Monday, October 17, 2022

*~~~ကျွနုပ်၏တပိုင်းတစဒဿ နများ (၁၂)~~~*



ပညာရှိသူတော်ကောင်းတွေမှာ

အကောင်းနဲ့ အဆိုး

အမှားနဲ့ အမှန်ကို ဝေဖန်ပိုင်းခြားသိမြင်နိုင်တဲ့

အသိဥာဏ်နဲ့ ပညာရှိတယ်

အဲဒီသူတော်ကောင်းတွေဟာ

သူယုတ်မာဘက်က ဘယ်တော့မှမရပ်တည်ဘူး

အသက်သေချင်သေပါစေ

အမှန်တရားနဲ့ သူတော်ကောင်းတွေဖက်ကပဲရပ်တည်တယ်။

ဒါဟာ သူတော်ကောင်းတွေရဲ့ လူ့ ဂုဏ်သိက္ခာနဲ့ 

လူ့ အရည်အသွေးတွေပဲဖြစ်တယ်။

***~~~***


သူတော်ကောင်းမှန်ရင်

သူယုတ်မာနဲ့ ဘယ်တော့မှမပေါင်းဘူး

နတ်သုဒ္ဓါနဲ့ မစင်လို

ဘယ်တော့မှလည်းပေါင်းလို့ မရဘူး။

***~~~***


လူသားတွေကို ကောက်ကျစ်စဉ်းလဲတဲ့နည်းမျိုးစုံနဲ့ ချောက်လှန့် ဖျက်ဆီးနေတဲံ့

မကောင်းဆိုးရွားမိစ္ဆာတယောက်ရဲ့ ယုတ်မာမူ့ တွေအားလုံးဟာ

အဲဒီမိစ္ဆာအတွက် အစီစိငရဲကိုရောက်ဖို့ တခုထဲသောလမ်းပဲ။

***~~~***


သူတပါးအကျိုးစီးပွားကိုအလိုရှိသလိုလိုနဲ့ လူတွေရဲ့ချီးမွမ်းထောမနာပြုတာကိုခံရအောင်

အယောင်ဆောင်ဟန်ပြပြီး နောက်ကွယ်မှာယုတ်မာကောက်ကျစ်စွာ

သူတပါးကိုဖျက်လိုဖျက်ဆီးလုပ်နေတဲ့ သူယုတ်မာရဲ့ကူညီမူ့ မျိုးကိုကျေးဇူးလို့ သတ်မှတ်ရင် 

ဥပမာအားဖြင့် ဘာနဲ့ တူလည်းဆိုရင် သူခိုးတယောက်က သင့်အိမ်ထဲကပစ္စည်းဥစ္စာတွေကို

ဝင်ရောက်ခိုးယူပြီး အဲဒီခိုးထုတ်ခိုးထည်တွေကို အခြားလူတယောက်ကသင့်ပစ္စည်းတွေကို

ခိုးယူသွားသယောင်လိမ်လည်လှည့်စားပြီး သင့်ကိုပြန်အပ်ဖို့ 

အခြားတယောက်ကို အကွက်ဆင်ထောင်ချောက်ချပြီး 

သူခိုးကသူတော်ကောင်းအရေခြုံ နားလှည့်ပါးရိုက်တဲ့ 

အကွက်ဆင်တဲ့ယုတ်မာမူ့ ကို

ကျေးဇူးလို့ ခေါ်တာမဟုတ်ဘူး

***~~~***


 ကျေးဇူးတရားဆိုတာ စစ်မှန်သောစိတ်စေတနာနဲ့ 

သူတပါးအပေါ်ကိုယ်ချင်းစာတရားထားပြီး

မျှော်လင့်ချက်မဲ့ကူညီစောင့်ရှောက်တတ်တဲ့ကူညီမူ့ ကို

 ကျေးဇူးတရားလို့ သတ်မှတ်ပြီး ကျေးဇူးရှိသူလို့ ခေါ်ဆိုတာဖြစ်တယ်။ 

အဲဒီကူညီမူ့ ဟာ မြင့်မြတ်သောစိတ်စေတနာကနေဖြစ်တည်လာတဲ့

ဖြူစင်သောကူညီမူ့ ဖြစ်တယ်။

***~~~***


ကျေးဇူးရှိသူကို ကျေးဇူးကန်းရုံမက 

ဖျက်ဆီးယုတ်မာသော သူယုတ်မာလောက် 

လောကမှာယုတ်ညံ့ဆိုးရွားသောသူမရှိဘူး။

***~~~***


Pictures from google


No comments:

Post a Comment