ရှေးဟောင်းရဲတိုက်ကြီးတခုကိုမြို့ ထဲမှာတွေ့ ခဲ့တယ်...။
ဟစ်ပီ (Hippie) တွေနေတဲ့ရပ်ကွက်လို့ ဆိုပါတယ်...
၁၉၆၀ ခုနှစ်လောက်မှာအမေရိကန်နိုင်ငံရဲ့ နယူးယောက်မြို့ နဲ့ ဆန်ဖရန်စစ်စကိုကနေ
စတင်လိုက်တဲ့ ဟစ်ပီတွေရဲ့ယဉ်ကျေးမူ့ ဟာ ကမ္ဘာအနှံ့ အပြားကိုရောက်ရှိသွားတယ်လို့ ဆိုပါတယ်။
(ပုံထဲမှာတွေ့ ရတာက ဆန်ဖရန်စစ်စကိုမှာ မြေငလျှင်လှုပ်တုန်း
ပြူတင်းပေါက်ကနေအလျှင်အမြန်ထွက်ပြေးဖို့ ကျိုးစားနေတာကို
ဟစ်ပီတွေကသရုပ်ဖေါ်ထားတယ်လို့ ထင်တာပါပဲ...။ )
ဘယ်ကားစီးချင်လဲ...ကြိုက်တာစီးလို့ ရပါတယ်...
အလကားစီးဖို့ တော့မစဉ်းစားနဲ့ ...။ :)
ကိုယ်တိုင်ကတော့လေဆိပ်က ကား Rental ကနေ တိုရိုတာ
တစီးကိုငှားပြီးမောင်းပါတယ်...ကားငှားခ ၂ရက်ကို
$130 ပေးရပြီး စပေါ်ငွေအဖြစ် $300 ပေးထားရပါတယ်...။
ကားပြန်အပ်တဲ့အခါကျရင်တော့ ကားကိုပျက်စီးမူ့ ရှိမရှိ စစ်ဆေးပြီး
ထိခိုက်မူ့ ဘာမှမရှိဘူးဆိုရင်တော့ စပေါ်ငွေကို ကိုယ့်ရဲ့ Credit Card ထဲပြန်ထဲ့ပေးပါတယ်။
ဆန်ဖရန်စစ်စကိုမှာကားမောင်းရတဲ့အတွေ့ အကြုံကတော့
မြေပြန့် ကလာတဲ့ကိုယ်တို့ လိုလူတွေအဖို့  သိပ်မကောင်းဘူးလို့ ဆိုရမှာပါ...
တောင်ကုန်းတွေအရမ်းများပြီးလမ်းတွေကကျဉ်းတော့သတိထားပြီးမောင်းရပါတယ်...
နောက်မဟုတ်ရင်တော့ အိမ်ပြန်မရောက်ဘူးဖြစ်သွားလိမ့်မယ်...။
freeway မှာမောင်းနေတဲ့ကားတွေကလည်း ပြိုင်ကားမောင်းနေသလားထင်ရတယ်...။
(ဆက်ရန်)
No comments:
Post a Comment