Sunday, October 28, 2018
*~~~ကျွနှပ်၏တပိုင်းတစဒဿ နများ ( ၁၀ )~~~*
ဘယ်လောက်ပဲခက်ခဲ ကြမ်းတမ်းတဲ့ 
လောကဓံတွေဖြစ်နေပါစေ
အဲဒီလောကဓံတွေဟာ
သူတော်ကောင်းတွေအတွက်တော့
ရင့်ကျက်တည်ငြိမ်တဲ့
ဘ၀ကိုတည်ဆောက်နိုင်ဖို့ 
ပါရမီဖြည့်ကျင့်ဖို့ နဲ့ 
သုဂတိဘုံကိုသွားဖို့ လှေခါးထစ်တွေပါပဲ...
~~~***~~~
သူတော်ကောင်းတွေရဲ့ဘ၀ခရီးဆိုတာ 
ခရောင်းလမ်းလည်းလျှောက်ချင်လျှောက်ရမယ်
ဆူးခင်းလမ်းလည်းဖြစ်ချင်ဖြစ်မယ်
 ရေစုန်ရေဆန်လည်း ဖြတ်သန်းရင်ဖြတ်သန်းရမယ်
ဘယ်လိုပင်ဖြစ်ပါစေ
ဖြူစင်မြင့်မြတ်တဲ့နှစ်လုံးသားနဲ့ 
သူတို့ လျှောက်လှမ်းတဲ့သံသရာခရီးကတော့
ပန်းခင်းလမ်းလိုဖြောင့်ဖြူးနေမှာအမှန်ပါပဲ...
~~~***~~~
သူတပါးပေးတဲ့ အကုသိုလ်တွေကို
အကုသိုလ်လက်ဝေခံအဖြစ်လက်ခံရယူဖို့ မဟုတ်ဘူး
အဲဒီအကုသိုလ်တွေကို
ကုသိုလ်ဖြစ်အောင် ဖန်တီးနိုင်တဲ့ 
အသိဥာဏ်ပညာရှိဖို့ ပဲလိုအပ်တယ်...
~~~***~~~
ပျော်ရွှင်ခြင်းနဲ့ ငြိမ်းချမ်းခြင်းဆိုတာ
လူတယောက်အတွက် အကောင်းဆုံးမိတ်ဆွေပါပဲ...
~~~***~~~
လူ့ ဘ၀ရဲ့ခဏတာကာလမှာ
အကောင်းမြင်တဲ့သူကိုပဲဖြစ်ဖြစ်
အဆိုးမြင်တဲ့သူကိုပဲဖြစ်ဖြစ်
အဲဒီအရာတွေကို 
အေးအေးချမ်းချမ်းနဲ့ ကျော်ဖြတ်သွားနိုင်တဲ့သူတွေဟာ
လောကမှာတကယ်အောင်မြင်တဲ့သူ
ငြိမ်းချမ်းတဲ့သူတွေပဲဖြစ်တယ်...
~~~***~~~
လူတယောက်ရဲ့တနေ့ တာကာလမှာ
တန်ဘိုးအရှိဆုံးအချိန်ဆိုတာ
အကုသိုလ်ကင်းတဲ့အချိန်ပဲ
အဲဒီအချိန်ဟာ 
တမိနစ်ပဲဖြစ်ဖြစ် 
တစက္ကန့် ပဲဖြစ်ဖြစ်
တန်ဘိုးမဖြတ်နိုင်တဲ့အချိန်ပါပဲ...
~~~***~~~
လူတယောက်ရဲ့ အတွင်းစိတ်ကို
ဘုရားနဲ့ ရဟန္တာတွေ သမာဒေ၀နတ်ကောင်းနတ်မြတ်တွေပဲသိနိုင်မယ်။
တခြားသူတယောက်ရဲ့ ခိုးယူမူ့ နဲ့ တဒင်္ဂဖြစ်တည်တဲ့စိတ်အပေါ်မှာ
အပေါ်ယံကြည့်ပြီး မှားယွင်းစွာကောက်ချက်ချမူ့ နဲ့ ဆုံးဖြတ်လို့ မရနိုင်ပါဘူး ...
~~~***~~~
လောကကြီးမှာ ဖြစ်ပေါ်လာတဲ့ပြဿ      နာတွေကို
အသိဥာဏ်ပညာရှိရှိ
လူ့ အဆင့်အတန်းရှိရှိ
လူ့ ဂုဏ်သိက္ခာရှိရှိ
တရားသောနည်းလမ်းနဲ့ 
လူပီသစွာဖြေရှင်းတတ်ကြတဲ့သူတော်ကောင်းတွေဟာ
ဒီကမ္ဘာမြေရဲ့ ငြိမ်းချမ်းသော ချိုးငှက်လေးတွေပဲဖြစ်တယ်...
~~~***~~~
ပြင်ပက ပူလောင်ခြင်းအကုသိုလ်တရားတွေဟာ
တည်ငြိမ်တဲ့သင့်ရဲ့အတွင်းစိတ်ကို 
အမြဲတမ်းကူးစက်ပူလောင်နိုင်ခြင်းမရှိဘူးဆိုရင်
သင်ဟာ ကန္တာရထဲက
အေးချမ်းတဲ့ အိုအေစစ်လေးတခုပါပဲ...
*
*
*
Wednesday, October 24, 2018
*~~~သီတင်းကျွတ်လပြည့်~~~*
ဓမ္မမိတ်ဆွေသူတော်ကောင်းများအားလုံးပဲ
သီတင်းကျွတ်လပြည့်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ 
ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ဝါတွင်းကာလမှာ လက်လှမ်းမှီသမျှ ဓမ္မတရားတော်တွေကို
ဘယ်အရာနဲ့ မှနှိုင်းမရအောင်တန်ဘိုးကြီးမားလှပါတယ်။
ဓမ္မတရားတော်တွေကိုရေးသား ဟောကြားတော်မူကြတဲ့
ဆရာတော်အရှင်သူမြတ်များအားလုံးနဲ့ ဓမ္မတရားတော်တွေကို
အလွယ်တကူလေ့လာနိုင်ရန် ဒါနပြုထားတဲ့ 
dhammadownload Site မှ သူတော်ကောင်းများအားလုံးကို
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ ဒီနေ့ သီတင်းကျွတ်လပြည့်မှာ
ကျေးဇူးအနန္တတင်ရှိကြောင်းပြောပါရစေ...
ယနေ့ ပြုရတဲ့ကုသိုလ်ကောင်းမူ့ အားလုံးကို
ဓမ္မမိတ်ဆွေ သူတော်ကောင်းများနဲ့ တကွ
သတ္တ၀ါအားလုံးကိုအမျှကုသိုလ်ပေးဝေပါတယ်...
အားလုံးပဲအမျှရ၍ သာဓုခေါ်နိုင်ကြပါစေသော်...
လပြည့်ညမှာ မြတ်စွာဘုရားရှင်ကို ကိုယ် ကိုယ်တိုင်လုပ်ထားတဲ့
မီးပုံးလေးတွေ ဆီမီးခွက်လေးတွေနဲ့ ပူဇော်ပါတယ်...
လသာတဲ့ညအချိန်ခါမှာ အခုလိုဆီမီးလေးပူဇော်ရတာ
ငြိမ်းချမ်းပြီး စိတ်ချမ်းမြေ့စရာကောင်းပါတယ်...။
လပြည့်နေ့ မှဇင်ယော်လေးတွေကိုအစာကျွေးပြီးဒါနကုသိုလ်ပြုပါတယ်...
အေးချမ်းပြီးသာယာလှတဲ့ရေကန်ဘေးမှာ
စိတ်ချမ်းမြေ့စွာနဲ့ လမ်းလျှောက်ပြီး  မေတ္တာပို့ သပါတယ်...
နေ၀င်ရီတရော ဒီနေရာလေးဟာအလွန်စိတ်ချမ်းသာစရာနေရာလေးပါ...
ဒီနေရာလေးကိုကြည့်ပြီး ဓမ္မမိတ်ဆွေသူတော်ကောင်းများအားလုံးပဲ
ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...