Saturday, May 27, 2017
*~~~ချယ်ရီပန်းတို့ ပွင့်ရာမြေ~~~*
လေပြေလေညှင်းလေး ဖြေးဖြေးလေးတိုက်တဲ့ အခါမှာ
ချယ်ရီပန်းပွင့်လေးတွေ ပင်ယံပေါ်ကနေ 
တဖွဲဖွဲကြွေနေတာလေးကို မြင်ရတဲ့ မနက်ခင်းလေးဟာ
သဘာဝရဲ့ သက်ရှိပန်းချီကားတချပ်ကို ကြည့်နေရသလို... 
ဘယ်အရာနဲ့ မှ နှိုင်းပြလို့ မရနိုင်တဲ့ငြိမ်းချမ်းအေးမြမူ့ ကို ခံစားရမိတယ်...။
Sakura - ဆာကူရာလို့ ခေါ်တဲ့ ချယ်ရီပန်းလေးတွေဟာ 
လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်ချီကတည်းက ဟိမ၀န္တာတောင်တန်းကြီးတွေကနေ
မွေးဖွားခဲ့တဲ့ပန်းကလေးတွေဖြစ်တယ်လို့ ဆိုပါတယ်...။
  တပင်လုံးညွှတ်နေအောင် လှပစွာဖူးပွင့်ပြီး
 ငြိမ်းချမ်းခြင်းကို သာဓကပြုတဲ့ ဒီပန်းလေးတွေကို
ဂျပန်လူမျိုးတွေက အလွန်ပဲ တန်ဘိုးထား မြတ်နိုးကြပါတယ်...။ 
သူတို့ နိုင်ငံရဲ့ Samurai ဆာမူရိုင်းလို့ ခေါ်တဲ့ ကျဆုံးသွားတဲ့သူရဲကောင်းတွေဟာ
ချယ်ရီပန်းလေးတွေအဖြစ် ပြန်လည်မွေးဖွားလာကြတယ်လို့ 
ပုံပြင်လေးတပုဒ်လို ယုံကြည်ကြပါတယ်...။
ဂျပန်နိုင်ငံမှာ ချယ်ရီပန်းလေးတွေပွင့်တဲ့ရာသီ March လ ကနေ April လဆန်းအထိ
Hanami လို့ ခေါ်တဲ့ Spring ရာသီကြိုဆိုပွဲတွေကို နေ့ ရောညပါ ပြုလုပ်လေ့ရှိကြပါတယ်...။
ညအချိန်မှာ ကျင်းပတဲ့ ပွဲတော်ကိုတော့   yozakura (夜桜) "night sakura"
လို့ ခေါ်ကြတယ်လို့ ဆိုပါတယ်...။ 
အမေရိကန်နိုင်ငံကို ချယ်ရီပန်းလေးတွေ ရောက်ရှိလာတဲ့အကြောင်းကတော့
၁၉၁၂ ခုနှစ် March လ ၂၇ ရက်နေ့ မှာ
အမေရိကန်နိုင်ငံကို Yoshino ရိုရှီနို လို့ ခေါ်တဲ့ ချယ်ရီပန်းပင်
၃၀၀၀ ကိုလက်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်...။
၁၉၆၅ နှစ်မှာ နောက်ထပ်တခါ ချယ်ရီပင်ပေါင်း ၃၈၀၀ ကို လက်ဆောင်ပေးခဲ့ပါတယ်...။
The National Cheery Blossoms Festival ကိုနှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိပါတယ်...။ 
"Annual Sakura Cherry Blossom Festival" ကိုကျင်းပကြပါတယ်...။
ချယ်ရီပန်းလေးတွေပွင့်တဲ့အချိန် ဒီရာသီလေးမှာ
ကိုယ်ထိုင်နေကျနေရာလေးနဲ့ ကိုယ်လျှောက်နေကျလမ်းကလေး...
"The Love Of Cherry Tree" 
The sun shine so bright
 in the quiet morning
I sit alone silently under the cherry tree
The pink flowers softly glow 
on the beautiful tree
A gentle breeze 
run through the leaves peacefully
The little birds singing happily 
on the branch of the tree
The smell of cherry blossoms so sweet
fills the air that I breath
Oh... what a beautiful morning that I see
And I know in my heart
The Love Of Cherry Tree.
Written By 
Me  :)
 Scion အတွက် Kwanzan ချယ်ရီပန်းလေးလက်ဆောင်  :)
ချယ်ရီပန်းမျိုးပေါင်းများစွာရှိပါတယ်...
ကိုယ်အလွန်နှစ်သက်တဲ့ပန်းတမျိုးကတော့
 kwanzan လို့ ခေါ်တဲ့ချယ်ရီပန်းမျိုးလေးပါ...
ပန်းနုရောင်လေးနဲ့  အပွင့်ကလည်း နှင်းဆီပန်းနဲ့ အလွန်တူသလို
ရနံ့ ကလည်းနှင်းဆီရနံ့ လိုသင်းပျံ့ ပါတယ်...။
ကိုယ့်ကိုခင်မင်ကြတဲ့ဓမ္မမိတ်ဆွေသူတော်ကောင်းများအားလုံးကို
 ချယ်ရီပန်းလေးတွေနဲ့ အတူ
မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်...
January ၂ရက်နေ့ ကစပြီး  တဆောင်းတွင်းလုံး တက်လိုက်ရတဲ့
ကိုယ့်ကျောင်းက အခု May လ ၁၅ ရက်နေ့ မှ Semester ပြီးဆုံးသွားပါတယ်...
ကျောင်းတက်ရင်းနဲ့  အစိုးရကျောင်းတခုမှာ ကလေးတွေကို စာသင်ပြပေးရတဲ့
Volunteer - အလုပ်ကိုလည်း လုပ်နေတာမို့ လုံးဝမအားတာနဲ့ 
ကိုယ့် Blog မှာ စာတွေလည်းမရေးဖြစ်ပါ...
(ကိုယ်ကစာရေးဆရာလည်းမဟုတ်ဘူးလေ...ဒါလည်းတခုပါ...)
ယခုကျောင်းပိတ်နေတဲ့နွေရာသီ ရသလောက် အချိန်အနည်းငယ်လေးမှာ
တခုတော့ ပြောပါရစေ...
ကိုယ့် Blog မှာ မင်္ဂလာရှိတဲ့အကြောင်းတရားလေးတွေနဲ့ 
ဗဟုသုတရစရာ လေးတွေကိုပဲ ရေးချင်ပါတယ်...
ဗုဒ္ဓရဲ့ အဆုံးအမ ဓမ္မတရားတော်နဲ့ ဆန့် ကျင်ဖက်ဖြစ်တဲ့
အမင်္ဂလာဖြစ်မယ့် အကြောင်းတရားတွေကို 
ဘ၀ရဲ့အလွန်တန်ဘိုးရှိတဲ့အချိန်တွေကို အကုန်ခံပြီး လုံးဝဥသုံ မရေးချင်ပါ...။
 မည်သူ့ အတွက်မှ အကျိုးမရှိတဲ့ မင်္ဂလာမရှိတဲ့အကြောင်းတရားတွေကို
ရေးသားမျှဝေချင်စိတ်လည်းအလျှင်းမရှိပါ...။ 
ဓမ္မမိတ်ဆွေသူတော်ကောင်းများအားလုံးပဲ 
ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...
*
*
*
No comments:
Related Posts Plugin for WordPress, Blogger...
စကားအင်္ဂါ ( ၅ ) တန်
( ၁ ) ကာလ = ပြောသင့်သောအခါမှပြောရာ၏၊ အချိန်မတန်လျှင်မပြောဆိုရာ ။
( ၂ ) သစ္စာ = အမှန်ကိုသာပြောဆိုရာ၏၊ မမှန်မကန် လုပ်ကြံမပြောဆိုရာ။
( ၃ ) သဏှာ = နူးညံ့ချိုသာစွာပြောဆိုရာ၏၊ ခက်ထန်ရင့်သီးစွာမပြောဆိုရာ
( ၄ ) အတ္တံသဟိတ = အကျိုးစီးပွားဖြစ်မည့်စကားကိုသာပြောဆိုရာ၏။
အကျိုးယုတ်မည့်စကားကို မပြောဆိုရာ။
( ၅ ) မေတ္တာစိတ္တ = မေတ္တာရှေ့ ထားပြောဆိုရာ၏၊ ဒေါသမောဟဖြင့်မပြောဆိုရာ။
( အင်္ဂုတ္ထိရ်ပါဋ္ဌိတော် )
မိမိရင်းနှီးကျွမ်းဝင်သူရှိရာနေရာ၊ အရပ်သည် မွေ့ လျှော်ဖွယ်ရာဖြစ်ပါလိမ့်မည်။
မိမိရင်းနှီးကျွမ်းဝင်သူလျှောက်လှမ်းတတ်ရာ တောလမ်းနှင့်
သစ်ပင်တမ်းကလေးသည်ပင် နှစ်လိုဖွယ်ရာ မွေ့ လျှော်ဖွယ်ဖြစ်ပါလိမ့်မည်။
ကောင်းမြတ်သောစကားကိုဆိုတတ်သော၊ အပြစ်မဲ့စွာပြုမူဆက်ဆံတတ်သော၊
မိမိကိုနားလည်တတ်သော၊ မိမိကိုအလေးအနက်ထားတတ်သောသူနှင့်
အတူနေရခြင်းသည်လည်းမွေ့ လျှော်ဖွယ်ရာရှိပါလိမ့်မည်။
မိမိနှင့်ကျွမ်းဝင်သောသူနှင့် စားရခြင်းသည်လည်းနှစ်လိုဖွယ်ရှိပါလိမ့်မည်။
သို့ ပေမယ့် ဤသည်လို ရင်းနှီးကျွမ်းဝင်သူမျိုးကို ရဖို့ မလွယ်။
တွေ့ ဖို့ ရာမလွယ်......မလွယ်လှချေတကား။
(နန္ဒာသိန်းဇံ)
dhamma
တရားနာဖို့ အချိန်......
ဆရာတော်ဘဒ္ဒန္တနန္ဒမာလာဘိဝံသ( MA,PhD ) ဟောကြားသောတရားတော်များ...
ဖိုင်အမှတ်စဉ် - ၁
၀၀၁။ ဓမ္မသင်္ဂဏီကျမ်း
၀၀၂။ ဓမ္မသင်္ဂဏီကျမ်း
၀၀၃။ ဓမ္မသင်္ဂဏီကျမ်း
၀၀၄။ ဓမ္မသင်္ဂဏီကျမ်း
၀၀၅။ ဓမ္မသင်္ဂဏီကျမ်း
ဖိုင်အမှတ်စဉ် - ၂
အဘိဓမ္မာဒေသနာတော်ကြီး
၀၀၆။ အဘိဓမ္မာမြတ်ဒေသနာ
၀၀၇။ သမ္ဗုတိသစ္စာနှင့်ပရမတ္တသစ္စာ
၀၀၈။ ရုပ်တရားကိုလေ့လာသုံးသပ်ခြင်း (၁)
၀၀၉။ ရုပ်တရားကိုလေ့လာသုံးသပ်ခြင်း (၂)
၀၁၀။ နာမ်တရားကိုလေ့လာသုံးသပ်ခြင်း
၀၁၁။ စိတ်ကိုလေ့လာသုံးသပ်ခြင်း
၀၁၂။ စိတ်ကိုအမှီပြုအင်အားစုများ
၀၁၃။ စိတ်၏အညစ်အကြေးများ
၀၁၄။ စိတ်ဖြူစင်မှုအင်အားစုများ(၁)
၀၁၅။ စိတ်ဖြူစင်မှုအင်အားစုများ(၂)
၀၁၆။ စိတ်ဖြစ်ပုံကိုလေ့လာခြင်း (၁)
၀၁၇။ စိတ်ဖြစ်ပုံကိုလေ့လာခြင်း (၂)
၀၁၈။ စိတ်၏အာရုံများနှင့်ဆောင်ရွက်မှုကိစ္စများ
၀၁၉။ စိတ်ဖြစ်စဉ်ကိုလေ့လာခြင်း (၁)
၀၂၀။ စိတ်ဖြစ်စဉ်ကိုလေ့လာခြင်း (၂)
၀၂၁။ စိတ်ကိုအာရုံနှင့်လေ့ကျင့်ခြင်း
၀၂၂။ သတ္တဝါတို့၏(၃၁)ဘုံ
၀၂၃။ ဘဝနိဂုံးသေဆုံးခြင်း
၀၂၄။ဘဝသစ်၌ပြန်လည်မွေးဖွားခြင်း
၀၂၅။ နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်း
ဖိုင်အမှတ်စဉ် - ၃
၀၂၆။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
၀၂၇။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
၀၂၈။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
၀၂၉။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
၀၃၀။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
၀၃၁။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
၀၃၂။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
၀၃၃။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
၀၃၄။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
၀၃၅။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း
ဖိုင်အမှတ်စဉ် - ၎
၀၃၆။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၃၇။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၃၈။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၃၉။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၄၀။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၄၁။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၄၂။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၄၃။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၄၄။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၄၅။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၄၆။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၄၇။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၄၈။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၄၉။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၅၀။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၅၁။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၅၂။ ပဋ္ဌာန်းမြတ်ဒေသနာ
၀၅၃။ ပဋ္ဌာန်းမြတ်ဒေသနာ
ဖိုင်အမှတ်စဉ် - ၅
၀၅၄။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
၀၅၅။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
၀၅၆။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
၀၅၇။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
၀၅၈။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
၀၅၉။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
၀၆၀။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
၀၆၁။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
၀၆၂။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
၀၆၃။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
၀၆၄။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
၀၆၅။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
၀၆၆။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
ဖိုင်အမှတ်စဉ် - ၆
၀၆၇။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (နိဒါန်း)
၀၆၈။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ကာယာနုပဿနာ)
၀၆၉။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ဝေဒနာနုပဿနာ)
၀၇၀။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်(စိတ္တာနုပဿနာ)
၀၇၁။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ဓမ္မာနုပဿနာ)
ဖိုင်အမှတ်စဉ် - ၇
၀၇၂။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၁)
၀၇၃။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၂)
၀၇၄။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၃)
၀၇၅။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၄)
ဖိုင်အမှတ်စဉ် - ၈
၀၇၆။ သစ္စဒေသနာဓမ္မစကြာ (၁)
၀၇၇။ သစ္စဒေသနာဓမ္မစကြာ (၂)
၀၇၈။ သစ္စဒေသနာဓမ္မစကြာ (၃)
၀၇၉။ သစ္စဒေသနာဓမ္မစကြာ (၄)
၀၈၀။ အနတ္တလက္ခဏသုတ်အနှစ်ချုပ်
ဖိုင်အမှတ်စဉ် - ၉
၀၈၁။ အမြိုက်ရေစင
၀၈၂။ လူ့ပြည်ရောက်နတ်တမန်များ
၀၈၃။ ရတနာသုံးရပ်အမြဲဆည်းကပ်သည့်ဥပါသကာ
၀၈၄။ အက္ခဏ သုတ္တန
၀၈၅။ အဘယ သုတ္တန
၀၈၆။ သမာပတ္တိ သုတ္တန
၀၈၇။ သမာပတ္တိ သုတ္တန်
၀၈၈။ ရှင်သာရိပုတ္တရာမထေရ်မြတ်၏နှမတော်တို့၏ဓမ္မအမြင်များ
၀၈၉။ ကတ္တာရုဇာတ်
၀၉၀။ ရှင်သာရိပုတ္တရာမထေရ်မြတ်၏သာသနာတော်အရေးလျှောက်ထားချက်
၀၉၁။ အမြတ်ရတနာ ဥပါသကာကျင့်စဥ
၀၉၂။ အမတာဘိသေက
၀၉၃။ နိဗ္ဗာန်လမ်းပေါ်မှအဆီးအတားများ
၀၉၄။ ကိုယ့်နေရာကိုယ်နေကြ
၀၉၅။ ဗုဒ္ဓအလိုကျနေထိုင်နည်း
၀၉၆။ ဃဋိကာရ သုတ္တန
၀၉၇။ အဒိတ္တာဇာတ်
၀၉၈။ ဓမ္မသည်သာကိုးကွယ်ရာ
၀၉၉။ ပမာဒနှင့်အပမာဒ
၁၀၀။ စိတ်အကြောင်း
၁၀၁။ နတ်ပြည်မှအမှာစကား
၁၀၂။ ဒကာရင်းကိုကယ်တင်ခြင်း
၁၀၃။ ကာလာမသုတ္တန
၁၀၄။ ဘဝကိုအလှဆင်မည့်သ
၁၀၅။ စိတ်ဓါတ်ခွန်အားမြင့်တင်ထား
၁၀၆။ သောတပန်၏ဘဝရုပ်ပုံလွှာ
၁၀၇။ သြဝါဒနှင့်အမေးအဖြေ
၁၀၈။ဘဝအသွင်ကိုဓမ္မအမြင်ဖြင့်လေ့လာခြင်း
၁၀၉။ အကောင်းဆုံးသောညတစ်ည
၁၁၀။ ဃဋိကာရ၏ဘဝတစ်စိတ်သမိုင်းပုံရိပ်များ
၁၁၁။ ကိုးကွယ်ရာအမှန်တရား
၁၁၂။ လူထဲကလ
ဖိုင်အမှတ်စဉ် - ၁၀
၁၁၃။ ဓမ္မနုပဿနာ
၁၁၄။ အကျင့်မှန်မှနိဗ္ဗာန်ရ
၁၁၅။ ယနေ့လူသားများရဲ့မနက်ဖြန်ကမ္ဘာ
၁၁၆။ ရှစ်ယောက်နှင့်တစ်ယောက
၁၁၇။ တရားမြင်မှဘုရားမြင်မည
၁၁၈။ စိတ္တာနုပဿနာ
၁၁၉။ ဆပ်ကပွဲမှရသောတရားတစ်ပုဒ်
၁၂၀။ ရန်ရှင်းမှရန်ကင်းမည်
၁၂၁။ သြဃတရဏ
၁၂၂။ အရှင်အာနန္ဒာ၏အလွမ်းစကားနှင့်မြတ်ဗုဒ္ဓ၏သြဝါဒတရား
၁၂၃။ ဘဝခရီးဝယ်ရွေးချယ်ရမည့်လမ်း
၁၂၄။ လက်တွေ့ဘဝကိုပဠာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း
၁၂၅။ ဓါတုဝိဘင်္ဂသုတ်အနှစ်ချုပ်
၁၂၆။ ဆန္ဒဓိပတ
၁၂၇။ အလောင်းတော်သုမေဓါ၏ဘဝအပေါ်ရှုမြင်သုံးသပ်ချက
၁၂၈။ မြတ်သောဥစ္စာစုဆောင်းပါ
၁၂၉။ မနုဿဓမ္မနှင့်ဥတ္တရိမနုဿဓမ
၁၃၀။ အရှုံးအမြတ
၁၃၁။ ယဉ်ကျေးလိမ္မာသင်တန်း
၁၃၂။ ဘဝနှင့်နိဗ္ဗာန
၁၃၃။ အကာကိုပြစ်၍အနှစ်ကိုရှာ
၁၃၄။ အမြင်မှန်
၁၃၅။ အစွဲဖြုတ
၁၃၆။ ထာဝရတွေးထားရမယ့်ဘဝအရေးများ
၁၃၇။ လက်တွေ့ဘဝကိုပဋိစ္စသမုပ္ပါဒ်နည်းဖြင့်ဆင်ခြင်သုံးသပ်ခြင်း
၁၃၈။ သြကာသရှင်းတန်း
၁၃၉။ မှန်ကန်သောကြိုးပမ်းအားထုတ်မှု
၁၄၀။ သြဃလေးဖြာသံသရာ
၁၄၁။ အမျက်ဖြေ
၁၄၂။ ယနေ့ကမ္ဘာကြီး၏နောက်ဆုံးနေ့များ
၁၄၃။ ဒိဠေ ဒိဠေ မတ္တံ
၁၄၄။ သူတော်ကောင်းတရားတည်တန့်ပြန့်ပွါးရေး
၁၄၅။ ပညာမဲ့သဒ္ဒါ-၁
၁၄၆။ ပညာမဲ့သဒ္ဒါ-၂
၁၄၇။ ဆင်းရဲတွင်းမှလွတ်ကင်းခြင်း
ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတရားများနာကြား၍တရားထူးများရရှိနိုင်ကြပါစေ...
်ဤတရားတော်များအားမျှဝေပေးသောဆရာတော်အရှင်သူမြတ်အားကျေးဇူးအနန္တတင်ရှိပါတယ်ဘုရား...။
...
Globe