Saturday, August 24, 2013

*~~~ကျွန်ုပ်၏တပိုင်းတစဒဿနများ(၇)~~~*


အသိဥာဏ်မပါသော ချီးမွမ်းခြင်းထက်
အသိဥာဏ်ဆင်ခြင်တုံတရားပါသော
ဝေဖန်ကဲ့ရဲ့ခြင်းက ပို၍တန်ဖိုးရှိတယ်...။

***~~~***

ချီးမွမ်းခြင်းမှာသာယာပြီး 
ကဲ့ရဲ့ခြင်းမှာ မသာမယာဖြစ်နေတာဟာ
တည်ငြိမ်ရင့်ကျက်မူ့ မရှိတဲ့သူတွေရဲ့
စိတ်နေသဘောထားတွေပါ...။

***~~~***

လောကသဘာဝအရ
ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းဆိုတာတွေဟာ
တူညီသောလောကဓံတရားတွေပါလားရယ်လို့ 
ကျေနပ်စွာခံယူထားနိုင်တဲ့သူ, နှလုံးသွင်းနိုင်တဲ့သူသာလျှင်
တကယ့်သူတော်ကောင်းစိတ်ရှိတဲ့သူဖြစ်တယ်...။

***~~~***

တန်ဘိုးရှိတဲ့လူဆိုတာ တန်ဘိုးမရှိတဲ့စကားတွေကို
တန်ဘိုးမရှိမှန်းသိတတ်တဲ့ အသိဥာဏ်ပညာရှိတယ်...။

***~~~***

စကားဆိုတာလူတိုင်းပြောတတ်ကြတာပဲ
ဒါပေမယ့် လူတိုင်း "လူစကား" ပြောတတ်ကြတာတော့မဟုတ်ဘူး...။

***~~~***

စကားလုံးတွေလှပနေပေမယ့်
အတွင်းစိတ်ကပုတ်သိုးနေရင်
အဲဒါ ကျီးအာသီးလိုပဲ...
အပြင်လှပေမယ့် အတွင်းမှာအနှစ်သာရမရှိဘူး...။

***~~~***

လူဆိုတာသူများဓါးခုတ်ရာမှာလက်ဝင်မလျှိုသင့်သလို
ကိုယ်နဲ့ မဆိုင်တဲ့ကိစ္စတွေမှာလည်းဝင်မရှုပ်သင့်ဘူး...။

***~~~***

သူတပါးပြဿနာကို ကိုယ့်ပြဿနာလုပ်တတ်တဲ့သူဟာ
မဆီမဆိုင် နံရံကိုခေါင်းနဲ့ တိုက်တဲ့သူလိုပဲ
နံရံကဘာမှမဖြစ်ပဲ တိုက်တဲ့သူသာနာကျင်သွားတာပဲ...။

***~~~***

မသူတော်တွေဟာစကားပြောရင်
ဂျပိုးကိုလိပ်ဖြစ်အောင် သူတပါးနာကျင်အောင်
တမင်တကာပုံကြီးချဲ့ ထွင်ပြောတတ်ကြပေမယ့်
ပညာရှိသူတော်ကောင်းတွေကတော့
အရှိကိုအရှိအတိုင်း
အမှန်ကိုအမှန်အတိုင်း
မှန်မှန်ကန်ကန်
တည့်တည့်မတ်မတ်
သူ့ အတိုင်းအတာရှိသလောက်သာပြောတတ်ကြတယ်။

***~~~***
 
ပါရမီ့ရှင်သူတော်ကောင်းမှန်ရင်
ဘယ်လိုပြဿနာမျိုးကိုမဆို
ရိုးသားမှန်ကန်စွာပြောဆိုသောသစ္စာစကားနဲ့ ပဲ
အဲဒီပြဿနာတွေကိုရူ့ မြင်သုံးသပ်အဖြေရှာလေ့ရှိတယ်၊
ဘယ်တော့မှဝေ့လည်ကြောင်ပတ် လိမ်ညာလှည့်စားပြီး
ပြဿနာတွေကိုအဖြေရှာလေ့မရှိဘူး...။

***~~~***

 ပင်လယ်လှိုင်းလုံးတွေ တ၀ုန်းဝုန်းရိုက်ခတ်ပေမယ့်
ပြိုလဲမသွားတဲ့ကျောက်ဆောင်တခုလိုပဲ
ကြီးမားခိုင်ခံ့တဲ့အဆောက်အအုံကြီးတခုဟာ
ပြင်းထန်တဲ့မိုးသက်မုန်တိုင်းဒဏ်ကိုခံနိုင်ရည်ရှိသလိုပဲ
ထို့ အတူ စိတ်ဓါတ်ကြံ့ခိုင်တဲ့သူတော်ကောင်းဟာလည်း
မည်သို့ သောလောကဓံတရားကိုမဆို
တည်ငြိမ်စွာနဲ့ ခံနိုင်ရည်စွမ်း ရှိတတ်ကြစမြဲပဲ...။

***~~~***


*
*
*
ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...

No comments:

Post a Comment