တခါတရံမှာသူတော်ကောင်းတွေမနှစ်မြို့ တဲ့ ခါးသီးတဲ့စကားလုံးတွေဟာ
အရေခြုံထားတဲ့ မသူတော်တွေအတွက်ထိုက်တန်တဲ့ဝါကျတွေဖြစ်တယ်...။
***~~~***
***~~~***
မှန်တာကိုပြောရဲတဲ့သတ္တိ မှန်တာကိုလုပ်ရဲတဲ့သတ္တိဆိုတာ
ဂုဏ်သိက္ခာရှိတဲ့သူတော်ကောင်းတွေရဲ့ကျင့်စဉ်ပါ...။
***~~~***
မှန်ကန်စွာရူ့ မြင်သုံးသပ် ဝေဖန်တတ်သော ပညာရှိသူတော်ကောင်းများ၏
ချီးမွမ်းခြင်း (သို့ မဟုတ်) ပြစ်တင်ခြင်း၊ ကဲ့ရဲ့ခြင်း ၊ ရှုတ်ချခြင်း များကို
နှလုံးသားဖြင့် ကျေနပ်စွာခံယူလိုက်ပါ...။
သို့ သော် ပညာမဲ့ မသူတော်များ၏ ချီးမွမ်းခြင်း (သို့ မဟုတ် )
ပြစ်တင်ခြင်း၊ ကဲ့ရဲ့ခြင်း ၊ ရှုတ်ချခြင်းများကို မြူတမှုန်မျှအလေးမထားပါနှင့်...။
***~~~***
မှန်သောစကားဟာ မသူတော်အတွက်
အနာပေါ်ကျတဲ့ဒုတ်တချောင်းဖြစ်ချင်ဖြစ်နေလိမ့်မယ်...
ဒါပေမယ့် သူတော်ကောင်းအတွက်တော့ မှန်သောစကားဟာ
သစ္စာစကားပါပဲ......။
***~~~***
***~~~***
သူတပါးအပေါ်မနာလိုဝန်တိုတတ်တဲ့ မစ္ဆရိယစိတ်ဆိုတာ
သူယုတ်မာတွေမှာသာရှိတဲ့စိတ်ထားမျိုးပါ...။
သူတော်ကောင်းတွေမှာမြင့်မြတ်တဲ့မုဒိတာစိတ်ပဲရှိပါတယ်...။
***~~~***
လောကမှာလူတွေရဲ့အကြီးမားဆုံးရန်သူဟာ
မိမိရဲ့အတွင်းစိတ်ထဲက လောဘ၊ ဒေါသ၊ မောဟနဲ့ 
ယုတ်မာတဲ့ သူတော်ကောင်းအယောင်ဆောင်တဲ့မိတ်ဆွေတုပါပဲ...။
***~~~***
ဒီလောကကြီးထဲမှာ ဗာလနံတွေအသက်ရှင်နေစဉ်
အမနာပတွေပြောချင်တာကြိုက်သလိုပြော
လုပ်ချင်တာကြိုက်သလိုလုပ်ပြီး
သူတို့ ဆွတ်ခူးနိုင်တာ နှစ်ခုရှိတယ်
အဲဒါကတော့ ဗီလိန်ဘွဲ့ နဲ့ အ၀ီစိလက်မှတ်ပါပဲ...။
***~~~***
သူတပါးကိုဒုက္ခပေးရလို့ သူ့ ကိုယ်သူအထင်ကြီးပြီးဘ၀င်လေဟပ်နေတဲ့သူဟာ
အမှန်တော့သူ့ အကုသိုလ်နွံထဲမှာနစ်ပြီးဘ၀ဆုံးနေတဲ့သူပါ...။
***~~~***
ဂုဏ်သိက္ခာရှိတဲ့ဘ၀တခုဆိုတာ
တည်ဆောက်ရတာအင်မတန်ခက်ခဲပေမယ့်
အဲဒီဘ၀ကိုဖြိုချဖျက်ဆီးပြစ်ဖို့ ကတော့
လက်ဖြောင့်တချက်တီးစာပဲကြာပါတယ်...။
***~~~***
***~~~***
*
*
*
*
*


No comments:
Post a Comment