သူတပါးပစ္စည်းကို အရှက်မရှိခိုးနေတဲ့သူခိုး
လူတွေကို ဗြောင်လိမ်ဗြောင်စားနေတဲ့
သူခိုးလူလိမ်တယောက်ကို သူခိုးမှန်းသိလျှက်နဲ့  လူလိမ်မှန်းသိလျှက်နဲ့ 
ဘုရားနဲ့ နှိုင်းပြီးတော့မှဘုရားလိုကိုးကွယ်နေတာဟာ
မြတ်စွာဘုရားရှင်ကိုစော်ကားသလိုဖြစ်နေရုံမက
ဘုရားရှင်တည်ထောင်ခဲ့တဲ့သာသနာတော်ကို
နတ်သုဒ္ဓါမှာ မစင်ကျသလိုဖြစ်နေတာပါ
ဘာကြောင့်လည်းဆိုတော့
ဘုရားရှင်ဟာ သူခိုး လူလိမ်ဘ၀ကနေဘုရားဖြစ်ခဲ့တာမဟုတ်လို့ ပဲ။
*~*~*~*~*
ဗုဒ္ဓရဲ့သာသနာတော်ဟာ သူတော်ကောင်းတွေနဲ့ တည်ထောင်ခဲ့တဲ့သာသနာတော်ဖြစ်တယ်
သူခိုးဗီလိန်တည်ထောင်ခဲ့တဲ့သာသနာတော်မဟုတ်ဘူး။
*~*~*~*~*
ဟောဒီဘဒ္ဒကမ္ဘာမှာ ပွင့်ခဲ့တဲ့ဘယ်ဘုရားရှင်ကမှ
ခိုးတတ်သော သူခိုးသည်လည်းကောင်း
လိမ်တတ်သော လူလိမ်သည်လည်းကောင်း
သုဂတိဘုံသို့  သွားကြလိမ့်မည်ဟု မဟောခဲ့ကြချေ။
အသိဥဏ်ပညာကြီးမားသော စစ်မှန်သောဘယ်သူတော်ကောင်းမှ
သူခိုးနောက်လိုက်မဟုတ်ကြသလို
သုဂတိဘုံသို့  သွားကြလိမ့်မည်ဟု မဟောခဲ့ကြချေ။
အသိဥဏ်ပညာကြီးမားသော စစ်မှန်သောဘယ်သူတော်ကောင်းမှ
သူခိုးနောက်လိုက်မဟုတ်ကြသလို
သူခိုး လူလိမ်မှန်ရင် အပ္ပါယ်ဘုံသို့ လားရစမြဲပဲ။
*~*~*~*~*
*~*~*~*~*
သူတပါးကိုလိမ်စားတဲ့လူလိမ်ဆိုတာ*~*~*~*~*
လောကမှာမြင့်မြတ်တဲ့သုဂတိဘုံကိုရောက်ရှိသွားကြတဲ့ ပါရမီရှင်သူတော်ကောင်းတွေနဲ့ 
မဟာနိဗ္ဗာန်ကိုဝင်စံခဲ့ကြတဲ့ အရိယာနွယ်ဝင်သူတော်စင် သူတော်မြတ်တွေဟာ
သံသရာမှာကျင်လည်ခဲ့ကြတဲ့အခါ နိမ့်ကျတဲ့တရိစ္ဆာန်ဘ၀တွေကိုလည်း ရောက်ရှိခဲ့ကြဖူးတယ်။
ဒါပေမယ့် လူဖြစ်ခွှင့်ရတဲ့ဘ၀တွေမှာ သူတပါးပစ္စည်းကိုခိုးတဲ့သူခိုး
သူတပါးတွေကို ကုန်းတိုက် အကွက်ဆင် ထောင်ချောက်ဆင်ပြီး လိမ်တဲ့လူလိမ်
သူတပါးတွေကို ကုန်းတိုက် အကွက်ဆင် ထောင်ချောက်ဆင်ပြီး လိမ်တဲ့လူလိမ်
သူတော်မဟုတ် သူယုတ်ဘ၀ကို ဘယ်တုန်းကမှမရရှိခဲ့ကြဖူးပါဘူး...။
ဒါကြောင့်မို့ လူတယောက်ဟာ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊
ပညာတတ်သည်ဖြစ်စေ၊ ပညာမတတ်သည်ဖြစ်စေ၊ ကမ္ဘာကြီးရဲ့ဘယ်အရပ် ဘယ်ဒေသမှာ
ရှိတဲ့ ဘယ်လူမျိုးပဲဖြစ်ဖြစ် သူတော်ကောင်းမှန်ရင် အဲဒီလူဟာ
အရိယာနွယ်ဝင် ပါရမီ့ရှင် တယောက်ပါပဲ...။*~*~*~*~*
လောကမှာတရိစ္ဆာန်တကောင်ဟာ သူခိုး လူလိမ်တယောက်ထက်တန်ဘိုးရှိတယ်၊
ဘာကြောင့်လည်းဆိုတော့ တရိစ္ဆာန်ဖြစ်သော်လည်း သူတပါးပစ္စည်းမခိုးတဲ့အတွက်
သူတပါးကိုမလိမ်တဲ့အတွက် တရိစ္ဆာန်ဖြစ်ပေမယ့် သီလလုံခြုံနေလို့ ပါပဲ၊
ဗုဒ္ဓဘုရားရှင်ဟာ ငုံး ငှက်ကလေးဖြစ်တဲ့အချိန်မှာ မှန်သောသစ္စာစကားကိုဆိုခဲ့တယ်။
နာဋ္ဌာဂီရိ ဆင်ဟာ အလွန်ယုတ်မာတဲ့ ဒေ၀ဒတ်က အရက်တိုက်ပြီး
ဘုရားရှင်ကိုတိုက်ခိုက်ဖို့ လွှတ်လိုက်ပေမယ့် ဘုရားရှင်ရှေ့ မှောက်ရောက်တော့
ဘုရားကို ဘုရားမှန်းသိပြီးအရိုအသေပြုတယ်။
တရိစ္ဆာန်က မယုတ်မာဘူး ၊ တရိစ္ဆာန်ဘ၀ရောက်နေတာတောင် ပါရမီ့ရှင်တွေဟာ ဘုရားရှင်ကိုတိုက်ခိုက်ဖို့ လွှတ်လိုက်ပေမယ့် ဘုရားရှင်ရှေ့ မှောက်ရောက်တော့
ဘုရားကို ဘုရားမှန်းသိပြီးအရိုအသေပြုတယ်။
သူတော်ကောင်းတရားတွေကိုပဲကျင့်သုံးတယ်။
*~*~*~*~*
သိုးရေခြုံတဲ့ဝံပုလွေလို သူတော်ကောင်းအယောင်ဆောင်ပြီးဘာတွေဘယ်လိုပဲလုပ်ပြ လုပ်ပြ
လိမ်တဲ့ပါးစပ်ကနေသူတော်ကောင်းစကားတွေဘယ်လောက်ပဲပြောပြော
ခိုးတဲ့လက်နဲ့  တရားစာတွေဘယ်လောက်ပဲရေးရေး
ဟီရိသြတပတရားဆိုတာ ဘာမှန်းမသိ
သူတပါးပစ္စည်းကိုခိုးပြီး အရှက်မရှိ
သူတပါးတွေကို လိမ်စားနေသမျှ ကာလပတ်လုံး
သင်ဟာ ဘုရားမကြိုက်တဲ့ ငမိုက်သား
အပ္ပါယ်လားဖို့ လက်မှတ်ရထားတဲ့ သူတယောက်ပဲ။
*~*~*~*~*
*~*~*~*~*
သိုးရေခြုံတဲ့ဝံပုလွေလို သူတော်ကောင်းအယောင်ဆောင်ပြီးဘာတွေဘယ်လိုပဲလုပ်ပြ လုပ်ပြ
လိမ်တဲ့ပါးစပ်ကနေသူတော်ကောင်းစကားတွေဘယ်လောက်ပဲပြောပြော
ခိုးတဲ့လက်နဲ့  တရားစာတွေဘယ်လောက်ပဲရေးရေး
ဟီရိသြတပတရားဆိုတာ ဘာမှန်းမသိ
သူတပါးပစ္စည်းကိုခိုးပြီး အရှက်မရှိ
သူတပါးတွေကို လိမ်စားနေသမျှ ကာလပတ်လုံး
သင်ဟာ ဘုရားမကြိုက်တဲ့ ငမိုက်သား
အပ္ပါယ်လားဖို့ လက်မှတ်ရထားတဲ့ သူတယောက်ပဲ။
*~*~*~*~*
သူတပါးပစ္စည်းခိုးတဲ့သူခိုး
အခုဘ၀လည်းရှုံးတယ်
နောက်ဘ၀လည်းရှုံးတယ်
သံသရာအဆက်ဆက်လည်းရှုံးတယ်။
*~*~*~*~*
သူတပါးပစ္စည်းမခိုးတဲ့သူ
သူတပါးကိုလိမ်မစားတဲ့သူတွေအားလုံး
ဘယ်သူပဲဖြစ်ဖြစ်
အခုဘ၀လည်းနိုင်တယ်
နောက်ဘ၀လည်းနှို်င်တယ်
သံသရာအဆက်ဆက်လည်းနိုင်တယ်။
*~*~*~*~*
မိမိကိုယ်မိမိ သူခိုးဖြစ်နေတယ်ဆိုတာကိုတောင် ရှက်ရကောင်းမှန်းမသိတဲ့သူ
သူတပါးပစ္စည်းကို ခိုးယူဖို့ အတွက်အချိန်တိုင်းကြံစည်အားထုတ်နေရတဲ့သူ
သူတပါးပစ္စည်းကို အတင်းအဓမ္မခိုးပြီး မသမာမူ့ နဲ့ အသက်မွေးတဲ့သူ
သူတပါးပစ္စည်းကို အတင်းအဓမ္မခိုးပြီး မသမာမူ့ နဲ့ အသက်မွေးတဲ့သူ
လူ့ တန်ဘိုးမဲ့စွာအသက်ရှင်နေတဲ့သူဟာလူ့ ဘ၀ဆုံးပြီး
လူဖြစ်ရှုံးနေတဲ့သူပဲ...။*~*~*~*~*
သူတပါးပစ္စည်းတွေကို ခိုးပြီး ရောင်းစားလို့ ရတဲ့
သူခိုးတယောက်ရဲ့ငွေတွေအားလုံးဟာ
အဲဒီသူခိုးကို အပ္ပါယ်ငရဲကိုပို့ ဖို့ အတွက်
ကတို့ ခတွေပဲ။
*~*~*~*~*
အကုသိုလ်ကံအကျိုးပေးချိန်တန်လာပြီဆိုရင်
ကမ္ဘာပေါ်မှာရှိတဲ့ငွေတွေအားလုံးနဲ့ ပုံပြီး
သူယုတ်မာတယောက်ကို အပ္ပါယ်မလားအောင်
ဘယ်သူတဦးတယောက်ကမှတားဆီးနိုင်စွမ်းမရှိဘူး။
*~*~*~*~*
*
*
*
ဓမ္မမိတ်ဆွေသူတော်ကောင်းများအားလုံး
ပန်းလိုလန်းဆန်း၍ ရေလိုအေးချမ်းကြပါစေ...
*~*~*~*~*
အကုသိုလ်ကံအကျိုးပေးချိန်တန်လာပြီဆိုရင်
ကမ္ဘာပေါ်မှာရှိတဲ့ငွေတွေအားလုံးနဲ့ ပုံပြီး
သူယုတ်မာတယောက်ကို အပ္ပါယ်မလားအောင်
ဘယ်သူတဦးတယောက်ကမှတားဆီးနိုင်စွမ်းမရှိဘူး။
*~*~*~*~*
*
*
*
ဓမ္မမိတ်ဆွေသူတော်ကောင်းများအားလုံး
ပန်းလိုလန်းဆန်း၍ ရေလိုအေးချမ်းကြပါစေ...


No comments:
Post a Comment