Tuesday, October 30, 2012

*~~~သီတင်းကျွတ်ကရုဏာမီးပုံး~~~*


 မငြိမ်းချမ်းတဲ့
ကမ္ဘာကြီးထဲမှာ
မသမာ တဲ့လူတွေဟာ
သူတို့ ရဲ့ရင်ဘတ်ထဲက
မောဟမီးတောက်နဲ့ 
လောဘ မီးပုံးတွေ
ဒေါသ မီးပုံးတွေ
အဓမ္မ မီးပုံးတွေ
မနာလိုမူ့ မီးပုံးတွေ
ရက်စက်မူ့ မီးပုံးတွေ
ဟန်ဆောင်လိမ်ညာမူ့ မီးပုံးတွေ
တလောကလုံးကို
အရုပ်ဆိုးအကျည်းတန်အောင်
နေရာအနှံ့ အပြား
 အပြိုင်အဆိုင်
ထွန်းညှိလောင်ကျွမ်းနေကြတယ်...

"ဘ၀ဆိုတာ
ဖယောင်းတိုင်တိုလေးတခုလိုပါပဲတဲ့"
လောကကြီးကို
"သမာ"တဲ့အမြင်နဲ့ ကြည့်တတ်တဲ့သူတွေ
မြင်တတ်တဲ့သူတွေက ပြောခဲ့ကြလေရဲ့...။

လွန်ခဲ့တဲ့အတိတ်ကာလ...
လှပတဲ့ ကြာမျိုးငါးပါးဖူးပွင့်ပြီး
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့
လပြည့်နေ့ တနေ့ မှာ
အနှိုင်းမဲ့အရှင်
လောကရဲ့သခင်ကတော့
သူ့ ဘ၀ ဖယောင်းတိုင်လေးကို 
နတ်ဗိမာန်ဆီ အရောက်သွားပြီး
အမှောင်ထဲက သူ့ ကျေးဇူးရှင်နတ်သားအတွက်
အဘိဓမ္မာအလင်းရောင်တွေ 
တခန်းတနား ထွန်းညှိခဲ့ပြန်တယ်...။

"သီတင်းကျွတ်"တဲ့
သူတော်ကောင်းတွေ
မြတ်နိုးစွာနဲ့ သတ်မှတ်သမုတ်ခဲ့တဲ့
မြတ်ဗုဒ္ဓအရှင်ရဲ့ အိမ်အပြန်လမ်းမှာ
ဗြဟ္မစိုရ်တရားနဲ့ 
ကိုယ့်နှလုံးသား ကရုဏာမီးပုံးလေးကို
ခိုင်မြဲတဲ့မေတ္တာကြိုးတန်းမှာ
ငြိမ်းချမ်းတဲ့ မုဒိတာနဲ့ ချိတ်ဆွဲထားလိုက်တယ်...။ 



*
*
*

အားလုံးပဲဖြူစင်တဲ့နှလုံးသားနဲ့ လှပတဲ့မီးပုံးလေးတွေ
သီတင်းကျွတ်မှသည်.........ထာဝရထွန်းလင်းနိုင်ကြပါစေ...

                                                         
                                                      

Friday, October 19, 2012

*~~~အဆိုအမိန့် ဒဿနစကားများ (၃)~~~*


*ကြောက်ပါ*
သူတပါးက ကိုယ့်ကိုစော်ကားခံရမှာမကြောက်ပါနဲ့ ၊
ကိုယ်ကသူတပါးကိုစော်ကားလိုက်မိမှာကိုပဲကြောက်ပါ...။

Don't be afraid of an insult of others.
Be afraid of insult on others.

*~~~~~~~~~~~~~~~~~~*

*မငြင်းနဲ့ *
ငါကသာတယ် ၊ သူကညံ့တယ်လို့ ဇွတ်မငြင်းပါနဲ့ ၊
ကမ္ဘာကျော်ကဗျာဆရာ၊ သိပ္ပံပညာရှင်နဲ့ 
စစ်ဗိုလ်ချုပ်ကြီးတို့ ဟာ ယောင်္ကျားတွေဖြစ်ကြသလို
ထောင်ထဲကရာဇ၀တ်သားအများစုဟာလည်း
ယောင်္ကျားတွေပဲဆိုတာမမေ့ပါနဲ့ ...။

Don't refuse that you are better than him.
As the famous poets, scientists and generals are males;
the prisoners in the prisons are also the males. Don't forget it.

*~~~~~~~~~~~~~~~~~~*

*မှတ်ကျောက်*
ကြမ်းတမ်းတဲ့တောင်ကမ်းပါးယံတွေက
ပတ္တမြားကိုလှအောင်သွေးပေးသလို
ခါးသီးတဲ့လောကဓံတွေကလည်း
လူတွေကိုမှတ်ကျောက်တင်ပေးလိုက်ကြတယ်...။

Like the rough rocky bank shine the ruby,
the bitter vocabularies shine the human beings.

*~~~~~~~~~~~~~~~~~~*

*အလုပ်နဲ့ အရှုပ်*
အလုပ်တွေရှုပ်နေကြတာလား?
အရှုပ်တွေလုပ်နေကြတာလား?
(သတိထားပြန်စဉ်းစား)
အလုပ်တွေပဲရှုပ်နေပါစေ၊
အရှုပ်တွေတော့မလုပ်မိကြပါစေနဲ့ ...။

Are you busy? Are you doing the problems?
Take care and think of it.
You can be busy but, do not find the problems.

*~~~~~~~~~~~~~~~~~~*

*သေချာတယ်*
သေချာတာကတော့ သေရမယ်ဆိုတာတခုပဲသေချာတယ်...။
It is sure that you must die, is only one true.

*~~~~~~~~~~~~~~~~~~*

 *ကြောက်စရာ*
သေရမှာကကြောက်စရာမဟုတ်ပါဘူး...။
မသေခင် အကုသိုလ်တွေလုပ်မိမှာကမှကြောက်စရာပါ...။

Death is not fearful.
But, the act of SIN BEFORE DEATH is really fearful.

*~~~~~~~~~~~~~~~~~~*

*ရိုးတာနဲ့  ရှင်းတာ*
ရိုးမှရှင်းတယ်၊ မရိုးရင်မရှင်းဘူး၊
ရိုးမှဖြောင့်တယ်၊ မရိုးရင်မဖြောင့်ဘူး၊
ဒါ့ကြောင့်... ဘ၀မှာ ရှင်းလင်းပြီးဖြောင့်မတ်စေချင်ရင် ရိုးသားပါ...။

 (poem type)
Honesty is plain:
Dishonesty is bushy;
Honesty is straight change,
Dishonest is twisty.
Be honest again and again,
as your hobby.

*~~~~~~~~~~~~~~~~~~*

*မမွေးနဲ့ *
သူများဘ၀ နစ်နာမှ ကိုယ်ကောင်းစားမယ်ဆိုတဲ့
အောက်တန်းစားစိတ်ဓါတ်မျိုး ဘယ်တော့မှ မမွေးမိပါစေနဲ့ ...။
Do not keep the miserable mind of lower class
that you will get profit after the destruction of others.

*~~~~~~~~~~~~~~~~~~*

*ကိုယ်ချင်းစာပါ*
အကောင်းဆုံးလူ့ ကျင့်ဝတ်ဆိုတာ
ကိုချင်းစာတရားပဲ...။  
The best ethic is to empathize the others.

*~~~~~~~~~~~~~~~~~~* 

*မလဲပါနဲ့ *
ကိုယ့်နောက်မပါမယ့် ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတွေအတွက်
ကိုယ့်နောက်ပါမယ့် အကုသိုလ်တွေနဲ့  မလဲမိပါစေနဲ့ ...။

For the useless things like Rank and Wealth     
do not change the merit with Sin.

*~~~~~~~~~~~~~~~~~~* 

 *ပီတိ*
သူများဆီကရလို့  ပျော်တဲ့ လောဘရမ္မက်ထက်
သူများကိုပေးခွှင့်ရလို့ ပျော်ရတဲ့ပီတိကမှပိုကောင်းပါတယ်...။

Feeling of happiness is better to gives others than
the feeling of wishing from others.

*~~~~~~~~~~~~~~~~~~* 
 
 *အရှင်းငါးချက်*
အတွေးရှင်းမှအမြင်ရှင်းမယ်၊
အမြင်ရှင်းမှစိတ်ရှင်းမယ်၊
စိတ်ရှင်းမှ အလုပ်ရှင်းမယ်၊
အလုပ်ရှင်းမှ ဘ၀ရှင်းမယ်...။

Clear thought gives clear vision.
Clear vision gives clear mind.
Clear mind gives clear works.
Clear works give clear life.

*~~~~~~~~~~~~~~~~~~*

 *ခံနိုင်မှ တည်*
မဟုတ်လည်းခံ၊ ဟုတ်လည်းခံ၊ ခံနိုင်ပါမှ ခန္တီပါ...။
ခန္တီပါမှ၊ နိဗ္ဗာန၊ မုချရောက်နိုင်မှာ...။

(poem type)
Tolerate the true or false:
Tolerant attitude will obtain;
Those are going without pause.
Surely NiBBANA is the main.

*~~~~~~~~~~~~~~~~~~*

*ရယ်ပြီးတော့မော*
လောကမှာ ပျော်စရာ ရယ်စရာတွေလို့ 
ထင်မှတ်ခဲ့ကြတာတွေက မကြာခင်မှာ
မောစရာတွေဖြစ်လာတတ်တယ်နော်၊ သတိထား...။

You think life is full of joy and smile.
But, these can be change to troubles soon;
Be aware of it.

*~~~~~~~~~~~~~~~~~~*

*လူဆိုးနဲ့ လူကောင်း*
စိတ်ကောက်ရင်လူကောက်ဖြစ်တယ်၊
စိတ်ဆိုးရင်လူဆိုးဖြစ်တယ်၊
စိတ်ကောင်းတော့လူကောင်းဖြစ်တယ်။
If you sulk, you will be sulky man.
If you are bad-minded, you will be bad man.
If you are good-minded, you will be good man.

*~~~~~~~~~~~~~~~~~~*       
  
 
ကိုးဘွဲ့ ရဆရာတော် အရှင်အာစာရာလင်္ကာရ (စစ်ကိုင်း ရွှေဟင်္သာ) ၏
အဆိုအမိန့် ဒဿနများအား ကောက်နှုတ်၍ မျှဝေပါသည်...။
ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...

Thursday, October 18, 2012

*~~~သဲစွဲမှတ်စေချင်~~~*

 *~~~သဲစွဲမှတ်စေချင်~~~*
( အဘက သားကို ဆုံးမခန်း )

ပန်း၏ပမာ၊ ဤလင်္ကာတွင်၊
မာတာပိတ၊ ဆိုဆုံးမသား၊
ထိုစကားကို၊ မှတ်သားကုန်ကြ၊
မိန့် ဆိုပြအံ့။
မွေးဘလက်ရုံး ၊ မြပန်းကုံးသို့ ၊
နှလုံးဝမ်းက ၊ ချစ်နိုးလှသည်၊
သားလှရွှေတောင်၊ ဘသည်းခေါင်၊
နားထောင်၍သာ၊ စေ့စေ့နာလော့၊
မိရာဘရည် ၊ တည်မည်အကြောင်း၊
ကောင်းသောကျင့်ဝတ် ၊ စာအတတ်ကို၊
သားမြတ်ယခု ၊ တတ်အောင်ပြုလော့၊
ဗဟုသုတ ၊မရှိကမူ၊
လျှောကျရေတူ၊ လူမဟူရ ရှက်ကြီးရလိမ့်၊
နောင်တဆယ်ကြိမ်၊ ညှိုးပိန်မျက်နှာ
ပွဲမှာမ၀င်၊ ပြင်မှာမရောက်၊
တောမှာမျောက်သို့ ၊ ခြေထောက်လက်စုံ၊
ရှိပါတုံလျှက် ၊ လူပျက်လူနှမ်း၊
လူ့ ပေါက်ပန်းနှင့်၊ လူသွမ်းလူပေါ့၊
ထဲသော့သော့ဟု ၊ ကဲ့ရဲ့ပြုလိမ့်၊
သားလှရှက်မည်ထင်၏တည်း။

ထို့ ကြောင့်သားထွေး ၊ ငယ်ကွေးလေးက၊
လူရေးလူရာ ရှိစိမ့်ငှါဟု၊
ကျောင်းမှာမြဲနေ စာပေသင်သင်
သို့ လျှင်သို့ ဖတ်၊  သို့ မှတ်သို့ ရေး၊
သို့ မေးသို့ ဖြေ ၊ သို့ နေသို့ ထိုင်၊
သို့ ကိုင်သို့ ကြွ ၊ သို့ ကွသို့ ကုန်း၊
သို့ သုံးသို့ စွဲ၊ သို့ လဲသို့ ထား၊
သို့ စားသို့ သောက် ၊ သို့ လျှောက်သို့ ဆို၊
သို့ ကိုသို့ ကျင့်၊ သို့ နှင့်သို့ လျှိုး၊
သို့ ရှိခိုးဟု၊ မြတ်နိုးလှစွာ၊
သားဆရာက၊ မိန့် သမျှကို၊
သားလှမင်းရွှေ၊ မမေ့စေနှင့်။
စေ့ရေမွေးဘ၊ မှာသမျှကို၊
သားလှရွှေနား၊ ချပ်ကာထား၍၊
သည်းဖျားမှတ်စေချင်၏တည်း။

သည်းဖျားမှတ်စိမ့်၊ တဖန်မိန့် အပ်၊
နှစ်သိမ့်ဝမ်းသာ၊ ထောင်နားနာလော့
လူ့ ရွာလျှပ်ပေါ်၊ ရွှင်မြူးပျော်သည်၊
သူတော်မဟုတ်၊ လူယုတ်လူသောင်း၊
လူဗူးတောင်းနှင့်၊ မကောင်းမူ့ များ၊
နေ့ တိုင်းပွားသည်၊ သောက်စားယစ်စာ၊
လူ့ ဗာလက၊ စသည်လူတွင်၊
ဖေါ်မ၀င်နှင့်၊ ပျော်ရွှင်ကစား၊
လူမိုက်များတို့ ၊ ပေါင်းငြားရံခါ၊
နီးယှဉ်လာလည်း၊ ဝေးစွာသားလှ၊
ခွါနိုင်မှတည့်၊ သားလှကိုယ်ကျိုး၊
စုံပြည့်ဖြိုးလိမ့်၊ ကြိုးလေသားလှ၊
မှာသမျှကို၊ မကျမြေ၀ယ်၊
မပယ်နှင့်သား၊ ဘစကားကို၊
ရွှင်အားရ၍၊ သားလှမှတ်စေချင်၏တည်း။
 ( ဆားတုံဆရာတော် )
*
*
*
 

*~~~Take To Heart~~~*
( A father's Admonition to His Son )

With this poem
Let me give you, my son,
A parent's admonition__
A true garland of emerald flowers__
As useful to you
As your right hand.

The love in my heart
For you my son
Is like a mountain of gold;
So listen carefully
To the not to be lost heritage
Which is Good conduct.

Traditional knowledge,
My dear son, you must master.
For if you do not acquire knowledge
You will be like split water___
Not a whole man___
And you will feel shame.
Repenting ten times over.
You will grow place of face
And in the world lack good place.
Like monkeys in the forest,
You have hand and feet too,
You will be a wasted ragged fellow___
A useless purposeless man.
As a man of no solid substance___
By others held in contempt___
Ashamed you will be, dear boy.

Therefore from childhood,
My dear son, It is necessary
To learn about all human matters:
To stay in school and firmly and to study
To read as told,
To write as told,
To ask as told,
To reply as told, 
To sit as told,
To rise as told,
To stoop as told,
To use what told,
To change as told,
To partake of food and drink as told,
To address as persons as told,
To behave as told,
To approach persons as told,
And to honor lovingly
Your teacher as directed.

Beloved son,
Do not forget all this___
Your father's message.
Mentally note it,
Carefully heed it,
keep it deep in your heart.

Let me say more,
So it will be indelibly
Written in your heart.
Listen gladly!

Do not made friendships with drifters.
Pleasure-seeking low-thinking men,
Or vapid men seeking only evil.
When sometimes these types come near you
Seeming to befriend you or in play
Keep away from them,___
At a distance stay,___
Then your welfare
Perfect will be
Dearest son!

Without fail
Try to do everything
Just as instructed.
Do not push aside
your father's speech.
Take it gladly
And live by it.

This is cognizance,
My son.

Sahton Sayadaw.
(Buddhist monk, probably 18th, Cent. C.E.)

Translated by
Friedrich V. Lusting ( Ashin Ananda ),
Buddhist Archbishop of Latvia, 

*

*
*

ကိုယ်စုဆောင်းထားတဲ့စာအုပ်အပုံကြီးထဲ ရှာဖွေဖတ်ရူ့ ရင်း
ရှားပါးတဲ့ရှေးဟောင်းမြန်မာကဗျာလေးတွေထဲက ဆားတုံဆရာတော်ရေးသားပြီး
Ashin Ananda, Buddhist Archbishop of Latvia,
ဘာသာပြန်ဆိုထားတဲ့ "Take To Heart" သဲစွဲမှတ်စေချင်
ဆိုတဲ့ကဗျာလေးကိုနှစ်သက်မိတာနဲ့ ကောက်နှုတ်၍မျှဝေလိုက်ပါတယ်...။
စာအုပ်ကိုတော့အောက်မှာလက်ဆင့်ကမ်းမျှဝေထားပါတယ်...။

ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...

Burmese classical poems
Related Posts Plugin for WordPress, Blogger...

စကားအင်္ဂါ ( ၅ ) တန်

( ၁ ) ကာလ = ပြောသင့်သောအခါမှပြောရာ၏၊ အချိန်မတန်လျှင်မပြောဆိုရာ ။

( ၂ ) သစ္စာ = အမှန်ကိုသာပြောဆိုရာ၏၊ မမှန်မကန် လုပ်ကြံမပြောဆိုရာ။

( ၃ ) သဏှာ = နူးညံ့ချိုသာစွာပြောဆိုရာ၏၊ ခက်ထန်ရင့်သီးစွာမပြောဆိုရာ

( ၄ ) အတ္တံသဟိတ = အကျိုးစီးပွားဖြစ်မည့်စကားကိုသာပြောဆိုရာ၏။

အကျိုးယုတ်မည့်စကားကို မပြောဆိုရာ။

( ၅ ) မေတ္တာစိတ္တ = မေတ္တာရှေ့ ထားပြောဆိုရာ၏၊ ဒေါသမောဟဖြင့်မပြောဆိုရာ။

( အင်္ဂုတ္ထိရ်ပါဋ္ဌိတော် )


မိမိရင်းနှီးကျွမ်းဝင်သူရှိရာနေရာ၊ အရပ်သည် မွေ့ လျှော်ဖွယ်ရာဖြစ်ပါလိမ့်မည်။
မိမိရင်းနှီးကျွမ်းဝင်သူလျှောက်လှမ်းတတ်ရာ တောလမ်းနှင့်
သစ်ပင်တမ်းကလေးသည်ပင် နှစ်လိုဖွယ်ရာ မွေ့ လျှော်ဖွယ်ဖြစ်ပါလိမ့်မည်။
ကောင်းမြတ်သောစကားကိုဆိုတတ်သော၊ အပြစ်မဲ့စွာပြုမူဆက်ဆံတတ်သော၊
မိမိကိုနားလည်တတ်သော၊ မိမိကိုအလေးအနက်ထားတတ်သောသူနှင့်
အတူနေရခြင်းသည်လည်းမွေ့ လျှော်ဖွယ်ရာရှိပါလိမ့်မည်။
မိမိနှင့်ကျွမ်းဝင်သောသူနှင့် စားရခြင်းသည်လည်းနှစ်လိုဖွယ်ရှိပါလိမ့်မည်။
သို့ ပေမယ့် ဤသည်လို ရင်းနှီးကျွမ်းဝင်သူမျိုးကို ရဖို့ မလွယ်။
တွေ့ ဖို့ ရာမလွယ်......မလွယ်လှချေတကား။
(နန္ဒာသိန်းဇံ)

dhamma

တရားနာဖို့ အချိန်......
ဆရာတော်ဘဒ္ဒန္တနန္ဒမာလာဘိဝံသ( MA,PhD ) ဟောကြားသောတရားတော်များ...

ဖိုင်အမှတ်စဉ် - ၁

၀၀၁။ ဓမ္မသင်္ဂဏီကျမ်း

၀၀၂။ ဓမ္မသင်္ဂဏီကျမ်း

၀၀၃။ ဓမ္မသင်္ဂဏီကျမ်း

၀၀၄။ ဓမ္မသင်္ဂဏီကျမ်း

၀၀၅။ ဓမ္မသင်္ဂဏီကျမ်း

ဖိုင်အမှတ်စဉ် - ၂

အဘိဓမ္မာဒေသနာတော်ကြီး

၀၀၆။ အဘိဓမ္မာမြတ်ဒေသနာ

၀၀၇။ သမ္ဗုတိသစ္စာနှင့်ပရမတ္တသစ္စာ

၀၀၈။ ရုပ်တရားကိုလေ့လာသုံးသပ်ခြင်း (၁)

၀၀၉။ ရုပ်တရားကိုလေ့လာသုံးသပ်ခြင်း (၂)

၀၁၀။ နာမ်တရားကိုလေ့လာသုံးသပ်ခြင်း

၀၁၁။ စိတ်ကိုလေ့လာသုံးသပ်ခြင်း

၀၁၂။ စိတ်ကိုအမှီပြုအင်အားစုများ

၀၁၃။ စိတ်၏အညစ်အကြေးများ

၀၁၄။ စိတ်ဖြူစင်မှုအင်အားစုများ(၁)

၀၁၅။ စိတ်ဖြူစင်မှုအင်အားစုများ(၂)

၀၁၆။ စိတ်ဖြစ်ပုံကိုလေ့လာခြင်း (၁)

၀၁၇။ စိတ်ဖြစ်ပုံကိုလေ့လာခြင်း (၂)

၀၁၈။ စိတ်၏အာရုံများနှင့်ဆောင်ရွက်မှုကိစ္စများ

၀၁၉။ စိတ်ဖြစ်စဉ်ကိုလေ့လာခြင်း (၁)

၀၂၀။ စိတ်ဖြစ်စဉ်ကိုလေ့လာခြင်း (၂)

၀၂၁။ စိတ်ကိုအာရုံနှင့်လေ့ကျင့်ခြင်း

၀၂၂။ သတ္တဝါတို့၏(၃၁)ဘုံ

၀၂၃။ ဘဝနိဂုံးသေဆုံးခြင်း

၀၂၄။ဘဝသစ်၌ပြန်လည်မွေးဖွားခြင်း

၀၂၅။ နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်း

ဖိုင်အမှတ်စဉ် - ၃

၀၂၆။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၂၇။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၂၈။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၂၉။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၀။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၁။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၂။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၃။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၄။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၅။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

ဖိုင်အမှတ်စဉ် - ၎

၀၃၆။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၃၇။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၃၈။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၃၉။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၀။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၁။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၂။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၃။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၄။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၅။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၆။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၇။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၈။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၉။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၀။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၁။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၂။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၃။ ပဋ္ဌာန်းမြတ်ဒေသနာ

ဖိုင်အမှတ်စဉ် - ၅

၀၅၄။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၅။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၆။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၇။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၈။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၉။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၀။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၁။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၂။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၃။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၄။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၅။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၆။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

ဖိုင်အမှတ်စဉ် - ၆

၀၆၇။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (နိဒါန်း)

၀၆၈။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ကာယာနုပဿနာ)

၀၆၉။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ဝေဒနာနုပဿနာ)

၀၇၀။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်(စိတ္တာနုပဿနာ)

၀၇၁။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ဓမ္မာနုပဿနာ)

ဖိုင်အမှတ်စဉ် - ၇

၀၇၂။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၁)

၀၇၃။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၂)

၀၇၄။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၃)

၀၇၅။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၄)

ဖိုင်အမှတ်စဉ် - ၈

၀၇၆။ သစ္စဒေသနာဓမ္မစကြာ (၁)

၀၇၇။ သစ္စဒေသနာဓမ္မစကြာ (၂)

၀၇၈။ သစ္စဒေသနာဓမ္မစကြာ (၃)

၀၇၉။ သစ္စဒေသနာဓမ္မစကြာ (၄)

၀၈၀။ အနတ္တလက္ခဏသုတ်အနှစ်ချုပ်

ဖိုင်အမှတ်စဉ် - ၉

၀၈၁။ အမြိုက်ရေစင

၀၈၂။ လူ့ပြည်ရောက်နတ်တမန်များ

၀၈၃။ ရတနာသုံးရပ်အမြဲဆည်းကပ်သည့်ဥပါသကာ

၀၈၄။ အက္ခဏ သုတ္တန

၀၈၅။ အဘယ သုတ္တန

၀၈၆။ သမာပတ္တိ သုတ္တန

၀၈၇။ သမာပတ္တိ သုတ္တန်

၀၈၈။ ရှင်သာရိပုတ္တရာမထေရ်မြတ်၏နှမတော်တို့၏ဓမ္မအမြင်များ

၀၈၉။ ကတ္တာရုဇာတ်

၀၉၀။ ရှင်သာရိပုတ္တရာမထေရ်မြတ်၏သာသနာတော်အရေးလျှောက်ထားချက်

၀၉၁။ အမြတ်ရတနာ ဥပါသကာကျင့်စဥ

၀၉၂။ အမတာဘိသေက

၀၉၃။ နိဗ္ဗာန်လမ်းပေါ်မှအဆီးအတားများ

၀၉၄။ ကိုယ့်နေရာကိုယ်နေကြ

၀၉၅။ ဗုဒ္ဓအလိုကျနေထိုင်နည်း

၀၉၆။ ဃဋိကာရ သုတ္တန

၀၉၇။ အဒိတ္တာဇာတ်

၀၉၈။ ဓမ္မသည်သာကိုးကွယ်ရာ

၀၉၉။ ပမာဒနှင့်အပမာဒ

၁၀၀။ စိတ်အကြောင်း

၁၀၁။ နတ်ပြည်မှအမှာစကား

၁၀၂။ ဒကာရင်းကိုကယ်တင်ခြင်း

၁၀၃။ ကာလာမသုတ္တန

၁၀၄။ ဘဝကိုအလှဆင်မည့်သ

၁၀၅။ စိတ်ဓါတ်ခွန်အားမြင့်တင်ထား

၁၀၆။ သောတပန်၏ဘဝရုပ်ပုံလွှာ

၁၀၇။ သြဝါဒနှင့်အမေးအဖြေ

၁၀၈။ဘဝအသွင်ကိုဓမ္မအမြင်ဖြင့်လေ့လာခြင်း

၁၀၉။ အကောင်းဆုံးသောညတစ်ည

၁၁၀။ ဃဋိကာရ၏ဘဝတစ်စိတ်သမိုင်းပုံရိပ်များ

၁၁၁။ ကိုးကွယ်ရာအမှန်တရား

၁၁၂။ လူထဲကလ

ဖိုင်အမှတ်စဉ် - ၁၀

၁၁၃။ ဓမ္မနုပဿနာ

၁၁၄။ အကျင့်မှန်မှနိဗ္ဗာန်ရ

၁၁၅။ ယနေ့လူသားများရဲ့မနက်ဖြန်ကမ္ဘာ

၁၁၆။ ရှစ်ယောက်နှင့်တစ်ယောက

၁၁၇။ တရားမြင်မှဘုရားမြင်မည

၁၁၈။ စိတ္တာနုပဿနာ

၁၁၉။ ဆပ်ကပွဲမှရသောတရားတစ်ပုဒ်

၁၂၀။ ရန်ရှင်းမှရန်ကင်းမည်

၁၂၁။ သြဃတရဏ

၁၂၂။ အရှင်အာနန္ဒာ၏အလွမ်းစကားနှင့်မြတ်ဗုဒ္ဓ၏သြဝါဒတရား

၁၂၃။ ဘဝခရီးဝယ်ရွေးချယ်ရမည့်လမ်း

၁၂၄။ လက်တွေ့ဘဝကိုပဠာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၁၂၅။ ဓါတုဝိဘင်္ဂသုတ်အနှစ်ချုပ်

၁၂၆။ ဆန္ဒဓိပတ

၁၂၇။ အလောင်းတော်သုမေဓါ၏ဘဝအပေါ်ရှုမြင်သုံးသပ်ချက

၁၂၈။ မြတ်သောဥစ္စာစုဆောင်းပါ

၁၂၉။ မနုဿဓမ္မနှင့်ဥတ္တရိမနုဿဓမ

၁၃၀။ အရှုံးအမြတ

၁၃၁။ ယဉ်ကျေးလိမ္မာသင်တန်း

၁၃၂။ ဘဝနှင့်နိဗ္ဗာန

၁၃၃။ အကာကိုပြစ်၍အနှစ်ကိုရှာ

၁၃၄။ အမြင်မှန်

၁၃၅။ အစွဲဖြုတ

၁၃၆။ ထာဝရတွေးထားရမယ့်ဘဝအရေးများ

၁၃၇။ လက်တွေ့ဘဝကိုပဋိစ္စသမုပ္ပါဒ်နည်းဖြင့်ဆင်ခြင်သုံးသပ်ခြင်း

၁၃၈။ သြကာသရှင်းတန်း

၁၃၉။ မှန်ကန်သောကြိုးပမ်းအားထုတ်မှု

၁၄၀။ သြဃလေးဖြာသံသရာ

၁၄၁။ အမျက်ဖြေ

၁၄၂။ ယနေ့ကမ္ဘာကြီး၏နောက်ဆုံးနေ့များ

၁၄၃။ ဒိဠေ ဒိဠေ မတ္တံ

၁၄၄။ သူတော်ကောင်းတရားတည်တန့်ပြန့်ပွါးရေး

၁၄၅။ ပညာမဲ့သဒ္ဒါ-၁

၁၄၆။ ပညာမဲ့သဒ္ဒါ-၂

၁၄၇။ ဆင်းရဲတွင်းမှလွတ်ကင်းခြင်း

ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတရားများနာကြား၍တရားထူးများရရှိနိုင်ကြပါစေ...

်ဤတရားတော်များအားမျှဝေပေးသောဆရာတော်အရှင်သူမြတ်အားကျေးဇူးအနန္တတင်ရှိပါတယ်ဘုရား...။

...

Globe