
ကိလေသာစိတ်တို့ ဖြင့်သာအချိန်ကုန်၍ ပေါ့တန်ပျင်းရိလုံလမရှိသော သူ၏ အနှစ်တရာပတ်လုံးအသက်ရှည်ခြင်း ထက် ကိလေသာကင်းကြောင်းကောင်းစွာအားထုတ်သောသူ၏တစ်ရက်မျှအသက်ရှည်ခြင်းသည်သာ၍မြတ်၏။
ပစ္စုပန်၊ တမလွန်နှစ်တန်သော ဘ၀တို့ ၌အကြောင်းအကျိုးမသိ။ ပညာမရှိသောလူမိုက်တို့ သည်မေ့မေ့လျှော့လျှော့အချိန်ဖြုန်းကြ၏။ ပညာရှိသောသူသည်ကားမမေ့မလျှော့သောသတိတရားကိုမြတ်သောဥစ္စာကဲ့သို့ စောင့်ရှောက်၏
လူမိုက်တို့ သည်ဤလောက၌မိမိတို့ အမြဲမနေ၊ သေရဦးမည်ကိုမအောင့်မေ့မဆင်ခြင်ပဲ ခိုက်ရန်ပွားကုန်၏။ ပညာရှိတို့ သည် မိမိတို့ အမြဲမနေ၊ သေရဦးမည်ကို သိမြင်ဆင်ခြင်ကြ၍ လူမိုက်တို့ ကိုမတုပဲခိုက်ရန်ငြိမ်းအောင် ပြုကြ၏။
ငါ၏အနည်းငယ်မျှသော မကောင်းမူ့ သည်အကျိုးမပေးလတ္တံဟုမကောင်းမူ့ ကိုမထီမဲ့မြင်မမှတ်ရာ။ မိုးပေါက်ကျဖန်များသော် ရေအိုးကြီးပင်ပြည့်လေသကဲ့သို့  မကောင်းမူ့ ကိုအနည်းငယ် အနည်းငယ် ပြုဖန်များ သောသူမိုက်သည် မကောင်းမူ့ နှင့်ပြည့်လေ၏။
လေညာသို့ ပစ်လွှတ်လိုက်သော မြူမှုန်သည် ထိုပစ်လွှတ်လိုက်သောသူ၏ အပေါ်သို့ သာ ပြန်ကျသကဲ့သို့  မပြစ်မှားထိုက်သော အပြစ်စင်ကြယ်သော ကိလေသာကင်းသော ပုဂ္ဂိုလ်ကိုပြစ်မှားလျှင် ထိုသူမိုက်သာလျှင် မကောင်းကျိုးပေး၏။
သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )
No comments:
Post a Comment