
ရှေးဦးစွာမိမိကိုယ်တိုင်သင့်လျှော်ကောင်းမြတ်သောအကျင့်ကိုကျင့်ရာ၏၊
နောက်မှသူတပါးကိုဟောပြောဆုံးမရာ၏၊ ထိုသို့ ကျင့်သောပညာရှိသည် (သူတပါးကဲ့ရဲ့ ခြင်းဘေးမှကင်းလွတ်၍) စိတ်ပင်ပမ်းနွမ်းညစ်ခြင်းမဖြစ်ရာ။
သူတပါးကိုဆုံးမသကဲ့သို့ မိမိကိုယ်ကိုဆုံးမရာ၏(သူတပါးအားဟောသောတရားကိုမိမိကျင့်ရာ၏)
မိမိကိုယ်ကိုကောင်းစွာဆုံးမပြီးမှသူတပါးကိုဆုံးမရာ၏၊ မိမိကိုယ်ကိုဆုံးမရန်ကားအလွန်ခဲယဉ်း၏
သူတပါးတို့ ၏အပြစ်ကိုမြင်လွယ်၏၊ မိမိ၏အပြစ်ကိုမြင်နိုင်ခဲ၏၊
သူတပါးတို့ ၏အပြစ်ကိုဖွဲလွင့်သကဲ့သို့ လျှင်ပြုတတ်၏ မိမိ၏အပြစ်ကိုကားဖုံးကွယ်တတ်၏။
(ဓမ္မပဒ)