Thursday, May 30, 2013
*~~~ကိုယ်နဲ့ ခရီးသွားခြင်းအကြောင်း(၇)~~~*
ကိုယ်တို့ ဘန်ကောက်မြို့ ရဲ့နေရာအချို့ ကိုလျှောက်လည်ဖြစ်ပါတယ်...
မြို့ တမြို့ လုံးနေရာနှံ့ အောင်လျှောက်လည်ဖြစ်ဖို့ ဆိုတာကတော့မလွယ်ပါဘူး...။
ဘာကြောင့်လည်းဆိုတော့မြို့ ကြီးက လည်ပတ်စရာတွေများသလို အံ့မခန်းဖွယ်
ကြီးမားကျယ်ပြန့် လွန်းနေလို့ ပါ...။ 
ဘန်ကောက်မြို့ ဟာ အာရှနဲ့ ကမ္ဘာ့စီးပွားရေးအချက်အခြာကျတဲ့မြို့ ဖြစ်ပါတယ်။ 
ထို့ အပြင် London နဲ့ Paris ပြီးရင် ကမ္ဘာလှည့်ခရီးသည်တွေအလည်ပတ်ဆုံး
ကမ္ဘာ့တတိယမြောက်မြို့ တော်လည်းဖြစ်ပါတယ်။
***
ထိုင်းနိုင်ငံဟာ စစ်တပ်အုပ်ချုပ်မူ့ အောက်မှာ ၄၆ နှစ်ကြာနေခဲ့ရပြီး
၁၇ နှစ်ကြိမ်အာဏာသိမ်းခဲ့ဖူးတဲ့နိုင်ငံဖြစ်ပါတယ်...။ 
အဓိကရုန်းတွေဖြစ်ခဲ့သလို ပြစ်ခတ်မူ့ တွေ သွေးမြေကျမူ့ တွေလည်းဖြစ်ခဲ့ပါတယ်။
သို့ သော်လည်း ထိုင်းစစ်တပ်ဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အလျှောက်
မြန်မာနိုင်ငံမှာလိုမျိုး ဘုန်းကြီးကျောင်းတွေကိုဝင်ရောက်ဖျက်ဆီးခြင်း
ဘုန်းကြီးတွေကိုပြစ်ခတ်သတ်ဖြတ်ခြင်း ၊မတရားဖမ်းဆီးခြင်း ၊
နှိပ်စက်ညှင်းပမ်းခြင်း၊ ထောင်သွင်းအကျဉ်းချခြင်းနဲ့ 
မတရားသဖြင့်ထောင်ဒဏ်ချမှတ်ခြင်းတွေမရှိခဲ့ပါဘူး...။
 ဗုဒ္ဓဘာသာကိုမစော်ကား ခဲ့ကြပါဘူး...။
သူတို့ စစ်တပ်ရဲ့ရာဇ၀င်ကိုမရိုင်းစေခဲ့ကြပါဘူး...။ 
အာဏာမရူးခဲ့ကြပါဘူး...။
လူပီသခဲ့ကြပါတယ်...။
အဲဒီလို လူပီသတဲ့လူတွေအုပ်ချုပ်ခဲ့တဲ့နိုင်ငံမို့ လို့ လည်း
ဘန်ကောက်မြို့ ရဲ့အမြင့်ဆုံး
အရှေ့ တောင်အာရှမှာအမြင့်ဆုံးနဲ့ 
ကမ္ဘာ့နံပါတ်လေးခုမြောက်အမြင့်ဆုံးဖြစ်တဲ့ 
Baiyoke Hotel ပါ...။
လျှောက်လည်ဖြစ်တဲ့နေရာတွေပါ...
အမေရိကန်နိုင်ငံမှာ လူကြိုက်များတဲ့
 Kentucky Fried Chicken, ( Fast food restaurant )ကို
ဘန်ကောက်မြို့ မှာတွေ့ ရပါတယ်...။
  Kentucky Fried Chicken ဟာ နိုင်ငံပေါင်း ၁၂၀ မှာ ဆိုင်ပေါင်း ၁၈၀၀၀ ရှိပါတယ်...။
အစားအသောက်တွေရဲ့ဈေးနှုန်းကတော့ ဒီမှာနဲ့ အတူတူပါပဲ...။
 အစာစားပြီးနောက်တနေကုန်လျှောက်သွားခဲ့သမျှ
ပင်ပမ်းပြီး အနားယူဖို့ လိုအပ်နေတာမို့ ဟိုတယ်ကို
တက္ကစီနှင့်ပြန်လာခဲ့ပါတော့တယ်...။
ဆက်ရန်...
*
*
*
No comments:
Post a Comment