ဓမ္မမိတ်ဆွေသူတော်ကောင်းများအားလုံးပဲ
သီတင်းကျွတ်လပြည့်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ 
ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ဝါတွင်းကာလမှာ လက်လှမ်းမှီသမျှ ဓမ္မတရားတော်တွေကို
ဖတ်ရူ့ လေ့လာမှတ်သားဖြစ်ပါတယ်။
အလွန်တန်ဘိုးရှိတဲ့ ဓမ္မစာအုပ်တွေနဲ့  တရားတော်တွေကိုဖတ်ရူ့ လေ့ လာရတာဟာ
ဘယ်အရာနဲ့ မှနှိုင်းမရအောင်တန်ဘိုးကြီးမားလှပါတယ်။
ဓမ္မတရားတော်တွေကိုရေးသား ဟောကြားတော်မူကြတဲ့
ဆရာတော်အရှင်သူမြတ်များအားလုံးနဲ့ ဓမ္မတရားတော်တွေကို
အလွယ်တကူလေ့လာနိုင်ရန် ဒါနပြုထားတဲ့
dhammadownload Site မှ သူတော်ကောင်းများအားလုံးကို
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ ဒီနေ့ သီတင်းကျွတ်လပြည့်မှာ
ကျေးဇူးအနန္တတင်ရှိကြောင်းပြောပါရစေ...
ယနေ့ ပြုရတဲ့ကုသိုလ်ကောင်းမူ့ အားလုံးကို
ဓမ္မမိတ်ဆွေ သူတော်ကောင်းများနဲ့ တကွ
သတ္တ၀ါအားလုံးကိုအမျှကုသိုလ်ပေးဝေပါတယ်...
အားလုံးပဲအမျှရ၍ သာဓုခေါ်နိုင်ကြပါစေသော်...
လပြည့်ညမှာ မြတ်စွာဘုရားရှင်ကို ကိုယ် ကိုယ်တိုင်လုပ်ထားတဲ့
မီးပုံးလေးတွေ ဆီမီးခွက်လေးတွေနဲ့ ပူဇော်ပါတယ်...
လသာတဲ့ညအချိန်ခါမှာ အခုလိုဆီမီးလေးပူဇော်ရတာ
ငြိမ်းချမ်းပြီး စိတ်ချမ်းမြေ့စရာကောင်းပါတယ်...။
လပြည့်နေ့ မှဇင်ယော်လေးတွေကိုအစာကျွေးပြီးဒါနကုသိုလ်ပြုပါတယ်...
အေးချမ်းပြီးသာယာလှတဲ့ရေကန်ဘေးမှာ
စိတ်ချမ်းမြေ့စွာနဲ့ လမ်းလျှောက်ပြီး မေတ္တာပို့ သပါတယ်...
နေ၀င်ရီတရော ဒီနေရာလေးဟာအလွန်စိတ်ချမ်းသာစရာနေရာလေးပါ...
ဒီနေရာလေးကိုကြည့်ပြီး ဓမ္မမိတ်ဆွေသူတော်ကောင်းများအားလုံးပဲ
ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...
No comments:
Post a Comment