Wednesday, May 30, 2018
*~~~နှလုံးသားမှပွင့်သောပန်းများ~~~*
ဓမ္မမိတ်ဆွေ သူတော်ကောင်းများအားလုံးပဲ မင်္ဂလာပါ...။
ကိုယ့်ရဲ့ Blog ဒီနေရာလေးကိုမကြာခဏရောက်ဖြစ်နေပေမယ့် စာမရေးဖြစ်တာတော့ကြာပါပြီ။
ငြိမ်းချမ်းတဲ့ဒီနေရာလေး မှာမင်္ဂလာရှိတဲ့အကြောင်းတရားတွေကိုပဲပြောချင်တဲ့ဆန္ဒရှိပါတယ်...
သို့ သော်လည်းကိုယ်မပြောချင်ပေမယ့်ပြောရမယ့်အကြောင်းတရားတွေရှိနေတာကိုတော့ပြောပါရစေ...
ပထမဦးဆုံးပြောချင်တာကတော့ ဘ၀မှာ လူမဆန်တဲ့ မသူတော်တယောက်ရဲ့ ကောက်ကျစ်မူ့  စဉ်းလဲမူ့ ခိုးမူ့ လိမ်လည်မူ့ တွေကိုကြုံရတဲ့အခါမှာ ဘုရားသားတော်များဖြစ်ကြတဲ့အရှင်သူမြတ်များ မြန်မာပြည်သူပြည်သား ဓမ္မမိတ်ဆွေသူတော်ကောင်းများနဲ့ ကမ္ဘာအရပ်ရပ်မှာရှိကြတဲ့သူတော်ကောင်းတွေဟာ
 မြင့်မြတ်တဲ့နှလုံးသား ကိုယ်ချင်းစာတရား အမှန်တရားကိုမြတ်နိုးတဲ့စိတ်ဓါတ် 
အဆင့်အတန်းရှိတဲ့ အထက်တန်းကျတဲ့ ပညာနဲ့ ပြည့်ဝတဲ့ 
သူတော်ကောင်းများပီသစွာ ၀ိုင်းဝန်းအားပေးကြ ၀မ်းနည်းခြင်း
 ကြေကွဲခြင်း ၀မ်းမြောက်ခြင်း အရာအားလုံးကို မျှဝေခံစားပေးရင်း ဖေးမပေးကြတဲ့အတွက်
 ရင်နဲ့ အမျှ ကျေးဇူးအနန္တတင်ရှိကြောင်းနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်အရာနဲ့ မှတန်ဘိုးမဖြတ်နိုင်အောင် 
သူတော်ကောင်းတွေအားလုံးရဲ့နှလုံးသားတွေကို 
ကိုယ်တန်ဘိုးထားပါတယ်လို့ ပြောပါရစေ...။ 
မြတ်စွာဘုရားရှင်ဟာလေးအသင်္ချေနဲ့ ကမ္ဘာတသိန်း 
ပါရမီတော်တွေဖြည့်ဆည်းပြီးဘုရားဖြစ်လာတဲ့အခါမှာ
အရှင်မြတ်ဟာ မရေမတွက်နိုင်တဲ့ လူ နတ် ဗြဟ္မာ သတ္တ၀ါတွေကို ကောင်းရာသုဂတိကို
ရောက်အောင်ဆောင်ရွက်တော်မူနိုင်ခဲ့ပါတယ်...။ ဒါဟာအင်မတန်မှကြီးမားမြင့်မြတ်တဲ့
အရှင်မြတ်ရဲ့သတ္တ၀ါတွေအကျိုးကိုဆောင်ရွက်ခဲ့ခြင်းပါပဲ... 
ဒါပေမယ့်လည်း ကုဋ္ဌေပေါင်းများစွာသောသတ္တ၀ါတွေကို သုဂတိဘုံရောက်အောင်
ဆောင်ရွက်ခဲ့ပေမယ့် ဒေ၀ဒတ်လို ပုဂ္ဂိုလ်မျိုးကတော့ ဒီအထဲမှာပါဝင်ခြင်းမရှိပဲ
အ၀ီစိကိုရောက်ခဲ့ရတယ်...။ ဒီနေရာမှာဘာကိုတွေ့ ရလည်းဆိုတော့ အလွန်ကောက်ကျစ်တဲ့
မသူတော်တရားတွေလွှမ်းမိုးနေတဲ့သူကို သူတော်ကောင်းဖြစ်အောင်လုပ်ဖို့ ဆိုတာအလွန်ခက်ခဲတဲ့
အရာတခုဖြစ်တယ်ဆိုတာပါပဲ...။ ဘုရားရှင်ဟာ ဒေ၀ဒတ်ကို သည်းခံတော်မူခဲ့ပြီး
ဒေ၀ဒတ်ရဲ့အကုသိုလ်တွေ အကျိုးပေးတဲ့အချိန် သူ့ တရားသူစီရင်သွားတဲ့အချိန်ကိုပဲစောင့်ခဲ့တာပါ။
လောကမှာသူတော်ကောင်းတွေဟာ ရှောင်လွှဲလို့ မရတဲ့မသူတော်နဲ့ ကြုံရတတ်ပါတယ်။
တခါတရံမှာ မသူတော်ကို သည်းခံရတာရှိသလို လောကရဲ့ဥပဒေနဲ့ 
တရားစီရင်ရတာလည်းရှိပါတယ်...။ ဒီလောကကြီးထဲမှာ မသူတော်တရားတွေ
မသူတော်ဝါဒတွေလွှမ်းမိုးခဲ့ဖူးပါတယ်...နာဇီဝါဒတွေ ကွန်မြူနစ်ဝါဒတွေ ဖက်ဆစ်ဝါဒတွေ 
အကြမ်းဖက်ဝါဒတွေ လွှမ်းမိုးခဲ့တယ်။ ဒီဝါဒတွေကြောင့် သန်းပေါင်းများစွာသော 
လူသားတွေရဲ့အသက်တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်...။ ဒီဝါဒတွေကိုကျင့်သုံးတဲ့သူတွေဟာ
အချိန်အတိုင်းတာတခုထိတော့ လူတွေကို သူတို့ ရဲ့ဝါဒတွေနဲ့ ဖြားယောင်းထားလို့ 
ရနိုင်ပေမယ့် ရေရှည်မှာတော့ မသူတော်တရားတွေဟာ ကျဆုံးရစမြဲပါပဲ...။ 
ယခုလည်း ဖေ့စ်ဘွတ်အင်တာနက်လောကမှာ မသူတော်တရားလွှမ်းမိုးနေပါတယ်။
အားလုံးသိကြတဲ့အတိုင်း ကိုယ်ကသည်းခံလေ သူခိုးကခိုးလေ လိမ်လေဖြစ်နေတာပါ။ 
စည်းကျော်ရုံတင်မက လူ့ စည်းကမ်းကို ချိုးဖေါက်ရုံတင်မက လူမဆန်တဲ့လုပ်ရပ်တွေကို
ဥပဒေမဲ့ကျူးလွန်နေတာပါ...။ 
သူ့ ပြဿ       နာကိုသူများပြဿ       နာလုပ်ပြီးလူတွေကို အသုံးချလိမ်စားခိုးစားနေတာပါ။
သူတော်ကောင်းတွေဟာ ဒီမသူတော်ရဲ့
ခိုးမူ့ လိမ်လည်မူ့ တွေကြောင့် စိတ်အနှောက်အယှက်ဖြစ်နေကြရတာပါ...။
သည်းခံခြင်းကို အခွှင့်ကောင်းယူပြီး ခိုးနေလိမ်နေ ယုတ်မာနေတာကိုဘယ်လိုနည်းနဲ့ မှ
လက်မခံနိုင်ဘူး...။ ဒီမသူတော်လုပ်ရပ်တွေကိုအမှန်တရားနဲ့ ရပ်တန်းရမယ်။ 
လောကမှာ သူတော်ကောင်းတွေဟာ မသူတော်တွေရဲ့ယုတ်မာမူ့ တွေ
ကောက်ကျစ်စဉ်းလဲမူ့ တွေကိုကြုံတွေ့ ရတဲ့အခါရှိပါတယ်။
ဗုဒ္ဓအရှင်မြတ်က ဒေ၀ဒတ်ရဲ့ လုပ်ကြံမူ့ ကိုအကြိမ်ကြိမ်ကြုံခဲ့ရတယ်။
မဟာတ္တမဂန္တီလုပ်ကြံခံရတယ်၊ အင်ဒီယာဂန္တီ၊ အမေရိကန်သမ္မတလင်ကွန်း ၊ 
ဒေါက်တာမာတင်လူသာကင်း မြန်မာနိုင်ငံရဲ့ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း
ဒီလိုသူတော်ကောင်းတွေဟာ မသူတော်တွေနဲ့ ကြုံတွေ့ ရပြီး ကျဆုံးခဲ့ရတာတွေရှိပါတယ်...
ဒါပေမယ့် ဒီသူတော်ကောင်းတွေဟာ ဟောဒီကမ္ဘာမြေကြီးပေါ်မှာ
 အမှန်တရားကိုမြတ်နိုးတဲ့လူသားတွေရှိနေသမျှကာလပတ်လုံး
 အဲဒီလူပီသတဲ့လူသားတွေရဲ့နှလုံးသားထဲမှာကဗျည်းထိုးထားသလိုရှိနေမှာပဲ။
ဟောဒီကမ္ဘာမြေမှာ အမှန်တရားဟာ ဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ဘူး။
ဒီကမ္ဘာမြေကြီးပျက်သုန်းသွားရင်တောင် နောက်ထပ်ဖြစ်တည်လာမယ့် ကမ္ဘာတွေမှာ
အမှန်တရားဟာဆက်လက်တည်ရှိနေမှာပဲ...။ 
အမှန်တရားဟာ သူတော်ကောင်းတွေရဲ့ကိုးကွယ်ရာပဲ။
အမှန်တရားဟာ မသူတော်တရားကိုပျောက်ကွယ်စေရမယ်...
သူတော်ကောင်းတွေရဲ့နှလုံးသားကအမှန်တရားတွေနဲ့ 
ဟောဒီကမ္ဘာမြေမှာပန်းတွေပွင့်ဝေစေရမယ်...။
*   *   *
*
*
*
No comments:
Post a Comment