Friday, August 16, 2013

*~~~အရှင်ဇနကာဘိဝံသ၏အဆိုအမိန့် များ(၃)~~~*

 
*အမှတ်တမဲ့မနေကြနဲ့ *
အမှတ်တမဲ့နေသူရဲ့စိတ်ဟာ အကုသိုလ်ဘက်သွားနေသလို
အကုသိုလ်ကံ အကျိုးပေးကလည်းသူ့ မှာအမြဲရှိနေတယ်။

*Listless people*
Listless people's thought are directed toward evil deeds; 
and the chances of unwholesome consequences are 
always with such people.

******************

*ငါဆိုတာမရှိ*
လောကကြီးထဲမှာ "ငါဖို့ ---ငါ့ဖို့ ဆိုပြီးကျိုးစားလိုက်ကြတာ
တကယ်တော့"ငါ" မရှိတော့ပါဘူး။

No"self"
People are striving for the benefit of their selves, 
but there is really no "self" in this world.

******************

*လူ့ ဘ၀ရဲ့တန်ဘိုး*
လူ့ ဘ၀တန်ဘိုးဟာ ကုသိုလ်ပါရမီနဲ့ စိတ်ကောင်းနှလုံးကောင်းပဲရှိတယ်။
ဂုဏ်၊ လာဘ် ချွေရံကျော်စောမူ့ ကတော့ ပျက်ခဲ့တာချည်းပဲ။

*Value of life*
The real work of man's life lies in one's potentials of moral purity
and a good mind; whatever prestige
 or good position, follows counts for nothing.

******************

*လမ်းဆိုးကြီးကိုမလိုက်ကြနဲ့ *
ဒီနေ့ ကမ္ဘာသူ ကမ္ဘာသားတွေဟာ လောဘ, ဒေါသ တိုးပွားပြီး
ဆင်းရဲပင်ပမ်းတဲ့လမ်းဆိုးကြီးကိုသာ ပျာရီးပျာယာ လိုက်နေကြတယ်၊
အေးချမ်းသာယာတဲ့လမ်းကိုတော့ မမြင်နိုင် မကြားနိုင်အောင်ဖြစ်နေကြရှာတယ်။

*Path of Greed, Anger and Misery*
Today people of the world are tracking 
the path of development of greed, anger and misery. 
They are not able to see the path that leads to peace and happiness. 

******************

*ရွှေအိုး*
လူတွေက ဒါနကိုသာ ရွှေအိုးလို့ ထင်နေကြတယ်။
သီလ, သမာဓိ, ပညာတို့ လည်းရွှေအိုးတွေပါပဲ။

*The Gold Pot*
People think only charity is a gold pot.
In fact, Morality, mental stability, and wisdom are also gold pots.
They are as rich as charity.

******************

*ကံကိုမယုံနဲ့ *
ကံကောင်းမှာစောင့်မနေနဲ့ 
ကံကောင်းအောင် လူကကုသိုလ်ကောင်းမူ့ များများလုပ်ပေးပါ။

*Good luck and Good Deed*
Don't wait for good luck;
make good luck by doing good deeds.

******************

*နိဗ္ဗာန်ကိုမမြင်နိုင်*
မိမိသန္တာန်မှာဖြစ်နေတဲ့စိတ်ကိုတောင်မှ
ဘယ်စိတ်ဘယ်လိုဖြစ်တယ်ဆိုတာ မသိပဲနဲ့ 
ခန္တာကိုယ်အပြင်က နိဗ္ဗာန်ကို သာမာန်ဥာဏ်,
သာမာန်ကမ္မဋ္ဌာန်းလေးနဲ့ မသိမမြင်နိုင်ပါဘူး။

*Ultimate Moral Purity*
Since you can't see how your mental process works,
you cannot possibly see the state of ultimate moral purity ( nibbana ),
which is outside oneself, through one's ordinary intelligence and contemplation.

******************

*အလုပ်တရားမှစွမ်းတယ်*
တရားဆိုတာ ဟောတရား, နာတရားကတကယ်မစွမ်းပါ၊
အလုပ်တရားကမှ တကယ်အစွမ်းထက်ပါတယ်။

*Practice the Dhamma*
The dhamma that is preached and attended to is not effective;
only practice of dhamma could be efficacious.

******************

*ဘ၀သံသရာ အောက်မကျနိုင်*
သူတပါးကို ထမင်းချက်ကျွေး, ရေခပ်ပေးသူဟာ ထမင်းမငတ်ရေမငတ်သလို၊
သူတပါးကို လိမ္မာယဉ်ကျေးအောင် ဆုံးမလမ်းညွှန်တတ်သူဟာ ဘ၀သံသရာမှာ
အောက်ကျ နောက်ကျမဖြစ်နိုင်ပါ။ 

*Teaching is Noble*
Just as the one who provides others with food and water 
will never starve or go thirsty, so also the ones who teaches others 
so that may be wise and polite will never attain an inferior position 
throughout the cycle of existences.

******************

*တနေ့ အတွက်အကျိုးမရရင်*
တနေ့ တာမှာ ကုသိုလ်, ဥစ္စာ, ကျန်းမာရေး, အတတ်ပညာ, တန်ခိုးဂုဏ်သိမ်
ဒီငါးမျိုး တမျိုးမျိုးမှ အကျိုးမရပဲ ကုန်သွားတဲ့နေ့ ဟာ 
ဝမ်းနည်းစရာအကောင်းဆုံးနေ့ ပါပဲ။ ( မသေခင်က အသေဖြစ်ရတဲ့နေ့ ပါပဲ။ )
ကုသိုလ် ဥစ္စာ,
ကျန်းခံ့သာ၍
ပညာ တန်ခိုး
တမျိုးမျိုးမှ
အကျိုးမထွက်
ထိုနေ့ တွက်
သက်သက် ၀မ်းနည်းဖွယ်။

*A lost Day*
The day in which  meritorious deeds,
wealth, health, education, power and position,
or at least one of them, cannot be achieved is a lost day,
to be regretted. It is a sort of death while being alive.


******************

 အမရပူရမြို့
  ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာတော်
  အရှင်ဇနကာဘိဝံသ၏  အဆိုအမိန့် များစာအုပ်မှကောက်နှုတ်မျှဝေခြင်းပါ...။


ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...
*
*
*

No comments:

Related Posts Plugin for WordPress, Blogger...

စကားအင်္ဂါ ( ၅ ) တန်

( ၁ ) ကာလ = ပြောသင့်သောအခါမှပြောရာ၏၊ အချိန်မတန်လျှင်မပြောဆိုရာ ။

( ၂ ) သစ္စာ = အမှန်ကိုသာပြောဆိုရာ၏၊ မမှန်မကန် လုပ်ကြံမပြောဆိုရာ။

( ၃ ) သဏှာ = နူးညံ့ချိုသာစွာပြောဆိုရာ၏၊ ခက်ထန်ရင့်သီးစွာမပြောဆိုရာ

( ၄ ) အတ္တံသဟိတ = အကျိုးစီးပွားဖြစ်မည့်စကားကိုသာပြောဆိုရာ၏။

အကျိုးယုတ်မည့်စကားကို မပြောဆိုရာ။

( ၅ ) မေတ္တာစိတ္တ = မေတ္တာရှေ့ ထားပြောဆိုရာ၏၊ ဒေါသမောဟဖြင့်မပြောဆိုရာ။

( အင်္ဂုတ္ထိရ်ပါဋ္ဌိတော် )


မိမိရင်းနှီးကျွမ်းဝင်သူရှိရာနေရာ၊ အရပ်သည် မွေ့ လျှော်ဖွယ်ရာဖြစ်ပါလိမ့်မည်။
မိမိရင်းနှီးကျွမ်းဝင်သူလျှောက်လှမ်းတတ်ရာ တောလမ်းနှင့်
သစ်ပင်တမ်းကလေးသည်ပင် နှစ်လိုဖွယ်ရာ မွေ့ လျှော်ဖွယ်ဖြစ်ပါလိမ့်မည်။
ကောင်းမြတ်သောစကားကိုဆိုတတ်သော၊ အပြစ်မဲ့စွာပြုမူဆက်ဆံတတ်သော၊
မိမိကိုနားလည်တတ်သော၊ မိမိကိုအလေးအနက်ထားတတ်သောသူနှင့်
အတူနေရခြင်းသည်လည်းမွေ့ လျှော်ဖွယ်ရာရှိပါလိမ့်မည်။
မိမိနှင့်ကျွမ်းဝင်သောသူနှင့် စားရခြင်းသည်လည်းနှစ်လိုဖွယ်ရှိပါလိမ့်မည်။
သို့ ပေမယ့် ဤသည်လို ရင်းနှီးကျွမ်းဝင်သူမျိုးကို ရဖို့ မလွယ်။
တွေ့ ဖို့ ရာမလွယ်......မလွယ်လှချေတကား။
(နန္ဒာသိန်းဇံ)

dhamma

တရားနာဖို့ အချိန်......
ဆရာတော်ဘဒ္ဒန္တနန္ဒမာလာဘိဝံသ( MA,PhD ) ဟောကြားသောတရားတော်များ...

ဖိုင်အမှတ်စဉ် - ၁

၀၀၁။ ဓမ္မသင်္ဂဏီကျမ်း

၀၀၂။ ဓမ္မသင်္ဂဏီကျမ်း

၀၀၃။ ဓမ္မသင်္ဂဏီကျမ်း

၀၀၄။ ဓမ္မသင်္ဂဏီကျမ်း

၀၀၅။ ဓမ္မသင်္ဂဏီကျမ်း

ဖိုင်အမှတ်စဉ် - ၂

အဘိဓမ္မာဒေသနာတော်ကြီး

၀၀၆။ အဘိဓမ္မာမြတ်ဒေသနာ

၀၀၇။ သမ္ဗုတိသစ္စာနှင့်ပရမတ္တသစ္စာ

၀၀၈။ ရုပ်တရားကိုလေ့လာသုံးသပ်ခြင်း (၁)

၀၀၉။ ရုပ်တရားကိုလေ့လာသုံးသပ်ခြင်း (၂)

၀၁၀။ နာမ်တရားကိုလေ့လာသုံးသပ်ခြင်း

၀၁၁။ စိတ်ကိုလေ့လာသုံးသပ်ခြင်း

၀၁၂။ စိတ်ကိုအမှီပြုအင်အားစုများ

၀၁၃။ စိတ်၏အညစ်အကြေးများ

၀၁၄။ စိတ်ဖြူစင်မှုအင်အားစုများ(၁)

၀၁၅။ စိတ်ဖြူစင်မှုအင်အားစုများ(၂)

၀၁၆။ စိတ်ဖြစ်ပုံကိုလေ့လာခြင်း (၁)

၀၁၇။ စိတ်ဖြစ်ပုံကိုလေ့လာခြင်း (၂)

၀၁၈။ စိတ်၏အာရုံများနှင့်ဆောင်ရွက်မှုကိစ္စများ

၀၁၉။ စိတ်ဖြစ်စဉ်ကိုလေ့လာခြင်း (၁)

၀၂၀။ စိတ်ဖြစ်စဉ်ကိုလေ့လာခြင်း (၂)

၀၂၁။ စိတ်ကိုအာရုံနှင့်လေ့ကျင့်ခြင်း

၀၂၂။ သတ္တဝါတို့၏(၃၁)ဘုံ

၀၂၃။ ဘဝနိဂုံးသေဆုံးခြင်း

၀၂၄။ဘဝသစ်၌ပြန်လည်မွေးဖွားခြင်း

၀၂၅။ နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်း

ဖိုင်အမှတ်စဉ် - ၃

၀၂၆။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၂၇။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၂၈။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၂၉။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၀။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၁။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၂။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၃။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၄။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၅။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

ဖိုင်အမှတ်စဉ် - ၎

၀၃၆။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၃၇။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၃၈။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၃၉။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၀။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၁။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၂။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၃။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၄။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၅။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၆။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၇။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၈။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၉။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၀။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၁။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၂။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၃။ ပဋ္ဌာန်းမြတ်ဒေသနာ

ဖိုင်အမှတ်စဉ် - ၅

၀၅၄။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၅။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၆။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၇။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၈။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၉။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၀။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၁။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၂။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၃။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၄။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၅။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၆။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

ဖိုင်အမှတ်စဉ် - ၆

၀၆၇။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (နိဒါန်း)

၀၆၈။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ကာယာနုပဿနာ)

၀၆၉။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ဝေဒနာနုပဿနာ)

၀၇၀။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်(စိတ္တာနုပဿနာ)

၀၇၁။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ဓမ္မာနုပဿနာ)

ဖိုင်အမှတ်စဉ် - ၇

၀၇၂။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၁)

၀၇၃။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၂)

၀၇၄။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၃)

၀၇၅။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၄)

ဖိုင်အမှတ်စဉ် - ၈

၀၇၆။ သစ္စဒေသနာဓမ္မစကြာ (၁)

၀၇၇။ သစ္စဒေသနာဓမ္မစကြာ (၂)

၀၇၈။ သစ္စဒေသနာဓမ္မစကြာ (၃)

၀၇၉။ သစ္စဒေသနာဓမ္မစကြာ (၄)

၀၈၀။ အနတ္တလက္ခဏသုတ်အနှစ်ချုပ်

ဖိုင်အမှတ်စဉ် - ၉

၀၈၁။ အမြိုက်ရေစင

၀၈၂။ လူ့ပြည်ရောက်နတ်တမန်များ

၀၈၃။ ရတနာသုံးရပ်အမြဲဆည်းကပ်သည့်ဥပါသကာ

၀၈၄။ အက္ခဏ သုတ္တန

၀၈၅။ အဘယ သုတ္တန

၀၈၆။ သမာပတ္တိ သုတ္တန

၀၈၇။ သမာပတ္တိ သုတ္တန်

၀၈၈။ ရှင်သာရိပုတ္တရာမထေရ်မြတ်၏နှမတော်တို့၏ဓမ္မအမြင်များ

၀၈၉။ ကတ္တာရုဇာတ်

၀၉၀။ ရှင်သာရိပုတ္တရာမထေရ်မြတ်၏သာသနာတော်အရေးလျှောက်ထားချက်

၀၉၁။ အမြတ်ရတနာ ဥပါသကာကျင့်စဥ

၀၉၂။ အမတာဘိသေက

၀၉၃။ နိဗ္ဗာန်လမ်းပေါ်မှအဆီးအတားများ

၀၉၄။ ကိုယ့်နေရာကိုယ်နေကြ

၀၉၅။ ဗုဒ္ဓအလိုကျနေထိုင်နည်း

၀၉၆။ ဃဋိကာရ သုတ္တန

၀၉၇။ အဒိတ္တာဇာတ်

၀၉၈။ ဓမ္မသည်သာကိုးကွယ်ရာ

၀၉၉။ ပမာဒနှင့်အပမာဒ

၁၀၀။ စိတ်အကြောင်း

၁၀၁။ နတ်ပြည်မှအမှာစကား

၁၀၂။ ဒကာရင်းကိုကယ်တင်ခြင်း

၁၀၃။ ကာလာမသုတ္တန

၁၀၄။ ဘဝကိုအလှဆင်မည့်သ

၁၀၅။ စိတ်ဓါတ်ခွန်အားမြင့်တင်ထား

၁၀၆။ သောတပန်၏ဘဝရုပ်ပုံလွှာ

၁၀၇။ သြဝါဒနှင့်အမေးအဖြေ

၁၀၈။ဘဝအသွင်ကိုဓမ္မအမြင်ဖြင့်လေ့လာခြင်း

၁၀၉။ အကောင်းဆုံးသောညတစ်ည

၁၁၀။ ဃဋိကာရ၏ဘဝတစ်စိတ်သမိုင်းပုံရိပ်များ

၁၁၁။ ကိုးကွယ်ရာအမှန်တရား

၁၁၂။ လူထဲကလ

ဖိုင်အမှတ်စဉ် - ၁၀

၁၁၃။ ဓမ္မနုပဿနာ

၁၁၄။ အကျင့်မှန်မှနိဗ္ဗာန်ရ

၁၁၅။ ယနေ့လူသားများရဲ့မနက်ဖြန်ကမ္ဘာ

၁၁၆။ ရှစ်ယောက်နှင့်တစ်ယောက

၁၁၇။ တရားမြင်မှဘုရားမြင်မည

၁၁၈။ စိတ္တာနုပဿနာ

၁၁၉။ ဆပ်ကပွဲမှရသောတရားတစ်ပုဒ်

၁၂၀။ ရန်ရှင်းမှရန်ကင်းမည်

၁၂၁။ သြဃတရဏ

၁၂၂။ အရှင်အာနန္ဒာ၏အလွမ်းစကားနှင့်မြတ်ဗုဒ္ဓ၏သြဝါဒတရား

၁၂၃။ ဘဝခရီးဝယ်ရွေးချယ်ရမည့်လမ်း

၁၂၄။ လက်တွေ့ဘဝကိုပဠာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၁၂၅။ ဓါတုဝိဘင်္ဂသုတ်အနှစ်ချုပ်

၁၂၆။ ဆန္ဒဓိပတ

၁၂၇။ အလောင်းတော်သုမေဓါ၏ဘဝအပေါ်ရှုမြင်သုံးသပ်ချက

၁၂၈။ မြတ်သောဥစ္စာစုဆောင်းပါ

၁၂၉။ မနုဿဓမ္မနှင့်ဥတ္တရိမနုဿဓမ

၁၃၀။ အရှုံးအမြတ

၁၃၁။ ယဉ်ကျေးလိမ္မာသင်တန်း

၁၃၂။ ဘဝနှင့်နိဗ္ဗာန

၁၃၃။ အကာကိုပြစ်၍အနှစ်ကိုရှာ

၁၃၄။ အမြင်မှန်

၁၃၅။ အစွဲဖြုတ

၁၃၆။ ထာဝရတွေးထားရမယ့်ဘဝအရေးများ

၁၃၇။ လက်တွေ့ဘဝကိုပဋိစ္စသမုပ္ပါဒ်နည်းဖြင့်ဆင်ခြင်သုံးသပ်ခြင်း

၁၃၈။ သြကာသရှင်းတန်း

၁၃၉။ မှန်ကန်သောကြိုးပမ်းအားထုတ်မှု

၁၄၀။ သြဃလေးဖြာသံသရာ

၁၄၁။ အမျက်ဖြေ

၁၄၂။ ယနေ့ကမ္ဘာကြီး၏နောက်ဆုံးနေ့များ

၁၄၃။ ဒိဠေ ဒိဠေ မတ္တံ

၁၄၄။ သူတော်ကောင်းတရားတည်တန့်ပြန့်ပွါးရေး

၁၄၅။ ပညာမဲ့သဒ္ဒါ-၁

၁၄၆။ ပညာမဲ့သဒ္ဒါ-၂

၁၄၇။ ဆင်းရဲတွင်းမှလွတ်ကင်းခြင်း

ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတရားများနာကြား၍တရားထူးများရရှိနိုင်ကြပါစေ...

်ဤတရားတော်များအားမျှဝေပေးသောဆရာတော်အရှင်သူမြတ်အားကျေးဇူးအနန္တတင်ရှိပါတယ်ဘုရား...။

...

Globe