
ပညာရှိတို့ ၏အချိန်ကာလသည်ကဗျာကျန်းဂန်တို့ ကိုကြည့်ရှု့ ဖတ်ရွတ်ခြင်းဖြင့်ကုန်ဆုံးကျော်လွန်၏။ လူဖျင်းလူမိုက်တို့ ၏အချိန်ကာလသည်ဒုစရိုက်မူ့ ကိုကျူးလွန်ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ အိပ်ခြင်းဖြင့် လည်းကောင်း ၊ ခိုက်ရန်ဒေါသဖြစ်ခြင်းဖြင့်လည်းကောင်း ကုန်ဆုံးကျော်လွန်၍သွား၏။
သောကဖြစ်ကြောင်း ထောင်းပေါင်းများစွာတို့ သည်လည်းကောင်း၊ ဘေးဖြစ်ကြောင်းရာပေါင်းများစွာတို့ သည် လည်းကောင်၊ နေ့ စဉ်ရက်ဆက်လူမိုက်တို့ ထံသို့ ရောက်လာကုန်၏။ ပညာရှိထံသို့ ရောက်လာခြင်းမရှိပေ။
တရားကျမ်းဂန်နှင့် ဝေဒကျမ်းဂန်ကိုရွတ်ဖတ်ခြင်းသည်လူမိုက်အတွက်လူကောင်းဖြစ်ရန် အကြောင်းရင်းမဟုတ်ပေ၊ နွားနို့ သည်ပင်ကိုယ်သဘာဝအားဖြင့်သာလျှင် ချိုမြိန်သကဲ့သို့ ပင်ကိုယ်သဘာဝသည်သာလျှင်အကြောင်းရင်းပဓာနဖြစ်သည်။
ကျမ်းကြီးကျမ်းခိုင်တို့ ကိုသင်ကြားတတ်မြောက်၍ ယုံမှားသံသယတို့ ကိုဖြေရှင်းနိုင်သည့်ဗဟုသုတရှိ ပညာရှင်တို့ သော်မှလောဘဖြင့်ဖုံးလွှမ်းနေလျှင် ဆင်းရဲဒုက္ခရောက်ကြရကုန်၏။ လောဘကြောင့် ဒေါသဖြစ်၏၊ လောဘကြောင့် ကာမတဏှာဖြစ်၏။ လောဘကြောင့်မောဟဖြစ်၏။ လောဘကြောင့်ပျက်စီးရ၏။ လောဘသည် မကောင်းမူ့ ၏အရင်းခံဖြစ်၏။
စက္ခုစသော က္ကနြေ္ဒတို့ ကို မစောင့်စည်းခြင်းသည် ဘေးရန်၏လမ်းကြောင်းဖြစ်၏ ။ စက္ခုစသော က္ကနြေ္ဒတို့  ကိုအောင်နိုင်ခြင်းသည် ချမ်းသာသုခ၏ လမ်းကြောင်းဖြစ်၏ ။
လူမိုက်နှင့်အတူတကွ ရန်လည်းမပြုသင့်ပေ၊ ချစ်ခင်ပေါင်းသင်းခြင်းလည်းမပြုသင့်ပေ ။ မီးကျည်ခဲသည် ပူခိုက်ဖြစ်မူ ကိုင်သောလက်ကိုလောင်တတ်သည်။ အေးခိုက်ဖြစ်မူ မည်းညစ်စွန်းပေတတ်သည်။
သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )