******
ဂျပန်အစားအစာတွေဟာ မြန်မာအစာတွေလိုအဆီတ၀င်းဝင်းနဲ့ 
ဟင်းတွေလိုမျိုးမရှိပါဘူး...လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေနဲ့ 
ငါးကိုအဓိကထားပြီးစားကြပါတယ်...။ သူတို့ ရဲ့ဟင်းတွေက
များသောအားဖြင့်ငါးဆိုရင်လည်း ပေါင်းထားတာ ဟင်းသီးဟင်းရွက်
ဆိုရင်လည်းပြုတ်ထားတာမျိုးတွေကိုတွေ့ ရပါတယ်...။
အဆီအအိမ့်တွေကိုမတွေ့ ရပါဘူး...ဒါကြောင့်မို့ လည်း
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဂျပန်အစားအစာတွေကြောင့်
ဂျပန်လူမျိုးတွေဟာ (အထူးသဖြင့်ဂျပန်အမျိုးသမီးများ)
ကမ္ဘာပေါ်မှာအသက်အရှည်ဆုံးနေကြရတဲ့သူတွေစာရင်းထဲမှာရှိနေတာပါ...။
သူများနိုင်ငံတွေမှာဖြစ်တတ်တဲ့အဆီပိတ်ပြီးအ၀လွန်တဲ့ရောဂါလည်းအဖြစ်အနဲဆုံးပါ။
သူတို့ နိုင်ငံဟာအသက်အရှည်ဆုံးနေကြရတဲ့သူတွေစာရင်းထဲမှာ
ရှိနေကြရုံတင်မကပါဘူး...ကမ္ဘာ့လူဦးရေအများဆုံး ဆယ်နိုင်ငံထဲမှာပါဝင်ပြီး
လူဦးရေသန်းပေါင်း ၁၃၀ နီးပါးရှိတဲ့နိုင်ငံဖြစ်နေပေမယ့်
ကမ္ဘာပေါ်မှာလူသတ်မူ့ အနည်းဆုံးနိုင်ငံလည်းဖြစ်ပါတယ်...။
ကမ္ဘာ့တတိယမြောက်စီးပွားရေးအင်အားအကြီးမားဆုံးနိုင်ငံတနိုင်ငံဖြစ်သလို
သိပ္ပံပညာနဲ့ စက်မူ့ ပညာထွန်းကားတဲ့ကမ္ဘာကိုဦးဆောင်နေတဲ့တတိယမြောက်နိုင်ငံလည်းဖြစ်ပါတယ်။
ဂျပန်လူမျိုးတွေဟာ အချိန်ကိုလေးစားပြီး အလုပ်အင်မတန်ကျိုးစားတဲ့လူမျိုးတွေပါ...
သူတို့ လူမျိုးအချင်းချင်းလည်းတဦးကိုတဦးသိပ်လေးစားကြပါတယ်။
တယောက်နဲ့ တယောက်တွေ့ လိုက်တဲ့အခါမှာ ဂါရ၀တရားကအရှေ့ ဆုံးကလာပါတယ်။
ကိုယ့်အတွေ့ အကြုံအရ
ကိုယ်တို့ လေဆိပ်ကိုဝင်လာတဲ့ကားပေါ်ကိုလေဆိပ်မှာတာဝန်ရှိတဲ့ရဲတွေက
Passport တွေစစ်ပါတယ်...သူတို့ မျက်နှာပေါ်မှာ လူတွေကိုတရားခံကြည့်
ကြည့်တဲ့အကြည့်မျိုး မယုံသင်္ကာတဲ့အကြည့်မျိုး အာဏာပြချင်တဲ့
လုပ်ရပ်မျိုးတခုမှမတွေ့ ရပါဘူး...သိပ်ယဉ်ကျေးကြပါတယ်။
တစီးပြီးတစီးဝင်လာတဲ့ကားတွေကို ယဉ်ယဉ်ကျေးကျေးနဲ့ ဆက်ဆံပြုမူတာကို
တွေ့ နေရပါတယ်...။ ဒီမြင်ကွင်းကိုကြည့်ပြီး စိတ်ထဲမှာသတိရမိတာက
ရန်ကုန်မြို့ ရဲ့ လမ်းဆုံတခုမှာ တာဝန်ကျနေတဲ့ယာဉ်ထိန်းရဲတယောက်ကို
တစီးပြီးတစီးဖြတ်လာတဲ့ကားတွေက စပယ်ယာတွေတယောက်ပြီးတယောက်
ပြေးဆင်းလာပြီး ယာဉ်ထိန်းရဲရဲ့လက်ထဲကိုပိုက်ဆံထဲ့ပေးပြီး
လာဘ်ထိုးနေတဲ့ Video ကိုတရုတ်နိုင်ငံသတင်းမှာပြသွားတာကို
youtube မှာကြည့်လိုက်ရတာသတိရမိပါတော့တယ်...။
သူများလူမျိုးတွေရဲ့စိတ်ဓါတ်နဲ့ လုပ်ရပ်တွေက ကိုယ့်လူမျိုးရဲ့လုပ်ရပ်စိတ်ဓါတ်တွေနဲ့ 
မိုးနဲ့ မြေလိုကွာခြားလိုက်လေခြင်းပါ...
အာဏာလက်တဆစ်လောက်ရှိတဲ့နေရာမှာလည်းရှိသလောက်
ခိုးဖို့ လောက်ပဲအာရုံစိုက်တတ်တဲ့လူတွေရဲ့လက်ထဲမှာ
ဒီတိုင်းပြည်ရှိနေတော့လဲ သူခိုးကြီး..သူခိုးလတ်..သူခိုးငယ်..
သူခိုးလက်ထဲကတိုင်းပြည်ဆင်းရဲတွင်းနက်နေတာသိပ်တော့မဆန်းတော့ပါဘူး။
"သူခိုးဂျပိုးအလိုမရှိ...သူခိုးမရှိရေး ဒို့ အရေး" လို့ ပဲပြောရတော့မယ်ထင်ပါရဲ့...
ယခုလက်ရှိဖြစ်ပေါ်နေတဲ့လက်ပံတောင်းတောင်ပြဿနာဆိုတာဟာလည်း
တိုင်းပြည်ကိုခိုးချင်သလို ခိုးဝှက်လို့ အားမရပဲ ပြည်သူတွေလက်ထဲကအတင်းအဓမ္မ
ဓါးမြတိုက်ယူတဲ့အမူ့ ပါပဲ...။
မြန်မာပြည်ဘာ့ကြောင့်ဆင်းရဲတွင်းနက်နေတာလဲလို့ မေးရင်
အဖြေကရှင်းရှင်းလေးပါ...သူခိုးဓါးမြတွေလက်ထဲမှာတိုင်းပြည်ရှိနေလို့ ပါ...။
In a country well governed,
poverty is something to be ashamed of.
In a country badly governed,
wealth is something to be ashamed of.
(Confucius)
Poverty is the root of all EVILS.
(unknown author)
ကိုယ်တို့ စီးလာတဲ့ကား လေဆိပ်ထဲကိုဝင်လာတဲ့အချိန်မှာ
စစ်ဆေးဖို့ စောင့်နေကြတဲ့ရဲတွေပါ...
******
ဆက်ရန်...
No comments:
Post a Comment