Monday, August 20, 2018
*~~~~သူခိုးခေတ်~~~*
Image result for thief
ဒီခေတ်ကြီးက
ခိုးနိုင်ရင်သူတော်ကောင်း
လိမ်နိုင်ရင်သူတော်စင်
ခိုးထုတ်ခိုးထည်နဲ့ လှူ နိုင်ရင် လူရာဝင်
သူခိုးကတရားလို
အခိုးခံရသူကတရားခံ
အရာရာကိုသူခိုးကချယ်လှယ်
သူခိုးကဆရာဝန်
သူခိုးကနိုင်ငံရေးသမား
သူခိုးကကျောင်းဆရာ
သူခိုးကအင်ဂျင်နီယာ
သူခိုးကပရဟိတသမား
သူခိုးပြောမှ အရာရာမှန်
သူခိုးလုပ်မှ အရာရာအောင်မြင်
သူခိုးပြမှမြင်ကြရတဲ့မျက်စိ
သူခိုးပြောမှ သိကြရတဲ့အသိတရား
သူခိုးအာမခံချက်ပေးမှ 
လူတယောက်ရဲ့ စာရိတ္တကဒေါင်ဒေါင်မြည်တော့မလိုလို
သူခိုးပြောတဲ့ ပညာရေးမှ 
တိုင်းပြည်ကချမ်းသာရတော့မလိုလို
သူခိုးပြတဲ့လမ်းကိုလျှောက်မှ
 နိဗ္ဗာန်ကိုပဲရောက်ရတော့မလိုလို
သူခိုးကပွဲစား
သူခိုးကတန်ခိုးရှင်
သူခိုးကတန်ခိုးထွား
သူခိုးကပဲ တိုင်းပြည်ကိုတက်အုပ်ချုပ်တော့မလိုလို
ကိုယ်ပိုင်အသိဥာဏ်တွေဆိတ်သုန်း
သူခိုးကိုဆရာတင်တဲ့
သူခိုးနောက်လိုက်တဲ့ခေတ် ဖြစ်ကြရတော့မလား???
Related image
Sunday, August 19, 2018
နေလင်းထွန်း(ခ)နာယကလင်္ကာရ (သို့ မဟုတ်) ဖေ့စ်ဘွတ်ခ် အင်တာနက်လောကမှ ခိုးမူ့ လိမ်လည်မူ့ ရာဇ၀တ်မူ့ ကိုကျူးလွန်နေသူ
ဓမ္မမိတ်ဆွေသူတော်ကောင်းများအားလုံးကိုအသိပေးပါရစေ...
ယနေ့ ဖေ့စ်ဖွတ်ခ် အင်တာနက်လောကမှာ ခိုးမူ့ လိမ်လည်မူ့ ရာဇ၀တ်မူ့ တွေကို လက်ရဲဇက်ရဲကျူးလွန်ပြီး
တကမ္ဘာလုံးမှာရှိတဲ့ ရဟန်းရှင်လူ မြန်မာပြည်သူပြည်သားများကို လိမ်စား ခိုးစား အသုံးချစားနေတဲ့သူဟာ
နေလင်းထွန်း (ခ) နာယကလင်္ကာရဆိုတဲ့ဘုန်းကြီးလူထွက်ပဲဖြစ်ပါတယ်။ မွေးနေ့  သကရာဇ်က ၁၉၇၇ မေလ ၂၈ ဖြစ်ပြီး အသက်၄၁ နှစ်ပါ။  ဒီလူဟာ ၂၀၀၇ ခုနှစ်မှာ အိန္ဒိယမှာရှိနေ
စဉ် အမေရိကန် Visa Lottery မဲပေါက်ပြီးအမေရိကန်နိုင်ငံကိုရောက်လာပါတယ်။ 
မြန်မာနိုင်ငံရဲ့ အဓိပဓိဆရာတော်ကြီးက မင်နီဆိုတာပြည်နယ်မှာ မှာဘုန်းကြီးကျောင်းဝယ်ပြီး
သာသနာတော်ကိုထူထောင်တဲ့အခါ ကျောင်းဒကာကြီးတယောက်ဖြစ်တဲ့ 
တတ်အားသဖြင့်ကျောင်းလစဉ်ကြေးထည့်ဝင်လှူဒါန်းခဲ့ပါတယ်။ 
ဘုန်းကြီးကျောင်းကိုဆွမ်းသွားကပ်တော့နာယကလင်္ကာရဆိုတဲ့ဒီဘုန်းကြီးကိုသိရပါတယ်။ 
အဲဒီတုန်းကဒီလူမှာ"မနက်ဖြန်"ဆိုတဲ့ Blog တခုရှိတယ်။ အဲဒီဘလောက်ကို စင်ကာပူက မတူးတူး ဆိုတဲ့
အမျိုးသမီးကလုပ်ထားပေးတယ်လို့ ဆိုတယ်။ ဒါနဲ့ ကိုယ့်ရဲ့ laptop computer မှာမြန်မာစာရိုက်လို့ မရတော့
ခင်ပွန်းသည်နဲ့ အတူကွန်ပြူတာကိုဘုန်းကြီးကျောင်းယူသွားပြီး မြန်မာစာ font ကိုဘယ်လိုထည့်ရမလဲ
သွားမေးတော့ သူက စင်ကာပူက မတူးတူးကို လှမ်းမေးပေးမယ် Email ကိုပေးခဲ့ပါ 
သူအကြောင်းပြန်ပေးမယ်လို့ ပြောပြီး Email လိပ်စာတောင်းတယ်။
 အဲဒီ Email လိပ်စာရပြီးကတည်းက ဒီလူက ကိုယ့်ရဲ့ mail တွေကို
ခိုးနေခဲ့ပြီးတော့ မြန်မာပြည်ကကိုယ့်ရဲ့ မိဘ မောင်နှမတွေနဲ့ စကားပြောတာတွေ အားလုံးကို ခိုးနေခဲ့တာ
ကိုယ်ကမသိခဲ့ဘူး။ ( မြန်မာ font ကိုကိုယ့်နည်းပညာနဲ့ ကိုယ်ထည့်လို့ ရသွားပါတယ် ) 
"သူတော်ကောင်းအယောင်ဆောင်သောမသူတော်"
ဒီလူဟာ အဲဒီအချိန်ထဲက ဆရာတော်ကြီးတည်ထောင်ထားတဲ့ ကျောင်းမှာကျောင်းထိုင်ပြီး ဆရာတော်ကြီးရဲ့မျက်နှာကိုမှမထောက် ကျောင်းတော်ရဲ့နာမည်ကိုမထောက် သာသနာတော်ရဲ့မျက်နှာကိုမထောက်ပဲ ခိုးခြင်း လိမ်လည်ခြင်းတွေ ကို သူတော်ကောင်းအယောင်ဆောင်ပြီးလုပ်နေခဲ့တာပါ။ ဒီလူ့ ကို သူခိုး မှန်း လူလိမ်မှန်း စသိခဲ့တာက တနေ့ ကိုယ့် Email ကို ဥာဏ်လင်းအောင်ဆိုတဲ့ နာမည်နဲ့  
အသက် ၂၀ ပဲရှိသေးတယ်လို့ ဆိုတဲ့ လူငယ်တယောက်က
ခင်မင်ချင်လို့ ပါဆိုပြီး ရောက်လာတယ်။ သူကထိုင်းနိုင်ငံ နွံထဘူရီမှာနေတယ်လို့ ပြောတယ်။ ကိုယ်ကလက်မခံဘူး။ သူ့ မှာအဖေမရှိတော့ဘူး အမေနဲ့ ညီမပဲရှိတယ် အမတယောက်လိုခင်ချင်လို့ ပါလို့ ဆိုတယ်။
 (သူခိုးလူလိမ်အပျော့ဆွဲနဲ့ ) ဒါနဲ့ ကိုယ်က မင်းဘယ်သူလည်းဆိုတာငါ့ကိုမှန်မှန်ပြော 
ငါ့မှာ မောင်လေးညီမလေးတွေရှိတယ် မင်းကိုငါ့မောင်နှမလိုပဲ သဘောထားမယ်လို့ ပြောပါတယ်။ 
သူကမော်လမြိုင်က အင်တာနက်ဆိုင်ပိုင်ရှင်ရဲ့သား အဲဒီဆိုင်ကို ကိုယ့်ရဲ့မောင်နှမတွေလာပြီး အမေရိကားမှာနေတဲ့ ကိုယ့်ကိုဆိုင်ကနေ စကားလာပြောကြတော့ သူကအဲဒီကတဆင့် ကိုယ့် Email ကိုရတာပါလို့ ပြောတယ်။ အဲဒီမှာ အမရဲ့ မောင်နှမတွေက အမကို ပန်းပုံတွေ သူတို့ ဓါတ်ပုံတွေ ပို့ တာ
ကျနော်တွေ့ တယ်လို့ ဆိုတယ်။ ပြီးတော့သူက စင်ကာပူမှာ Poly ကျောင်းတက်နေတယ်လို့ ဆိုပြန်တယ်။
 သူ့ ရဲ့ဓါတ်ပုံတွေလည်းကိုယ့်ဆီကိုပို့ တယ်။ ဒါနဲ့ ကိုယ်က ကိုယ့်မောင်နှမလိုပဲသဘောထားပြီး 
အမတယောက်လိုဆုံးမခဲ့တယ်။ တနေ့ တော့ ကိုယ့်မိဘမောင်နှမတွေနဲ့ 
Skype ကနေ Live စကားပြောကြတော့ ကိုယ့်ရဲ့မောင်အငယ်ဆုံးလေးက ကွန်ပြူတာမကျွမ်းကျင်ဘူး
အဲဒါနဲ့ ကွန်ပြူတာအင်တာနက်ဆိုင်က သူ့ သူငယ်ချင်းကို အိမ်ကိုခေါ်လာခဲ့ပြီး Skype ကနေတိုက်ရိုက်
စကားပြောတော့ အဲဒီကောင်လေးကကိုယ့်ကိုလုံးဝမသိဘူး။ အဲဒီကောင်လေးရဲ့မျက်နှာက ဒီလူပေးထားတဲ့ဓါတ်ပုံနဲ့ လုံးဝမတူဘူး။ အဲဒီလူပေးထားတဲ့ဓါတ်ပုံက ကုလားဆင်ပုံ အဲဒီမှာတင် ကိုယ့် Email ကိုရထားတဲ့
ဒီဘုန်းကြီးက ကိုယ့်မိဘမောင်နှမတွေနဲ့ စကားပြောနေတာတွေကို ခိုးကြည့်နေပြီးတော့ သူ့ ကိုယ်သူ
အင်တာနက်ဆိုင်က ကောင်လေးအယောင်ဆောင်ပြီးလိမ်နေတဲ့သူ 
ခိုးနေတဲ့သူဆိုတာသိလိုက်ရတော့တယ်။
အဲဒီပုံပါ
သူကအဲဒီကောင်လေးပုံကိုမတွေ့ ဖူးပဲနဲ့  သူများဓါတ်ပုံကိုခိုး ပြီးသူ့ ပုံပါလို့ ပြောပြီး 
အဲဒီဆိုင်ကကောင်လေးပါဆိုပြီးဗြောင်လိမ်ဗြောင်စားတာပါ။
 တဖက်မှာလည်း ဘုန်းကြီးတပါးလို သင်္ကန်းဝတ်နဲ့  ကိုယ့်ကိုဟန်မပျက်ဆက်ဆံနေတယ်။
 ကိုယ်ကကျန်းမာရေးအရလမ်းလျှောက်တယ်လို့ စကားပြောဖြစ်တော့ 
အဲဒီဘုန်းကြီးက သူလည်းလမ်းလျှောက်ချင်လို့ သူ့ ကိုလာခေါ်ပါလို့ ပြောလို့  
ဘုန်းကြီးကျောင်းထဲမ၀င်ပဲ ကျောင်းအပြင်ကနေပဲစောင့်နေမယ်လို့ ပြောပြီးသွားကြိုပေးပါတယ်။
 အဲဒီဘုန်းကြီးကျောင်းနဲ့ သိပ်မဝေးတဲ့  Park မှာ လမ်းလျှောက်တာပါ။
 ဒုတိယအကြိမ်သွားခေါ်တော့မသူတော်ကျင့်မသူတော်ကြံဖို့ ကြိုးစားတယ်။  မသူတော် သူခိုး လူလိမ်မှန်းသိတဲ့အဲဒီအချိန်ကစပြီး လုံးဝမဆက်ဆံတော့သလို ဘုန်းကြီးကျောင်းကိုလည်းလုံးဝမသွားတော့တာပါ။ 
အခုလူတွေကိုမဟုတ်မမှန်လိုက်ပြောနေတာက သူ့ ကိုဓါတ်ပုံပေးတယ်။ 
သူနဲ့ ချိန်းတွေ့ တယ်ဆိုပြီးလူတွေကိုဗြောင်လိမ်ဗြောင်စားနေတယ်။ ဒီတော့ ဒီနေရာကနေမေးမယ် 
ဓါတ်ပုံတပုံမှ တခါမှမပေးဖူးပဲ တခါမှလည်းချိန်းတွေ့ တာမဟုတ်ပဲနဲ့ ကွန်ပျူတာထဲကနေအရှက်မရှိ 
ဘုန်းကြီးဝတ်နဲ့ လိမ်လည် သူများဓါတ်ပုံတွေခိုးသွားပြီးတော့ လူတွေကိုဗြောင်လိမ်နေတယ်
ဆိုတာမှန်ရင် ဒေ၀ဒတ်လို မြေမြို ပြီး အရှင်လတ်လတ်အ၀ီစိငရဲရောက်ပါစေသား 
သင်ခိုးလို့ ရတဲ့ပိုက်ဆံတွေဟာ သင့်အတွက်ငရဲမီးဖြစ်စေသားလို့ သင်သစ္စာဆိုရဲသလား။ 
"မိန်းကလေးပေါင်းများစွာ ယောင်္ကျားလေးပေါင်းများစွာကိုယုတ်မာခြင်း"
ဒီလူဟာ သင်္ကန်းဝတ်နဲ့ ကိုယ့်ကိုလိမ်ပြီး ခိုးနေတဲ့တချိန်ထဲမှာပဲ တခြားသော မိန်းကလေးတွေ
ယောင်္ကျားလေးတွေ ရဟန်းတော်တွေကိုလည်း ကိုယ့်ကိုလိမ်သလိုပဲလိုက်လိမ်နေတာပါ။ 
Blog ခေတ်မှာ Blogger တယောက်ဖြစ်တဲ့ ဒူဘိုင်းက တရုတ်စားသောက်ဆိုင်မှာအလုပ်လုပ်တဲ့
အမျိုးသမီး မ---- ကိုလူအယောင်ဆောင်ပြီး သူ့ ကိုယ်သူနိုင်ငံခြားမှာနေတဲ့ မောင် ဆိုပြီး
အမျိုးသမီးကိုလိမ်စားတယ်။ သက်တန့် ချို ဆိုတဲ့ နာမည်နဲ့ ဆရာဝန်အယောင်ဆောင်ပြီး
 Blog လုပ်ထားတယ်။ အဲဒီအမျိုးသမီး မြန်မာပြည်အလည်ပြန်တော့ 
သက်တန့် ချိုဆိုတာကိုတွေ့ ဖို့ ပြောတယ် ဆေးရုံမှာဂျူတီဝင်နေရလို့ ဆိုပြီးတော့အမျိုးသမီးကိုလိမ်တယ်။ အလကားရတဲ့ Blog တွေကိုနာမည်ပေါင်းများစွာနဲ့ လုပ်ထားတယ်။ ဏီလင်းညိုတို့  နွေမင်းတို့ ကိုဇော်တို့ ဆိုတာသူပဲ။ လားရှိုးက မိန်းကလေးတယောက်ကိုရှေ့ မှာပြထားပြီး "တောသူမလေး" ဆိုတဲ့ Blog ကိုလုပ်ပြီး
အဲဒီမိန်းကလေးကိုလိမ်စားတယ်။
စင်ကာပူကမိန်းကလေးတွေ ၊ နယ်သာလန်ကအမျိုးသမီး ၊ အင်ဒီယာနာပြည်နယ်က
 တိုင်းရင်းသူလေးတယောက်ကိုလည်း သူ့ ကိုယ်သူခရစ်ယာန်ဘာသာဝင်အယောင်ဆောင်ပြီး 
ကလေးမလေးကိုအတင်းဝင်ရောပြီးလိမ်စားတယ်။သူကြိုက်တဲ့ ယောင်္ကျားလေးတွေကို တခြားနိုင်ငံက
မြန်မာနဲ့ တူတဲ့ချောတဲ့မိန်းကလေးဓါတ်ပုံတွေခိုးပြီးသူ့ ပုံပါလို့ ပြောပြီးယောကျာင်္းလေးတွေကိုလိမ်စားတယ်။
Blog ခေတ်တုန်းက "အကြင်နာနန်းတော်" ဆိုတဲ့ နာမည်နဲ့ web site ထောင်တယ် ဆရာတော်အရှင်
အာစာရ ( ရာဟုလာကျောင်းဆရာတော်) နဲ့ အခြားသူတွေကို အဲဒီဆိုဒ်မှာ ဆောင်းပါးတွေရေးခိုင်းပြီး
ဆရာတော်နဲ့ လူတွေကိုလုပ်စားတယ်။ တခြားဆရာတော်တွေကိုလည်းမိန်းမအယောင်ဆောင်ပြီးလိုက်လိမ်တယ်၊ အဲဒီ ဆိုဒ်ကိုလုပ်တဲ့ ဧကရီနဲ့ ဧကရာဇ်ဆိုတာသူပဲ။ ယောင်္ကျား
အယောင်ဆောင် မိန်းမအယောင်ဆောင်ထားတယ်။ ဧကရာဇ်ဆိုတဲ့နာမည်က ကိုယ့်တူလေးရဲ့နာမည်
ကိုခိုးထားတာပဲ။ သူ့ ကိုယ်သူ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာ၊ အရာရှိသားဆိုပြီးတော့
လူပေါင်းများစွာကိုလိမ်စားတဲ့သူခိုးလူလိမ်ပါပဲ။
"Cyber Crime ရာဇ၀တ်မူ့ ကိုကျူးလွန်ခြင်း"
ဒီလူဟာသင်္ကန်းဝတ်နဲ့  သာသနာတော်ကိုခုတုံးလုပ်ပြီးသာသနာ့ဘောင်ထဲကနေ လူအယောင်ဆောင်ပြီး
နိုင်ငံရေးလောက၊ ဘာသာရေးလောက၊ ပရဟိတလောက၊ အနုပညာလောက တွေမှာ 
ဝင်ရောက်မွှေနှောက်ပြီး လူတွေကိုနည်းမျိုးစုံနဲ့ ကောက်ကျစ်စဉ်းလဲယုတ်မာနေခဲ့တာပါ။
သတင်း Website တွေထောင်စားတယ်။ You tube မှာ သီချင်း Website တွေထောင်စားတယ်။
သင်္ကန်းဝတ်နဲ့ သာသနာကိုအရေခြုံ ပြီးလုပ်စားခဲ့တာကြာပြီ။ သစ်ထူးလွင် ဆိုတဲ့ သတင်း Website ဟာ
သူ့ Website တခု ပဲ။ သစ်ထူးလွင်ဆိုတဲ့နာမည်က ကိုယ့်တူလေးရဲ့နာမည် သစ်လွင်ထူး ဆိုတာကို ခိုးပြီး
သစ်ထူးလွင်ဆိုပြီးလုပ်ထားတာပါ။ သူ့  Website ကိုပဲ သန်းနဲ့ ချီတဲ့ Visitors တွေရအောင် နည်းမျိုးစုံနဲ့ 
သူများသတင်းဋ္ဌာနတွေကိုဝင်ခိုးတယ်၊ တခြားသတင်းဋ္ဌာနတွေကို
သတင်းအမှားတွေပေးပြီးနာမည်ဖျက်တယ်၊ ပြည်တွင်းထဲကနေသတင်းတွေ မရရအောင်ခိုးယူတယ်။
သတင်းဋ္ဌာနတွေ Site ထဲကိုဝင်လို့ မရအောင် Attack လုပ်တယ်။
အဲဒီတုန်းက နာမည်ကြီး Website တွေဖြစ်တဲ့ Irrawaddy တို့ မိုးမခ သတင်းဋ္ဌာနတွေကို Attack လုပ်တယ်။
သူလုပ်တာကို ရုရှားမှာ ပညာတော်သင်ရောက်နေကြတဲ့ စစ်သားလေးတွေ လုပ်တယ်လို့ ချောက်ချပြီး
လူတွေကိုသတင်းဖြန့် တယ်။ အဲဒီတုန်းက ရုရှားကိုရောက်နေကြတာ " အဖြူ  ရောင်မေတ္တာ" Blog ကို
တည်ထောင်တဲ့ ဘာသာတရားကိုင်းရှိုင်းတဲ့ မောင်ပြည့်စုံအောင်နဲ့  သူ့ ရဲ့သူငယ်ချင်း တွေပါပဲ။
လူငယ်လေးတွေကိုချောက်ချပြီး ဒီမသူတော်ကတဖက်မှာလည်း မောင်ပြည့်စုံအောင်ကို 
ညီအကိုလိုသဘောထားပြီးဖိုးသား ဆိုပြီးတော့ ဆက်ဆံနေတယ်၊
အနောက်မှာတော့ နောက်ကျောကိုတော့ဓါးနဲ့ ထိုးနေတဲ့မသူတော်ပါ။
ဒီလူဟာ နိုင်ငံရေးလောကမှာ သူသတင်းတွေရပြီး လုပ်စားဖို့ အတွက် 
တိုင်းပြည်မှာ နိုင်ငံရေး ပဋိပက္ခတွေဖြစ်အောင် အဖွဲ့ အစည်းတွေကြားမှာ ကုန်းတိုက် ရန်တိုက်ပြီး 
မီးတုတ်တဖက်ရေမှုတ်တဖက်လုပ်တယ်၊  စစ်တပ်နဲ့ အစိုးရကြားမှာ အထင်အမြင်တွေလွဲအောင် 
တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင် အထင်အမြင်လွဲစေတဲ့ဆောင်းပါးတွေရေးပြီး ရန်တိုက်တယ်။ 
ဘာသာရေးအဖွဲ့ အစည်းတွေကြားထဲမှာ ပြဿ       နာတွေဖြစ်အောင် ထင်ယောင်ထင်မှားတွေဖြစ်အောင်
ထုတ်တာမဟုတ်ပဲနဲ့  Statement တွေထုတ်ပြီး အဖွဲ့ အစည်းတွေကိုရန်တိုက်ပေးတယ်။ 
တိုင်းပြည်နဲ့ လူမျိုးကိုနည်းမျိုးစုံနဲ့ ယုတ်မာနေတဲ့မသူတော်ပါပဲ။
ဘာသာရေးအဖွဲ့ အစည်းတွေကြားထဲမှာလည်းဒီသူယုတ်မာက၀င်ရောက်ပြီးနည်းမျိုးစုံနဲ့ ကောက်ကျစ်စဉ်းလဲနေတယ်၊ အဖွဲ့ အစည်းအရ တိုက်ခိုက်ရုံတင်မဟုတ်ပဲ ၊ ပုဂ္ဂိုလ်ရေးအရလည်းတိုက်ခိုက်တယ်။
ဓမ္မဂါးဒင်းဆရာတော် ရန်ကုန်မှာ Dhamma Garden Center ဆောက်တော့ဆရာတော်ကို မနာလိုလို့ 
ဆရာတော်ရဲ့ Facebook ကို Report လုပ်ပြီးဖျောက်ပြစ်တယ်၊ ဓမ္မင်္ဂဂါဆရာတော် ပါဋ္ဌိတက္ကသိုလ်
တည်ထောင်တော့ ဆရာတော်ကို ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်တယ်၊ မော်လမြိုင်က 
ဆရာတော်အရှင်စန္ဒဇောတိ သာသနာနွယ်ဆရာတော်ရဲ့ ဓါတ်ပုံနဲ့ လိုက်ဆဲပြီးဖျက်လိုဖျက်ဆီးလုပ်တယ်၊ 
ဓမ္မယောနွယ်ဆရာတော် အရှင်တိက္ခအိုင်အိုဝါမှာ ဘုရားတည်နေတော့ 
အရှင်တိက္ခရဲ့  Facebook အကောင့်အတုလုပ်ပြီး ဆရာတော်ကြီးကိုဝေဖန်စာရေးပြီး နှောက်ယှက်တယ်။  အနုပညာလောက က ဆရာဝန် You Tube မှာသီချင်းဆိုတဲ့ရန်နိုင်ရဲ့ Facebook အကောင့်အတုလုပ်ပြီး 
ရန်နိုင်ယောင်ဆောင်ပြီး မိန်းကလေးတွေကိုလိမ်စားတယ်၊
ပရဟိတလောကမှာ လူတွေလေးစားတဲ့ဦးကျော်သူရဲ့ Facebook အကောင့်အတုလုပ်ပြီး ဖျက်လိုဖျက်ဆီးလုပ်တယ်၊ မနှစ်က ဦးကျော်သူခွဲစိတ်ကုသပြီးဆေးရုံကဆင်းလာတော့ ဦးကျော်သူဆုံးပြီဆိုပြီး သတင်းလွှင့်တာလည်းအဲဒီသူခိုးလက်ချက်ပဲ။လူတယောက်ရဲ့စိတ်ပိုင်းဆိုင်ရာကို ပြိုလဲသွားအောင်ယုတ်မာတာပဲ။
ကိုယ်တိုင်လည်းဒီသူခိုးလုပ်ကြံတာကြုံခဲ့တာပဲ။ ကိုယ်က ကင်ဆာရောဂါနဲ့ သေတော့မယ်ဆိုပြီး လူတွေကိုသူခိုးကလိမ်ပြီး ကိုယ့်ကိုရိုက်ချိုးတယ်။ ကိုယ့်အနောက်ကိုထပ်ချပ်မကွာလိုက်ပြီးတိုက်ခိုက်တာဟာ
ဒီသူခိုးလုပ်ထားတဲ့ ရာဇ၀တ်မူ့ တွေ ကိုဖုံးကွယ်ဖို့ ကိုယ့်ကို ထောင်ချောက်ဆင်တာပါ။
ဒီသူခိုးလူလိမ်ရဲ့ အယုတ်မာဆုံး အကောက်ကျစ်ဆုံး အစဉ်းလဲဆုံး နဲ့ အ၀ီစိသွားမယ့်လုပ်ရပ်ကတော့
သင်္ကန်းဝတ်နဲ့ သာသနာတော်ကိုခုတုံးလုပ်ပြီး ညစ်ညမ်းတဲ့ ဆိုဒ်တွေကိုထောင်စားတယ်။
ဆယ်ကျော်သက်အရွယ် မြန်မာမိန်းကလေးတွေရဲ့ဓါတ်ပုံတွေကို နည်းမျိုးစုံနဲ့ လိမ်လည်လှည့်ဖျားပြီး 
ခိုးယူပြီးတော့အဲဒီဆိုဒ်မှာတင်ပြီး မသိနားမလည်ရှာတဲ့ မိန်းကလေးပေါင်းများစွာရဲ့ဘ၀တွေကို
ဖျက်ဆီးခဲ့တယ်။နှမချင်းကိုယ်ချင်းမစာနာ သားသမီးချင်း ကိုယ်ချင်းမစာနာတဲ့ အလွန်ယုတ်မာတဲ့သူယုတ်မာပါ။ ဆယ်နှစ်အတွင်းဒီသူယုတ်မာဟာတကယ့်ရာဇ၀တ်မူ့ တွေကိုကျူးလွန်ခဲ့ပြီး သိုးရေခြုံတဲ့ဝံပုလွေလို 
သူတော်ကောင်းအယောင်ဆောင်နေခဲ့တာပါ။ အခုပရဟိတလောထဲကိုဝင်လာပြီး ပရဟိတကို ခုတုံးလုပ်ပြီး 
သူလုပ်ထားတဲ့ ရာဇ၀တ်မူ့ တွေကို ဖုံးကွယ်ဖို့ လူတွေကိုလိမ်စားပြီး ပရဟိတကိုအသုံးချ 
အကာအကွယ်ယူနေတာပါ။ ဒီလူရဲ့ ယုတ်မာမူ့ တွေကြောင့် မိသားစုတွေကြား တိုင်းပြည်နဲ့ လူမျိုးတွေကြားမှာအချင်းချင်းသွေးကွဲနေကြတာပါ။ ခိုးချင်တိုင်းခိုးလို့ ရတယ်ဆိုပြီး လူတွေကိုယုတ်မာအနိုင်ကျင့်နေတဲ့သူပါ။
  ဒီလူဟာ တိုင်းပြည်ရဲ့ Stability နဲ့  Security ကိုချိမ်းချောက်နေတဲ့သူပါပဲ။
မြန်မာနိုင်ငံရဲ့ Passport နဲ့ American နိုင်ငံရဲ့ Passport ကိုကိုင်ဆောင်ထားပြီး နိုင်ငံနှစ်နိုင်ငံလုံးရဲ့ တရားဥပဒေကိုချိုးဖေါက်နေတဲ့ ရာဇ၀တ်မူ့ တွေကိုကျူး လွန်နေတဲ့သူပါပဲ။ ဒီလူကို တရားဥပဒေနဲ့ အရေးယူဖို့ 
နိုင်ငံနှစ်နိုင်ငံလုံးရဲ့အစိုးရမှာတာဝန်ရှိနေပါတယ်။
Thursday, August 2, 2018
*~~~ကျွနုပ်ပြောချင်သောစကားများ~~~*
သူတပါးပစ္စည်းကို အရှက်မရှိခိုးနေတဲ့သူခိုး
လူတွေကို ဗြောင်လိမ်ဗြောင်စားနေတဲ့ 
သူခိုးလူလိမ်တယောက်ကို သူခိုးမှန်းသိလျှက်နဲ့  လူလိမ်မှန်းသိလျှက်နဲ့ 
ဘုရားနဲ့ နှိုင်းပြီးတော့မှဘုရားလိုကိုးကွယ်နေတာဟာ
မြတ်စွာဘုရားရှင်ကိုစော်ကားသလိုဖြစ်နေရုံမက
ဘုရားရှင်တည်ထောင်ခဲ့တဲ့သာသနာတော်ကို
နတ်သုဒ္ဓါမှာ မစင်ကျသလိုဖြစ်နေတာပါ
ဘာကြောင့်လည်းဆိုတော့
ဘုရားရှင်ဟာ သူခိုး လူလိမ်ဘ၀ကနေဘုရားဖြစ်ခဲ့တာမဟုတ်လို့ ပဲ။
*~*~*~*~*
ဗုဒ္ဓရဲ့သာသနာတော်ဟာ သူတော်ကောင်းတွေနဲ့ တည်ထောင်ခဲ့တဲ့သာသနာတော်ဖြစ်တယ်
သူခိုးဗီလိန်တည်ထောင်ခဲ့တဲ့သာသနာတော်မဟုတ်ဘူး။
*~*~*~*~*
ဟောဒီဘဒ္ဒကမ္ဘာမှာ ပွင့်ခဲ့တဲ့ဘယ်ဘုရားရှင်ကမှ
 ခိုးတတ်သော သူခိုးသည်လည်းကောင်း
လိမ်တတ်သော လူလိမ်သည်လည်းကောင်း 
သုဂတိဘုံသို့  သွားကြလိမ့်မည်ဟု မဟောခဲ့ကြချေ။
အသိဥဏ်ပညာကြီးမားသော စစ်မှန်သောဘယ်သူတော်ကောင်းမှ
 သူခိုးနောက်လိုက်မဟုတ်ကြသလို
သူခိုး လူလိမ်မှန်ရင် အပ္ပါယ်ဘုံသို့ လားရစမြဲပဲ။
*~*~*~*~*
လောကမှာမြင့်မြတ်တဲ့သုဂတိဘုံကိုရောက်ရှိသွားကြတဲ့ ပါရမီရှင်သူတော်ကောင်းတွေနဲ့ 
မဟာနိဗ္ဗာန်ကိုဝင်စံခဲ့ကြတဲ့ အရိယာနွယ်ဝင်သူတော်စင် သူတော်မြတ်တွေဟာ
သံသရာမှာကျင်လည်ခဲ့ကြတဲ့အခါ နိမ့်ကျတဲ့တရိစ္ဆာန်ဘ၀တွေကိုလည်း ရောက်ရှိခဲ့ကြဖူးတယ်။
ဒါပေမယ့် လူဖြစ်ခွှင့်ရတဲ့ဘ၀တွေမှာ သူတပါးပစ္စည်းကိုခိုးတဲ့သူခိုး 
သူတပါးတွေကို ကုန်းတိုက် အကွက်ဆင် ထောင်ချောက်ဆင်ပြီး လိမ်တဲ့လူလိမ်
သူတော်မဟုတ် သူယုတ်ဘ၀ကို ဘယ်တုန်းကမှမရရှိခဲ့ကြဖူးပါဘူး...။
ဒါကြောင့်မို့ လူတယောက်ဟာ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊
ပညာတတ်သည်ဖြစ်စေ၊ ပညာမတတ်သည်ဖြစ်စေ၊ ကမ္ဘာကြီးရဲ့ဘယ်အရပ် ဘယ်ဒေသမှာ
ရှိတဲ့ ဘယ်လူမျိုးပဲဖြစ်ဖြစ် သူတော်ကောင်းမှန်ရင် အဲဒီလူဟာ
အရိယာနွယ်ဝင် ပါရမီ့ရှင် တယောက်ပါပဲ...။
*~*~*~*~*
လောကမှာတရိစ္ဆာန်တကောင်ဟာ သူခိုး လူလိမ်တယောက်ထက်တန်ဘိုးရှိတယ်၊
ဘာကြောင့်လည်းဆိုတော့ တရိစ္ဆာန်ဖြစ်သော်လည်း သူတပါးပစ္စည်းမခိုးတဲ့အတွက်
သူတပါးကိုမလိမ်တဲ့အတွက် တရိစ္ဆာန်ဖြစ်ပေမယ့် သီလလုံခြုံနေလို့ ပါပဲ၊
ဗုဒ္ဓဘုရားရှင်ဟာ ငုံး ငှက်ကလေးဖြစ်တဲ့အချိန်မှာ မှန်သောသစ္စာစကားကိုဆိုခဲ့တယ်။  
နာဋ္ဌာဂီရိ ဆင်ဟာ အလွန်ယုတ်မာတဲ့ ဒေ၀ဒတ်က အရက်တိုက်ပြီး 
ဘုရားကို ဘုရားမှန်းသိပြီးအရိုအသေပြုတယ်။ 
တရိစ္ဆာန်က မယုတ်မာဘူး ၊ တရိစ္ဆာန်ဘ၀ရောက်နေတာတောင် ပါရမီ့ရှင်တွေဟာ 
သူတော်ကောင်းတရားတွေကိုပဲကျင့်သုံးတယ်။ 
*~*~*~*~*
သိုးရေခြုံတဲ့ဝံပုလွေလို သူတော်ကောင်းအယောင်ဆောင်ပြီးဘာတွေဘယ်လိုပဲလုပ်ပြ လုပ်ပြ
လိမ်တဲ့ပါးစပ်ကနေသူတော်ကောင်းစကားတွေဘယ်လောက်ပဲပြောပြော
ခိုးတဲ့လက်နဲ့  တရားစာတွေဘယ်လောက်ပဲရေးရေး
ဟီရိသြတပတရားဆိုတာ ဘာမှန်းမသိ 
သူတပါးပစ္စည်းကိုခိုးပြီး အရှက်မရှိ 
သူတပါးတွေကို လိမ်စားနေသမျှ ကာလပတ်လုံး
သင်ဟာ ဘုရားမကြိုက်တဲ့ ငမိုက်သား 
အပ္ပါယ်လားဖို့ လက်မှတ်ရထားတဲ့ သူတယောက်ပဲ။
*~*~*~*~*
သူတပါးပစ္စည်းခိုးတဲ့သူခိုး 
သူတပါးကိုလိမ်စားတဲ့လူလိမ်ဆိုတာ
အခုဘ၀လည်းရှုံးတယ် 
နောက်ဘ၀လည်းရှုံးတယ်
သံသရာအဆက်ဆက်လည်းရှုံးတယ်။ 
*~*~*~*~*
သူတပါးပစ္စည်းမခိုးတဲ့သူ
သူတပါးကိုလိမ်မစားတဲ့သူတွေအားလုံး
ဘယ်သူပဲဖြစ်ဖြစ်
အခုဘ၀လည်းနိုင်တယ်
နောက်ဘ၀လည်းနှို်င်တယ်
သံသရာအဆက်ဆက်လည်းနိုင်တယ်။
*~*~*~*~*
မိမိကိုယ်မိမိ သူခိုးဖြစ်နေတယ်ဆိုတာကိုတောင် ရှက်ရကောင်းမှန်းမသိတဲ့သူ
သူတပါးပစ္စည်းကို ခိုးယူဖို့ အတွက်အချိန်တိုင်းကြံစည်အားထုတ်နေရတဲ့သူ
သူတပါးပစ္စည်းကို အတင်းအဓမ္မခိုးပြီး မသမာမူ့ နဲ့ အသက်မွေးတဲ့သူ
လူ့ တန်ဘိုးမဲ့စွာအသက်ရှင်နေတဲ့သူဟာလူ့ ဘ၀ဆုံးပြီး
လူဖြစ်ရှုံးနေတဲ့သူပဲ...။
*~*~*~*~*
သူတပါးပစ္စည်းတွေကို ခိုးပြီး ရောင်းစားလို့ ရတဲ့
သူခိုးတယောက်ရဲ့ငွေတွေအားလုံးဟာ
အဲဒီသူခိုးကို အပ္ပါယ်ငရဲကိုပို့ ဖို့ အတွက်
ကတို့ ခတွေပဲ။
*~*~*~*~*
အကုသိုလ်ကံအကျိုးပေးချိန်တန်လာပြီဆိုရင်
ကမ္ဘာပေါ်မှာရှိတဲ့ငွေတွေအားလုံးနဲ့ ပုံပြီး
သူယုတ်မာတယောက်ကို အပ္ပါယ်မလားအောင်
ဘယ်သူတဦးတယောက်ကမှတားဆီးနိုင်စွမ်းမရှိဘူး။
*~*~*~*~*
*
*
*
ဓမ္မမိတ်ဆွေသူတော်ကောင်းများအားလုံး
ပန်းလိုလန်းဆန်း၍ ရေလိုအေးချမ်းကြပါစေ...