- ကိုယ်ကျင့်တရားနှင့်ပတ်သက်ပြီးပြောကြတဲ့အခါကျနော်ကထေရ ၀ါဒ စာပေ
- ထေရ၀ါဒ အတွေးအခေါ်တွေအကြားမှာကြီးပြင်းလာခဲ့တဲ့သူတယောက်ဖြစ်တာကြောင့်
- ကျနော်ပြောမဲ့အထဲမှာထေရ၀ါဒအတွေးအခေါ်တွေနဲ့ ယှဉ်တွဲနေတဲ့အရာတွေပဲဖြစ်မှာပါ။
- သက်ဆိုင်ရာလူ့ အဖွဲ့ အစည်းတွေမှာသတ်မှတ်ထားတဲ့ကိုယ်ကျင့်တရားစံနှုန်းတွေရှိတယ်
- အဲဒါတွေကိုမလိုက်နာရင်ဖေါက်ဖျက်ခဲ့ရင်
- ဘယ်လောက်အောင်မြင်တဲ့လူတွေပဲဖြစ်နေစေဦးတော့
- ရေရှည်မှာမအောင်မြင်နိုင်ဘူးမတိုးတက်နိုင်ဘူး။
- ကိုယ်ကျင့်တရားကိုဘာနဲ့ တိုင်းတာသလဲ?
- မြန်မာ့လူ့ ဘောင်မှာတော့ကိုယ်ကျင့်တရားနဲ့ ပြည့်စုံတဲ့
- လူတော်လူကောင်းသူတော်ကောင်းဆိုတာကို
- အကျင့်သီလနဲ့ ပညာ ဒီနှစ်ခုနဲ့ ပြည့်စုံတဲ့လူတွေကို
- သူတော်ကောင်းလို့ သတ်မှတ်ထားပါတယ်၊
- ဒီနှစ်ခုမှာတခုခုကချွတ်ယွင်းနေလို့ မရပါဘူး ၊ အကျင့်သီလတော့ပြည့်စုံပါရဲ့ ပညာမရှိရင်လဲအလုပ်မဖြစ်ပြန်ပါဘူး။
- ကိုယ်ကျင့်တရားမှာပညာပါတယ် ကိုယ်ကျင့်တရားကိုပညာကစောင့်ပါတယ်
- ပညာရှိမှကိုယ်ကျင့်တရားမြဲပါမယ်။
- ကိုယ်ကျင့်တရားမြဲဖို့ ဆိုတာပြောနေလို့ တော့မရပါဘူးကိုယ်တိုင်ကျင့်မှရပါမယ်။
- Reactive နဲ့  Proactive သမားဆိုပြီးလူမှာနှစ်မျိုးရှိတယ်
- Reactive သမားကတော့မျှော်နေတယ် ဘာရမလဲ ဘယ်သူလုပ်ပေးမလဲ ဒါကိုပဲစောင့်နေတယ်။
- ဆုတ်ယုတ်တဲ့အတွေးရှိတယ်။
- Proactive သမားကတော့ဖြစ်ချင်တာကိုလုပ်ယူမယ် ကိုယ့်ဘာသာကိုယ်လုပ်မယ်ဘယ်သူ့ ကိုမှမျက်နှာငယ်ငယ်နဲ့ ကြည့်နေစရာမလိုဘူးဆိုတဲ့လူမျိုး Proactive သမားတွေများများရှိနေဖို့ လိုတယ်။
- နောက်တခုက Personal Morality လုပ်နိုင်တဲ့လူတော့များတယ်။
- Social Morality လုပ်နိုင်တဲ့လူတွေကတော့အားပျော့နေတယ်။
- Social Morality သမားတွေအားကောင်းဖို့ လည်းလိုနေတယ်။
- ဘာကိုမူသေထားပြီးကိုယ်ကျင့်တရားကောင်းအောင်နေမလဲ?
- အဓိက သီလနဲ့ ပညာပဲ
- ခက်ခဲတာတော့အမှန်ပဲ အလေ့အကျင့်မပါပဲနဲ့ တော့မအောင်မြင်နိုင်ပါဘူး။
- လုပ်ဆောင်လို့ ရတဲ့အခြေခံ ၅ ချက်ရှိတယ်။
- (၁) သဒ္ဒါတရားထားပါ သဒ္ခါတရားရှိအောင်ပြောပါ ကူညီပေးပါ
- စိတ်မှာသဒ္ခါတရားလှိုင်းကြီးနေဖို့ လိုတယ်။
- သဒ္ခါတရားကောင်းတာနဲ့ အမျှကိုယ့်ရဲ့ ဟန်အမူအရာ ကိုယ်ရည်ကိုယ်သွေးကအစနှစ်လိုဖွယ်ရာဖြစ်လာမှာပဲ။
- (၂) လေးစားမူ့ ထားပါ ။ သူများကိုလည်းလေးစားပါ မိမိကိုယ်ကိုလည်းလေးစားပါ။
- လေးစားထိုက်သူဖြစ်ချင်ရင်တော့
- သီလပညာနဲ့ ပြည့်စုံအောင်နေထိုင်ရပါမယ်၊
- (၃) အချိန်ကိုသိတတ်ပါ ။ ဘယ်အချိန်မှာဘာလုပ်သင့်တယ်ဆိုတာကိုသိထားဖို့ လိုပါတယ်။
- (၄) အလုပ်တခုကိုမလုပ်ခင်ကစဉ်းစားပါ ကြိုတွေးပါ လုပ်ပြီးမှနောင်တမရပါနဲ့ ။
- (၅) ဘာလုပ်လုပ်သူတပါးကိုမထိခိုက်ပါစေနဲ့ 
- ကောင်းတာလုပ်သည်ဖြစ်စေဦးတော့ သူတပါးကိုမထိခိုက်စေဖို့ အရေးကြီးပါတယ်။
- ဒါတွေကိုလိုက်နာနိုင်ရင်တော့ကိုယ်ကျင့်တရားကောင်းတဲ့လူတယောက်ဖြစ်လာပါလိမ့်မယ်။
(ဆရာနန္ဒာသိန်းဇံ)
No comments:
Post a Comment