အမေရိကန်နိုင်ငံရဲ့လွတ်လပ်ရေးနေ့ မှာ Mississippi မြစ်ကမ်းနဘေးက
ငြိမ်းချမ်းလှပတဲ့ကိုယ်တို့ မြို့ လေးမှာ လွတ်လပ်ရေးနေ့ အထိန်းအမှတ်အဖြစ်
မြို့ တော်ကမီးရှူးမီးပန်းတွေကောင်းကင်ပေါ်ပစ်လွှတ်ကြတာသွားကြည့်ဖြစ်ပါတယ်...။
တမြို့ လုံးကလူတွေအကုန်လုံးရောက်လာသလားထင်ရလောက်အောင်ကျိတ်ကျိတ်တိုး
စည်ကားနေတာပါ...။ အဖြူ အမဲ အပြာ အ၀ါ အရောင်စုံ အသွေးစုံ လူမျိုးပေါင်းစုံလင်လှပါတယ်...။
ကမ္ဘာတလွှားကလူတွေအားလုံးဒီမြို့ လေးမှာရှိနေတာအထင်အရှားပါပဲ...။
လွတ်လပ်ရေးနေ့ မှာပဲ အခုလိုတနေရာထဲမှာလူမျိုးပေါင်းစုံကိုတွေ့ ရတာပါ...။
ဒါပေမယ့်လူတွေအားလုံးဟာ စည်းကမ်းတကျနဲ့ ဒီမိုကရေစီနည်းလမ်းအရပျော်ရွှင်နေကြတာကို
တွေ့ ရပါတယ်...။ လူတွေတအားများနေပေမယ့် ရုတ်ရုတ်သဲသဲ ရုန်းရင်းဆန်ခတ်ဖြစ်မနေပါဘူး...။
အားလုံးပဲကိုယ်ကြိုက်ရာနေရာမှာ ထိုင်တဲ့သူထိုင် ရပ်တဲ့သူရပ်ပြီး မီးပန်းတွေပြစ်လွှတ်မယ့်အချိန်ကို
စောင့်နေကြတာပါ...။ အချို့ ဆိုရင်ဘယ်အချိန်ကရောက်နေလဲတော့မသိ အဝေးကလာတဲ့သူတို့ ခမြာတော်တော်ကြာစောင့်နေကြပုံရပါတယ်။
သူတို့ တွေရဲ့လွတ်လပ်ရေးကိုမြတ်နိုးတတ်ပုံ စည်းကမ်းရှိပုံတွေက တကယ့်ကိုအတုယူစရာပါ။
ကိုယ်ကတော့မြစ်ကိုဖြတ်ပြီးဆောက်ထားတဲ့တံတားပေါ်က
အုတ်ဘောင်လေးမှာထိုင်ပြီး တသွင်သွင်စီးဆင်းနေတဲ့ မြစ်ပြင်ကျယ်ကိုဖြတ်ပြီးတိုက်ခတ်လာတဲ့
လေညှင်းနဲ့ အတူ မီးရူးမီးပန်းတွေလွှတ်မယ့်အချိန်ကိုစိတ်ချမ်းမြေ့စွာစောင့်နေပါတော့တယ်...။
ည ၁၀ နာရီ ၁၅ မိနစ်မှာမီးရူးမီးပန်းတွေနဲ့ အမေရိကန်နိုင်ငံရဲ့လွတ်လပ်ရေးနေ့ ကို
တပျော်တပါးဂုဏ်ပြုလိုက်တာတွေ့ ရပါတယ်...။
"America was not built on fear.
America was built on courage,
on imagination and unbeatable determination
to do the job at hand."
(Harry S. Truman)
"Democracy is the government of the people,
by the people, for the people."
(Abraham Lincoln)
မြစ်ထဲမှာသင်္ဘောနဲ့ မီးပန်းတွေလာကြည့်တဲ့သူတွေပါ...
*
*
*
အားလုံးပဲလွတ်လပ်သော ငြိမ်းချမ်းသော တရားမျှတသော
အရပ်ဒေသ၌ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်ကြရပါစေလို့ ဆန္ဒပြုရင်း...
***~~~***
No comments:
Post a Comment