မှန်တဲ့သဘောထားဟာ
အကောင်းဆုံးမိတ်ဆွေဖြစ်တယ်
မှားနေတဲ့သဘောထားဟာ
အဆိုးဆုံးရန်သူတွေဖြစ်တယ်။
*~~~~~~~~~~~~~~~~~~*
အမှားထဲက သင်ခန်းစာမယူတာကမှ
ကြောက်စရာကောင်းတဲ့အမှားဖြစ်တယ်။
*~~~~~~~~~~~~~~~~~~*
မရိုးမသားလုပ်လို့ 
ဒုက္ခရောက်ခဲ့ကြတာများပြီ။
ဒါကိုသင်ခန်းစာမယူပဲ
မရိုးသားတာကိုဆက်ပြီးလုပ်နေကြတာ
အံ့သြစရာကောင်းပါတယ်။
*~~~~~~~~~~~~~~~~~~*
မရိုးသားတဲ့သူဟာ စိတ်မလုံဘူး။
စိတ်လုံခြုံမူ့ မရှိဘူး။
*~~~~~~~~~~~~~~~~~~*
ပါးစပ်ကဘာပြောပြော နောက်ဆုံးမှာ
သဘောထားကပဲ အဆုံးအဖြတ်ပေးပါတယ်။
ပါးစပ်ကညာလို့ ရတယ်။ သဘောထားက ညာလို့ မရဘူး။
ချစ်စရာကောင်းတာလည်း သဘောထားကြောင့်
မုန်းစရာကောင်းတာလည်း သဘောထားကြောင့်ပဲ။
ဘ၀မှာ ရေရှည်အဆင်ပြေဖို့ အရေးမှာ
အရေးအကြီးဆုံးက သဘောထားမှန်ဖို့ ပါပဲ။
*~~~~~~~~~~~~~~~~~~*
ကိုယ့်ကိုယ်ကို ကိုယ်မညာပါနဲ့ ၊
ဘ၀စာမေးပွဲကိုခိုးဖြေလို့ မရပါဘူး။
*~~~~~~~~~~~~~~~~~~*
ဘယ်ကိုဦးတည်ပြီးသွားနေတယ်ဆိုတာက
ဘယ်လောက်မြန်မြန် သွားနေတယ်ဆိုတာထက်
ပိုပြီးအရေးကြီးပါတယ်။
*~~~~~~~~~~~~~~~~~~*
လမ်းမှားနေတဲ့သူဟာ
မြန်မြန်သွားလေလေ
လိုရာပန်းတိုင်နဲ့ ဝေးလေလေ။
*~~~~~~~~~~~~~~~~~~*
ဘယ်လောက်အသက်ရှည်ရှည်နေရမယ်ဆိုတာက
ပြဿနာမဟုတ်ဘူး။
ဘယ်ပုံဘယ်နည်း နေသွားမယ်ဆိုတာကမှပြဿနာ။
*~~~~~~~~~~~~~~~~~~*
ပစ္စည်းဥစ္စာဆုံးရှုံးတာ၊
ရာထူးဆုံးရှုံးတာဟာ အကြီးမားဆုံးဆုံးရှုံးမူ့ မဟုတ်သေးဘူး။
ကိုယ့်ရင်ထဲက အမြင့်မြတ်ဆုံး စိတ်ထားဆုံးရှုံးသွားတာကမှ
အကြီးမားဆုံး ဆုံးရှုံးမူ့ ဖြစ်တယ်။
*~~~~~~~~~~~~~~~~~~*
အခက်အခဲတွေ ပြဿနာတွေအားလုံးဟာ
အသိဥာဏ်ကြီးပွားတိုးတက်ဖို့ နဲ့ 
မေတ္တာကြီးမားလာဖို့ အခွှင့်အရေးတွေပဲ။
*~~~~~~~~~~~~~~~~~~*
ကိုယ်ပိုင်ဆိုင်ထားတဲ့ ပြင်ပ ပစ္စည်းတွေထက်
ကိုယ့်ရင်ထဲက သဘောထားက ပိုပြီးအရေးကြီးပါတယ်။
*~~~~~~~~~~~~~~~~~~*
လူသားတယောက်ရဲ့ တန်ဖိုးကို
ရုပ်ပိုင်းအောင်မြင်မူ့ နဲ့ တိုင်းတာပြီး
တန်ဖိုးဖြတ်လို့ မရဘူး။
*~~~~~~~~~~~~~~~~~~*
အကြီးမားဆုံး ဆုံးရှုံးမူ့ နဲ့ တွေ့ တော့မှပဲ
အနက်နဲဆုံး အသိဥာဏ်ကိုရတော့တယ်။
*~~~~~~~~~~~~~~~~~~*
ကိုယ်နဲ့ တွေ့ တဲ့သူတိုင်းဆီက ပညာယူစရာတွေရှိတယ်။
ကိုယ်ယူတတ်ရင်ရမယ်။
*~~~~~~~~~~~~~~~~~~*
အချို့ လူတွေနဲ့ တွေ့ ရ၊ သိရပြီးတော့
ရင်းရင်းနှီးနှီးပြောဆို ဆက်ဆံရတဲ့အတွက်
ကိုယ့်မှာအသိအမြင်အသစ်တွေရတယ်၊
စိတ်ထားတွေမြင့်လာတယ်၊
ရည်မှန်းချက်တွေ မြင့်လာတယ်၊
ကိုယ့်မှာလူသစ်စိတ်သစ်ဖြစ်သွားသလိုခံစားရတယ်၊
အဲသလိုဆက်ဆံရေးမျိုးကိုရတယ်ဆိုရင်
လူ့ ဘ၀မှာတန်ဘိုးအရှိဆုံးအရာကိုရသလိုပဲ
ငွေနဲ့ တိုင်းတာပြီးတန်ဘိုးဖြတ်လို့ မရဘူး။
ဘာနဲ့ မှတိုင်းတာပြီးတန်ဘိုးဖြတ်လို့ မရဘူး။
*~~~~~~~~~~~~~~~~~~*
ကိုယ့်အမှားကို အမှားပါလို့ လက်ခံပြီးပြင်ရဲတဲ့သတ္တိဟာ
အကြီးမားဆုံးသတ္တိဖြစ်ပါတယ်။
*~~~~~~~~~~~~~~~~~~*
ကိုယ့်ကိုယ်ကို ကိုယ်လေးစားမူ့ ရှိတဲ့သူဟာ
ကိုယ့်ဂုဏ်သိက္ခာကို အသက်နဲ့ လဲမယ်၊
ငွေနဲ့ မလဲဘူး...။
*~~~~~~~~~~~~~~~~~~*
အဆိုးတစ်ခုကို လွန်မြောက်ချင်ရင် ပြင်ချင်ရင်၊
အဲဒါဟာ အဆိုးပါလို့ ပထမလက်ခံဖို့ လိုတယ်။
အဆိုးကို အဆိုးလို့ လက်ခံနိုင်တာဟာ
ရင့်ကျက်မူ့ တမျိုးဖြစ်တယ်၊ ရိုးသားမူ့ လည်းဖြစ်တယ်။
အဲဒါဟာ သတ္တိလည်းဖြစ်တယ်။
*~~~~~~~~~~~~~~~~~~*
Honesty takes great courage.
ရိုးသားမူ့ ရှိဖို့ ဟာ ကြီးမားတဲ့သတ္တိလိုတယ်။
*~~~~~~~~~~~~~~~~~~*
အလုပ်များများလုပ်ဖို့ ထက်
အလုပ်ကို စေတနာမှန်မှန်နဲ့ လုပ်ဖို့ ကပိုပြီးအရေးကြီးပါတယ်။
*~~~~~~~~~~~~~~~~~~*
လုပ်သင့်တာကို လုပ်နေတာထက်
မလုပ်သင့်တာကိုလုပ်နေတာက
ပိုပြီးပင်ပန်းပါတယ်။
*~~~~~~~~~~~~~~~~~~*
ရာနှုန်းပြည့်ရိုးသားမူ့ နဲ့ 
ကိုယ့်ဘ၀ကိုအဆင်ပြေအောင်နေလို့ ရတယ်ဆိုတာကို
ယုံကြည်တဲ့သူနည်းတယ်။ မုသားမပါ လင်္ကာမချော ဆိုတာကို လက်ခံတဲ့သူ
ကျင့်သုံးတဲ့သူများတယ်။ ဘာဖြစ်လို့ လဲ... ကြောက်လို့ ။
ဘာကိုကြောက်တာလဲ။ မရမှာကြောက်တာ။ ဘာကိုမရမှာကြောက်တာလဲ။
ခင်မင်မူ့ ကိုမရမှာကြောက်တယ်။ ကျောင်းသားတွေဆိုရင်လည်း အမှတ်များများမရမှာ
ကြောက်တယ်။ ငွေများများမရမှာကြောက်တယ်။ မတိုးတက်မှာကြောက်တယ်။
လူအများရဲ့ထိုက်ထိုက်တန်တန် ယုံကြည်မူ့ ကိုမရမှာမကြောက်ဘူးလား။
မရိုးသားတဲ့လူ၊ မယုံကြည်ရတဲ့သူလို့ အထင်ခံရမှာမကြောက်ဘူးလား။
*~~~~~~~~~~~~~~~~~~*
အခက်အခဲတွေ ဒုက္ခတွေ ဆုံးရှုံးမူ့ တွေဟာ
လူ့ ဘ၀ကို မှန်ဘီလူးနဲ့ ကြည့်ရသလို အခွှင့်အရေးမျိုးကိုပေးတယ်...။
ကိုယ့်ဘ၀ကို ကိုယ် အနီးကပ်ပြီးကြည့်ခွှင့်ရတယ်။
ဘ၀နဲ့ ပတ်သက်တဲ့အမှန်တရားတွေဟာ ဘာတွေလဲ။
ပျော်ရွှင်မူ့ ဆိုတာဘာလဲ။ ဘယ်ဟာကျေနပ်စရာအကောင်းဆုံးလဲ။
ဘ၀မှာတန်ဘိုးအရှိဆုံးအရာတွေဟာ ဘာတွေလည်းဆိုတာသိလာတယ်။
ဒုက္ခရောက်တဲ့အခါကျမှ မိတ်ဆွေကောင်းဟာ ဘယ်သူလဲ ဆိုတာလဲသိရတယ်။
ကိုယ်အင်မတန်အားကိုးခဲ့တဲ့အရာတွေဟာ
တကယ်အားကိုးစရာကောင်းရဲ့လား ဆိုတာလည်းသိရတယ်။
အားကိုးစရာအစစ်ဟာဘာလဲ၊ ဘယ်သူ့ ကိုအားကိုးရမလဲ၊
ကိုယ့်ကိုယ်ကို အားကိုးနိုင်ဖို့ အရေးကြီးတယ်ဆိုတာလည်းသဘောပေါက်လာတယ်။
ဒါကြောင့် ဒုက္ခတွေ အခက်အခဲတွေဟာ တန်ဖိုးရှိတဲ့ အတွေ့ အကြုံဖြစ်ပါတယ်...။
*~~~~~~~~~~~~~~~~~~*
*
*
*
ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ရေးသားတော်မူသော
"သိစရာတွေးစရာ" စာအုပ်မှကောက်နှုတ်မျှဝေခြင်းပါ...။
ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...
No comments:
Post a Comment