အကောင်းနဲ့ အဆိုး
အမှားနဲ့ အမှန်ကို ဝေဖန်ပိုင်းခြားသိမြင်နိုင်တဲ့
အသိဥာဏ်နဲ့ ပညာရှိတယ်
အဲဒီသူတော်ကောင်းတွေဟာ
သူယုတ်မာဘက်က ဘယ်တော့မှမရပ်တည်ဘူး
အသက်သေချင်သေပါစေ
အမှန်တရားနဲ့ သူတော်ကောင်းတွေဖက်ကပဲရပ်တည်တယ်။
ဒါဟာ သူတော်ကောင်းတွေရဲ့ လူ့ ဂုဏ်သိက္ခာနဲ့ 
လူ့ အရည်အသွေးတွေပဲဖြစ်တယ်။
***~~~***
သူတော်ကောင်းမှန်ရင်
သူယုတ်မာနဲ့ ဘယ်တော့မှမပေါင်းဘူး
နတ်သုဒ္ဓါနဲ့ မစင်လို
ဘယ်တော့မှလည်းပေါင်းလို့ မရဘူး။
***~~~***
မကောင်းဆိုးရွားမိစ္ဆာတယောက်ရဲ့ ယုတ်မာမူ့ တွေအားလုံးဟာ
အဲဒီမိစ္ဆာအတွက် အစီစိငရဲကိုရောက်ဖို့ တခုထဲသောလမ်းပဲ။
***~~~***
သူတပါးအကျိုးစီးပွားကိုအလိုရှိသလိုလိုနဲ့ လူတွေရဲ့ချီးမွမ်းထောမနာပြုတာကိုခံရအောင်
အယောင်ဆောင်ဟန်ပြပြီး နောက်ကွယ်မှာယုတ်မာကောက်ကျစ်စွာ
သူတပါးကိုဖျက်လိုဖျက်ဆီးလုပ်နေတဲ့ သူယုတ်မာရဲ့ကူညီမူ့ မျိုးကိုကျေးဇူးလို့ သတ်မှတ်ရင်
ဥပမာအားဖြင့် ဘာနဲ့ တူလည်းဆိုရင် သူခိုးတယောက်က သင့်အိမ်ထဲကပစ္စည်းဥစ္စာတွေကို
ဝင်ရောက်ခိုးယူပြီး အဲဒီခိုးထုတ်ခိုးထည်တွေကို အခြားလူတယောက်ကသင့်ပစ္စည်းတွေကို
ခိုးယူသွားသယောင်လိမ်လည်လှည့်စားပြီး သင့်ကိုပြန်အပ်ဖို့ 
အခြားတယောက်ကို အကွက်ဆင်ထောင်ချောက်ချပြီး
သူခိုးကသူတော်ကောင်းအရေခြုံ နားလှည့်ပါးရိုက်တဲ့
အကွက်ဆင်တဲ့ယုတ်မာမူ့ ကို
ကျေးဇူးလို့ ခေါ်တာမဟုတ်ဘူး
***~~~***
ကျေးဇူးတရားဆိုတာ စစ်မှန်သောစိတ်စေတနာနဲ့ 
သူတပါးအပေါ်ကိုယ်ချင်းစာတရားထားပြီး
မျှော်လင့်ချက်မဲ့ကူညီစောင့်ရှောက်တတ်တဲ့ကူညီမူ့ ကို
ကျေးဇူးတရားလို့ သတ်မှတ်ပြီး ကျေးဇူးရှိသူလို့ ခေါ်ဆိုတာဖြစ်တယ်။
အဲဒီကူညီမူ့ ဟာ မြင့်မြတ်သောစိတ်စေတနာကနေဖြစ်တည်လာတဲ့
ဖြူစင်သောကူညီမူ့ ဖြစ်တယ်။
***~~~***
ကျေးဇူးရှိသူကို ကျေးဇူးကန်းရုံမက
ဖျက်ဆီးယုတ်မာသော သူယုတ်မာလောက်
လောကမှာယုတ်ညံ့ဆိုးရွားသောသူမရှိဘူး။
***~~~***
Pictures from google
No comments:
Post a Comment