မြ၀တီမြို့ ကိုဘုရားဖူးသွားရာလမ်းတလျှောက်မှာ ကားစီးရတာ
လမ်းတွေကချိုင့်ခွက်တွေများတော့ ကားထဲကလူတွေအကုန်လုံးဟာ
ကားတံခါးသာပိတ်မထားရင်အပြင်ကိုစင်ကျကုန်မလားပဲ...
ဖုန်လုံးကြီးတွေကလည်းတထောင်းထောင်းနဲ့ ဖြစ်နေတာပါ...။
လူတွေရဲ့ဘ၀အခြေအနေနဲ့ နေထိုင်မူ့ အဆင့်အတန်းဟာလည်း
ကျောက်ခေတ်မှာပဲရှိနေသေးတယ်လို့ ထင်ရလောက်အောင် နိမ့်ကျနေကြတာပါ...။
အချို့ အိမ်တွေဆိုရင်ဖက်နဲ့ ထရံတောင်လုံလောက်အောင်မကာနိုင်ကြပါဘူး။
သွားတဲ့တလမ်းလုံးလည်းသေနတ်ကိုင်ပြီးစောင့်နေကြတဲ့ဂိတ်တွေကိုတွေ့ ရပါတယ်။
ကိုယ်တို့ စီးသွားတဲ့ ကားမောင်းဒရိုင်ဘာက ဂိတ်တွေရောက်တဲ့အခါမှာ
ကားကိုရပ်ပြီးဂိတ်တွေမှာ လက်နက်ကိုင်ပြီးစောင့်နေတဲ့သူတွေကို
ပိုက်ဆံသွားပေးတာတွေ့ ရပါတယ်...။ ဘယ်လောက်ပေးရလဲလို့ မေးကြည့်တော့
တဂိတ်ကိုမြန်မာငွေ အနဲဆုံးတစ်ထောင်ပေးရတယ်လို့ ဆိုပါတယ်။
သူတို့ ခမျာ နေပူကျဲကျဲဖုန်တလူးလူးထဲ ပင်ပင်ပမ်းပမ်းနဲ့ ရှာဖွေလို့ ရတဲ့
ပိုက်ဆံတွေကို သေနတ်ပြပြီးမိုက်ကြေးခွဲစားနေတဲ့သူတွေကို
ပေးချင်သည်ဖြစ်စေ မပေးချင်သည်ဖြစ်စေ ပေးနေရရှာပါတယ်...။
သေနတ်ကြီးတွေကိုင်ပြီး ပြည်သူတွေအတွက်သူတို့ ကိုယ်သူတို့ ကယ်တင်ရှင်ကြီးယောင်ယောင်နဲ့ 
မသိရင် သူတို့ ကပဲပြည်သူတွေကို ကာကွယ်ပေးနေသလိုလို...
တကယ်တော့ပြည်သူတွေကိုအမှန်တကယ်ဒုက္ခပေးနေတာသူတို့ ပါပဲ...။
ဘာပဲဖြစ်ဖြစ်ပေါ့...ဒုက္ခပေးသူနဲ့ ဒုက္ခခံရသူဆိုတာ
ဒုက္ခခံရသူကဒီတစ်ဘ၀ပါပဲ...။
သူတပါးကိုဒုက္ခပေးသူတွေကတော့သူတို့ အကုသိုလ်ကံက
သူတို့ နောက်ကိုအရိပ်လိုထပ်ချပ်မကွာလိုက်ပြီး တသံသရာလုံးဒုက္ခပေးမှာပါ...။
ဒါဟာသဘာဝနိယာမပဲလေ...
******
ညနေ ၆နာရီမထိုးခင်မှာမြ၀တီကနေပြန်လည်ထွက်ခွါခဲ့ပါတယ်...။
အမိမြေကိုခွဲခွါခဲ့ချိန်မှာတော့ အမေမသိနိုင်တဲ့ရင်တွင်းဝေဒနာတွေတနင့်တပိုးနဲ့ 
အမေ့ကိုတိတ်တဆိတ်နှုတ်ဆက်ခဲ့တယ်...။
******
ထို့ နောက်...
ကိုယ်တို့ တည်းခိုတဲ့ မဲဆောက်က တည်းခိုခန်းကိုရောက်လာပါတယ်...။
ဒီနေရာလေးက အခုနကကိုယ်တွေ့ ခဲ့ရတဲ့ အနိဋ္ဌာန်ရုံတွေအားလုံးနဲ့ 
ဆန့် ကျင်ဖက်လို့ ဆိုရမလားပါပဲ...တိတ်ဆိတ်ငြိမ်သက် အေးချမ်းလိုက်တာလေ...
တကယ်ပါပဲ...တရားမျှတမူ့ ရှိတဲ့နေရာ...ဥပဒေစိုးမိုးတဲ့နေရာ...
လူပီသတဲ့လူတွေနေထိုင်တဲ့နေရာက သိပ်ကိုငြိမ်းချမ်းပြီး စိတ်ချမ်းမြေ့စရာကောင်းပါတယ်...။
ဖုန်တလူးလူးဖြစ်နေတဲ့ကိုယ်တယောက်ရေချိုးသန့် စင်ပြီးနောက်
ကိုယ်လက်ဆောင်ရခဲ့တဲ့ ဆရာတော်ဓမ္မဘေရီ အရှင်ဝီရိယ {တောင်စွန်း}
ရေးသားတော်မူတဲ့ "ဘယ်ကျောင်းနေမလဲ မောင်ရေခဲ နှင့် အာခံတွင်းကဖွားသူများ"
ဓမ္မလက်ကမ်းစာအုပ်လေးကို
စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းနှင့်အတူ
ငြိမ်းချမ်းစွာဖတ်ရင်း
အနားယူနေပါတော့သည်...။ :)
*
*
*
ဆက်ရန်...
No comments:
Post a Comment