ကြယ်တာရာကြွေကျသွားခါမှ
တာရာဟာ
သိပ်လင်းကြောင်း
သိပ်လက်ကြောင်း
သိပ်တော်ကြောင်း
သိပ်တတ်ကြောင်း
သိပ်မြတ်ကြောင်း
အကြောင်းမျိုးစုံတွေနဲ့ 
စီကာပတ်ကုံး
စီကာပတ်ကုံး
မိုးလုံးပြည့်မတတ်
အချီးအမွမ်းတွေနဲ့ 
တမ်းကြ
တကြ
ယူကြုံးမရ
ဝမ်းနည်းပက်လက်ဖြစ်နေကြတာများးးးးးးးးးး
သြော်...သံဝေဂယူစရာတောင်ကောင်းသေးတော့......
တာရာရှိနေတုန်းကကျတော့ရော...
အဲဒီတာရာကို
လင်းမှန်းမသိခဲ့ကြတာလား
လက်မှန်းမမြင်ခဲ့ကြတာလား
ဆွံ့ အနေခဲ့ကြတာလား......
ဘ၀ပြောင်းတော့မှ
မိုးလုံးပြည့်တွေနဲ့ 
ချီးမွမ်းခန်းတွေ တသီတတန်းကြီးကို
သူ့ ခမြာ
တမလွန်ကနေ
ကြားပြင်းများကပ်နေမလားပဲ......
ကြားပြင်းများကပ်နေမလားပဲ......
ဆရာရေ...
ဆရာကြားနိုင်မယ်ဆိုရင်
စကားတခွန်းလောက်တော့ပြောပါရစေ...
အဓိပဓိကြီးဘ၀နဲ့ 
အညတြလိုနေပြီး
ရိုးရိုးလေးပဲ
ကြွေလွင့်သွားခဲ့တာကို
ခမ်းခမ်းနားနားပဲ
ဦးညွှတ်အလေးပြုလိုက်ပါတယ်ဆရာ......။
ကြွေလွင့်သွားသောကြယ်(သို့ မဟုတ်)
တမလွန်မှ ဆရာကြီးဒဂုန်တာရာသို့ ...
တမလွန်မှ ဆရာကြီးဒဂုန်တာရာသို့ ...
ရိုသေစွာဖြင့်
*
*
*
*
*
*
No comments:
Post a Comment