင့် ဆိုသောနည်းဖြင့် ဆိုထားခြင်းဖြစ်သော ကြောင့် မဆန့်ကျင်ပါဟု ဖြေအပ်၏။
ကျမ်းကိုး။ ။ အယဥှိ လောကုတ္တရပဌမဇ္ဈာနဝသေန ဥပ္ပဇ္ဇမာနော အဋ္ဌင်္ဂိကော မဂ္ဂေါ ဟောတိ၊ အဝသေသဇ္ဈာနဝသေန သတ္တင်္ဂိကော။ ဥက္ကဋ္ဌနိဒ္ဒေသတော ပနိဓ အဋ္ဌင်္ဂိကောတိ ဝုတ္တော။
(ပဏ်-ဋ္ဌ၊၁။၁၁၂။ ပဏ်-ဋီ။၁။ ၂၀၃)
မေး။ ။ နောက်ထပ်သိလိုသည်မှာ ရူပ၊ အရူပဘုံရှိ ဗြဟ္မာကြီးများမှာ ပီတိကိုသာ စားသုံးနေကြသဖြင့် သမ္မာအာဇီဝမဂ္ဂင် မည်သို့ပြည့်စုံကြပါသနည်း။ ရုပ်မရှိသော အရူပဗြဟ္မာကြီးများသည် သမ္မာကမ္မန္တ၊ သမ္မာဝါစာမဂ္ဂင်များ မည်သို့ပြည့်စုံကြပါသနည်း။
ဖြေ။ ။ ယခင် (လူ့)ဘဝက ဆောက်တည်ကျင့်သုံးခဲ့သော သီလတို့၏
မပျက်မစီးသေးသောကြောင့်လည်းကောင်း၊ ဘုံအလိုက် ဝိရတီမရထိုက်သဖြင့် ဝိရတီသီလမဖြစ်နိုင်ကြသော်လည်း အချို့သော ဗြဟ္မာတို့အား သစ္စဝါစာကို ပြောခိုက် စေတနာသီလအချို့ ဖြစ်နိုင်သောကြောင့်လည်းကောင်း၊
သီလမဂ္ဂင်သုံးပါး ပျက်စီးခြင်း၏ အကြောင်းရင်းကို ဈာန်ဖြင့် ပယ်ခွာထားသောကြောင့်လည်းကောင်း (ဝိက္ခမ္ဘနပဟာန်)၊ မဂ်ရခိုက် ဒုစရိုက်မှုပြုခြင်း၏ အကြောင်းရင်းကို
ပယ်ဖြတ်သောအားဖြင့် (သမုစ္ဆေဒပဟာန်) သီလမဂ္ဂင် ပါဝင်နိုင်သော ကြောင့်လည်းကောင်း
ရူပ-အရူပဘုံတို့၌ သီလမဂ္ဂင်သုံးပါး ပါဝင်နိုင် ပြည့်စုံနိုင်၏-ဟုပင် ထင်မြင်ယူဆမိပါသည်။ မဃဒေဝလင်္ကာသစ်၌လည်း ဤသို့ ရေးသားထားသည်ကို တွေ့ရှိမှတ်သားရပါသည်။
“သီလဟူပြီ၊
ပါရမီလည်း၊
ဝိရတီချို့၊ ဗြဟ္မာတို့၌၊
သို့ဖြစ်စေကာ၊
စေတနာဖြင့်၊
ဆယ်ဖြာအမိုက်၊
ဒုစရိုက်ကို၊
ဘုံလိုက်အမြဲ၊
ကွာရှဲပြကတေ့၊
ဘဝလေ့တိုင်း၊
သိမ်မွေ့စင်စစ်၊
သီလဖြစ်၏။”
(ပိုဒ်ရေ၊ ၄၈၈)
သံသယဆူးခလုတ်ကို နှုတ်ပစ်ပယ်ဖျောက်၍ နိဗ္ဗာန်ရောက်သည် အထိ ကျင့်ကြံကြိုးစား ပွားများအားထုတ်နိုင်ကြပါစေ။
အရှင်ကောဝိဒ (ယော)
အရှင်တေဇနိယ ဓမ္မဆိုဒ်မှကူးယူမျှဝေပါသည်...
Thursday, July 28, 2011
*ဆရာတော်ကြီးများ၏အဆုံးအမများ*

အပ္ပမတ္တေ အယံ ဂန္ဓော၊ ယွာယံ တဂရစန္ဒနံ။ ယော စ သီလ၀တံ ဂန္ဓော၊ ၀ါတိ ဒေဝေသု ဥတ္တမော။ (ဓမ္မပဒပါဠိတော်)
တောင်ဇလပ်ပန်း စန္ဒကူးပန်းတို့၏အနံ့သည် အနည်းငယ်မျှသာ မွှေး၏။
သီလရှိသူတို့၏ သတင်းအနံ့ သည် ထူးကဲ လွန်မြတ်သည်ဖြစ်၍ နတ်ပြည် ဗြဟ္မပြည်အထိ ပျံ့နှံ့ ကြိုင်လှိုင်၏။
Faint is the fragrance of tagara and sandal,
but excellent is the Fragrance of the virtuous, wafting even amongst the gods
***************************
မှန်ထဲမှာ ကိုယ့်အမူအရာအတိုင်းပေါ်သလို ကိုယ်ပြုသမျှ ကိုယ့်မှာပေါ်လိမ့်မည်...။
(စူဠကမ္မ၀ိဘင်္ဂသုတ်မှ အနှစ်ချုပ်)
၁။ သူများအသက်၊ သတ်သည့်တွက်၊ အသက်ကိုယ့်မှာတို။
၂။ မသတ်ရှောင်ရှား၊ ထိုသူများ၊ ရှည်လျှားအသက်ကို။
၃။ နှိပ်စက်ကလူ၊ ညှဉ်းဆဲသူ၊ ပြောထူရောဂါဆို။
၎။ သနားစိတ်သွင်း၊ မနှိမ်နင်း၊ ကင်းရှင်းရောဂါကို။
၅။ ထန်ပြင်းဒေါသ၊ ကြီးတတ်က၊ အလှပျက်မည်ဆို။
၆။ ဒေါသကင်းစင်၊ မေတ္တာယှဉ်၊ ကြည်လင်လှသကို။
၇။ မနာလိုပြန်၊ ဣဿာထန်၊ ခြံရံကင်းမည်ဆို။
၈။ ဣဿာမထား၊ ၀မ်းမြောက်ငြား၊ ပေါများခြံရံကို။
၉။ မလှူမဒါန်း၊ မပေးကမ်း၊ ခြောက်ခန်းဥစ္စာဆို။
၁၀။ စွန့်ကြဲလေတုံ၊ ပြုပါကုန်၊ ကုံလုံကြွယ်ဝလို။
၁၁။ မာန်မာနကြွယ်၊ ထိုသူဝယ်၊ မျိုးနွယ်ညံ့မည်ဆို။
၁၂။ ထိုက်သူရိုကျိုး၊ မာန်ကိုချိုး၊ အမျိုးမြတ်သကို။
၁၃။ သိဖွယ်ဟူသမျှ၊ မမေးက၊ ဖျင်းအ ပညာဆို။
၁၄။ ကြားမြင်များအောင်၊ မေးလေ့ဆောင်၊ ခုနောင်တတ်သိလို။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ရတနဂုဏ်ရည်မှ)
***************************
သာသနာအတွက် အသက်ပင်ဆုံးပါစေ ဗုဒ္ဓမြတ်စွာ လျောင်းလျာတုန်းက၊
နောက်ဆုံးအထိ ပါရမီ။ လူနတ်များစွာ ချမ်းသာရေးမို့၊ အသက်ပေး၍ ဖြည့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာ သာသနာအတွက်တော့၊ ငါပါ အသက်ဆုံးစေမည်။
နောက်မဆုပ်ပေါင် ခုလိုတွေးလို့၊ ကုသိုလ်ရေးမို့ ကြိုးစားမည်။
ဒို့လည်း ကြိုးစားမည်၊ ဒို့လည်း ကြိုးစားမည်။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
***************************
လူမိုက်ဆိုတာ မကောင်းမှုကို ပျားရည်လိုထင်
(ပါဠိ) မဓူဝ မညတိ ဗာလော၊ ယာဝ ပါပံ န ပစ္စတိ။ ယဒါ စ ပစ္စတိ ပါပံ၊ ဗာလော ဒုက္ခံ နိဂစ္ဆတိ။
(မြန်မာ) “ လူမိုက်သည် မိမိ၏မကောင်းမှု အကျိုးမပေးခင်မှာ မကောင်းမှုကို ပျားရည်လို မှတ်ထင်၏။ မကောင်းမှု အကျိုးပေးသောအခါ လူမိုက်သည် ကြီးစွာသော ဆင်းရဲဒုက္ခကို ခံစားရ၏။”
မြတ်ဗုဒ္ဓ (ဓမ္မပဒပါဠိတော်)
***************************
ကိုယ့်လမ်းကို လျှောက် အများအကျိုး၊ ရွက်သည်ပိုးက။
ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။ မဖဲ့ မစောင်း၊
ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော။ ။
(ရွှေကျင်သာသနာပိုင် ရွေဟင်္သာ ဆရာတော်)
***************************
လမ်းနှင့်ရေစဉ် မဂ်လေးခွင် သင့်တွင်အဆင်သင့်
၁။ ရန်သူ ၀ိုင်းထား၊ ထိုယောင်္ကျားကား၊ ပြေးသွားဘို့ရာ၊
လမ်းပေါက်သာလျှက်၊ ပြေးမထွက်၊ လမ်းတွက် မဟုတ်ပေ။ ၂။ မစင်လူးလျှင်၊ အေးကြည်လင်သည့်၊ ရေစင်ရှိလျှက်၊ မဆေးရက်၊ ရေတွက် မဟုတ်ပေ။ ၃။ အနပ္ပကမ်း၊ ဘေးဘျမ်းများစွာ၊ သံသရာမှ၊ ထွက်ရာလမ်းစ၊ သမထ ၀ိပဿနာ၊ ကိလေသာပင်၊ သန့်စင်လျှော်ဆေး၊ ရေအေး လေးမဂ်၊ ရှိပါလျှက်ကို၊ ထွက်မပြေးလို၊ မဆေးလို၊ နင့်ကိုယ် နင့်တွက်ပေ။ (မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီး)
***************************
ဘုရားရှင်ကျေးဇူးတော်
၁။ ဘုရားရှင်တော်၊ မပွင့်ပေါ်လျှင်၊ လူတော်အများ၊ စိတ်ကောင်းထားလည်း၊
ဤကား ကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထိုဘုံဘ၀၊ မသိကြ၊ များလှအပြစ်တွေ။ ၂။ ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊ ဟောဖော်ညွှန်ကြား၊ မြတ်တရားကြောင့်၊
ဤကား ကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထိုဘုံဘ၀၊ သိကြရ၊ များလှ ကျေးဇူးပေ။ ၃။ ကျေးဇူးတော်ရှင်၊ ဘုရားရှင်ကို၊ နေ့စဉ် မပြတ်၊ ကျေးဇူးဆပ်ဘို့၊ ပရိယတ်နှင့်၊
ပဋိပတ်နှစ်ဖြာ၊ သာသနာကို၊ ကောင်းစွာ ကြိုးကုတ်၊ လွန်အားထုတ်၊ အဟုတ်ကျင့်ကြစေ။ (မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
***************************
ဓမ္မသံဝေဂ လင်္ကာ
၁။ ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်
၂။ တဏှာစေရာ မနေသာ ဖွေရှာဆက်ရမည်။
၃။ ရသည့်ဥစ္စာ ချစ်သူပါ စွန့်ခွါသွားရမည်။
၎။ တကယ့်အရေး တကယ်ဘေး ဘယ်သွေးဘယ်သား မကယ်ပြီ။
၅။ ငါနှင့်ရွယ်တူ ငါအောက်လူ ကြီးသူသေကြများလှပြီ။
၆။ ခဏမစဲ အိုစမြဲ ငါလဲ သေဘက်နီးခဲ့ပြီ။
၇။ ဇရာမီးတောင် ကိုယ်တည်းလောင် သေအောင်မြိုက်တော့သည်။
၈။ မသေရခင် သွားလမ်းစဉ် ကြိုတင်ပြင်သင့်ပြီ။
၉။ ဒါန သီလ ဘာဝနာ လမ်းသာထွင်လိမ့်မည်။
၁၀။ မဂ္ဂင်ယာဉ်ကြီး အမြန်စီး ခရီးထွက်တော့မည်။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
***************************
ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ မနေရလို့၊ သေရသောခါ၊
ကိုယ့်နောက်ကိုယ်ကား၊ ဘယ်များပါမှာ။ ပစ္စည်းအစုစု၊ တစ်ခု မပါ၊ ကိုယ်ပြုထား၊ ကံများ သူတို့ပါ။ (တန့်ကြည်တောင်ဆရာတော် ဘဒ္ဒန္တသောမဗုဒ္ဓိ)
***************************
ကိုယ့်ကိုယ်ကိုယ် အနိုင်ယူနည်း
၁။မိမိရဲ့ လောဘများကို ဒါနတရားဖြင့် အနိုင်ယူပါ။
၂။ မိမိရဲ့ ဒေါသများကို သီလတရားဖြင့် အနိုင်ယူပါ။
၃။ မိမိရဲ့ မောဟများကို ၀ိပဿတရားဖြင့် အနိုင်ယူပါ။
၎။ မိမိရဲ့ သူတပါးအပေါ် ယှဉ်ပြိုင်လိုမှုများကို မေတ္တာတရားဖြင့် အနိုင်ယူပါ။
၅။ မိမိရဲ့ သူတပါးအပေါ် အနိုင်ယူလိုမှုများကို ကရုဏာတရားဖြင့် အနိုင်ယူပါ။
၆။ မိမိရဲ့ သူတပါးအပေါ် မနာလိုမှုများကို မုဒိတာတရားဖြင့် အနိုင်ယူပါ။
၇။ မိမိရဲ့ သူတပါးအပေါိ ရန်လိုမှုများကို ဥပေက္ခာတရားဖြင့် အနိုင်ယူပါ။
၈။ မိမိရဲ့ သူတပါးအပေါိ အပြစ်ပြောလိုမှုများကို ကိုယ်ချင်းစာတရားဖြင့် အနိုင်ယူပါ။
၆။ မိမိရဲ့ မနောကံ အကုသိုလ်များကို ၀စီကံကုသိုလ်ဖြင့် အနိုင်ယူပါ။
၆။ မိမိရဲ့ နိမ့်ကျနေတဲ့စိတ်များကို မိမိကိုယ်တိုင်မြှင့်တင်ခြင်းဖြင့် အနိုင်ယူပါ။
(ချမ်းအေး ဆရာတော်။ စစ်ကိုင်း)
***************************
သေဘို့အချိန် ရှိရဲ့လား
အမေရိကန်မှာ၊ လူများစွာ၊ ဘယ်ခါ အားသည် မရှိပြီ။
ကွေ့ကြသူငှါ၊ ပြောကြတာ၊ ငါ့မှာ “အချိန်မရှိ” ပြီ။
သင့်အချိန်ကို၊ ဘယ်တွက်ပို၊ သုံးလို ကုန်ခဲ့သည်။
တဏှာလိုလိုက်၊ သူ့စရိုက်၊ အကြိုက်လိုက်ခါနေခဲ့ပြီ။
ဘုရား တရား၊ ချိန်မအား၊ သင်ကားငြင်းခဲ့ပြီ။
တစ်ဘ၀တာ၊ ခဏစာ၊ ပြင်ကာနေခဲ့သည်။
ဘ၀များစွာ၊ သံသရာ၊ ရှည်ကြာမည်ကို သိသင့်သည်။
ဘ၀ တို-ရှည်၊ ထိုနှစ်လီ၊ ဘယ်သည် ပို၍ပြင်သင့်သည်။
သံသရာမှ၊ လွတ်လမ်းစ၊ ခုက စ၍ရှာသင့်ပြီ။
အချိန်မပို၊ သင်ကဆို၊ အို-နာ-သေ ချိန် လာလိမ့်မည်။
အချိန်မရှိ၊ သင်ဆို၏၊ သေမည့် အချိန်ရှိလိမ့်မည်။ အချိန်မရ၊ သင့်ဘ၀၊
သေမှ ဒုက္ခတွေ့လိမ့်မည်။
အချိန် မအား၊ စောင့်ရန်တား။
ဆိုင်းထားသေမင်း မရှိပြီ။
သေဘို့အရေး၊ အချိန်ပေး၊ အလေးထား၍ ပြင်သင့်ပြီ။ ။
(အဇူဇာကျောင်းဆရာတော် အရှင်ဧသက။ )
***************************
ခန္ဓာ့အသွင် စိတ်ထားပြင် *
အသက်တွေကြီးလာပြီ၊ လောဘ၊ ဒေါသ၊ မောဟတွေ ကြီးနေကြတုန်းပဲလား။ *
သွားတွေ ကျိုးနေပြီ၊ မာန်စွယ်တွေ မကျိုးကြသေးဘူးလား။ *
အရေတွေ တွန့်နေပြီ၊ မကောင်းမှု အကုသိုလ်တွေပြုရတာ မတွန့်ကြသေးဘူးလား။ *
ဆန်ပင်တွေ ဖြူနေပြီ၊ စိတ်ထားတွေ မဖြူကြသေးဘူးလား။ *
ခါးတွေ ကိုင်းနေပြီ၊ ကမ္မဋ္ဌာန်း ဘာဝနာဘက် မကိုင်းကြသေးဘူးလား။ *
မျက်စေ့တွေ မှုန်ဝါးနေပြီ၊ နိဗ္ဗာန်သွားမယ့်လမ်း မှုန်ဝါးနေကြတုန်းပဲလား။ *
ဒီအခြေအနေရောက်တာတောင် မပြင်ရင် အပါယ်လေးခွင် သွားဖို့သာ ပြင်ကြပေတော့။ ။
***************************
အကုသိုလ်တား ကုသိုလ်ပွား *
အကုသိုလ်ဖြစ်ခြင်း အကြောင်းရင်းမှာ
“လောဘ၊ ဒေါသ၊ မောဟ” တို့ကြောင့်ဖြစ်ရ၏။
လောဘ၊ ဒေါသ၊ မောဟ မဖြစ်အောင် ဆင်ချင် စောင့်စီး ချုပ်တီးနိုင်လျှင် အကုသိုလ်စိတ်မဖြစ်နိုင်။ * ကုသိုလ်ဖြစ်ခြင်း အကြောင်းရင်းမှာ “အလောဘ၊ အဒေါသ၊ အမောဟ” တို့ကြောင့်ဖြစ်ရ၏။
အလောဘ၊ အဒေါသ၊ အမောဟ ဖြစ်အောင် ဆင်ချင် ပွားများ တိုးပွားနိုင်လျှင် ကုသိုလ်စိတ်များဖြစ်၏။ (အလောဘ=မလိုချင်မှု၊ အဒေါသ=မေတ္တာ၊ အမောဟ= ဉာဏ် ပညာ။)
လောဘ၊ဒေါသ၊မောဟ စိတ်ဖြင့် မပြုလုပ်ပါနဲ့ လောဘော အတ္ထံ န ဇာနာတိ။
(လောဘသည် အမှား-အမှန်ကို မသိ)
ဒေါသော အတ္ထံ န ဇာနာတိ။
(ဒေါသသည် အမှား-အမှန်ကို မသိ)
မောဟော အတ္ထံ န ဇာနာတိ။
(မောဟသည် အမှား-အမှန်ကို မသိ)
လောဘ၊ ဒေါသ၊ မောဟ တို့ဖြစ်ခိုက်မှာ ဉာဏ်ပညာမဖြစ်နိုင်၍
အမှား-အမှန်ကို ဆင်ချင်သိနိုင်စွမ်းမရှိ။ အကျိုးမဲ့အမှားများကိုသာ ပြုမိတတ်၏၊
ထို့ကြောင့် ယင်းစိတ်များဖြစ်ခိုက်မှာ ဘာမှမပြုမိပါစေနှင့်၊
ဘာမှ မဆုံးဖြတ်ပါလေနှင့်။ မြင့်မြတ်သူနှင့် ယုတ်ညံ့သူ စိတ်ဓါတ် မြင့်မြတ်သူတို့သည် ကုသိုလ်အဖြစ်များလေ့ရှိ၏။ စိတ်ဓါတ် နှိပ်ကျ ယုတ်ညံ့သူတို့သည် အကုသိုလ် အဖြစ်များလေ့ရှိ၏၊ စိတ်ဓါတ် မြင့်မြတ်သူတို့သည် တစ်ပါးသူ၏ အကုသိုလ်မှုကို မတုန့်ပြန် သိခံနိုင်စွမ်းရှိ၏။
စိတ်ဓါတ်နှိမ့်ကျ ယုတ်ညံ့သူတို့သည် တစ်ပါးသူ၏ အမှုမှန်သမျှ ဘာတစ်ခုမှ သည်းခံနိုင်စွမ်းမရှိ။
မကောင်းမှုကို ကတ်ကတ် လန်အောင်တုန့်ပြန်တတ်၏။ ကောင်းမှုများကိုလည်း အဘိဇ္ဈာ ဣဿာပွား၍ တိုက်ခိုက်ဖျက်ဆီးတတ်၏။ စိတ်ပျော့သူထဲ ရန်ညိုစွဲ တစ်ပါးသူ စိတ်ဆိုးတိုင်း ကိုယ်ကပြန်စိတ်ဆိုးရင် ကိုယ့်စိတ် နုနေသေး၏။ မြေပျော့ရင် ခြေရာထင်သလို စိတ်ပျော့ရင် အငြိုးအတေး စွဲထင်၏။ အငြိုးကြီးတတ်၏။ ဒေ၀ဒတ်သည် ရွဲကုန်သည်ဘ၀မှ ထားခဲ့တဲ့ ရန်ငြိုးကြောင့် သံသရာတလျှောက်လုံး ဘုရားလောင်းအား ရန်ပြုတိုက်ခိုက်ဖျက်ဆီးခဲ့၏၊
အ၀ီစိငရဲသို့လဲ အခေါက်ခေါက် အခါခါ ရောက်ခဲ့ရ၏။
ရန်ငြိုးကို မပယ်ပါက တစ်သံသရာလုံး စွဲထင်တတ်၏။
သူတပါးအား ဖျက်ဆီးလိုသောရန်ငြိုးသည် မိမိကို ဖျက်ဆီး၏။
***************************
မကြာမီ ၀ဋ်လည်တတ်သည် *
မိဘအပေါ် ဆိုးသူသည် သားဆိုးသမီးဆိုး ရတတ်၏။ *
ယောက္ခမအပေါ် ဆိုးသူသည် သမက်ဆိုး၊ ချွေးမဆိုး ရတတ်၏။ *
ဆရာသမားအပေါ် ဆိုးသူသည် တပည့်ဆိုးနှင့်တွေ့ရတတ်၏။ *
သူငယ်ချင်းအပေါ် ဆိုးသူသည် သူငယ်ချင်းဆိုးများနှင့်တွေ့ရတတ်၏။
ကိုယ်ဆိုးလျှင် ကိုယ့်ပတ်ဝန်းကျင်က ဆိုးလိမ့်မည်။
ကိုယ်ကောင်းလျှင် ကိုယ့်ပ၀တ်ဝန်းကျင်က ကောင်းလိမ့်မည်။
( သိပ်တန်ဘိုးရှိတဲ့အဆုံးအမတွေပါ...မိမိကဲ့သို့ ဆရာတော်များ၏ အဆုံးအမများကိုနာယူဖို့ လိုအပ်နေသေးသောဓမ္မမိတ်ဆွေများအတွက်...)
အရှင်တေဇနိယ ဓမ္မဆိုဒ်မှ ကူးယူဖေါ်ပြခြင်းပါ...။
Friday, July 22, 2011
ဖတ်မိသမျှဓမ္မတရားများကောက်နှုတ်ချက်

ပညာဉာဏ်နဲ့ပြည့်စုံမှ အမှားကင်းပြီး အလင်းပေါ်နိုင်မှာပဲဖြစ်တယ်။ ပညာထက်မြတ်သောတရား မရှိဘူး။ ပညာဟာ တရားအားလုံးရဲ့ အထွတ်အမြတ်တရား၊ တဏှာပိုက်ကွန်ကို ဖြတ်တောက်နိုင်တဲ့တရား၊ ဒုက္ခအပေါင်းမှ လွတ်မြောက်စေတဲ့တရား၊ တဏှာအားလုံး ပြိုကျအောင် ဖြိုခွင်းနိုင်တဲ့အတွက် ဒုက္ခအဆုံးနိဗ္ဗာန်ကို ရောက်စေလို့ ပညာထက်မြတ်တဲ့တရား မရှိတော့ဘူး။
မိတ်ကောင်းဆွေကောင်းကို မပေါင်းသင်းမိဘဲ မိတ်ဆွေယုတ်များ နဲ့ ပေါင်းသင်းမိလျှင် တစ်ချိန်ချိန် မိမိကို ဒုက္ခပေးမှာ အသေအချာပါပဲ။ မိတ်ဆွေကောင်းဆိုတာက အချိန်တိုင်းမှာ ကိုယ့်အပေါ် ကောင်းအောင်ပဲ အကြံပြုတယ်၊ ကိုယ့်အကျိုးစီးပွါးတိုးတက်တာကို မနာလိုမဖြစ်တတ်ဘူး။ ကိုယ့်ဥစ္စာစည်းစိမ်းတွေကို စောင့်ရှောက်ပေးဖို့လိုက စောင့်ရှောက်ပေး တတ်တယ်။ မိတ်ဆွေယုတ်ကျတော့ အဲလို မဟုတ်ဘူး။ ကိုယ့်ကိုခင်လို့ပေါင်းတာမျိုးမဟုတ်၊ ကိုယ့်ဆီက ဘာရမလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ လာပေါင်းသင်းတာမျိုးဆိုတော့ မရရအောင် တစ်နည်းနည်းနဲ့ အကွက်ဆင်နေမယ်။ အလိုမကျရင် ကိုယ့်ကို ချောက်ချမယ်။ စည်းစိမ်ပျက် အောင်လုပ်မယ်။ ရှေ့တစ်မျိုး ကွယ်ယာတစ်မျိုး ဟန်ဆောင်မှုတွေနဲ့ ပေါင်းသင်းမယ်။ အကြံဉာဏ်ဆိုးတွေဟာ မိတ်ဆွေယုတ်ဆီမှာ အစဉ် ရှိနေတယ်။ ဒါကြောင့် မိတ်ဆွေကောင်းရဲ့တန်ဘိုးဟာ အလွန်ကြီးမြတ်လှပါတယ်။
( ထွန်းထွန်းလှိုင်ရေးသားသော လောကီ၊ လောက္ကုတ်နှစ်ဖြာ ချမ်းသာကြီးပွားကြောင်းတရားများမှ…)
ဆိုလိုတာက ၀ါတွင်းကာလ ဥပုသ်နေ့တစ်ရက်လောက်တော့ ဥပုသ်သီလစောင့်ထိန်းခြင်း အဓိဋ္ဌာန် တစ်ခုကို ကြိုးစားပြီး လုပ်ကြည့်ကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီကောင်းတဲ့ အဓိဋ္ဌာန် တစ်ခုဟာ တစ်ခါတစ်လေ ဘ၀မှာ အခက်အခဲတွေနဲ့ ကြုံတဲ့အခါ ကိုယ်ကိုယ်ကို သစ္စာဆိုပြီး ကျော်လွှားနိုင်တဲ့အထိ အားအင်ကို ဖြစ်စေနိုင်သလို ဘ၀တစ်လျှောက်မှာ ဒီအချိန် ဒီကာလတုန်းက ဒီလိုအလုပ်တွေ လုပ်ခဲ့တယ်ဆိုတာ ကိုယ့်သမိုင်းကိုယ် သံသယကင်းစေ၊ ကိုယ်ကိုယ်ကို အားခွန်တွေ ပေးစေ၊ ယုံကြည်မှုတွေ ဖြစ်စေမှာ ဖြစ်ပါတယ်။ တစ်ပတ်မှာ ဥပုသ်နေ့ တစ်ရက်လောက်တော့ သူများအသတ်သတ်တာ၊ သူများပစ္စည်းခိုးတာ၊ မေထုန်ကိစ္စမှီဝဲတာ၊ မုသားပြောတာ၊ အရက်သေစာမူးယဇ်ဆေးဝါး သောက်စားသုံးစွဲတာ၊ နေလွဲညစားစာတာ၊ ဆိုကရေးတီးခြင်း ကြည့်ရှုနားထောင်ခြင်းနဲ့ အမွေးနံ့သာ သုံးဆောင်မှီဝဲတာ၊ ကိလေသာဖြစ်စေနိုင်တဲ့ နူးညံ့ပျော့ပြောင်းပြီး မြင့်မြတ်တဲ့ နေရာတွေမှာ နေထိုင်အသုံးပြုတာ တွေကနေ ရှောင်ကြဉ်ပြီး နေမယ်ဆိုတဲ့ အဓိဋ္ဌာန်လေးနဲ့ မပျက်အောင် ကြိုးစားနေနိုင်မယ်ဆိုရင် ဒါဟာ ကိုယ့်အတွက် အောင်မြင်တဲ့ အဓိဋ္ဌာန်တစ်ခု ဖြစ်သလို ဒီအလုပ်လေးကို တွေးတိုင်းတွေးတိုင်း အားခွန်တွေနဲ့ ကုသိုလ်ပီတိတွေ တိုးနေစေမှာပဲ ဖြစ်ပါတယ်။
“အကြင်သူသည် သဒ္ဓါသော စိတ်ဖြင့် (အင်မတန်ထက်သန်သော သဒ္ဓါတရားဖြင့်)ပေးလှူတယ်။ ထိုသူ၏ အကျိုးကတော့ ယခုဘဝမှာရော တမလွန်ဘဝမှာပါ အစဉ်တစိုက် လိုက်ပါလေတယ်။ ဒါကြောင့် “ဝန်တိုခြင်းကို ဖျောက်ပြီး အလှူကိုပေးတတ်ကြကုန်၏။ ကုသိုလ်ပုည ဟူသမျှသည် တမလွန်လောကမှာ သတ္တဝါတို့၏ မှီရာ တည်ရာ အားထားရာ ဖြစ်၏”လို့ဟောတော်မူပါတယ်။
( အရှင်ဝိမလ ( မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ ရေးသားသော ဒါန( ၃ ) မျိုး မှ…… )
မသေချာတာတွေနဲ့ ဝေ့မနေဘဲ သေချာတာကိုပဲ လုပ်ရမှာပါ။ သွားလေသူ နည်းတူပဲ ကျန်ရစ်သူတွေလည်း တစ်နေ့ သေလမ်းရောက်ကြရမှာပါ။ သွားမည့်သူတွေပေါ့။ အဲဒီလို ဘဝကူးတဲ့အခါ ကျန်ခဲ့တဲ့ သားမြေးတွေက မိမိတို့အတွက် ရည်စူးပြီး ကုသိုလ်ပြုကြပါလိမ့်ဦးမယ်။ အဲဒါကို မိမိတို့ သာဓုခေါ်ခွင့် ရကြပါ့မလား။ မသေချာပါဘူး။ ပုထုဇဉ်တို့ သဘာဝအတိုင်း သံသရာမှာ ပရမ်းပတာ ကျင်လည်ရရင် သားမြေးတွေရဲ့ အမျှဝေသံဆိုတာ ကိုယ်နဲ့မဆိုင်သလောက် ပါပဲ။ ဘဝကူးပြီးမှ သူများဆီက ကုသိုလ်အမျှကို လက်ဝေခံလုပ်ရတာ မသေချာပါဘူး။ ဒီတော့ မသေခင် ကတည်းက ကိုယ်ပိုင်ကုသိုလ်ကို ကိုယ်တိုင်ပြုလုပ်ထားရပါမယ်။ ကိုယ့်ရိက္ခာ ကိုယ်စုထားရပါမယ်။ ဒါမှသာ ဂတိကောင်းမယ်။ သံသရာ အတွက်စိတ်အေးရမယ် မဟုတ်ပါလား။
( အရှင်အာစာရ ( MR MRT ) ရေးသားသော Provision- ရိက္ခာမှ……)
Tuesday, May 31, 2011
သင်ဘာရည်ရွက်ချက်နဲ့ လူဖြစ်နေသလဲ

လူဖြစ်ရခြင်းရဲ့ ရည်ရွက်ချက်က ဘာလဲ? လို့မေးရင် တိကျမှန်ကန်စွာ
ဖြေနိုင်ဖို့တော့ ခက်ခဲမယ် ထင်ပါရဲ့
ဥပမာ ဆိုပါစို့
လူတစ်ယောက်ကို မေးမယ် သူက ဆရာဝန်ကြိးလုပ်မယ်
တစ်ယောက်က အင်ဂျင်နီယာ၊ တစ်ယောက်က ဂျာနယ်လစ်
တစ်ယောက်က သတင်းစာဆရာ ဘာ ညာ စသဖြင့်ပေါ့
သူတို့တွေ အားလုံးရဲ့ ရည်ရွက်ချက်တွေ မတူညီတာကို တွေ့ရပါလိမ့်မယ်
တူညီမူ့ မရှိဘဲ ထွက်လာပါလိမ့်မယ်။
ကဲ ဒီလိုဆိုရင် လူတစ်ထောင်ရှိရင် ရည်ရွက်ချက် တစ်ထောင်ထွက်လာနိုင်တာပေါ့နော်။
လူသားတိုင်းမှာ မရှိမဖြစ်တဲ့ ရည်ရွယ်ချက် ရှိသင့်တာပေါ့
အဲဒီ ရည်ရွက်ချက်က လူသားအားလုံးနဲ့ ဆိုင်တဲ့ common ဖြစ်တဲ့ ရည်ရွက်ချက်
ဖြစ်ရမယ်။
အဲဒီရည်ရွက်ချက်က ဘာလဲဆိုလို့ရှိရင် တို့များရဲ့ ဗုဒ္ဓ ဘုရားရှင်က ဟောထားပါတယ်။
အားလုံးလဲ သိကြ၊ ရဖူးကြမှာပါ ပရိတ်ကြိးထဲက ရတနာ့သုတ်ထဲမှာ ပါပါတယ်။
လောကတ္ထစရိယ၊ ဥာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယာတိ တိေဿာ စရိယာယော......လို့
လောကတ္ထစရိယ- ဆိုတာ
ချစ်သူ၊ မုန်းသူ၊ လူကောင်း၊ လူဆိုး၊ ဝေးသူ၊ နီးသူ၊ ဖြူသူ၊ မဲသူ၊ ကိုးကွယ်တဲ့ ဘာသာအမျိုးမျိုး
အသားအရောင် အမျိုးမျိုး၊ လူမျိုးအထွေထွေ ဘယ်မျက်နှာမှ မကြည့်ဘဲနဲ့ အသက်ရှိသတ္တ၀ါ အားလုံးရဲ့
ကောင်းကျိုးကို ငါဆောင်ရွက်မယ် ဆိုတဲ့ ရည်ရွက်ချက်ကို လောကတ္ထစရိယ လို့ဆိုပါတယ်။
ဒီလူ့အကျိုးတော့ ငါဆောင်ရွက်မယ်၊ ဟိုလူ့အကျိုးတော့ ငါမဆောင်ရွက်ဘူး ဒီလို မဟုတ်ဘဲ
အလွန်ကျယ်ပြန့်တဲ့ ရည်ရွယ်ချက် နံပါတ် တစ် လောကတ္ထစရိယ
အားလုံး သေသည်အထိ နှလုံးသားထဲမှာ စွဲနေအောင် မှတ်ထားစေချင်ပါတယ်။
တလောက်ကလုံးအတွက် မတတ်နိုင်ရင် နည်းနည်းလေး လျှော့လိုက်
ဒုတိယက ဥာတတ္ထစရိယ တဲ့
ဥာတတ္ထစရိယ- ဆိုတာ
ဆွေမျိုးများ၊ မိတ်ဆွေများ အတွက် အကျိုးစီးပွား ဖြစ်အောင် အားထုတ်ခြင်း၊
(၁) တစ်တိုင်းလုံး တစ်ပြည်လုံးမှာရှိတဲ့ လူသားအားလုံးတို့ရဲ့ အကျိုးစီးပွားကို
ငါဆောင်ရွက်မယ်။
(၂) အဲဒီလောက် မလုပ်နိုင်ရင် ဘယ်လောက်လုပ်မလဲ ကိုယ့်ရပ် ကိုယ့်ရွာက ကိုယ့်ဆွေကိုယ့်မျိုး များရဲ့
အကျိုးစီးပွားအတွက် ငါဆောင်ရွက်မယ်။
ရည်ရွယ်ချက် နှစ်ပါးနော် အဲဒီရည်ရွယ်ချက် နှစ်ပါးစလုံးက ပရဟိတ တွေချည်းပဲ။
ဗုဒ္ဓတ္ထစရိယ- ဆိုတာ
မြတ်ဗုဒ္ဓကတော့ သူ့အတွက် ဗုဒ္ဓ ဖြစ်ဖို့ဆိုတော့ “ဗုဒ္ဓတ္ထစရိယ” လို့ ပြောတာနော်
အဲဒါကို ဦးဇင်းတို့ စာဖတ်သူတို့နဲ့ ကိုက်ညီအောင် စကားလုံးပြောင်းပြီး ပြောရမယ်
“အတ္တတ္ထ စရိယ” လို့
အတ္တတ္ထ စရိယ - မိမိ ကိုယ်ကျိုးစီးပွားအတွက်နော်
ငါသည် လောကလူသားအားလုံးရဲ့ အကျိုးစီးပွားအလို့ငှါ လူဖြစ်လာတာ လောကတ္ထစရိယ
အဲဒီလောက် မတတ်နိုင်ဘူး ဆိုရင်
ငါသည် ငါ့ရပ် ငါ့ရွာရဲ့ အကျိုးစီးပွါးအတွက် လူဖြစ်လာတာ ဥာတတ္ထစရိယ
အဲဒီ ရည်ရွယ်ချက် နှစ်ပါးကို ဆောင်ရွက်နိုင်ဖို့အတွက် လူသားတစ်ယောက်သည် ဘာလုပ်ရမလဲ
အတ္တတ္ထ စရိယ - မိမိရဲ အကျိုးစီးပွါး ပြည့်စုံအောင် ဆောင်ရွက်ရမယ်။
အတ္တတ္ထ စရိယ- ကိုယ်ကျိုး စီးပွားလို့ဆိုလိုက်လို့ စာဖတ်သူတို့ တစ်မျိုး သွားပြီးတော့ စိတ်မကူးနဲ့နော်
ငါတိုက်ဆောက်ဖို့ ကားစီးဖို့ အရင်လုပ်ရမယ် ဆိုတာမျိုး သွားမတွေးနဲ့
အဲဒါ ပြောတာ မဟုတ်ဘူး ကိုယ်ကျိုးစီးပွားဆိုတာ
မိမိကိုယ်တိုင် ကိုယ်ကျင့်တရားနှင့် ပြည့်စုံဖို့၊ သီလ နဲ့ပြည့်စုံဖို့ အရင်လုပ်ရမယ်လို့
ဆိုလိုတာ သီလ ဆိုတော့ ဒို့ သီလမတတ်နိုင်ဘူးလို့ ဒီလို သွားမတွက်နဲ့
သီလဆိုတာ ဘာလဲ လို့မေးရင်
Bodily discipline and Verbal discipline.
This is Sila.
Bodily discipline- ဆိုတာ ကိုယ်၏ စည်းကမ်း၊
Verbal discipline- ဆိုတာ ပါးစပ်စည်းကမ်း အဲဒါကို သီလ လို့ခေါ်တယ်။
ပါဏာတိပါတာ ဝေရမဏိ- အသက်ရှိသတ္တ၀ါတွေကို မသတ်ဘူး
Not to kill any living beings.
အဒိန္နာဒါနာ ဝေဒမဏိ- ပိုင်ရှင် မပေးတဲ့ပစွည်း ဘာမှ မယူဘူး၊
Not to take anything, not given by owner.
Not to do sexual misconduct -သူတပါးသားမယားကို မဖျက်စီးဘူး
လိင်နဲ့ပတ်သက်တဲ့ မှားယွင်းတဲ့ အကျင့်ကို မကျင့်ဘူး ဒါတွေဟာ ကာယကံ စည်းကမ်း၊
နောက် ဒုတိယ က
Verbal discipline- ပါးစပ်စည်းကမ်း
မုသာဝါဒါ ဝေဒမဏိ -မဟုတ်မမှန်တဲ့ စကားကို မပြောဘူး
I undertake the precept not telling lie.
ရှင်းအောင် ထပ်ပြောကြစို့
ဘုန်းကြိးပြော ပြောမယ်ဆိုရင်ပေါ့
မုသာဝါဒါ၊ ပိသုဏ၀ါစာ၊ ဖရုသ၀ါစာ၊ သမ္ပပ္ပလာပ၀ါစာ လို့လာပါတယ်။
ဒါကို ခေတ်နဲ့ ကိုက်ညီအောင် ပြောရရင်
Must be true
မှန်တာကို ပြော၊ မှန်တိုင်းလဲ ပြောရမလား ဆိုတော့ မှန်တိုင်းလဲ မပြောနဲ့တဲ့ မှန်တာတွေ အကုန်လျှောက်ပြော
နေလို့ ဖြစ်တာ မဟုတ်ဘူး မဟုတ်လား။
Must be honest
ရိုးရိုးသားသား ပြော၊ ရိုးသားတဲ့ စိတ်နဲ့ပြောတဲ့
Must be polite
ယဉ်ယဉ်ကျေးကျေးပြော တဲ့ ဒီလောက်နဲ့ ဒီစကားဟာ လုံလောက်ပြီလားဆိုရင် မလုံလောက်သေးဘူး
Must be beneficial for others and oneself.
မိမိအတွက်ရော သူတစ်ပါးအတွက် အကျိုးဖြစ်မယ့် စကားကို ပြောရမယ်။
Must be harmonious
ညီညွတ်ရမယ် တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ရမယ့် စကားမျိုးတွေ သွားမပြောနဲ့ ချစ်ခင်နေတဲ့
လူနှစ်ယောက် ကွဲသွားအောင် သွားမပြောနဲ့ ကွဲနေတဲ့လူကို စေ့စပ်တဲ့ စကားမျိုးပဲပြောတဲ့
Must be pleasant
နားချမ်းသာ အောင်ပြောရမယ်
စကားအရာ အင်္ဂါခြောက်ပါးနော် နှလုံးသားထဲမှာ စွဲနေအောင် ဖတ်ပါ မှတ်သားပါ
ထိုကဲ့သို့ စကားကို ကောင်းစွာပြောခြင်းသည် ဘာ မင်္ဂလာ ဖြစ်သလဲ ဆိုရင်
မင်္ဂလ သုတ်ထဲမှာ ပါပါတယ်
သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂလ မုတ္တမံ ဆိုတာ ဘယ်လောက်ကောင်းသလဲ
စကားကိုကောင်းစွာ ပြောခြင်းသည် သုဘာသိတ မင်္ဂလာ ဖြစ်နေတယ်တဲ့
ဘယ်လောက် လူတွေနဲ့ ဆက်စပ်တဲ့ အဆုံးအမ တွေကို မြတ်ဗုဒ္ဓ ဆုံးမတော် မူထားသလဲ?
ကိုးကား
သီတဂူ ဆရာတော် ဘုရား၏
တောင်ကြိးတက္ကသိုလ်တွင် ဟောကြားအပ်သော တက္ကသိုလ် ဓမ္မသဘင်မှ တရားတော်များကို
မှီငြမ်းရေးသားပါသည်။
( The original writer unknown )
( ၁ ) ကာလ = ပြောသင့်သောအခါမှပြောရာ၏၊ အချိန်မတန်လျှင်မပြောဆိုရာ ။
( ၂ ) သစ္စာ = အမှန်ကိုသာပြောဆိုရာ၏၊ မမှန်မကန် လုပ်ကြံမပြောဆိုရာ။
( ၃ ) သဏှာ = နူးညံ့ချိုသာစွာပြောဆိုရာ၏၊ ခက်ထန်ရင့်သီးစွာမပြောဆိုရာ
( ၄ ) အတ္တံသဟိတ = အကျိုးစီးပွားဖြစ်မည့်စကားကိုသာပြောဆိုရာ၏။
အကျိုးယုတ်မည့်စကားကို မပြောဆိုရာ။
( ၅ ) မေတ္တာစိတ္တ = မေတ္တာရှေ့ ထားပြောဆိုရာ၏၊ ဒေါသမောဟဖြင့်မပြောဆိုရာ။
( အင်္ဂုတ္ထိရ်ပါဋ္ဌိတော် )
မိမိရင်းနှီးကျွမ်းဝင်သူရှိရာနေရာ၊ အရပ်သည် မွေ့ လျှော်ဖွယ်ရာဖြစ်ပါလိမ့်မည်။
(နန္ဒာသိန်းဇံ)
dhamma
ဖိုင်အမှတ်စဉ် - ၁
ဖိုင်အမှတ်စဉ် - ၂
အဘိဓမ္မာဒေသနာတော်ကြီး
၀၀၈။ ရုပ်တရားကိုလေ့လာသုံးသပ်ခြင်း (၁)
၀၀၉။ ရုပ်တရားကိုလေ့လာသုံးသပ်ခြင်း (၂)
၀၁၀။ နာမ်တရားကိုလေ့လာသုံးသပ်ခြင်း
၀၁၂။ စိတ်ကိုအမှီပြုအင်အားစုများ
၀၁၄။ စိတ်ဖြူစင်မှုအင်အားစုများ(၁)
၀၁၅။ စိတ်ဖြူစင်မှုအင်အားစုများ(၂)
၀၁၆။ စိတ်ဖြစ်ပုံကိုလေ့လာခြင်း (၁)
၀၁၇။ စိတ်ဖြစ်ပုံကိုလေ့လာခြင်း (၂)
၀၁၈။ စိတ်၏အာရုံများနှင့်ဆောင်ရွက်မှု
၀၁၉။ စိတ်ဖြစ်စဉ်ကိုလေ့လာခြင်း (၁)
၀၂၀။ စိတ်ဖြစ်စဉ်ကိုလေ့လာခြင်း (၂)
၀၂၁။ စိတ်ကိုအာရုံနှင့်လေ့ကျင့်ခြင်း
၀၂၄။ဘဝသစ်၌ပြန်လည်မွေးဖွားခြင်း
၀၂၅။ နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်း
ဖိုင်အမှတ်စဉ် - ၃
၀၂၇။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
၀၂၈။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
၀၂၉။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
၀၃၀။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
၀၃၁။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
၀၃၂။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
၀၃၃။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
၀၃၄။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
၀၃၅။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
ဖိုင်အမှတ်စဉ် - ၎
ဖိုင်အမှတ်စဉ် - ၅
၀၅၅။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင်
၀၅၆။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင်
၀၅၇။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင်
၀၅၈။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင်
၀၅၉။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင်
၀၆၀။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင်
၀၆၁။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင်
၀၆၂။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင်
၀၆၃။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင်
၀၆၆။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင်
ဖိုင်အမှတ်စဉ် - ၆
၀၆၇။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (နိဒါန်း)
၀၆၈။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ကာယာနုပဿနာ)
၀၆၉။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ဝေဒနာနုပဿနာ)
၀၇၀။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်(စိတ္တာ
၀၇၁။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ဓမ္မာနုပဿနာ)
ဖိုင်အမှတ်စဉ် - ၇
၀၇၂။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၁)
၀၇၃။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၂)
၀၇၄။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၃)
၀၇၅။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၄)
ဖိုင်အမှတ်စဉ် - ၈
၀၈၀။ အနတ္တလက္ခဏသုတ်အနှစ်ချုပ်
ဖိုင်အမှတ်စဉ် - ၉
၀၈၃။ ရတနာသုံးရပ်အမြဲဆည်းကပ်သည့်ဥပါ
၀၈၈။ ရှင်သာရိပုတ္တရာမထေရ်မြတ်၏နှမတော
၀၉၀။ ရှင်သာရိပုတ္တရာမထေရ်မြတ်၏သာသနာေ
၀၉၃။ နိဗ္ဗာန်လမ်းပေါ်မှအဆီးအတားများ
၁၀၅။ စိတ်ဓါတ်ခွန်အားမြင့်တင်ထား
၁၀၈။ဘဝအသွင်ကိုဓမ္မအမြင်ဖြင့်ေ
၁၁၀။ ဃဋိကာရ၏ဘဝတစ်စိတ်သမိုင်းပုံရိပ်
ဖိုင်အမှတ်စဉ် - ၁၀
၁၁၅။ ယနေ့လူသားများရဲ့မနက်ဖြန်ကမ္ဘာ
၁၂၂။ အရှင်အာနန္ဒာ၏အလွမ်းစကားနှင့်ြ
၁၂၃။ ဘဝခရီးဝယ်ရွေးချယ်ရမည့်လမ်း
၁၂၄။ လက်တွေ့ဘဝကိုပဠာန်းနည်းဖြင့်လေ့
၁၂၇။ အလောင်းတော်သုမေဓါ၏ဘဝအပေါ်ရှုမြင်
၁၃၆။ ထာဝရတွေးထားရမယ့်ဘဝအရေးများ
၁၃၇။ လက်တွေ့ဘဝကိုပဋိစ္စသမုပ္ပါဒ်နည်ြး
၁၃၉။ မှန်ကန်သောကြိုးပမ်းအားထုတ်မှု
၁၄၂။ ယနေ့ကမ္ဘာကြီး၏နောက်ဆုံးနေ့များ
၁၄၄။ သူတော်ကောင်းတရားတည်တန့်ပြန့်ပွ
၁၄၇။ ဆင်းရဲတွင်းမှလွတ်ကင်းခြင်း
ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတရားများနာကြား၍တရားထူးများရရှိနိုင်ကြပါစေ...
်ဤတရားတော်များအားမျှဝေပေးသောဆရာတော်အရှင်သူမြတ်အားကျေးဇူးအနန္တတင်ရှိပါတယ်ဘုရား...။
