လူမိုက်ဆိုတော့၊ သူတပါးအသက်ကိုသတ်သောသူ၊သူတပါး
ပစ္စည်းကို ခိုးယူသူ၊သူတပါးပစ္စည်းကို လုယက်ဓါးမြတိုက်သူ၊ ဟုမြင်
မိနေကြမှာပါ။ မြတ်စွာဘုရားကတော့ လူမိုက်ဆိုတာကို
အောက်ပါအတိုင်းဖွင့်ပြထားပါတယ်။
(၁) မကောင်းတာ တွေးနေတဲ့သူ၊
(၂) မကောင်းတာ ပြောနေတဲ့သူ၊
(၃) မကောင်းတာ လုပ်နေတဲ့သူ ။
အဲဒီ(၃)ရပ် နဲ့ညီနေရင်တော့ ပစ္စည်းဥစ္စာဓနတွေနဲ့ဘယ်လောက်
ချမ်းသာပါစေ၊ ပညာတွေ၊ ရာထူး၊ အာဏာ၊ ဂုဏ်တန်ခိုးသတ္တိ၊နဲ့ ရှိရှိ
အနုပညာမှာလဲဘယ်လောက်ကျော်ကြားနေပါစေ၊ မြတ်စွာဘုရားက
တော့ လူမိုက်လို့ ဟောကြားထားပါတယ်။
မင်္ဂလာတရားနဲ့အညီ လူမိုက်လက္ခဏာတွေ ရှိနေသူကို မမှီဝဲ
မဆည်းကပ်နေပါစေ မိမိကိုယ်တိုင်က မကောင်းတာတွေးနေခြင်း၊
မကောင်းတာပြောနေခြင်း၊ မကောင်းတာပြုခဲ့နေမယ်ဆိုလျှင် လူမိုက်
သာဖြစ်နေပြီး၊ အတွင်းလူမိုက်နှင့်ပေါင်းနေခြင်းပင်ဖြစ်သည်၊
ထို့ကြောင့်တနေ့ကုန်ဆုံး၍ အနားယူချိန်တွင် မိမိ၏တနေ့တာ
မကောင်းသည့်အတွေး တွေးခေါ်မိခြင်းလား၊ မကောင်းသည့်စကား
ပြောမိလား၊ မကောင်းသည့်အလုပ် လုပ်မိလားဟူ၍
ပြန်လည် ဆန်းစစ်ရန်ပင်ဖြစ်သည်။
အမှန်စင်စစ်မှာ ပြုမူမိသည့် အမူအရာ နှင့် စရိုက် တို့ပင်ဖြစ်သည်၊
ဓါတ် ဆိုသည့်သဘောနှင့်တူသည်၊ ဓာတ်တို့၏သဘော
မှာ ကူးဆက်တတ်သည်ပင်၊ အကောင်းနှင့် အဆိုးမှာ အဆိုးသည်ပို၍
ကူးဆက်မြန် တတ်သည်။
အသေ၀နာစ ဗာလနံ၊ ဧတံမင်္ဂလမုတတမံ။
လူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်းသည်
မြတ်သော မင်္ဂလာမည်၏ ။
လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့၊
မမှီဝဲနဲ့ကင်းအောင်နေ။
တခါတုန်းက ဗာရာဏသီပြည်မှာသာမ ဆိုတဲ့ မင်းတပါးမှာ
ပဏ္ဍ၀ ဆိုတဲ့ မြင်းဟာ အလွန်တော်တဲ့ အသိဥာဏ်ထူးရှိတာကြောင့်
မင်္ဂလာမြင်း ဆိုပြီး တခြားမြင်းတွေထက် အခွင့်အရေးပိုရလေသည်။
တစ်နေ့တော့ အဲဒီမင်္ဂလာမြင်းကို ထိန်းဖို့ ဂိရိဒတ္တဆိုတဲ့ မြင်းထိန်း
တစ်ယောက်က မခေါ်ဘဲရောက်လာခဲ့တယ်၊ အဲဒီမြင်းထိန်း ရဲ့ထူးခြား
ချက်ကတော့ ခြေခွင်နေတာပါ။ မြင်းထိန်းကတော့ အစစ အရာရာပြုစု
ပေးပြီး မြင်းစားကျက် မှာလည်း ကျောင်းပေးရတော့ မြင်းရဲ့ရှေ့ကနေ
ထော့နဲ့ထော့နဲ့ လျှောက်တော့ မြင်းက ကာလတစ်ခုကြာလာတော့မြင်း
ထိန်းလျှောက်သလို ထော့နဲ့ထော့နဲ့ နဲ့လျှောက်တတ်ပြီပေါ့၊
တစ်နေ့တော့ မင်းချင်း တစ်ယောက်က တွေ့ရာ မင်းကြီးကို
လျှောက်တင်လေတော့၊ မင်းကြီးကလည်း အနာထင်ပြီး ဆေးဆရာနဲ့
စစ်ဆေးတော့ ဘာရောဂါအနာတရမရှိတာတွေ့ရတော့၊ ဆေးဆရာက
မင်းကြီးကို ဘာရောဂါမှမရှိကြောင်း လျှောက်တင်တာပေါ့၊ ဒါနဲ့ ဘုရား
လောင်းပညာရှိအမတ်ဆီ ၊ဒီအမူကိစ္စရောက်တော့ ပညာရှိက စုံစမ်းရင်း
ထော့နဲ့ထော့နဲ့ မြင်းထိန်းကို တွေ့တော့ ချက်ချင်းသိတာနဲ့ မင်းကြီးဆီ
သွားပြီးလျှောက်တင်တော့တာပေါ့။
"အရှင်မင်းကြီးရဲ့ မင်္ဂလာမြင်း ခြေထောက် ထော့နဲ့ထော့နဲ့ဖြစ်တာ
မြင်းထိန်း ထော့နဲ့ထော့နဲ့ ဖြစ်တာ အတုလိုက်ဖြစ်တာပါဘုရား"
" ဒါဆို ယ္ခင်လိုကောင်းအောင် ဘယ်လိုလုပ်ရလဲ "
'ဒါကလွယ်ပါတယ်ဘုရား၊ ခန္ဓာကိုယ်ကောင်းတဲ့ မြင်းထိန်းကိုရှေ့
ကကောင်းကောင်းပြန်လျှောက်ခိုင်းပေးပါ ဘုရား၊ ယ္ခင်အကောင်းတိုင်း
ပြန်ဖြစ်ပါလိမ့်မည် ဘုရား" မင်းက ဘုရားလောင်းပညာရှိအမတ်ပြော
သည့်အတိုင်းလုပ်ရာ မင်္ဂလာမြင်းလည်း အကောင်းအတိုင်းပြန်ဖြစ်
သွားလေသည်။ (ငါးရာငါးဆယ် ဂိရိဒတ္တဇာတ်တော်မှ)
တံငါ နားနီးတံငါ၊ မုဆိုးနားနီး မုဆိုးဆိုသကဲ့သို့ ပတ်ဝန်းကျင်
အနေအထား၊ အသိုင်းအ၀ိုင်းတို့သည်လည်း၊ အတုမြင် အတတ်သင်
စရာတွေပင်ဖြစ်ပါသည်၊ ထို့ကြောင့် မကောင်းတာတွေးနေတဲ့သူ၊
မကောင်းတာပြောနေတဲ့သူ၊ မကောင်းတာလုပ်နေတဲ့သူ၊ အဂါင်္သုံးပါး
နှင့်ညီသောသူသည်၊ ဘုရားရှင်ဟောသလို လူမိုက်နှင့်တူပေသည်ဆိုသည်ကို
ကောင်းတာတွေးနေတဲ့သူ
ကောင်းတာပြောနေတဲ့သူ
ကောင်းတာလုပ်နေတဲ့သူ ဟုတ်မဟုတ် တစ်နေ့တာရဲ့ကာလ
အချိန်တစ်ခုမှာ၊ အသင်သည်လည်း လူကောင်းဟုတ်မဟုတ်ပြန်လည်
ဆန်းစစ်ပြီး၊ မကောင်းတာတွေ တွေးမိ၊ ပြောမိ၊ လုပ်မိခဲ့ရင် မိမိ
ကိုယ်ကို အားနာစရာမလိုပဲ လူမိုက်ဟုသာလျှင် သတ်မှတ်ပါဟု။
( စာပေဗိမ္မာန်ပထမဆုရ ဆရာတော် ရဝေနွယ်)
No comments:
Post a Comment