အခုမှအင်တာနက်ထဲမှာတွေ့ တာနဲ့ မဖတ်ရသေးသူများအတွက်မျှဝေလိုက်ပါတယ်...။
The Boy & The Apple Tree
လူကလေးနဲ့ ပန်းသီးပင်
ဟိုးတခါတုန်းကပေါ့...သစ်ပင်ကြီးတပင်ရှိသတဲ့...
လူကလေးတယောက်က အဲဒီသစ်ပင်ကြီးဆီမှာအမြဲတမ်းလာကစားလေ့ရှိတယ်...
ဒါကြောင့်မို့ သစ်ပင်ကြီးကလူကလေးကိုသိပ်ချစ်တယ်။
လူကလေးက သစ်ပင်ကြီးပေါ်ဖက်တွယ်ကစားလေ့ရှိတယ်...။
ပြီးတော့သစ်ပင်ပေါ်က ပန်းသီးလေးတွေကိုစားချင်သလောက်စားနေတော့တာပဲ...။
အစာစားလို့ ဗိုက်ဝသွားပြီဆိုတာနဲ့ သစ်ပင်ရိပ်မှာလှဲပြီးတရေးတမောတောင်အိပ်လိုက်သေးတယ်...။
လူကလေးကသစ်ပင်ကြီးကိုသိပ်ချစ်သလို သစ်ပင်ကြီးကလည်း
သိပ်ပျော်ပါတယ်...။
ဒီလိုနဲ့ အချိန်ကာလတွေကြာညောင်းလာခဲ့တယ်...
တနေ့ တော့ သစ်ပင်ကြီးရှိရာကိုလူကလေးက ရောက်လာခဲ့တယ်...
သစ်ပင်ကြီးကလူကလေးကို သူနဲ့ အတူကစားဖို့ ဖိတ်ခေါ်တာပေါ့...။
ကျနော်က ကလေးမှမဟုတ်တော့တာ သစ်ပင်ကြီးနဲ့ မကစားချင်တော့ပါဘူး...
အရုပ်တွေပဲလိုချင်ပါတယ်...အဲဒီအတွက်ပိုက်ဆံလိုချင်တယ်လို့ ပြောသတဲ့...။
ဝမ်းနည်းပါတယ်လူကလေးရယ်...ငါ့မှာပိုက်ဆံမရှိပါဘူး...ဒါပေမယ့်ငါ့မှာရှိတဲ့ပန်းသီးတွေအားလုံး
ယူသွားပြီးရောင်းလိုက်ပါ...အဲဒါဆိုရင် မင်လိုချင်နေတဲ့ပိုက်ဆံရမှာပေါ့လို့ ပြောသတဲ့...
လူကလေးကသိပ်ပျော်သွားပြီးပန်းသီးတွေအားလုံးခူးယူပြီးထွက်သွားတော့တယ်...
ဒါကိုကြည့်ပြီး သစ်ပင်ကြီးကတော့ သိပ်ပျော်နေခဲ့တာပေါ့...။
အချိန်တွေတရွေ့ ရွေ့ နဲ့ ကုန်ဆုံးသွားပေမယ့် ပန်းသီးတွေယူပြီးထွက်သွားတဲ့လူကလေးကတော့
ပြန်မလာခဲ့ပါဘူး...။ သစ်ပင်ကြီးကတော့ဝမ်းနည်းပက်လက်နဲ့ ပေါ့...။
တနေ့ မှာတော့ အသက်အရွယ်ကြီးတဲ့လူကြီးတယောက်အဖြစ်နဲ့ 
သစ်ပင်ကြီးဆီကိုလူကလေးကအလည်လာခဲ့ပြန်ပါတယ်...
လာလေ...ငါနဲ့ အတူကစားရအောင်လို့ သစ်ပင်ကြီးကခေါ်ရှာတယ်...။
ကျနော့်မှာ ကစားဖို့ အချိန်မရှိပါဘူး...မိသားစုအတွက်အလုပ်သွားရဦးမယ်
ကျနော်တို့ အတွက်နေထိုင်ဖို့ အိမ်လိုအပ်နေပါတယ်...သစ်ပင်ကြီးကအကူညီပေးနိုင်မလား
လို့ မေးသတဲ့...။
ဝမ်းနည်းပါတယ်လူကလေးရယ်...ငါ့မှာအိမ်တော့မရှိပါဘူး ဒါပေမယ့်
ငါ့ရဲ့အကိုင်းအခက်တွေကိုခုတ်ယူသွားပြီး မင်းတို့ နေဖို့ အိမ်ဆောက်လိုက်ပါလို့ ပြောရှာတယ်...။
ဒီတော့လူကြီးက သစ်ပင်ကြီးရဲ့အကိုင်းအခက်တွေအကုန်လုံးခုတ်ယူပြီး
ပျော်ရွှင်စွာနဲ့ ထွက်သွားတော့တယ်...။
သစ်ပင်ကြီးကတော့ လူကြီးကိုကြည့်ပြီးပီတိတွေဖြစ်နေခဲ့တာပေါ့...
ဒါပေမယ့်အဲဒီအချိန်ထဲကနေစပြီးအခုထိလူကြီးက ပြန်မလာပြန်ဘူး...။
သစ်ပင်ကြီးကတော့အထီးကျန်စွာနဲ့ ဝမ်းနည်းကျန်ရစ်ခဲ့ပြန်တယ်...။
ပူအိုက်တဲ့နွေရာသီတနေ့ မှာတော့ လူကြီးပြန်လာခဲ့တယ်...
လူကြီးကိုတွေ့ တော့သစ်ပင်ကြီးကသိပ်ပျော်နေခဲ့တယ်...။
လာလေ...ငါနဲ့ အတူကစားရအောင်လို့ ခေါ်ပြန်တာပေါ့...။
ကျနော်အိုပြီဗျာ...အေးအေးဆေးဆေးအနားယူပြီး ရွက်လှေနဲ့ သွားချင်တယ်...။
ကျနော့်ကို ရွက်လှေပေးနိုင်မလားလို့ မေးသတဲ့...။
ငါ့ကိုခုတ်လှဲပြီး လှေကလေးဆောက်လိုက်ပါလားကွယ်...ဒါဆိုရင်
မင်းသွားချင်တဲ့နေရာကိုပျော်ရွှင်စွာနဲ့ သွားလို့ ရပြီပေါ့...။
လူကြီးက သစ်ပင်ကြီးကိုခုတ်လှဲပြီးလှေကလေးဆောက်လိုက်တယ်...
ပြီးတော့ရွက်လွှင့်ပြီးထွက်သွားလိုက်တာ ရက်တွေလတွေကြာညောင်းခဲ့ပေမယ့်
ပေါ်မလာခဲ့တော့ပါဘူး...။
ဒီလိုနဲ့ နှစ်တွေကြာတဲ့နောက် တနေ့ မှာတော့လူကြီးပြန်လာခဲ့ပါတယ်။
ဝမ်းနည်းပါတယ်လူကလေးရယ်...ဒီတခါတော့ငါ့မှာမင်းကိုပေးစရာဘာမှမရှိတော့ပါဘူး...။
ပန်းသီးတွေလည်းမရှိတော့ဘူးလို့ ပြောရှာတယ်...။
ကိစ္စမရှိပါဘူးဗျာ...ကျနော့်မှာပန်းသီးတွေကိုကိုက်စားနိုင်တဲ့သွားတွေမရှိတော့ဘူးလို့ လူကြီးကဆိုသတဲ့...။
သစ်ပင်ကြီးကလူကြီးကိုကြည့်ပြီး ဟိုတုန်းကလို ငါ့အပေါ်ကိုတွက်တက်ပြီး
မင်းကစားလို့ မရတော့ဘူးနော်...။
လူကြီးကလည်းကျနော်အိုနေပါပြီလို့ ဆိုပြန်တယ်...။
တကယ်လည်းငါ့မှာ မင်းကိုဘာမှပေးစရာမရှိတော့ပါလားနော်...
ငါ့မှာကျန်တာဆိုလို့  သေဆုံးခါနီး အမြစ်ဆုံသစ်ငုတ်တိုကြီးပဲရှိပါတော့တယ်ကွယ်လို့ 
မျက်ရည်စက်လက်နဲ့ ပြောရှာသတဲ့...။
အခုအချိန်မှာကျနော်ဘာမှသိပ်မလိုတော့ပါဘူး...
ဖြတ်သန်းခဲ့တဲ့နှစ်ကာလတွေကြာခဲ့သလို ကျနော့်ဘ၀မောပမ်းလွန်းနေပါပြီဗျာ...။
ဒါဆိုရင်ကောင်းပါပြီကွယ်...။
ဟောဒီသစ်ငုတ်အိုကြီးကမင်းအတွက်နားခိုစရာပေါ့...။
လာလေ...မင်းထိုင်နားလိုက်ပါဦးလို့ သစ်ပင်ကြီးကပြောတော့...
လူကြီးက သစ်ငုတ်တိုပေါ်မှာထိုင်ပြီးနားနေလိုက်တော့တယ်...။
သစ်ငုတ်တိုကြီးကတော့ မျက်ရည်တွေနဲ့ ပြုံးနေရှာတာပေါ့...။
လူတိုင်းမှာပန်းသီးပင်ကြီးတပင်တော့ရှိခဲ့မှာပါနော်...။
အဲဒီလိုပါပဲ...ကိုယ့်ရဲ့ဖေဖေနဲ့ မေမေ ဆိုတာ ပန်းသီးပင်ကြီးလိုပဲပေါ့....။
ဘယ်လောက်ပဲအလုပ်တွေများနေပါစေ...ကိုယ့်ဖေဖေ မေမေနဲ့ အတူ အချိန်တွေကို
ပျော်ရွှင်စွာဖြတ်သန်းဖို့ မမေ့နဲ့ ပေါ့...။
ပုံပြင်လေးကတော့ဒါပါပဲ...။
ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ပါးပျော်ရွှင်ချမ်းမြေ့ကြပါစေ...။
No comments:
Post a Comment