Monday, April 19, 2021
နှစ်သစ်ဆုတောင်း
အံ့မခမ်းဘွယ်သောရဲစွမ်းသတ္တိတို့ ဖြင့် CDM မှာပါဝင်၍
စစ်အာဏာရူးများကို ရဲရဲတောက်အံ့တု၍ ငြိမ်းချမ်းစွာဆန္ဒပြရင်း ကျဆုံးခဲ့ကြရသော
သူရဲကောင်းများအားလုံးနဲ့  အကျဉ်းထောင်အတွင်းမှာ မတရားဖမ်းဆီးခံထားရသော
သူရဲကောင်းများအားလုံး ၊ အံ့မခမ်းဘွယ်သောရဲစွမ်းသတ္တိတို့ ဖြင့်
 မြန်မာပြည်အနှ့ံဆက်လက်၍တိုက်ပွဲဝင်လျှက်ရှိသော
သူရဲကောင်းများအားလုံးနဲ့ တိုင်းပြည်ရဲ့အနာဂတ်ဖြစ်သော
 Generation Z သူရဲကောင်းလူငယ်များအားလုံးကို
 လေးမြတ်စွာဂုဏ်ပြု၍ဦးညွှတ်အလေးပြုပါတယ်လို့ ပြောပါရစေ...
နှစ်သစ်မှာ မြန်မာပြည်သူပြည်သားအားလုံး
ရန်သူမျိုးငါးပါးတို့ ၏ ဘေးဆိုးရန်ဆိုး ကပ်ဆိုး အန္တာရယ်ဆိုးအမျိုးမျိုး မှကင်းဝေးကြပါစေ...
မြန်မာပြည်သူပြည်သားအပေါင်းတို့ အား ရက်စက်ယုတ်မာ 
သတ်ဖြတ်ညှင်းပမ်းနှိပ်စက်နေသော
အာဏာလက်မလွတ်တမ်းရရှိရေးအတွက် တိုင်းပြည်ကိုအမှောင်ချ 
 ခောတ်နောက်ပြန်ဆွဲ ဆင်းရဲတွင်း နက်သထက်နက်၍ 
တိုင်းပြည်ပျက်စီးအောင် 
လူငယ်များရဲ့ဘ၀တွေကို အနာဂတ်တွေပျောက်ဆုံးအောင်
ဘယ်လိုစကားလုံးနဲ့ မှနှိုင်းလို့ မရလောက်အောင်
ဆိုးရွားယုတ်မာလွန်းတဲ့ စစ်အာဏာရူး မကောင်းဆိုးရွားတွေကို
အပြီးတိုင် အောင်မြင်စွာတိုက်ထုတ်၍  တိုးတက် ကောင်းမွန်သော ငြိမ်းချမ်းသော
မြန်မာပြည်သူပြည်သားအားလုံးရဲ့အနာဂတ်ကို တောက်ပစေမယ့်
တိုင်းရင်းသားအားလုံးနဲ့ ဖွဲ့ စည်းတည်ဆောက်သော 
ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ကြပါစေလို့ 
နှလုံးသားဖြင့်အလေးအနက်ဆုတောင်းမေတ္တာပြုပါတယ်...
"ကမ္ဘာမကြေဘူး"ဆိုတဲ့သီချင်းစာသားလေးကိုနှစ်သက်လို့ 
ဒီသီချင်းအသစ်နဲ့ နှစ်သစ်ဦးကိုကြိုဆိုလိုက်ပါရစေ...
"ကမ္ဘာမကြေဘူး"
ကမ္ဘာမကြေဘူး
ငါတို့ ဘ၀နဲ့ ရေးခဲ့ကြတဲ့မော်ကွန်းတွေ
သြော်...သူရဲကောင်းတို့ ရေ
အာဇာနည်တွေနေတဲ့တိုင်းပြည်
ကမ္ဘာမကြေဘူး
ငါတို့ ဘ၀နဲ့ ရေးခဲ့ကြတဲ့မော်ကွန်းတွေ
သြော်သူရဲကောင်းတို့ ရေ
အာဇာနည်တွေနေတဲ့တိုင်းပြည်
ရဲရဲတောက် တို့ ပြည်သူတွေ
(ကိုယ်တော်မှိုင်း... ရာဇ၀င်တွေလည်းရေးကြတော့မယ်အဖိုးရေ
သခင်အောင်ဆန်း...လူငယ်တွေလည်း ရဲရင့်ကြပြီအဖရေ
သြော်...ချစ်တတ်ကြပေ
ပေတရာပေါ်မှာပြည်သူအပေါင်းတွေ)၂
Never Give Up တို့ ညီအကိုတွေ
 ညီအကိုတို့ နိုင်ငံတော်မှာ 
သူခိုးနဲ့ ဓါးမြတွေမပျောက်သေးဘူး
သြော်... သူရဲကောင်းတို့ လို ခိုင်မာပီပြင်တော်လှန်ပြစ်မလေ 
တို့ ချစ်တဲ့ တို့ ဇာနည်တွေ
ရဲရဲတောက်တို့ ပြည်သူတွေ 
Never Give Up တို့ ညီအကိုတွေ
အရေးတော်ပုံအောင်ရမည်
No comments:
Post a Comment