Sunday, September 8, 2019

*~~~ကျွနုပ်၏တပိုင်းတစဒဿ နများ (၁၁)~~~*


လူတယောက်မှာ တန်ဘိုးအရှိဆုံးအရာဟာ
ရိုးသားမူ့ ဖြစ်တယ်...
အဲဒီရိုးသားမူ့ ဟာ ဘ၀ရဲ့လမ်းပြဖြစ်သလို
သံသရာခရီးအတွက် လမ်းပြကြယ်လည်းဖြစ်တယ်...။

***~~~***


ရိုးသားမူ့ ရှိတဲ့လူတွေအားလုံးဟာ
ဒီကမ္ဘာလောကကြီးရဲ့ တောက်ပတဲ့လမ်းပြကြယ်လေးတွေပါပဲ...။

***~~~***


ရိုးသားမူ့ နဲ့ ရရှိတဲ့အရာမှန်သမျှ
ဘယ်လောက်ပဲသေးငယ်နေပါစေ
အဲဒီသေးငယ်မူ့ ဟာ ကြီးမားတဲ့အောင်မြင်မူ့ ဖြစ်တယ်...။

***~~~***


လူတယောက်မှာပိုင်ဆိုင်တဲ့
တန်ဘိုးအရှိဆုံးအရာဆိုတာ
ကောင်းမူ့ ကုသိုလ်ပါပဲ...။

***~~~***


လောကမှာအောက်တန်းအကျဆုံးလူ 
လူဖြစ်ရှုံးနေတဲ့သူဆိုတာ
ယုံကြည်မူ့ ကိုအလွဲသုံးစားလုပ်ြပီး
 မိမိကောင်းစားရေးအတွက်
သူတပါးကိုချနင်းတတ်တဲ့သူပါပဲ...။

***~~~***

ရိုးသားမူ့ မရှိတဲ့အောင်မြင်မူ့ ဟာ
အပါယ်သွားဖို့ ကျဆုံးခြင်းပဲ...။

***~~~***


မသမာမူ့ နဲ့ ချမ်းသာတဲ့ချမ်းသာခြင်းဆိုတာ
တနပ်စားဥဏ်နဲ့  တဘ၀စံတဲ့ လူတယောက်အတွက်
တခဏတာ အဆင်ပြေကောင်းပြေလိမ့်မယ်
ဒါပေမယ့် သံသရာအတွက်တော့ 
အလွန်ကြောက်စရာကောင်းတဲ့အကုသိုလ်တွေပါပဲ...။

***~~~***

လူတယောက်မှာသူတပါးဆီကခိုးချင်တဲ့ အကျင့်စရိုက်
သူတပါးအပေါ် လိမ်လည်လှည့်စားချင်တဲ့အကျင့်စရိုက်တွေကို
လူမှန်ရင်ရှိသင့်ရှိထိုက်တဲ့ ကိုယ်ကျင့်တရားနဲ့ 
မိမိကိုယ်မိမိထိန်းသိမ်းနိုင်စွမ်းမရှိဘူဆိုရင်
ဒီလူဟာဘယ်လောက်ပဲချမ်းသာ ဘယ်လိုအစွမ်းတွေပဲရှိရှိ 
မြေရှိုးပြီးမိုးပျံနေပါစေ အဲဒီလူဟာ 
လမ်းဘေးမှာ သူတပါးပစ္စည်းခိုးယူခြင်း 
သူတပါးကိုလိမ်လည်ခြင်းမရှိပဲ 
ရိုးသားစွာ တောင်းစားတဲ့ လူတယောက်လောက်တောင် 
လူ့ တန်ဘိုးမရှိ လူ့ အဆင့်အတန်းမရှိတဲ့သူပါပဲ...။

***~~~***

ချမ်းသာတဲ့လူတယောက်မှာ မသမာတဲ့နည်းနဲ့ 
ခိုးယူလိမ်လည်လို့ ရထားတဲ့ပိုက်ဆံတွေနဲ့  
လူအထင်ကြီးအောင် ဘယ်လိုပဲလှူပြတန်းပြနေပါစေ
 ညောင်ပင်လောက်လှူလည်း
ညောင်စေ့လောက်တောင်ရမှာမဟုတ်ပါဘူး 
ဘာကြောင့်လည်းဆိုတော့
မကောင်းမူ့ နဲ့ ရတဲ့ငွေဟာ အကုသိုလ်ထုပ်ဖြစ်နေလို့ ပါပဲ။

ဆင်းရဲတဲ့လူတယောက်ရဲ့ သမာတဲ့နည်းနဲ့ 
နဖူးကချွေး ခြေမကျလောက်အောင်
ပင်ပမ်းစွာရှာဖွေလို့ ရတဲ့ ပိုက်ဆံနဲ့ လှူတဲ့အလှူဟာ
 ညောင်စေ့လောက်ဖြစ်နေပါစေ
ညောင်ပင်လောက်ရမှာသေချာပါတယ်... 
သာဓကအားဖြင့် ဘုရားရှင်လက်ထက်မှာ 
အလွန်ချမ်းသာတဲ့ ဇောတိကသူကြွယ်ဟာ 
အတိတ်ဘ၀က အရိယာရဟန်းတပါးကို
စေတနာသဒ္ဓါတရားနဲ့ ကြံရည်တခွက်လှူခဲ့ဖူးတဲ့ကုသိုလ်ကြောင့်
သူကြွယ်ဘ၀ကနေ အရိယာဖြစ်ခဲ့တယ်...။

***~~~***

ပိုက်ဆံချမ်းသာတိုင်း လူ့ အဆင့်အတန်းရှိပြီးလူရာဝင်တာမဟုတ်ဘူး
သူတပါးပစ္စည်းကိုခိုးယူ 
လူတွေကိုလိမ်လည်လှည့်စားပြီး ချမ်းသာတာဟာ 
ငရဲ တရိစ္ဆာန် ပြိတ္တာ အသူရကယ်ဆိုတဲ့ 
အပါယ်လေးဘုံ ကိုရောက်မယ့်အကုသိုလ်တွေဖြစ်တဲ့အတွက်
 လူဖြစ်ပေမယ့် ငရဲသွားမယ့်သူဖြစ်တာကြောင့် 
ဒီလိုလူမျိုးဟာလူရာမ၀င်ပါဘူး...။

***~~~***

ပိုက်ဆံမရှိလို့ ဆင်းရဲတိုင်းလူရာမ၀င်တာမဟုတ်ဘူး
ဘယ်လောက်ပဲဆင်းရဲနေပါစေ 
ကိုယ်ကျင့်တရားနဲ့ လူပီသစွာနေထိုင်တဲ့လူအားလုံးဟာ
သုဂတိကိုသွားမယ့်သူတွေဖြစ်တဲ့အတွက် 
လူ့ အဆင့်အတန်းရှိတဲ့သူ 
အထက်တန်းကျတဲ့သူ
လူ့ ဂုဏ်သိက္ခာရှိတဲ့သူ 
လူ့ တန်ဘိုးရှိတဲ့သူတွေချည်းပါပဲ...။

***~~~***

သူတပါးပစ္စည်းခိုးတတ်တဲ့သူ
ဗြောင်လိမ် ဗြောင်စားတတ်တဲ့သူ
 နောက်ကျောဓါးနဲ့ ထိုးတတ်တဲ့သူ
မကောင်းမူ့ ကို မကောင်းမူ့ မှန်းသိလျှက်နဲ့ 
မကောင်းမူ့ လုပ်ရမှာကို မရှက်မကြောက်တတ်တဲ့သူဟာ
လောကမှာ စက်ဆုတ်ရွံရှာစရာအကောင်းလူပါပဲ...။

***~~~***

Related image

မသူတော်တယောက်ဟာ သူတော်ကောင်းအရေခြုံပြီး
လူတွေကိုသူတော်ကောင်းအယောင်ဆောင် 
လိမ်လည်လှည့်ဖြားလို့ ရချင်ရမယ်
ဒါပေမယ့်ငရဲကိုတော့လိမ်လည်လှည့်ဖြားလို့ မရဘူး
သူလုပ်ထားတဲ့မသမာမူ့ တွေ အကုသိုလ်တွေကို
 ငရဲပြည်က Data ထဲမှာအကုန်သိမ်းထားတယ်
သူတပါးဆီက မရမက ဝေသာလီပြည်ဘီလူးကျသလို 
ခိုးယူထားတဲ့အရာမှန်သမျှတွေဟာ
သူ့ Data မှာရှိသလို ငရဲမှာလည်းသူ့ အကုသိုလ်တွေအကုန်ရှိတယ်...။

***~~~***


သူယုတ်မာတယောက်လောကမှာလူဖြစ်လာတယ်ဆိုတာ
ခိုးဖို့  လိမ်ဖို့  ယုတ်မာဖို့  ကောက်ကျစ်ဖို့  စဉ်းလဲဖို့ 
အယောင်ဆောင်ဖို့ အတုအယောင်လုပ်ဖို့ 
ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ဖို့ 
ကုန်းတိုက်ဖို့  ရန်တိုက်ဖို့ 
ပြဿ       နာတွေဖန်တီးဖို့ 
အတို့ အထောင်လုပ်ဖို့ 
တို့ မီးရှို့ မီးလုပ်ဖို့ 
အောက်တန်းကျတဲ့လုပ်ရပ်တွေနဲ့ 
လောကကြီးကို အကုသိုလ်တွေဖြန့် ပြီး
ငရဲသွားဖို့ လူဖြစ်လာတာပါပဲ...။

***~~~***



No comments:

Post a Comment