
စိတ်သည် လိုရာအာရုံကိုလိုက်စားလျှက် အလိုရှိတိုင်းကောင်းနိုးရာရာ လှည့်လည်ကျက်စားလေ့ရှိ၏။ ထိုစိတ်ကိုဆင်ထိန်းသည်အမုန်ယစ်သောဆင်ကိုချွန်းဖြင့်နှိမ်သကဲ့သို့ သတိတရားဖြင့်နှိမ်ပေးအံ့။
ကုသိုလ်ကောင်းမူ့ တို့ ကိုမြန်မြန်ပြုရာ၏။ စိတ်ကိုမကောင်းမူ့ မှတားမြစ်ရာ၏။ ကုသိုလ်ကောင်းမူ့ အပြုနှေးသောသူ၏စိတ်သည် မကောင်းမူ့ ၌မွေ့ လျှော်တတ်၏။
သူတော်ကောင်းတို့ သည်မမေ့လျှော့သောသတိတရားထား၍ကိလေသာညွံအတွင်းမှ မိမိကိုယ်ကိုနှုတ်ထုတ်ကြကုန်၏။
စိတ်ထားယုတ်မာသူတို့ သည် စိတ်၌တမျိုး၊ စကား၌တမျိုး၊ အလုပ်၌တမျိုးဖြစ်၏။ (ပါးစပ်ကဘုရားဘုရား၊ လက်ကကားယားကားယား) စိတ်ထားမြင့်မြတ်သူတို့ သည်ကားစိတ်၌လည်းကောင်း၊ စကား၌လည်းကောင်း၊ အလုပ်၌လည်းကောင်း တသမတ်တည်း တစ်သဘောတည်းဖြစ်လေသည်။
အကြင်သူသည် လူမိုက်တို့ နှင့် ဆက်ဆံပေါင်းသင်းခြင်းကိုမပြု၊ ထိုသူသည် အသက်ရှည်ရှည်တည်နေရ၏။ အကြင်သူသည် သူယုတ်မာတို့ နှင့် ဆက်ဆံပေါင်းသင်းခြင်းကိုပြု၏။ ထိုသူသည် ဆင်းရဲတွင်းသို့ ကျဆင်းရလေသည်။
အကြင်သူသည် အကျိုးရှိမရှိကို ဆင်ခြင်တိုင်းထွာတတ်သည့်အသိဥဏ်မရှိ ဗဟုသုတခေါင်းပါး၏။ ၀မ်းဝရုံလောက်သာလျှင်သိ၏။ ထိုပညာခေါင်းပါးလူ့ ငနွားနှင့် တိရိစ္ဆာန်နွား ဘာထူးခြားချက်မှမရှိချေ။
သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )
No comments:
Post a Comment