Showing posts with label တွေးမိတာလေးတွေ. Show all posts
Showing posts with label တွေးမိတာလေးတွေ. Show all posts

Sunday, November 15, 2015

*~~~အသိဥာဏ်ပညာဖြင့်လောကဓံမုန်တိုင်းကိုဖြတ်သန်းခြင်း (၁)~~~*


"ဆန္ဒ၀တော ကိံနာမ  ကမ္မနံ သိဇ္ဈတိ
ဝီရိယ၀တော  ကိံနာမ  ကမ္မနံ သိဇ္ဈတိ
စိတ္တ၀တော  ကိံနာမ  ကမ္မနံ သိဇ္ဈတိ
ပည၀တော   ကိံနာမ  ကမ္မနံ သိဇ္ဈတိ"
(ဗုဒ္ဓ)

ဆန္ဒပြင်းထန်သူ...
ဝီရိယမြဲမြံသူ...
စိတ်ဓါတ်ခိုင်ခံ့သူ...
အသိဥာဏ်ပညာရှိသူသည်...
အဘယ်သို့ သောအခက်အခဲကိုမဆို...
အောင်မြင်စွာကျော်ဖြတ်နိုင်မည်သာတည်း...။
  
လောကမှာရှိတဲ့သက်ရှိသတ္တ၀ါမှန်သမျှ
 လောကဓံနဲ့ ရင်ဆိုင်တွေ့ ကြုံ  ကြရတာပါ...
လောကဓံနဲ့ မတွေ့ ကြုံရတဲ့သတ္တ၀ါရယ်လို့ မရှိပါဘူး။ 
ဒီလိုတွေ့ ကြုံကြရတဲ့လောကဓံကိုကျော်ဖြတ်ကြတဲ့အခါမှာ 
လူပုဂ္ဂိုလ် အသီးသီးရဲ့ အသိဥာဏ်ပညာအတိုင်းတာကြီးမားရင်ကြီးမားသလို
သူတို့ ကြုံတွေ့ ရတဲ့လောကဓံတွေဟာ အံ့မခန်းဖွယ် အောင်မြင်မူ့ ကြီးတွေအဖြစ်
ပြောင်းလဲဖြစ်ပေါ်လာခဲ့ပြီး တချိန်ထဲတပြိုင်ထဲမှာပဲ လောကကောင်းကျိုးပြုမူ့ တွေ
လောကသားတွေအတွက်စံနမူနာပြုစရာ အတုယူစရာတွေနဲ့ သူတို့ ရဲ့ခံနိုင်ရည်စွမ်းအားတွေ
ဇွဲသတ္တိတွေဟာ ရာဇ၀င်တွင်လောက်အောင်မှတ်ကျောက်တင်နိုင်ခဲ့ကြတာကိုတွေ့ ရပါတယ်...။ 
ထို့ အတူပဲလောကဓံကိုရင်ဆိုင်ကြုံတွေ့ ကြတဲ့အခါမှာ အသိဥာဏ်ပညာနဲ့ ဖြတ်သန်းခြင်း
မပြုတဲ့လူသားတွေဟာ  အဲဒီလောကဓံရဲ့လှိုင်းတံပိုးအောက်မှာ ကြောက်မက်ဖွယ်ရာ
ကျဆုံးခဲ့ကြ ရာဇ၀င်တွေရိုင်းခဲ့ကြ အကျည်းတန်ခဲ့ကြတာကိုတွေ့ကြရမှာပါ...။

လောကဓံကိုဖြတ်သန်းကြတဲ့အထဲမှာ Glorious နဲ့ Notorious
 လောကမှာဆန့် ကျင်ဘက်အားဖြင့်ထင်ရှားခဲ့တဲ့  ဗုဒ္ဓရှင်တော်မြတ်နဲ့ ဒေ၀ဒတ်...
ကမ္ဘာပေါ်မှာထင်ရှားခဲ့တဲ့ မဟတ္တမဂန္တီနဲ့ ဟစ်တလာတို့ ရဲ့ဖြတ်သန်းမူ့ တွေကို
လေ့လာသုံးသပ်ကြည့်မိပါတယ်...။
 ဗုဒ္ဓအရှင်ဟာလေးအသင်္ချေနဲ့ ကမ္ဘာတသိန်းကာလကိုပါရမီတော်တွေဖြည့်ဆည်းပြီး
ဘုရားဖြစ်ခဲ့တယ်ဆိုတာ ဘုရားဖြစ်ဖို့ အတွက်ပါရမီဖြည့်ခဲ့တယ်ဆိုတာထက်
အမှန်တော့ လောကရဲ့အကောင်းအဆိုး
လောကဓံတရားတွေကိုကြံြ့ကံခံပြီးအသိဥာဏ်ပညာနဲ့ ဖြတ်သန်းခဲ့တဲ့
အရှင်မြတ်ရဲ့ဘ၀ပုံရိပ် မဟာဂန္တ၀င်ခရီးလို့ ပြောရင်ရနိုင်ပါလိမ့်မယ်...
ဘာကြောင့်လည်းဆိုရင် လောကကိုအောင်မြင်ခဲ့ပြီးလို့ သူဖြစ်ချင်ခဲ့တဲ့
ဘုရားအဖြစ်ကိုရောက်ရှိခဲ့တဲ့ဘ၀မှာတောင်
အရှင်မြတ်အပေါ်ကျရောက်လာတဲ့လောကဓံတရားကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။
ယနေ့ ဗုဒ္ဓဘာသာတိုင်းသိကြတဲ့ ဘုရားရှင်ရဲ့အလွန်ကြီးမားသော
အောင်မြင်မူ့ လို့ ရာဇ၀င်မှာကဗျည်းထိုးခဲ့တဲ့
အောင်ခြင်းရှစ်ပါးဆိုတာ သူဖြတ်သန်းခဲ့ရတဲ့လောကဓံတရားတွေပါပဲ...။
အဲဒီလောကဓံရှစ်ပါးတွင်မက နောက်ထပ်အဆိုးဆုံးလောကဓံကတော့
ဘုရားဖြစ်နေပေမယ့်ဒေ၀ဒတ်ရဲ့လုပ်ကြံမူ့ ကိုခံခဲ့ရတဲ့လောကဓံပါ။
ဘ၀အဆက်ဆက် ဖြစ်လေရာဘ၀သံသရာမှာ
 ဒေ၀ဒတ်ရဲ့ကောက်ကျစ်စဉ်းလဲမူ့ တွေကိုခံခဲ့ရသမျှ
နောက်ဆုံးဘ၀မှာတော့ဒေ၀ဒတ်ကိုအောင်နိုင်ခဲ့တာပါပဲ...။
ဒါဟာ အရှင်မြတ်အပေါ်ကျရောက်လာတဲ့အကြီးမားဆုံးလောကဓံကို
အမြင့်မြတ်ဆုံးနှလုံးသားနဲ့  ကြံ့ကြံ့ခံရင်း
အောင်မြင်စွာဖြတ်သန်းခဲ့ခြင်းလို့ ဆိုချင်ပါတယ်။ 
 ဗုဒ္ဓအရှင်ဟောကြားခဲ့တဲ့ ရွဲကုန်သည်ဇတ်ကိုလေ့လာကြည့်ရင်လည်း
အလွန်သံဝေဂယူစရာကောင်းတဲ့လူသားတွေရဲ့ဘ၀ပုံရိပ်တွေကိုတွေ့ ရမှာပါ...။
ဘုရားအလောင်းဖြစ်တော်မူတဲ့ရွဲကုန်သည်ဗုဒ္ဓအရှင်နဲ့ 
ဒေ၀ဒတ်အလောင်းရွဲကုန်သည်ဟာ လောကဓံတရားတွေနဲ့ 
ဆင်းရဲတဲ့ဘ၀မှာရုန်းကန်နေကြရတာခြင်းတူပေမယ့်
ဗုဒ္ဓအရှင်ကသူ့ ရဲ့ကိုယ်ကျင့်တရားနဲ့ 
လူ့ ဂုဏ်သိက္ခာကိုချနင်းပြီးမှရယူရမယ့်ချမ်းသာမူ့ ကိုမယူပဲ
ကိုယ်ကျင့်တရားကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ပြီး
လောကဓံကိုရင်ဆိုင်ခဲ့တယ်...အဆုံးမှာ သူ့ ရဲ့ကိုယ်ကျင့်တရားဖြောင့်မတ်မူ့ က
သူ့ ကိုပြန်လည်စောင့်ရှောက်ခဲ့တယ်...။
 
 ဒေ၀ဒတ်ရဲ့ဖြတ်သန်းမူ့ ကိုကြည့်မယ်ဆိုရင်တော့
သူ့ အပေါ်ကျရောက်လာတဲ့လောကဓံတရားတွေကို အသိဥာဏ်ပညာနဲ့ 
ဖြတ်သန်းခြင်းမရှိပဲ ကောက်ကျစ်စဉ်းလဲမူ့ တွေနဲ့ ဖြတ်သန်းခဲ့သမျှ
အဆုံးမှာသူရရှိခဲ့တဲ့ရလာဒ်ကတော့ အရှင်လတ်လတ်မြေမြိုခံရခြင်းနဲ့ 
ကြောက်မက်ဖွယ်ရာမဟာအ၀ီဇိဆိုတဲ့ငရဲဘုံပါပဲ...
ဒေ၀ဒတ်ရဲ့အသိဥာဏ်ပညာကင်းမဲ့မူ့ ဟာ
 ဗုဒ္ဓဘာသာသမိုင်းမှာဖျက်လို့ မရတဲ့အမဲစက်ကြီးစွန်းထင်းခဲ့ရတယ်
ဒေ၀ဒတ်ရဲ့ရာဇ၀င်ကိုအဆိုးရွားဆုံးကဗျည်းထိုးခဲ့တဲ့
 Notorious ပဲဖြစ်ခဲ့တာပါ...။ 
  *** 

ကမ္ဘာပေါ်မှာထင်ရှားခဲ့တဲ့ မဟတ္တမဂန္တီနဲ့ ဟစ်တလာတို့ ရဲ့ဖြတ်သန်းမူ့ ကို
နှိုင်းယှဉ်ကြည့်ရအောင်ပါ...

If you tell a big enough lie 
and tell it frequently enough, 
it will be believed.
Make the lie big, 
make it simple, 
keep saying it, 
and eventually they will believe it.
(Adolf Hitler)

ဂျူးလူမျိုးတွေကိုသန်းပေါင်းများစွာသတ်ဖြတ်ခဲ့ပြီး အနောက်ဥရောပမှာ
တန်ခိုးကြီးခဲ့တဲ့နာဇီပါတီခေါင်းဆောင်
ဟစ်တလာရယ်လို့ မဖြစ်လာခင် သာမာန်အရပ်သားဘ၀မှာ
ဟစ်တလာဟာ လောကဓံတရားရဲ့ရိုက်ခတ်မူ့ ကိုခံခဲ့ရတယ်။
 ဟစ်တလာဟာ ဖခင်မရှိတဲ့ဘ၀နဲ့ ကြီးပြင်းလာခဲ့ရသူပါ...
သူငယ်စဉ်ကသူ့ မိခင်နေမကောင်းဖြစ်နေတဲ့အချိန်မှာ
ဆရာဝန်ကိုသွားခေါ်တော့ ပိုက်ဆံအလုံလောက်
မပေးနိုင်တဲ့အတွက်ဆရာဝန်ကသူ့ မိခင်ကိုဆေးကုပေးဖို့ ငြင်းဆိုခဲ့တယ်။
အဲဒီဆရာဝန်ဟာဂျူးလူမျိုးဖြစ်တယ်လို့ ဆိုပါတယ်။
 နောက်တခါသူက တက္ကသိုလ်တခုမှာ ပန်းချီပညာနဲ့ ကျောင်းတက်ဖို့ 
ဝင်ခွှင့်လျှောက်တဲ့အခါ အရည်အချင်းမပြည့်မှီတဲ့အတွက် သူ့ ကိုဝင်ခွှင့်မပေးပဲ
တခြားသောဂျူးလူမျိုးတယောက်ကိုဝင်ခွှင့်ပေးလိုက်တယ်လို့ ဆိုပါတယ်...
ဒီလိုလောကဓံတွေရိုက်ခတ်ခံခဲ့ရတဲ့ဟစ်တလာဟာ
သူ့ အပေါ်ကျရောက်လာတဲ့လောကဓံကို အသိဥာဏ်ပညာနဲ့ 
ယထာဘူတကျကျတွေးခေါ်စဉ်းစားခြင်းမရှိပဲ ဂျူးလူမျိုးတွေကို
ပစ်မှတ်ထားပြီးအမုန်းကြီးမုန်းခဲ့တော့တယ်...။
သူ့ ရဲ့အမုန်းတရားဟာဂျူးလူမျိုးတွေအပေါ်မှာတဟုန်းဟုန်းတောက်လောင်ခဲ့တယ်။
ဟစ်တလာဟာ သူ့ အပေါ်ကျရောက်လာတဲ့လောကဓံကိုဖြတ်သန်းတဲ့အခါမှာ
အထက်မှာသူပြောခဲ့တဲ့အတိုင်း

"သင်ဟာလိမ်လည်မူ့ ကြီးတခုကိုမကြာခဏပြောပေးနေမယ်ဆိုရင်
အဲဒီလိမ်လည်မူ့ ဟာယုံကြည်မူ့ ဖြစ်လာလိမ့်မယ်...
ကြီးကြီးကျယ်ကျယ်လိမ်ပါ
ပိပိရိရိလိမ်ပါ
ဆက်ပြီးလိမ်ပါ
နောက်ဆုံးမှာအဲဒီလိမ်လည်မူ့ ဟာ
လူတွေရဲ့ယုံကြည်မူ့ ကြီးတခုဖြစ်လာပါလိမ့်မယ်..."  
(ဟစ်တလာ)
 
 ဟစ်တလာဟာမှားယွင်းတဲ့သူ့ ရဲ့မိစ္ဆာ ဒဿ       နတွေကိုဝါဒဖြန့် ခဲ့တယ်...
သူ့ ရဲ့ဂျူးလူမျိုးတွေအပေါ်မုန်းတီးမူ့ ဟာ ဂျာမန်တမျိုးသားလုံးရဲ့
မုန်းတီးမူ့ တွေဖြစ်အောင် အစွမ်းကုန်ကျိုးစားလုပ်ကြံခဲ့တယ်...
သူ့ ဘ၀ရဲ့နောက်ဆုံးမှာတော့ သူဟာ လိမ်လည်တတ်တဲ့
သူ့ ရဲ့ပါးစပ်ထဲကို သူကိုယ်တိုင်ပဲ အဆိပ်သောက်ခဲ့ရသလို
အဆိပ်သောက်လို့ မသေခင်မှာ သူ့ ကိုနှိမ်နင်းဖို့ သူရှိရာကို
အပြင်းအထန်ချီတက်လာနေတဲ့ရုရှားတပ်နီတွေရဲ့အဖမ်းခံရမှာစိုးတဲ့အတွက်
ပါးစပ်ထဲကိုသေနတ်ကျဉ်ဆံပစ်ထဲ့ပြီး သူ့ ကိုယ်သူအဆုံးစီရင်ခဲ့လေတယ်...။
ဟစ်တလာသည်လည်းဒေ၀ဒတ်ကဲ့သို့  လောကဓံတွေကို
အသိဥာဏ်ပညာမပါပဲဖြတ်သန်းခဲ့တဲ့အတွက်သူ ပြုခဲ့တဲ့သူ့ အကုသိုလ်တွေရဲ့
ပြန်လည်ဒဏ်ခတ်မူ့ တွေကိုကြောက်မယ်ဖွယ်ရာခံရပြီးကျဆုံးခဲ့တယ်...
သူ့ ရဲ့သမိုင်းကြောင်းဟာလည်းကမ္ဘာမှာအလွန်ပဲအကျည်းတန်ခဲ့ပါတယ်။

As long as the evil deed does not bear fruit, 
the fool thinks it is like honey; but when it ripens,
then the fool suffers grief.
( Buddha )

ဆက်ရန်...

 *
*
*

Thursday, November 24, 2011

The Road To Hell


အ၀ိဇာရဲ့ဦးဆောင်ရာနောက်ကို
လောဘ၊ ဒေါသ၊ မောဟ တွေနဲ့ အပေါင်းဖေါ်လုပ်ပြီး
လျှောက်နေခဲ့တဲ့လမ်းက
မဆုံးနိုင်အောင်ရှည်လျှားနေလို့ 
ဘာလမ်းမှန်းလည်းမသိခဲ့ကြဘူး...။

တောင်စွယ်မှာနေကွယ်လို့ 
ဘ၀ခရီးအဆုံးသတ်ခါနီးမှ
လျှပ်စီးလက်သလို
အသိတရားတွေ လင်းကနဲ့ ဝင်လာလို့ ကြည့်လိုက်တော့မှ
အော်...သွားနေခဲ့တဲ့လမ်းကတခြားမဟုတ်
The Road To HELL.

( Chris Rea ၏ "The Road To Hell" ကိုခံစားကြည့်မိခြင်းပါ...။)

 "The Road To Hell"
Stood still on a highway
I saw a woman
By the side of the road
With a face that I knew like my own
Reflected in my window
Well she walked up to my quarterlight
And she bent down real slow
A fearful pressure paralysed me in my shadow
She said 'son what are you doing here
My fear for you has turned me in my grave'
I said 'mama I come to the valley of the rich
Myself to sell'
She said 'son this is the road to hell'

On your journey cross the wilderness
From the desert to the well
You have strayed upon the motorway to hell

Well I'm standing by a river
But the water doesn't flow
It boils with every poison you can think of
And I'm underneath the streetlight
Not the light of joy I know
Scared beyond belief way down in the shadows
And the perverted fear of violence
Chokes the smile on every face
And common sense is ringing out the bell
This ain't no technological breakdown
Oh no, this is the road to hell

And all the roads jam up with credit
And there's nothing you can do
It's all just bits of paper flying away from you
Oh look out world, take a good look
What comes down here
You must learn this lesson fast and learn it well
This ain't no upwardly mobile freeway
Oh no, this is the road
Said this is the road
This is the road to HELL.................


Sunday, November 20, 2011

အကြောက်ဆုံးသောအရာ


လောကကြီးမှာကိုယ်အကြောက်ဆုံးအရာတခုရှိပါတယ်...
သေခြင်းတရားထက်ပိုပြီးကြောက်မိတဲ့အရာပေါ့...
အဲဒါကတော့ "သူယုတ်မာ"နဲ့ တွေ့ ဆုံပေါင်းသင်းဆက်ဆံရမှာကိုပါပဲ...။
ထိုထက်ပိုပြီးကြောက်မိတာကတော့ သူတော်ကောင်းအယောင်ဆောင်ထားတဲ့သူယုတ်မာနဲ့ 
တွေ့ ဆုံပေါင်းသင်းဆက်ဆံရမှာကိုပါ...။
ကိုယ့်ဘ၀မှာ မိတ်ဆွေကောင်းတယောက်မှမရှိရင်နေပါစေ...
သူယုတ်မာနဲ့ တော့မတွေ့ ပါရစေနဲ့ လို့ ကောင်းမူ့ ကုသိုလ်ပြုတိုင်းဆုတောင်းမိပါတယ်။
ဘာကြောင့်လဲဆိုတော့ လူတယောက်မှာမိတ်ဆွေကောင်းတယောက်မှမရှိလို့ 
အဲဒီလူဘာမှမဖြစ်နိုင်ပေမယ့် သူယုတ်မာတယောက်နဲ့ တွေ့ ရင် အဲဒီလူရဲ့ဘ၀ဟာ
တစ်သံသရာလုံးဒုက္ခရောက်သွားနိုင်ပါတယ်...။ 
လောကမှာသူယုတ်မာနဲ့ တွေ့ ရကြုံရတဲ့သူတွေ ဘယ်လိုဒုက္ခရောက်ခဲ့ကြလဲဆိုတာ
မရေမတွက်နိုင်တဲ့သာဓကတွေများစွာရှိပါတယ်...။ 

အရှင်မဟာမောဂ္ဂလ္လာန်မထေရ်ကြီးဟာနုစဉ်ဘ၀မှာ သူယုတ်မာစိတ်ရှိတဲ့မိန်းမနဲ့ တွေ့ ပြီးထိုမိန်းရဲ့
ကုန်းချောပြစ်တင်လိမ်ညာမူ့ တွေကိုနားထောင်ခဲ့မိလို့ သူ့ ရဲ့မျက်မမြင်မိဘနှစ်ပါးကို 
သူခိုးဟန်ဆောင်ပြီးရိုက်သတ်တဲ့အပြစ်ကြီးကိုကျူးလွန်ခဲ့မိရှာတယ်...။ 
အဲဒီအကုသိုလ်က တန်ခိုးက္ကဒ္ဒိပါဒ်နဲ့ တုနှိုင်းမရအောင်ပြည့်စုံလွန်းတဲ့ရဟန္တာမြတ်ကြီးကို
ခိုးသားငါးရာရဲ့ရိုက်နှက်သတ်ဖြတ်ခြင်းနဲ့ အဆုံးသတ်ခဲ့ရပါတယ်...။
( ဒါဟာသူယုတ်မာနဲ့ တစ်ဘ၀လေးတွေ့ လိုက်ရတာနဲ့ 
တစ်သံသရာလုံးဒုက္ခရောက်သွားရတဲ့ရလာဒ်ပါ...။)

ထို့ အပြင် ဒေ၀ဒတ်နဲ့ တွေ့ ခဲ့ရတဲ့ အဇာတသတ်ဟာလည်း ဖခင်ကိုသတ်တဲ့အပြစ်ကြီးကို
ကျူးလွန်ခဲ့မိပြီး ကြောက်စရာကောင်းတဲ့အ၀ီစိငရဲကိုမရောက်သင့်ပဲရောက်သွားခဲ့ရရှာပါတယ်။
အကယ်၍သာ ဒေ၀ဒတ်လိုသူယုတ်မာနဲ့ မတွေ့ ခဲ့ဘူးဆိုရင်သူငရဲကိုကျခဲ့မှာမဟုတ်ပါဘူး...။
 သူအသက်ရှင်နေစဉ်ကံကောင်းထောက်မစွာနဲ့ ဘုရားရှင်ကိုတွေ့ လိုက်ရတဲ့အတွက်
သူပြုခဲ့တဲ့အကုသိုလ်တွေကြောင့်စိတ်၏ဆင်းရဲခြင်း ကိုယ်၏ဆင်းရဲခြင်းတွေနဲ့ ပူလောင် နေတဲ့
သူ့ ဘ၀မှာအကြီးမားဆုံးသောအားကိုးရာ၊ ကိုးကွယ်ရာ၊ ခိုလှုံစရာကိုသူရှာတွေ့ သွားခဲ့ပါတယ်...။
သူယုတ်မာ ဒေ၀ဒတ်နဲ့ တွေ့ ရတဲ့အခါမှာ သူဟာမကောင်းမူ့ ကိုကျူးလွန်ခဲ့ပေမယ့်
မဟာဂရုဏာရှင်အနှိုင်းမဲ့မေတ္တာရှင် မြတ်စွာဘုရားနဲ့ တွေ့ ရတဲ့အခါမှာ
သူ့ အကုသိုလ်တွေကိုဆေးကြောပြီး မြင့်မြတ်တဲ့ ကောင်းမူ့ ကုသိုလ်တွေကိုလုပ်နိုင်ခဲ့ပါတယ်...။
သူယုတ်မာနဲ့ သူတော်ကောင်းကိုကွဲပြားခြားနားစွာတွေ့ မြင်ခဲ့ရတဲ့ အဇာတသတ်ဟာ
မည်သူနဲ့ မှမတူအောင်ဘုရားရှင်အပေါ်ကြည်ညိုလေးစားရိုသေမြတ်နိုးခဲ့ပါတယ်...။
ဒီအတွက်လည်းသူဟာဘုရားရှင်ရဲ့ချီးမွမ်းခြင်းနဲ့ အတူ ဧတဒဂ်ရခဲ့သူပါ...။
 သူ့ ဘ၀အတွက်အံ့မခန်းဘွယ်နှိုင်းယှဉ်မူ့ ကြီးကိုရှာတွေ့ ခဲ့တာဆိုရင်လည်းမမှားနိုင်ပါဘူး...။
(ဒါဟာ သူတော်ကောင်းနဲ့ တွေ့ ရတဲ့အတွက်ရရှိလိုက်တဲ့အကျိုးရလာဒ်တွေပါပဲ...)

ဒါတွေကိုကြည့်ခြင်းအားဖြင့် လောကမှာသူတော်ကောင်းနဲ့ တွေ့ ဆုံရဖို့ အင်မတန်မှအရေးကြီးသလို
သူယုတ်မာနဲ့ မတွေ့ ရဖို့ လည်း သိပ်အရေးကြီးပါတယ်...။
သူတော်ကောင်းမှန်ရင် သူယုတ်မာနဲ့ တွေ့ ရမှာသိပ်ကြောက်ပါတယ်...။
ငါးရာ့ငါးဆယ်ဇတ်တော်မှာ သူတော်ကောင်းရသေ့တပါးဖြစ်တဲ့ အကိတ္တိရသေ့၏ဆုတောင်းကို
ဒီလိုတွေ့ ရပါတယ်......
အကိတ္တိရှင်ရသေ့၏ မှတ်သား၊ အတုယူဖွယ်ဆုတောင်းများမှာ - - -

(၁) လောဘမရှိသူ ဖြစ်ရပါလို၏၊၊

(၂) ဒေါသမရှိသူ ဖြစ်ရပါလို၏၊၊

(၃) လူမိုက်ကို ဘ၀ဆက်တိုင်း မတွေ့မမြင်ရပါစေနှင့်၊၊

(၄) လူမိုက်အကြောင်း ဘ၀ဆက်တိုင်း မကြားရပါစေနှင့်၊၊

(၅) လူမိုက်နှင့် ဘ၀ဆက်တိုင်း မိတ်ဆွေမဖြစ်ရပါစေနှင့်၊၊

(၆) လူမိုက်နှင့် ဘ၀ဆက်တိုင်း စကားမပြောရပါစေနှင့်၊၊

(၇) လူမိုက်အား ဘ၀ဆက်တိုင်း မနှစ်သက်ရပါစေနှင့်၊၊

(၈) ပညာရှင်ကို ဘ၀ဆက်တိုင်း တွေ့မြင်ရပါစေ၊၊

(၉) ပညာရှင်အကြောင်း ဘ၀ဆက်တိုင်း ကြားရပါစေ၊၊

(၁၀) ပညာရှင်နှင့် ဘ၀ဆက်တိုင်း မိတ်ဆွေဖြစ်ရပါစေ၊၊

(၁၁) ပညာရှင်နှင့် ဘ၀ဆက်တိုင်း စကားပြောခွင့်ရပါစေ၊၊

(၁၂) ပညာရှင်ကို ဘ၀ဆက်တိုင်း နှစ်သက်သူဖြစ်ရပါစေ၊၊

(၁၃) နံနက်အာရုဏ်တက်အချိန်တွင် ဆွမ်းဘောဇဉ်များ အလိုအလျောက်ဖြစ်ပေါ်လာပါစေ၊၊

(၁၄) သီလရှိသောအလှူခံပုဂ္ဂိုလ်မြတ်များ လာရောက်အလှူခံကြပါစေ၊၊

(၁၅) ဆွမ်းဘောဇဉ်များသည် လှူ၍မကုန်ခမ်းသည် ဖြစ်ပါစေ၊၊

(၁၆) လှူစဉ် စိတ်ကြည်လင်ပါရစေ၊၊

(၁၇) လှူပြီးနောက်တွင် နောင်တမရသည် ဖြစ်ရပါစေ၊၊

(၁၈) သိကြားမင်းသည် ငါ၏အထံသို့နောက်မလာပါစေနှင့်၊၊

(အထက်ပါဆုတောင်းခြင်းအပိုဒ်ကို ဆရာတော် အရှင်ကေ၀လ (အလင်းစက်)၏ 
"ဆုတောင်းခြင်း" ဆောင်းပါးမှကောက်နှုတ်ပါသည်။)

ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းနှင့်တွေ့ ဆုံကြပါစေ...
မသူတော်ဘေးမှကင်းဝေးကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်...။

Saturday, August 27, 2011

အကုသိုလ်နဲ့ သံဝေဂ


နေ့ တိုင်းပါပဲ ကမ္ဘာအရပ်ရပ်ကသတင်းတွေကို ကိုယ်ဖတ်မိတယ်...။
ဘယ်နိုင်ငံမှာဘာတွေဖြစ်နေပြီဆိုတာတွေ စစ်ပွဲတွေ သတ်ဖြတ်မူ့ တွေ အနိဋ္ဌာန်ရုံတွေ
နေ့ စဉ်နဲ့ အမျှလူတွေကြားမှာဖြစ်ပေါ်နေတဲ့ ဒုက္ခတွေ မဆုံးနိုင်တဲ့ ပြဿနာတွေ........
သဘာဝဘေးအန္တရယ်တွေကျရောက်လာလို့ ကြောက်လန့် တကြားပြေးလွှားနေရတာတွေ......
ဖတ်ရင်းနဲ့ တရားသံဝေဂရမိပါတယ်...။ လူတွေရဲ့ လောဘ ဒေါသ မောဟတွေကနေ ပေါက်ဖွားလာတဲ့
အကုသိုလ်တွေဟာ လူတွေကိုပြန်နှိပ်စက်နေလိုက်ပုံများ ကြောက်စရာကောင်းလိုက်တာ...။

တနေရာမှာဖတ်မိတဲ့သတင်းတခုကတော့ ရပ်ပြစ်ရှစ်ပါးမှာလူဖြစ်ရတဲ့ဘ၀တွေအကြောင်းပါ...။
ထိပ်လန့် ဖွယ်ရာပါပဲ...
Mozambique နိုင်ငံက အမှိုက်ပုံကြီးတခုထဲမှာ ရှာဖွေစားသောက်ပြီးအသက်ရှင်ရပ်တည်နေကြတဲ့
လူတွေအကြောင်းပါ...။ အဲဒီထဲမှာမှ အောက်ကစာကြောင်းလေးကိုဖတ်မိပါတယ်...။

"The hardest to witness was when there were two women eating a dead dog's head that was already decomposing and raw," he said.

( အဆိုးဆုံးမြင်တွေ့ လိုက်ရတဲ့မြင်ကွင်းကတော့ အမျိုးသမီးနှစ်ယောက်က ပုတ်ပွနေတဲ့ ခွေးသေကောင်
ပုတ်ရဲ့ခေါင်းကို အစိမ်းလိုက်ကြီးစားနေကြတာပါပဲတဲ့ )

သြော်...လောကငရဲ ကြောက်စရာ ထိတ်လန့် တုန်လှုပ်စရာကောင်းပါတယ်...။

လူမူ့ ရေးနယ်ပယ်ကကြည့်မယ်ဆိုရင် ဒါဟာနိုင်ငံတနိုင်ငံဆင်းရဲလို့ လူတွေအခုလိုဒုက္ခရောက်နေကြတာ
လို့ ထင်မြင်ယူဆကြမှာပါ...။ သို့ သော်လည်း ဘာသာရေးရူ့ ထောင့်ကကြည့်မယ်ဆိုရင်တော့
ဒါဟာရပ်ပြစ်ရှစ်ပါးမှာလူသွားဖြစ်ရတဲ့ဘ၀ပါပဲ...။ ဘာကြောင့်အခုလိုဖြစ်ရလဲဆိုရင် ကိုယ်ပြုခဲ့တဲ့အကုသိုလ်
ကံကကိုယ်နဲ့ ထိုက်တန်တဲ့နေရာ ကိုယ့်ကိုပို့ ပေးလိုက်တာပါပဲ...။ ကုသိုလ်တရားတွေ ပြုခဲ့ရင်လည်း
ဒီကုသိုလ်နဲ့ ထိုက်တန်တဲ့ဘ၀ကို ရောက်ရတာပါပဲ...။ အရာအားလုံးဟာ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်အကုသိုလ်ကံ
တွေကကိုယ့်ဘ၀ကိုဖန်တီးသွားတာပါ...။ ဒါကြောင့်မို့ လည်း မေတ္တာ ကရုဏာနဲ့ 
ကျေးဇူးအနန္တကြီးမားတော်မူတဲ့ဘုရားရှင်က ဒီလိုဘ၀တွေကို မခံစားရအောင် မမေ့မလျှော့မပေါ့မဆတဲ့
သတိတရားနဲ့ ကုသိုလ်ကောင်းမူ့ တွေကိုပြုလုပ်ကြပါလို့ သတ္တ၀ါတွေကိုအရေးတကြီးမှာခဲ့တာနေမှာပါ။

*ရပ်ပြစ် ၈-ပါး*

  1. ငရဲ၌ ဖြစ်ရခြင်း
  2. တိရိစ္ဆာန်ဘုံ၌ ဖြစ်ရခြင်း
  3. ပြိတ္တာ၊ အသူရကာယ်ဘုံ၌ ဖြစ်ရခြင်း
  4. ဘုရားပွင့်နေဆဲအခါတွင် လွန်စွာ အသက်ရှည်၍ ဘုရားရှင်ကို မဖူးတွေ့နိုင်သော အရူပဗြဟ္မာဘုံ နှင့် အသညသတ် ဗြဟ္မာဘုံတို့၌ ဖြစ်ရခြင်း
  5. ဘုရားအမှူးပြုသော သံဃာတော်များမရောက်သော၊ သာသနာမရှိသော ပစ္စန္တရစ်အရပ်၌ ဖြစ်ရခြင်း။ (ရတနာသုံးပါး မတည်၍ ရိုင်းစိုင်းသူတို့အရပ်၊ သာသနာမရှိသောအရပ်)
  6. ဘုရားပွင့်ဆဲ့အခါ၊ သာသနာရှိသောအခါဖြစ်သော်လည်း ပဋိသန္ဓေအားဖြင့် ကျိုး၊ ကန်း၊ ဆွံ့၊ အ ၍ တရားတော်ကို နားလည်နိုင်လောက်သောဉာဏ် မရှိသောသူဖြစ်ရခြင်း။
  7. ဘုရားပွင့်ဆဲအခါ၊ သာသနာရှိသောအခါဖြစ်သော်လည်း မိစ္ဆာဒိဋ္ဌိ မှားသောအယူကို ယူသောသူ ဖြစ်ရခြင်း
  8. တတ်သိနားလည်လောက်သောဉာဏ်နှင့် တိဟိတ်ပဋိသန္ဓေစိတ်ရှိသော်ငြားလည်း ဘုရားသာသနာ မရှိသောအခါ၌ လူဖြစ်ရခြင်း။

ဓမ္မမိတ်ဆွေအပေါင်း ကုသိုလ်တရားပွားများနိုင်ကြပါစေ...
အကုသိုလ်အပေါင်းမှကင်းဝေးနိုင်ကြပါစေ...


Life in 'trash Land'


Related Posts Plugin for WordPress, Blogger...

စကားအင်္ဂါ ( ၅ ) တန်

( ၁ ) ကာလ = ပြောသင့်သောအခါမှပြောရာ၏၊ အချိန်မတန်လျှင်မပြောဆိုရာ ။

( ၂ ) သစ္စာ = အမှန်ကိုသာပြောဆိုရာ၏၊ မမှန်မကန် လုပ်ကြံမပြောဆိုရာ။

( ၃ ) သဏှာ = နူးညံ့ချိုသာစွာပြောဆိုရာ၏၊ ခက်ထန်ရင့်သီးစွာမပြောဆိုရာ

( ၄ ) အတ္တံသဟိတ = အကျိုးစီးပွားဖြစ်မည့်စကားကိုသာပြောဆိုရာ၏။

အကျိုးယုတ်မည့်စကားကို မပြောဆိုရာ။

( ၅ ) မေတ္တာစိတ္တ = မေတ္တာရှေ့ ထားပြောဆိုရာ၏၊ ဒေါသမောဟဖြင့်မပြောဆိုရာ။

( အင်္ဂုတ္ထိရ်ပါဋ္ဌိတော် )


မိမိရင်းနှီးကျွမ်းဝင်သူရှိရာနေရာ၊ အရပ်သည် မွေ့ လျှော်ဖွယ်ရာဖြစ်ပါလိမ့်မည်။
မိမိရင်းနှီးကျွမ်းဝင်သူလျှောက်လှမ်းတတ်ရာ တောလမ်းနှင့်
သစ်ပင်တမ်းကလေးသည်ပင် နှစ်လိုဖွယ်ရာ မွေ့ လျှော်ဖွယ်ဖြစ်ပါလိမ့်မည်။
ကောင်းမြတ်သောစကားကိုဆိုတတ်သော၊ အပြစ်မဲ့စွာပြုမူဆက်ဆံတတ်သော၊
မိမိကိုနားလည်တတ်သော၊ မိမိကိုအလေးအနက်ထားတတ်သောသူနှင့်
အတူနေရခြင်းသည်လည်းမွေ့ လျှော်ဖွယ်ရာရှိပါလိမ့်မည်။
မိမိနှင့်ကျွမ်းဝင်သောသူနှင့် စားရခြင်းသည်လည်းနှစ်လိုဖွယ်ရှိပါလိမ့်မည်။
သို့ ပေမယ့် ဤသည်လို ရင်းနှီးကျွမ်းဝင်သူမျိုးကို ရဖို့ မလွယ်။
တွေ့ ဖို့ ရာမလွယ်......မလွယ်လှချေတကား။
(နန္ဒာသိန်းဇံ)

dhamma

တရားနာဖို့ အချိန်......
ဆရာတော်ဘဒ္ဒန္တနန္ဒမာလာဘိဝံသ( MA,PhD ) ဟောကြားသောတရားတော်များ...

ဖိုင်အမှတ်စဉ် - ၁

၀၀၁။ ဓမ္မသင်္ဂဏီကျမ်း

၀၀၂။ ဓမ္မသင်္ဂဏီကျမ်း

၀၀၃။ ဓမ္မသင်္ဂဏီကျမ်း

၀၀၄။ ဓမ္မသင်္ဂဏီကျမ်း

၀၀၅။ ဓမ္မသင်္ဂဏီကျမ်း

ဖိုင်အမှတ်စဉ် - ၂

အဘိဓမ္မာဒေသနာတော်ကြီး

၀၀၆။ အဘိဓမ္မာမြတ်ဒေသနာ

၀၀၇။ သမ္ဗုတိသစ္စာနှင့်ပရမတ္တသစ္စာ

၀၀၈။ ရုပ်တရားကိုလေ့လာသုံးသပ်ခြင်း (၁)

၀၀၉။ ရုပ်တရားကိုလေ့လာသုံးသပ်ခြင်း (၂)

၀၁၀။ နာမ်တရားကိုလေ့လာသုံးသပ်ခြင်း

၀၁၁။ စိတ်ကိုလေ့လာသုံးသပ်ခြင်း

၀၁၂။ စိတ်ကိုအမှီပြုအင်အားစုများ

၀၁၃။ စိတ်၏အညစ်အကြေးများ

၀၁၄။ စိတ်ဖြူစင်မှုအင်အားစုများ(၁)

၀၁၅။ စိတ်ဖြူစင်မှုအင်အားစုများ(၂)

၀၁၆။ စိတ်ဖြစ်ပုံကိုလေ့လာခြင်း (၁)

၀၁၇။ စိတ်ဖြစ်ပုံကိုလေ့လာခြင်း (၂)

၀၁၈။ စိတ်၏အာရုံများနှင့်ဆောင်ရွက်မှုကိစ္စများ

၀၁၉။ စိတ်ဖြစ်စဉ်ကိုလေ့လာခြင်း (၁)

၀၂၀။ စိတ်ဖြစ်စဉ်ကိုလေ့လာခြင်း (၂)

၀၂၁။ စိတ်ကိုအာရုံနှင့်လေ့ကျင့်ခြင်း

၀၂၂။ သတ္တဝါတို့၏(၃၁)ဘုံ

၀၂၃။ ဘဝနိဂုံးသေဆုံးခြင်း

၀၂၄။ဘဝသစ်၌ပြန်လည်မွေးဖွားခြင်း

၀၂၅။ နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်း

ဖိုင်အမှတ်စဉ် - ၃

၀၂၆။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၂၇။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၂၈။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၂၉။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၀။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၁။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၂။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၃။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၄။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၅။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

ဖိုင်အမှတ်စဉ် - ၎

၀၃၆။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၃၇။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၃၈။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၃၉။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၀။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၁။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၂။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၃။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၄။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၅။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၆။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၇။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၈။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၉။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၀။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၁။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၂။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၃။ ပဋ္ဌာန်းမြတ်ဒေသနာ

ဖိုင်အမှတ်စဉ် - ၅

၀၅၄။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၅။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၆။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၇။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၈။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၉။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၀။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၁။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၂။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၃။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၄။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၅။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၆။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

ဖိုင်အမှတ်စဉ် - ၆

၀၆၇။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (နိဒါန်း)

၀၆၈။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ကာယာနုပဿနာ)

၀၆၉။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ဝေဒနာနုပဿနာ)

၀၇၀။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်(စိတ္တာနုပဿနာ)

၀၇၁။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ဓမ္မာနုပဿနာ)

ဖိုင်အမှတ်စဉ် - ၇

၀၇၂။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၁)

၀၇၃။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၂)

၀၇၄။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၃)

၀၇၅။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၄)

ဖိုင်အမှတ်စဉ် - ၈

၀၇၆။ သစ္စဒေသနာဓမ္မစကြာ (၁)

၀၇၇။ သစ္စဒေသနာဓမ္မစကြာ (၂)

၀၇၈။ သစ္စဒေသနာဓမ္မစကြာ (၃)

၀၇၉။ သစ္စဒေသနာဓမ္မစကြာ (၄)

၀၈၀။ အနတ္တလက္ခဏသုတ်အနှစ်ချုပ်

ဖိုင်အမှတ်စဉ် - ၉

၀၈၁။ အမြိုက်ရေစင

၀၈၂။ လူ့ပြည်ရောက်နတ်တမန်များ

၀၈၃။ ရတနာသုံးရပ်အမြဲဆည်းကပ်သည့်ဥပါသကာ

၀၈၄။ အက္ခဏ သုတ္တန

၀၈၅။ အဘယ သုတ္တန

၀၈၆။ သမာပတ္တိ သုတ္တန

၀၈၇။ သမာပတ္တိ သုတ္တန်

၀၈၈။ ရှင်သာရိပုတ္တရာမထေရ်မြတ်၏နှမတော်တို့၏ဓမ္မအမြင်များ

၀၈၉။ ကတ္တာရုဇာတ်

၀၉၀။ ရှင်သာရိပုတ္တရာမထေရ်မြတ်၏သာသနာတော်အရေးလျှောက်ထားချက်

၀၉၁။ အမြတ်ရတနာ ဥပါသကာကျင့်စဥ

၀၉၂။ အမတာဘိသေက

၀၉၃။ နိဗ္ဗာန်လမ်းပေါ်မှအဆီးအတားများ

၀၉၄။ ကိုယ့်နေရာကိုယ်နေကြ

၀၉၅။ ဗုဒ္ဓအလိုကျနေထိုင်နည်း

၀၉၆။ ဃဋိကာရ သုတ္တန

၀၉၇။ အဒိတ္တာဇာတ်

၀၉၈။ ဓမ္မသည်သာကိုးကွယ်ရာ

၀၉၉။ ပမာဒနှင့်အပမာဒ

၁၀၀။ စိတ်အကြောင်း

၁၀၁။ နတ်ပြည်မှအမှာစကား

၁၀၂။ ဒကာရင်းကိုကယ်တင်ခြင်း

၁၀၃။ ကာလာမသုတ္တန

၁၀၄။ ဘဝကိုအလှဆင်မည့်သ

၁၀၅။ စိတ်ဓါတ်ခွန်အားမြင့်တင်ထား

၁၀၆။ သောတပန်၏ဘဝရုပ်ပုံလွှာ

၁၀၇။ သြဝါဒနှင့်အမေးအဖြေ

၁၀၈။ဘဝအသွင်ကိုဓမ္မအမြင်ဖြင့်လေ့လာခြင်း

၁၀၉။ အကောင်းဆုံးသောညတစ်ည

၁၁၀။ ဃဋိကာရ၏ဘဝတစ်စိတ်သမိုင်းပုံရိပ်များ

၁၁၁။ ကိုးကွယ်ရာအမှန်တရား

၁၁၂။ လူထဲကလ

ဖိုင်အမှတ်စဉ် - ၁၀

၁၁၃။ ဓမ္မနုပဿနာ

၁၁၄။ အကျင့်မှန်မှနိဗ္ဗာန်ရ

၁၁၅။ ယနေ့လူသားများရဲ့မနက်ဖြန်ကမ္ဘာ

၁၁၆။ ရှစ်ယောက်နှင့်တစ်ယောက

၁၁၇။ တရားမြင်မှဘုရားမြင်မည

၁၁၈။ စိတ္တာနုပဿနာ

၁၁၉။ ဆပ်ကပွဲမှရသောတရားတစ်ပုဒ်

၁၂၀။ ရန်ရှင်းမှရန်ကင်းမည်

၁၂၁။ သြဃတရဏ

၁၂၂။ အရှင်အာနန္ဒာ၏အလွမ်းစကားနှင့်မြတ်ဗုဒ္ဓ၏သြဝါဒတရား

၁၂၃။ ဘဝခရီးဝယ်ရွေးချယ်ရမည့်လမ်း

၁၂၄။ လက်တွေ့ဘဝကိုပဠာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၁၂၅။ ဓါတုဝိဘင်္ဂသုတ်အနှစ်ချုပ်

၁၂၆။ ဆန္ဒဓိပတ

၁၂၇။ အလောင်းတော်သုမေဓါ၏ဘဝအပေါ်ရှုမြင်သုံးသပ်ချက

၁၂၈။ မြတ်သောဥစ္စာစုဆောင်းပါ

၁၂၉။ မနုဿဓမ္မနှင့်ဥတ္တရိမနုဿဓမ

၁၃၀။ အရှုံးအမြတ

၁၃၁။ ယဉ်ကျေးလိမ္မာသင်တန်း

၁၃၂။ ဘဝနှင့်နိဗ္ဗာန

၁၃၃။ အကာကိုပြစ်၍အနှစ်ကိုရှာ

၁၃၄။ အမြင်မှန်

၁၃၅။ အစွဲဖြုတ

၁၃၆။ ထာဝရတွေးထားရမယ့်ဘဝအရေးများ

၁၃၇။ လက်တွေ့ဘဝကိုပဋိစ္စသမုပ္ပါဒ်နည်းဖြင့်ဆင်ခြင်သုံးသပ်ခြင်း

၁၃၈။ သြကာသရှင်းတန်း

၁၃၉။ မှန်ကန်သောကြိုးပမ်းအားထုတ်မှု

၁၄၀။ သြဃလေးဖြာသံသရာ

၁၄၁။ အမျက်ဖြေ

၁၄၂။ ယနေ့ကမ္ဘာကြီး၏နောက်ဆုံးနေ့များ

၁၄၃။ ဒိဠေ ဒိဠေ မတ္တံ

၁၄၄။ သူတော်ကောင်းတရားတည်တန့်ပြန့်ပွါးရေး

၁၄၅။ ပညာမဲ့သဒ္ဒါ-၁

၁၄၆။ ပညာမဲ့သဒ္ဒါ-၂

၁၄၇။ ဆင်းရဲတွင်းမှလွတ်ကင်းခြင်း

ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတရားများနာကြား၍တရားထူးများရရှိနိုင်ကြပါစေ...

်ဤတရားတော်များအားမျှဝေပေးသောဆရာတော်အရှင်သူမြတ်အားကျေးဇူးအနန္တတင်ရှိပါတယ်ဘုရား...။

...

Globe