Wednesday, May 22, 2013

*~~~ကိုယ်ရယ် မိုးရယ် ချယ်ရီရယ်~~~*

ကိုယ်လျှောက်နေကျရေကန်ကြီးဘေးမှာ ချယ်ရီပင်တန်းလေးတွေရှိတယ်...။
မနက်ခင်းမိုးတွေအုံ့ ဆိုင်းဆိုင်းထဲ ချယ်ရီပင်တန်းလေးရှိရာကိုယ်လျှောက်လာခဲ့တယ်...


ချယ်ရီပင်ရှေ့ ခုံတန်းလေးမှာထိုင်ရင်း ခပ်ဖွဖွလေးတိုက်လာတဲ့လေညှင်းလေးထဲ သင်းပျံ့ မွှေးထုံတဲ့
ချယ်ရီရနံ့ လေးက ကိုယ့်ကိုလန်းဆန်းကြည်လင်သွားစေတယ်။


အဆုပ်လိုက်ပွင့်နေတဲ့ပန်းနုရောင်ချယ်ရီ ပန်းလေးတွေနဲ့ 
မြက်ခင်းစိမ်းစိမ်းလေးတွေကကြည့်လို့ မ၀နိုင်အောင်ပါပဲ...။
ကိုယ်တယောက်ဓါတ်ပုံတွေတ၀ကြီးရိုက်ဖြစ်ခဲ့တယ်...
ကိုယ့်လိုပဲပန်းချစ်တတ်သူများ သဘာဝလောကကိုမြတ်နိုးတတ်သူများအတွက်
မျှဝေလိုက်ပါတယ်...
အင်တာနက်ထဲလှူတဲ့ပန်းအလှူပေါ့...
ကမ္ဘာအရပ်ရပ်မှမည်သူမဆိုကော်ပီကူးယူနိုင်ကြပါစေကုန်သော်... :)
 




မိုးပွင့်လေးတွေဖွဲဖွဲကျလာပါတယ်
ချယ်ရီပန်းပွင့်လေးတွေပေါ်မှာအေးချမ်းတဲ့မိုးရေစက်လေးတွေ...
ပန်းလိုလှပ၍
 မိုးကဲ့သို့ ငြိမ်းချမ်းအေးမြကြပါစေ...

{ကိုယ်ကတော့မိုးရေထဲလမ်းလျှောက်ရတာပျော်လို့ ......}
*
*
*

No comments:

Post a Comment