ဒီအဆောက်အဦးကြီးကိုတည်ဆောက်နေစဉ် အလုပ်သမားပေါင်း
၃၄၀၀ အတွက် လွယ်ကူစွာစားသောက်နိုင်ဖို့  Cafeteria
နဲ့  ထိခိုက်ဒဏ်ရာရရင် ကုသဖို့ အတွက် Hospital ကိုလည်း
ဒီအဆောက်ဦးကြီးထဲမှာပဲဖွင့်လှစ်ပေးထားပါတယ်...။
အထပ်ပေါင်း ၁၀၂ ထပ်ရှိတဲ့ ဒီအဆောက်အဦးကြီးကို
ဒီ Empire State Building ကြီးကို စတင်တည်ဆောက်ဖို့ အတွက်
ဖေါင်ဒေးရှင်းကို တူးတဲ့အခါမှာ အနက်ပေ ၄၀ ရောက်တဲ့အခါမှာတော့
ကမ္ဘာမြေပြင်ရဲ့အတွင်းပိုင်းမှာရှိတဲ့ အလွန်မာကြောတဲ့
ကျောက်သားအလွှာကိုတွေ့ ရှိခဲ့ကြပါတယ်...။
ဒီကျောက်သားအလွှာကြောင့်ပဲ နှစ်ပေါင်းများစွာဒီအဆောက်အဦးကြီး
အခိုင်အမာတည်ရှိနေတယ်လို့ ဆိုပါတယ်...။
ဒီအဆောက်အဦးကြီးဟာအောက်ခြေမှ ထိပ်ဖျားအထိ ပေပေါင်း ၁၄၅၄ ပေမြင့်မားပြီး
အတက်အဆင်းအတွက် Elevator ပေါင်း ၇၃ ခုရှိပါတယ်။
ရာသီဥတုကောင်းတဲ့နေ့ တွေမှာ အပေါ်ဆုံးထပ်ဖြစ်တဲ့ ၁၀၂ ထပ်ကနေကြည့်မယ်ဆိုရင်
မိုင်ပေါင်း ၈၀ အဝေးကိုမြင်ရပြီး နယူးယောက်မြို့ ကြီးနဲ့ အတူ
Connecticut, Massachusetts, Pennsylvania နဲ့ New Jersey ပြည်နယ်တွေအပြင်
ပင်လယ်ကူး သင်္ဘောတွေကိုလည်းမြင်ရတယ်လို့ ဆိုပါတယ်...။
ကမ္ဘာ့ အမြင့်ဆုံးအဆောက်အဦးကြီး ဖြစ်ခဲ့ပါတယ်။
၂၀၀၇ ခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့အကြိုက်နှစ်သက်ဆုံး
အဆောက်အဦးအဖြစ် လူအများရဲ့ မဲဆန္ဒကောက်ခံရရှိခဲ့ပါတယ်။
နယူးယောက်မြို့ သူမြို့ သားတွေက ဒီအဆောက်အဦးကြီးကို
"The nearest thing to heaven we have in New York" လို့ 
အမြတ်တနိုးခေါ်ဝေါ်ကြပါတယ်...။
နယူးယောက်မြို့ ကြီးရဲ့ ကျက်သရေဆောင်ဖြစ်သလို
Paramount
နယူးယောက်မှာတွေ့ ရတဲ့ ကမ္ဘာကျော်ရုပ်ရှင်ထုတ်လုပ်တဲ့
Paramount ကုမ္ပဏီအဆောက်အဦးကြီးပါ...
ဒီကုမ္ပဏီကြီးဟာ ကမ္ဘာပေါ်မှာရုပ်ရှင်ထုတ်လုပ်တဲ့ နာမည်ကျော်
ကုမ္ပဏီကြီး ၅ ခုထဲမှာတခုအပါဝင်ဖြစ်ပြီး ၁၉၁၂ ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး
နှစ်ပေါင်း ၁၀၄ နှစ်သက်တမ်းရှိတဲ့ကုမ္ပဏီပါ...
ဒီကုမ္ပဏီကြီးရဲ့ပင်မဋ္ဌာနချုပ်ကတော့ Hollywood California မှာပါ...။
ဒီအဆောက်အဦးကတော့ Republican ပါတီမှ
အမေရိကန် သမ္မတလောင်းအဖြစ်အရွေးခံပြီး ၀င်ရောက်ယှဉ်ပြိုင်မယ့်
ဘီလျှံနာ ဒေါ်နယ်ထရန့် ရဲ့ အဆောက်အဦးပါ...။
နယူးယောက်မြို့ က ရှေးဟောင်း Post Office ကြီးပါ
၈ ဧက ကျယ်ဝန်းပြီး သက်တမ်း ၁၀၄ နှစ် ရှိပြီဖြစ်တဲ့
ဒီစာတိုက်ကို ဆယ့်ကိုးရာစုအစောပိုင်း
၁၉၁၂ ခုနှစ်မှာတည်ဆောက်ဖွင့်လှစ်ခဲ့ပါတယ်။
စနစ်တကျသပ်ရပ်လှပစွာ တည်ဆောက်ထားတဲ့
ဆယ့်ရှစ်ရာစု နဲ့ ဆယ့်ကိုးရာစု ရှေးဟောင်းဗိသုကာလက်ရာများ...
၂၀ ရာစုနဲ့ ၂၁ ရာစု ခေတ်သစ်ဗိသုကာလက်ရာများနဲ့ မိုးမျှော်တိုက်ကြီးများ...
*~*~*~*~*
ဒီပိုစ့်လေးကိုရေးထားတာ July ဒုတိယအပတ်လောက်ထဲကပါ...
ကိုယ်က အလုပ်တွေများပြီး မအားတာနဲ့ အခုမှပဲဆက်ရေးဖြစ်ပါတယ်...။
ကိုယ့်လိုပဲခရီးသွားရင်း ဗဟုသုတလေးတွေစိတ်ဝင်စားတဲ့
ဓမ္မမိတ်ဆွေသူတော်ကောင်းများအားလုံးအတွက်
မျှဝေချင်တဲ့ဓါတ်ပုံလေးတွေ ကျန်ပါသေးတယ်...
ပျော်စရာခရီးလေးတခု ကိုယ့်ရဲ့လက်ဆောင်ပေါ့...။ :)
ဓမ္မမိတ်ဆွေသူတော်ကောင်းများအားလုံးပဲ
ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...
*
*
*
No comments:
Post a Comment