လေးစားတယ်၊ အားကိုးတယ်ဆိုတာ၊
ချစ်ခင်ထိုက်၊ ယုံကြည်ထိုက်၊ လေးစားထိုက်
အားကိုးထိုက်မှပဲ တကယ်ရနိုင်တယ်။
အဲသလိုချစ်ခင် ယုံကြည် လေးစား အားကိုးထိုက်တဲ့သူဖြစ်ဖို့ ဆိုတာ
ကိုယ်ကျင့်သိက္ခာရှိမှ ပေးထားတဲ့ကတိတည်မှ
အကျိုးစီးပွားကို မျှဝေခံစားမှ တတ်နိုင်တာကို
အကူညီပေးမှရတယ်။
*~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*
ကိုယ့်မှာအသိအမြင်အသစ်တွေရတယ်၊
စိတ်ထားတွေမြင့်လာတယ်၊ ရည်မှန်းချက်တွေမြင့်လာတယ်။
ကိုယ့်မှာလူသစ် စိတ်သစ်တွေ ဖြစ်သွားသလိုခံစားရတယ် ။
အဲသလို ဆက်ဆံရေးမျိုးကို Transformational Relationship လို့ ခေါ်တယ်။
ပြောင်းလဲသွားစေတဲ့ဆက်ဆံရေးဖြစ်တယ်။ နှစ်ဦးနှစ်ဖက်လုံးပြောင်းလဲသွားတယ်။
ဒါပေမယ့်တယောက်ကိုတယောက်လွှမ်းမိုးဖို့ တော့လုံးဝမကြိုးစားဘူး။
အဲသလိုဆက်ဆံရေးမျိုးကိုရတယ်ဆိုရင် လူ့ ဘ၀မှာတန်ဖိုးအရှိဆုံး အရာကိုရသလိုပဲ။
ငွေနဲ့ တိုင်းတာပြီးတန်ဖိုးဖြတ်လို့ မရဘူး။
ဘာနဲ့ မှတိုင်းတာပြီးတန်ဖိုးဖြတ်လို့ မရဘူး။
*~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*
ကိုယ့်ဘ၀ကိုအဆင်ပြေအောင်နေလို့ ရတယ်ဆိုတာကို ယုံကြည်တဲ့သူနဲတယ်။
မုသားမပါ လင်္ကာမချော ဆိုတာကို လက်ခံတဲ့သူ ကျင့်သုံးတဲ့သူများတယ်။
ဘာဖြစ်လို့ လဲ...ကြောက်လို့ .... ဘာကိုကြောက်တာလဲ...
မရမှာကြောက်တာ...ဘာကိုမရမှာကြောက်တာလဲ
ခင်မင်မူ့ ကိုမရမှာကြောက်တာ...ဘာကိုမရမှာကြောက်တာလဲ...ခင်မင်မူ့ ကိုမရမှာကြောက်တယ်။ ကျောင်းသားတွေဆိုရင်လည်း အမှတ်များများမရမှာကြောက်တယ်။
ငွေများများမရမှာကြောက်တယ်။ မတိုးတက်မှာကြောက်တယ်။
လူအများရဲ့ ထိုက်ထိုက်တန်တန် ယုံကြည်မူ့ ကိုမရမှာ မကြောက်ဘူးလား။
မရိုးသားတဲ့လူ၊ မယုံကြည်ရတဲ့သူလို့ အထင်ခံရမှာမကြောက်ဘူးလား။
*~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*
ဒုက္ခတခုကို ထပ်ခါထပ်ခါ ကြုံနေရရင်
ကိုယ်တခုခုမှားနေပြီ...
စိတ်နေသဘောထားဖြစ်ချင်ဖြစ်မယ် ပြောပုံဆိုပုံဖြစ်ချင်ဖြစ်မယ်၊
လုပ်ပုံကိုင်ပုံမှားနေတာလည်းဖြစ်နိုင်တယ်
မလုပ်သင့်တာကို လုပ်နေလို့ ဖြစ်မယ်
မစားသင့်တာကိုစားနေလို့ ဖြစ်မယ်။
မတွေးသင့်တာကိုတွေးနေလို့ လည်းဖြစ်နိုင်တာပဲ
ဒုက္ခတွေက အမှားပြင်ပါလို့  ကိုယ့်ကိုပြောနေတယ်။
*~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*
ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ ) ၏ သိစရာတွေးစရာ မှကောက်နှုတ်ဖေါ်ပြသည်။
No comments:
Post a Comment