ပစ္စဖိတ်သမုဒ္ဒယာကြီးရဲ့အလယ်မှာအလွန်ငြိမ်းချမ်းလှပတဲ့
"Paradise of the Pacific" လို့ ခေါ်တဲ့ Hawaii ကျွန်းကိုအလည်ရောက်ရှိခဲ့ပါတယ်...။
ဒီကျွန်းကြီးဟာလွန်ခဲ့တဲ့နှစ် သန်းပေါင်းများစွာက ပစ္စဖိတ်သမုဒ္ဒယာကြီးရဲ့ အောက်ခြေ
ကနေမီးတောင်ပေါက်ကွဲပြီးကျွန်းဖြစ်တည်လာခဲ့တာပါ...။ Pacific သမုဒ္ဒယာကြီးရဲ့
အလယ်မှာအခြားကျွန်းငယ်လေးတွေ ရာနဲ့ ရှိပေမယ့် အဓိကကျွန်းကြီးကတော့ ရှစ်ကျွန်းရှိပါတယ်။
ဒီအထဲမှာ Hawaii က အကြီးဆုံးကျွန်းကြီးတခုပါ...။ Hawaii ရဲ့အဓိပ္ပါယ်က Big island လို့ ဆိုပါတယ်။
Hawaii ဟာ August လ ၂၁ ရက်နေ့  ၁၉၅၆ ခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့
နံပါတ် ၅၀ မြောက်ပြည်နယ်တခုဖြစ်လာခဲ့တာပါ...။ ပြည်မကြီးနဲ့ တသီးတခြား သမုဒ္ဒယာကြီးရဲ့အလယ်မှာ
တည်ရှိနေတဲ့တခုတည်းသောပြည်နယ်လည်းဖြစ်ပါတယ်...။ လူဦးရေ တသန်းခွဲနီးပါးရှိပြီး အမေရိကန်နိုင်ငံရဲ့ နံပါတ် ၄၀ မြောက်လူဦးရေအများဆုံးဖြစ်ပါတယ်...။ ပြည်နယ်ရဲ့ ဧရိယာအကျယ်အ၀န်းကတော့ နံပါတ် ၄၃ ခုမြောက်မှာရှိပါတယ်။ Hawaii ကို အလည်အပတ်ရောက်ရှိတဲ့ Tourist တွေဟာတနှစ်မှာ ၈ သန်းခွဲ
နီးပါးရှိပြီး ၀င်ငွေအားဖြင့် ၁၄ ဘီလီယံကျော်ရှိပါတယ်...။
LA မှ Honolulu, Hawaii ကိုပျံသန်းနေတဲ့ကိုယ်တို့ ရဲ့လေယာဉ်
Pacific သမုဒ္ဒယာကြီးကိုဖြတ်သန်းနေစဉ်...
လေယာဉ်ပေါ်ကနေမြင်ရတဲ့ Hawaii
ဟိုနိုလူလူ လေဆိပ်ကိုရောက်ရောက်ချင်းလေဆိပ်ကပန်းခြံထဲမှာ
စကားပန်းလေးတွေက ဓါတ်ပုံရိုက်မယ့်ကိုယ့်ကိုကြိုနေလေရဲ့...
ကမ်းခြေက တည်းခိုမယ့်ဟိုတယ်ကိုရောက်ပြီ...
ဟိုတယ်က Aloha နဲ့ ကြိုဆိုကြတဲ့ လေဒီတွေ...
ခရီးပမ်းလာတာနဲ့ ခဏနားလိုက်ပါဦးမယ်...
ဓမ္မမိတ်ဆွေသူတော်ကောင်းများအားလုံးကို Honolulu ,Hawaii ကနေ
ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုတောင်းမေတ္တာပို့ သခဲ့ပါတယ်...။
ဓါတ်ပုံလေးတွေ... ဆက်ရန်...
*
*
*
No comments:
Post a Comment