မဆိုင်တဲ့သူတွေလည်း ကိုယ့်ကြောင့်နဲ့ စိတ်အနှောက်အယှက်ပေးသလိုဖြစ်သွားမိတယ်။
စိတ်မကောင်းလိုက်တာ…. သူတို့ ခမြာဘာမသိညာမသိနဲ့ အလည်ကြားကဓါးစာခံလိုဖြစ်လို့ ……
ကိုယ်ကတော့ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလိုမျိုးပေါ့လေ….
ဘာမှမဆိုင်တဲ့သူတွေကိုဆွဲထည့်ပြီး ထိကပါးရိကပါး လုပ်နေတာကို မခံချင်လို့ တုန့် ပြန်လိုက်တဲ့
အကြောင်းတရားက ကိုယ့်ကိုစိတ်ဒုက္ခပေးသွားတော့တာပါပဲ။
ပုထုစဉ်ပီပီ သူခိုးကလူပြန်ဟစ်သလိုမျိုး ခံစားလိုက်ရတော့ စိတ်ထဲမှာ သတိလက်လွတ်ဖြစ်သွားပါရောလား…..
ဆရာတော်တွေ သံဃာတော်တွေရဲ့ အဆုံးအမတွေကို ဒီလောက်ဖတ်ရှု့ ပြီး ကိုယ့်စိတ်ကိုဆုံးမနေတာတောင်မှပဲ
သတိကလွတ်သွားရသေးတယ်လို့ ကိုယ့်ကိုယ်ကို အပြစ်တင်လို့ မဆုံးပါဘူး……။
အမှန်တကယ်တော့အဲဒီမသူတော်ကို ဥပေက္ခာပြုထားပြီးသားပါ…. ဒါပေမယ့် မရမက
လိုက်ပြီးနှောက်ယှက်နေတာကို
မခံနိုင်တဲ့အဆုံး တုံ့ ပြန်လိုက်မိတာပါပဲ……။
အဲဒီမသူတော်နဲ့ တွေ့ ပြီးမှ ၀င်လိုက်တဲ့အကုသိုလ်တွေ အပုံလိုက်ပါပဲ….။
အမှိုက်လိုလူတွေနဲ့ တွေ့ ရတဲ့အခါမှာ ကိုယ်လည်းအမှိုက်တွေကို မလိုချင်ပဲရလိုက်ပါတယ်…။
ဒီပုဂ္ဂိုလ်မှာဟီရိသြတပတရားဆိုတာလုံးဝ မသိ မရှိတဲ့အပြင် လောကကြီးမှာ အရှက်နဲ့ လူလုပ်တာမဟုတ်ပဲ
အသက်နဲ့ လူလုပ်နေတဲ့အင်မတန်မှယုတ်ညံ့တဲ့လူအမျိုးအစားပါပဲ…. ။
မျက်နှာကလည်းပြောင်လိုက်တာမှလွန်စွာပါပဲ….ဗြောင်လိမ်ဗြောင်စားနဲ့ လူတွေကြားထဲမှာ
သိုးရေခြုံထားတဲ့ဝံပုလွေလို
ခပ်တည်တည်နဲ့ သူတော်ကောင်းယောင်ဆောင်ပြီးသွားနေလိုက်တာများ
နေရာလွတ်တကွက်တောင်မရှိလောက်အောင်ပါပဲ….။
သြချ လောက်စရာကောင်းတဲ့သူယုတ်မာပါပေ…..။
ဒေ၀ဒတ်ကတော့ သူပြုတဲ့အကုသိုလ်တွေ များပြားလာပြီးအရှိန်အဟုန်နဲ့ အကျိုးပေးတဲ့အခါမှာတော့
အရှင်လတ်လတ် မြေမြိုခံလိုက်ရပြီး အ၀ီစိကိုရောက်သွားရတာပဲ….။
အခုလည်းအဲဒီပုဂ္ဂိုလ်ဟာ တို့ မီးရှို့ မီးလုပ်ပြီး
လူတကာကိုအနှောက်ယှက်လိုက်ပေးနေတာကြာပါပြီ...
လူပေါင်းများစွာဟာလည်းအဲဒီမသူတော်ရဲ့
ကောက်ကျစ်စဉ်းလဲလိမ်လည်လှည့်စားမူ့ တွေကို
ဘာမှမသိပဲခံနေကြရရှာတာပါ...
လူတွေတင်မက ရဟန်းသံဃာတော်တွေပါမကျန်
ယုတ်ယုတ်မာမာဟန်ဆောင်လိမ်ညာတာပါ..... ဒီပုဂ္ဂိုလ်ရဲ့အကုသိုလ်ကတော့
အင်မတန်မှကြောက်စရာကောင်းပါတယ်….။ ထိုသူယုတ်မာကို လောကကြီးက
ဒဏ်ခတ်တဲ့တနေ့ တော့ မရူ့ မလှခံရမှာပါ...
အခုနေတော့ ဒီအကုသိုလ်တွေ အကျိုးပေးချိန်မတန်သေးသ၍
သူလုပ်သမျှဟုတ်လှပြီလို့ အထင်ကြီးပြီး ယုတ်မာချင်သလိုယုတ်မာလိုက်ဦးပေါ့......
မိမိလုပ်တဲ့အကုသိုလ် မိမိဆီကိုပြန်ရောက်လာ ရင်တော့လောက သဘာဝအတိုင်းခံစားရမှာပါ…။
သူတော်ကောင်းတွေဆိုတာကတော့ ဘယ်သူယုတ်မာ ဘယ်လို ဒုက္ခပေးပေး တွေ့ စဉ် ခဏပဲ ခံစားရတာပါ…။
ပြီးရင်တော့ ဓမ္မတရားရဲ့ အရိပ်အောက်မှာ နှလုံးစိတ်ဝမ်းငြိမ်းချမ်းနေတာပါပဲလေ……။
"မသူတော်နှင့်တွေ့ သောခါဝယ်"
နှလုံးစိတ်ဝမ်း
ညစ်နွမ်းခြင်းဖြင့်
ငြိုးနွမ်းပင်ပမ်း
လောင်ကျွမ်းအကုသိုလ်
ငါ၏ကိုယ်အား
နေအစင်းစင်းပူပြင်းစေခဲ့….
ထိုသို့ ခံစား
လောင်ကျွမ်းသော်ငြား
ငါ၏စိတ်ထား
ယုတ်ညံ့သွားသည်
မရှိလေခဲ့….
သူတော်သူမြတ်
အားကိုးရာဟု
ဗုဒ္ဓစကားရှိသောခါဝယ်
နှလုံးစိတ်ဝမ်း
ငြိမ်းချမ်းခြင်းဖြင့်
ပိန်းကြာရွက်ပေါ်
ရေမတင်သို့ 
ထိုအကုသိုလ်
အစုစုတို့ 
ငါ့အားမတရား
နှိပ်စက်ခြင်းငှာ
မစွမ်းသာသည်
ဖြစ်ရလေ၏…
ဤကား
မမှိတ်မသုံ
ငါယုံကြည်သော
ဓမ္မတရား၏တန်ခိုးတည်း…။
No comments:
Post a Comment