Thursday, May 30, 2013
*~~~ကိုယ်နဲ့ ခရီးသွားခြင်းအကြောင်း(၇)~~~*
ကိုယ်တို့ ဘန်ကောက်မြို့ ရဲ့နေရာအချို့ ကိုလျှောက်လည်ဖြစ်ပါတယ်...
မြို့ တမြို့ လုံးနေရာနှံ့ အောင်လျှောက်လည်ဖြစ်ဖို့ ဆိုတာကတော့မလွယ်ပါဘူး...။
ဘာကြောင့်လည်းဆိုတော့မြို့ ကြီးက လည်ပတ်စရာတွေများသလို အံ့မခန်းဖွယ်
ကြီးမားကျယ်ပြန့် လွန်းနေလို့ ပါ...။ 
ဘန်ကောက်မြို့ ဟာ အာရှနဲ့ ကမ္ဘာ့စီးပွားရေးအချက်အခြာကျတဲ့မြို့ ဖြစ်ပါတယ်။ 
ထို့ အပြင် London နဲ့ Paris ပြီးရင် ကမ္ဘာလှည့်ခရီးသည်တွေအလည်ပတ်ဆုံး
ကမ္ဘာ့တတိယမြောက်မြို့ တော်လည်းဖြစ်ပါတယ်။
***
ထိုင်းနိုင်ငံဟာ စစ်တပ်အုပ်ချုပ်မူ့ အောက်မှာ ၄၆ နှစ်ကြာနေခဲ့ရပြီး
၁၇ နှစ်ကြိမ်အာဏာသိမ်းခဲ့ဖူးတဲ့နိုင်ငံဖြစ်ပါတယ်...။ 
အဓိကရုန်းတွေဖြစ်ခဲ့သလို ပြစ်ခတ်မူ့ တွေ သွေးမြေကျမူ့ တွေလည်းဖြစ်ခဲ့ပါတယ်။
သို့ သော်လည်း ထိုင်းစစ်တပ်ဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အလျှောက်
မြန်မာနိုင်ငံမှာလိုမျိုး ဘုန်းကြီးကျောင်းတွေကိုဝင်ရောက်ဖျက်ဆီးခြင်း
ဘုန်းကြီးတွေကိုပြစ်ခတ်သတ်ဖြတ်ခြင်း ၊မတရားဖမ်းဆီးခြင်း ၊
နှိပ်စက်ညှင်းပမ်းခြင်း၊ ထောင်သွင်းအကျဉ်းချခြင်းနဲ့ 
မတရားသဖြင့်ထောင်ဒဏ်ချမှတ်ခြင်းတွေမရှိခဲ့ပါဘူး...။
 ဗုဒ္ဓဘာသာကိုမစော်ကား ခဲ့ကြပါဘူး...။
သူတို့ စစ်တပ်ရဲ့ရာဇ၀င်ကိုမရိုင်းစေခဲ့ကြပါဘူး...။ 
အာဏာမရူးခဲ့ကြပါဘူး...။
လူပီသခဲ့ကြပါတယ်...။
အဲဒီလို လူပီသတဲ့လူတွေအုပ်ချုပ်ခဲ့တဲ့နိုင်ငံမို့ လို့ လည်း
ဘန်ကောက်မြို့ ရဲ့အမြင့်ဆုံး
အရှေ့ တောင်အာရှမှာအမြင့်ဆုံးနဲ့ 
ကမ္ဘာ့နံပါတ်လေးခုမြောက်အမြင့်ဆုံးဖြစ်တဲ့ 
Baiyoke Hotel ပါ...။
လျှောက်လည်ဖြစ်တဲ့နေရာတွေပါ...
အမေရိကန်နိုင်ငံမှာ လူကြိုက်များတဲ့
 Kentucky Fried Chicken, ( Fast food restaurant )ကို
ဘန်ကောက်မြို့ မှာတွေ့ ရပါတယ်...။
  Kentucky Fried Chicken ဟာ နိုင်ငံပေါင်း ၁၂၀ မှာ ဆိုင်ပေါင်း ၁၈၀၀၀ ရှိပါတယ်...။
အစားအသောက်တွေရဲ့ဈေးနှုန်းကတော့ ဒီမှာနဲ့ အတူတူပါပဲ...။
 အစာစားပြီးနောက်တနေကုန်လျှောက်သွားခဲ့သမျှ
ပင်ပမ်းပြီး အနားယူဖို့ လိုအပ်နေတာမို့ ဟိုတယ်ကို
တက္ကစီနှင့်ပြန်လာခဲ့ပါတော့တယ်...။
ဆက်ရန်...
*
*
*
Wednesday, May 22, 2013
*~~~ကိုယ်ရယ် မိုးရယ် ချယ်ရီရယ်~~~*
ကိုယ်လျှောက်နေကျရေကန်ကြီးဘေးမှာ ချယ်ရီပင်တန်းလေးတွေရှိတယ်...။
မနက်ခင်းမိုးတွေအုံ့ ဆိုင်းဆိုင်းထဲ ချယ်ရီပင်တန်းလေးရှိရာကိုယ်လျှောက်လာခဲ့တယ်...
ချယ်ရီပင်ရှေ့ ခုံတန်းလေးမှာထိုင်ရင်း ခပ်ဖွဖွလေးတိုက်လာတဲ့လေညှင်းလေးထဲ သင်းပျံ့ မွှေးထုံတဲ့
ချယ်ရီရနံ့ လေးက ကိုယ့်ကိုလန်းဆန်းကြည်လင်သွားစေတယ်။
အဆုပ်လိုက်ပွင့်နေတဲ့ပန်းနုရောင်ချယ်ရီ ပန်းလေးတွေနဲ့ 
မြက်ခင်းစိမ်းစိမ်းလေးတွေကကြည့်လို့ မ၀နိုင်အောင်ပါပဲ...။
ကိုယ်တယောက်ဓါတ်ပုံတွေတ၀ကြီးရိုက်ဖြစ်ခဲ့တယ်...
ကိုယ့်လိုပဲပန်းချစ်တတ်သူများ သဘာဝလောကကိုမြတ်နိုးတတ်သူများအတွက်
မျှဝေလိုက်ပါတယ်...
အင်တာနက်ထဲလှူတဲ့ပန်းအလှူပေါ့...
ကမ္ဘာအရပ်ရပ်မှမည်သူမဆိုကော်ပီကူးယူနိုင်ကြပါစေကုန်သော်... :)
မိုးပွင့်လေးတွေဖွဲဖွဲကျလာပါတယ်
ချယ်ရီပန်းပွင့်လေးတွေပေါ်မှာအေးချမ်းတဲ့မိုးရေစက်လေးတွေ...
ပန်းလိုလှပ၍
 မိုးကဲ့သို့ ငြိမ်းချမ်းအေးမြကြပါစေ...
{ကိုယ်ကတော့မိုးရေထဲလမ်းလျှောက်ရတာပျော်လို့ ......}
*
*
*
Sunday, May 19, 2013
*~~~အသံ~~~*
အသံတွေ...
အသံတွေကြားနေရတယ်...
ပညာရှိတွေရဲ့အသံ
ပညာမဲ့တွေရဲ့အသံ
သူတော်ကောင်းတွေရဲ့အသံ
သူယုတ်မာတွေရဲ့အသံ
ချစ်သူတွေရဲ့အသံ
မုန်းသူတွေရဲ့အသံ
 နတ်ပြည်သွားမယ့်အသံ
ငရဲပြည်သွားမယ့်အသံ
သာယာ-တဲ့အသံ
မသာ-ယာတဲ့အသံ
မနာလိုတဲ့အသံ
ဝန်တိုတဲ့အသံ
အတင်းပြောတဲ့အသံ
အဖျင်းပြောတဲ့အသံ
သိက္ခာရှိတဲ့အသံ
သိက္ခာမရှိတဲ့အသံ
အိနြေ္ဒရှိတဲ့အသံ
အိနြေ္ဒမရှိတဲ့အသံ
ရိုးသားတဲ့အသံ
မရိုးသားတဲ့အသံ
ငြိမ်းချမ်းတဲ့အသံ
မငြိမ်းချမ်းတဲ့အသံ
တောက်ခေါက်တဲ့အသံ
အံကြိတ်တဲ့အသံ
အနီးက အသံ
အဝေးက အသံ
တန်ဘိုးရှိတဲ့အသံ
တန်ဘိုးမရှိတဲ့အသံ
ကောင်းတဲ့အသံ
မကောင်းတဲ့အသံ
 စေတနာအသံ
ဝေဒနာအသံ
  လောဘအသံ
 ဒေါသအသံ
မေတ္တာအသံ
 ကရုဏာ အသံ
ကုသိုလ်အသံ
အကုသိုလ်အသံ
တရားအသံ 
မတရားအသံ
ဓမ္မအသံ 
အဓမ္မအသံ
အရှက်ရှိတဲ့အသံ
အရှက်မရှိတဲ့အသံ
 ချီးမွမ်းတဲ့အသံ
ကဲ့ရဲ့တဲ့အသံ
မကြားဝံ့-မနာသာအသံ
ကြားဝံ့-နာသာအသံ
မဟုတ်မဟတ်အသံ
လုပ်ဇတ်အသံ
မသင်္ကာအသံ
သင်္ကာအသံ
ထောက်ခံအသံ
မထောက်ခံအသံ
တွန်းတဲ့အသံ
ယွန်းတဲ့အသံ
    ထို့ နောက်......
ဖိသံ နှိပ်သံ
ဟိန်းသံ ဟောက်သံ
ကြိမ်းသံ ၀ါးသံ
ခြောက်သံ မြှောက်သံ
ဗုန်းသံ သေနတ်သံ
ဆူသံ ညံသံ
အော်သံ ဟစ်သံ
ရိုင်းသံ ယဉ်သံ
ဆဲသံ ဆိုသံ
ငြီးသံ ငြူသံ 
လိမ်သံ ညာသံ
ဖြီးသံ ဖြန်းသံ
 ကြွားသံ ၀ါသံ
 ခိုးသံ ၀ှက်သံ
 ခုတ်သံ ထစ်သံ
ညစ်သံ ရစ်သံ
လှောင်သံ ပြောင်သံ
ကြောသံ မောသံ
လုသံ ယက်သံ 
ပြေးသံ လွှားသံ
    ရယ်သံ ငိုသံ
 အသံတွေ...
အသံတွေကြားနေရတယ်......
တလောကလုံး ပွက်လောရိုက်နေတဲ့အသံ
ဘာအသံပဲဖြစ်ဖြစ်
နတ်ပြည်သွားမယ့်အသံနဲ့ 
ငရဲပြည်သွားမယ့်အသံ
ဒီအသံနှစ်ခုကြားမှာ
ဗျာများနေစရာမလို
ကြားရင် ... ကြားတယ်လို့ သာမှတ်လိုက်ပါ...
အဲဒါ
တကယ့်-အသံ......။
*
*
*
(အလုပ်တွေများနေတာနဲ့ စာမရေးဖြစ်တာပါ...ခရီးသွားတဲ့အကြောင်းလေး
ဆက်ပါဦးမယ်...)   
ဆက်ရန်...