Thursday, October 26, 2017
*~~~ ဓမ္မတရားတော်များ မျှဝေခြင်း (၁) ~~~*
ဆရာတော်အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော
သောတာပန်၏ ဘ၀နှင့်အသိတရားတော်နှင့်
မိုးကုတ်မြို့ ဓမ္မရံသီဆရာတော် အရှင်ဘဒ္ဒန္တ သုနန္ဒ္ဒ ဟောကြားတော်မူသော
သောတာပန်အင်္ဂါ (၇) ပါး တရားတော်ကို ဓမ္မမိတ်ဆွေသူတော်ကောင်းများကိုလည်း
နာကြားစေလိုတဲ့ဆန္ဒနဲ့ မျှဝေပါရစေ...။ အလွန်တန်ဘိုးရှိတဲ့ တရားတော်တွေပါ။
ယခုဘ၀မှာသောတာပန်ဖြစ်နိုင်တဲ့ပါရမီရှင်သူတော်ကောင်းများရှိကြမှာပါ...
ဒီတရားတော်တွေဟာ သောတာပန်ဖြစ်ဖို့ အတွက် အထောက်အကူပြုနိုင်တဲ့
တရားကောင်းတရားမြတ်များဖြစ်ပါတယ်...။ 
ဓမ္မမိတ်ဆွေ သူတော်ကောင်းများတရားထူးတရားမြတ်များရရှိကြပါစေ... 
( သဗ္ဗဒါနံ ဓမ္မဒါနံဇိနာတိ )
(youtube မှမူရင်းဆိုဒ်တွေကတော့ Dhamma dana နဲ့  Dhamma Channel ပါ...။)
သောတာပန်၏ဘ၀နှင့်အသိတရားတော်... 
                                               သောတာပန်အင်္ဂါ (၇) ပါးတရားတော်...
Friday, October 6, 2017
*~~~သီတင်းကျွတ်လပြည့်ကုသိုလ်ကောင်းမူ့ ~~~*
ဗုဒ္ဓဘာသာဝင် သူတော်စင် သူတော်ကောင်း သူတော်မြတ်တို့ အလေးအမြတ်ထား
ကုသိုလ်ကောင်းမူ့ ပြုကြတဲ့ ၀ါတွင်းကာလနဲ့ ဗုဒ္ဓအရှင်မြတ်က နိဗ္ဗာန်ရောက်ကြောင်း
တရားကောင်းတရားမြတ်ဖြစ်တော်မူတဲ့ မဟာပဋ္ဌာန်းတရားတော်ကိုဟောကြားတော်မူပြီး
နတ်ပြည်မှ လူ့ ပြည်သို့ ပြန်လည်ကြွရောက်လာတဲ့ သီတင်းကျွတ်လပြည့်နေ့ ကိုကမ္ဘာအ၀ှန်းမှာရှိကြတဲ့ သူတော်ကောင်း သူတော်မြတ်များ ကောင်းမူ့ ကုသိုလ်တွေပြု၍ ဆီမီးထွန်းညှိပူဇော်ပြီး 
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံစွာကြိုဆိုခဲ့ကြတာပါ...။ ကိုယ်တိုင်လည်း ၀ါတွင်းကာလတလျှောက်နဲ့ 
သီတင်းကျွတ်လပြည့်နေ့ အထိ ၅ရက်တိုင်တိုင် ပဋ္ဌာန်းတရားတော်ကိုရွတ်ဖတ်ပူဇော်ပြီး
ကောင်းမူ့ ကုသိုလ်တွေပြုခဲ့ပါတယ်...။ ကိုယ်ပြုသမျှကောင်းမူ့ တွေကို 
ဓမ္မမိတ်ဆွေသူတော်ကောင်းများကိုလည်းမျှဝေပါရစေ...
အားလုံးပဲသာဓုခေါ်ဆိုနိုင်ကြပါစေ... 
လပြည့်နေ့ ကအိမ်မှာမီးပုံးလေးတွေထွန်းပြီးဘုရားရှင်ကိုပူဇော်ခဲ့ပါတယ်...
ဓမ္မမိတ်ဆွေသူတော်ကောင်းများအားလုံးပဲ
လပြည့်ဝန်းလို ငြိမ်းချမ်း အေးမြကြပါစေ...
*
*
*
Wednesday, September 20, 2017
*~~~ဆရာတော်ဦးဇောတိက "Can you afford not to meditate"~~~*
Image result for ဆရာတော် ဦးဇောတိက
Very precious dhamma sermon by Sayadaw U Jotika in English.  
ဆရာတော်ဦးဇောတိက မဟာမြိုင်တောရ ဟောကြားတော်မူတဲ့ 
တရားထိုင်ခြင်းကြောင့်ရရှိနိုင်တဲ့ အကျိုးကျေးဇူးတရားများကို
ရှင်းပြထားတဲ့တရားတော်ပါ...။ ဓမ္မမိတ်ဆွေသူတော်ကောင်းများကိုလည်း
နာကြားစေချင်တဲ့ဆန္ဒနဲ့ မျှဝေပါရစေ...အလွန်တန်ဘိုးရှိတဲ့တရားတော်ပါ...။
youtube မှာမူရင်းဆိုဒ်ကတော့ဒီနေရာမှာပါ...ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) 
အားလုံးပဲကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...
Saturday, September 9, 2017
*~~~"ပရိတ်ကြီး-၁၁သုတ်၊ ဓမ္မစင်္ကြာတရားတော်နှင့်မသူတော်တရားကိုအနိုင်ယူခြင်း"~~~*
Related image
ဝါတွင်းအခါကာလမှာ ကမ္ဘာအရပ်ရပ်က ဗုဒ္ဓဘာသာဝင်သူတော်ကောင်း သူတော်မြတ်တွေဟာ တရားစခန်းတွေဝင်ကြ တရားတွေနာကြ ဘာဝနာတွေပွားများကြ အဓိဋ္ဌာန်တွေဝင်ကြ 
ဒါန ကောင်းမူ့ ကုသိုလ်တွေပြုကြနဲ့ လောကကြီးဟာ ပန်းရနံ့ ကဲ့သို့ သော သင်းပျံ့ မွှေးထုံတဲ့ 
 ကောင်းမူ့ ကုသိုလ်တွေနဲ့ ဗုဒ္ဓအရှင်မြတ်ရဲ့ သာသနာတော်ဟာ 
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနေတာကိုတွေ့ ရတဲ့အခါ
အလွန်ပဲဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်...။
တဖက်မှာလည်း ဆန့် ကျင်ဖက်အားဖြင့် သူတပါးတွေက သူတော်ကောင်းတရားတွေ
ပွားများနေတဲ့အချိန်မှာ လူ့ ဗာလက မသူတော်တရားတွေနဲ့  
လူတွေကို ၀ါတွင်းကာလမှာ အပ္ပါယ်လားဖို့ သေဖော်ညှိပြီး အကုသိုလ်ပွားနေတာဟာ
လောကကြီးနဲ့ လူတွေအတွက် အလွန်ဆိုးရွားတဲ့ အမင်္ဂလာဖြစ်နေတော့တာပါ...။ 
 သူယုတ်မာတွေများလာတာနဲ့ အမျှလောကကြီးမှာ တနေ့ တခြား
လောဘ ဒေါသ မောဟတွေနဲ့ လူတွေဟာ ရန်သူမျိုးငါးပါးနဲ့ စစ်ဘေးစစ်ဒဏ်တွေ 
သဘာဝဘေးအန္တရာယ်တွေလည်းကျရောက်နေတော့တာပါ...။
ဒါကြောင့်မို့ အကုသိုလ်တရားဆိုးများမှကင်းရာကင်းကြောင်း
တရားကောင်းတရားမြတ်ကို နာကြားစေလိုတဲ့ဆန္ဒနဲ့ 
သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိသရ ဟောကြားတော်မူသော
 "ပရိတ်ကြီးဆယ့်တစ်သုတ်" "ဓမ္မစင်္ကြာတရားတော်" နဲ့ 
ဆရာတော်အရှင်နန္ဒမာလာ ဟောကြားတော်မူတဲ့ 
"မသူတော်တရားကိုအနိုင်ယူခြင်း" တရားတော်များကိုနာကြား၍
သူတော်ကောင်းတရားများပွားများကြဖို့ အတွက်
ဓမ္မမိတ်ဆွေ သူတော်ကောင်းများကို မျှဝေ၍ ဓမ္မဒါနပြုအပ်ပါတယ်...။ 
အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ...
ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြပါစေ...
****ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု***
"ပရိတ်ကြီး-၁၁သုတ်၊ ဓမ္မစင်္ကြာတရားတော်နဲ့ မသူတော်တရားကိုအနိုင်ယူခြင်း"
Image result for lotus flower
Friday, July 21, 2017
*~~~ ဒေ၀ဒတ် သို့ မဟုတ် အကုသိုလ်ပြု၍ အ၀ီစိငရဲရောက်ရသူ~~~*
Related image
လေးအသင်္ချေနဲ့ ကမ္ဘာတသိန်း ပါရမီတော်တွေဖြည့်ဆည်းပြီး တည်ထောင်ခဲ့ရတဲ့
ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့သာသနာတော်မှာ သင်္ကန်းဝတ်နဲ့ အရှင်လတ်လတ် မြေမြိုခံရပြီး အကုသိုလ်ဒုစရိုက်တွေကို ကောက်ကျစ်စဉ်းလဲစွာလုပ်ခဲ့တဲ့အတွက် အ၀ီစိရောက်ခဲ့တဲ့
 ဒေ၀ဒတ် အကြောင်းကို ရဟန်းပညာရှိသူတော်ကောင်း လူပညာရှိသူတော်ကောင်းတို့ 
ရေးသားတဲ့ ဓမ္မစာပေတွေထဲမှာဖတ်ရင်းလေ့လာသုံးသပ်မိပါတယ်...။
ပထမဦးဆုံးမေးခွန်းက ဒေ၀ဒတ် ဘာ့ကြောင့် ဘုရားရှင်ကို သေကြောင်းကြံစည်ရသလဲဆိုတဲ့
မေးခွန်းပါ...။ စာပေတွေထဲမှာရေးသားထားတာတွေက ဒေ၀ဒတ်ဟာ ဘုရားနေရာကို
ယူချင်တဲ့အတွက် ဘုရားရှင်ကို နည်းမျိုးစုံနဲ့ လုပ်ကြံတာလို့ ယျေဘုယအားဖြင့်
ရေးသားတာကိုတွေ့ ရပါတယ်...။ အမှန်တော့ဒီလုပ်ကြံမူ့ ရဲ့နောက်ကွယ်မှာ
ဒေ၀ဒတ်က သူ့ ရဲ့ ကောက်ကျစ်စဉ်းလဲမူ့ နဲ့ သူကျူးလွန်ခဲ့တဲ့ အကုသိုလ်တွေကို
သိမြင်တော်မူတဲ့ ဘုရားရှင်ကို လောကမှာ မရှိစေချင်တဲ့အတွက် သေစေချင်တဲ့ ဆန္ဒဆိုးနဲ့ 
ယုတ်ညံ့တဲ့အကုသိုလ်ဒုစရိုက်တွေကို နှစ်ချိုက်စွာလုပ်တတ်တဲ့
ဒေ၀ဒတ်ရဲ့ အ၀ီစိသွားမယ့် ဗီဇ ကြောင့်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။
 သူယုတ်မာတို့ မည်သည် မကောင်းမူ့ ကိုစွန့် လွှတ်ရမှာ လွန်စွာကြောက်တတ်ကြပါတယ်။
ဒါကြောင့်မို့ လည်း မာဃဒေ၀မှာ လူယုတ်မာနဲ့ ပတ်သက်လို့ ဒီလိုဆိုပါတယ်...
ထိုဗာလစစ်
လူ့ ကောက်ကျစ်တို့ 
ညစ်ကျင့်ဝါသနာ
ဝမ်းတွင်းပါကား
ဘယ်ခါမဖျောက်
အမြီးကောက်ကို
ကျည်ထောင့်စွပ်ဟူ
ပမာတူ၏။
 (မာဃဒေ၀)
ဘုရားရှင်ကတော့ ဒေ၀ဒတ်ရဲ့ အတွင်းစိတ်ဟာ သာဋ္ဌေယျနဲ့ အလွန်ကောက်ကျစ်
စဉ်းလဲတယ်ဆိုတာသိတော်မူတဲ့အတွက် သံဃာတွေကို သင်းခွဲဖို့ အကြံနဲ့ သူ့ ရဲ့တောင်းဆိုမူ့ ကို
သုံးကြိမ်တိုင်တိုင် ငြင်းပယ်တော်မူပြီး ဒေ၀ဒတ်ကို ဒီလိုမိန့် တော်မူခဲ့ပါတယ်...
"သူတပါးထွေးပြီးသား တံတွေးကှိုမှမြိုသေးတဲ့သင့်လိုလူကို ငါဘုရားရဲ့ နေရာကို
သင့်လက်ထဲဘာအတွက်အပ်ရမလဲတဲ့" ဒီလိုမိန့် တော်မူတာဟာဘာကြောင့်လည်းဆိုရင်
ဘုရားရှင်ကိုသေကြောင်းကြံမယ့် သူက သူတော်ကောင်းတရား
ကိုကျင့်သုံးဖို့ တောင်းဆိုတယ်ဆိုတာဟာ မသူတော်က နတ်စကားပြောသလိုဖြစ်နေလို့ ပါပဲ။ 
ဗုဒ္ဓသာသနာတော်ဆိုတာ ယုတ်မာတဲ့ မသူတော်လက်ထဲကိုအပ်ဖို့ အတွက်
ဘုရားရှင်ကတည်ထောင်ခဲ့တာမှမဟုတ်ပဲ...။ သူတော်ကောင်းတရားတွေပွားများဖို့ 
မကောင်းမူ့ နဲ့ မသူတော်တရားတွေကို စွှန့် လွှတ်ပြီး 
မင်္ဂရှစ်ပါးဆိုတဲ့ နိဗ္ဗာန်ရောက်ကြောင်း တရားတော်တွေကို ကျင့်ကြံဖို့ ပါ...။
 ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ဒေ၀ဒတ်က သေကြောင်းကြံစည်တဲ့အခါမှာ အဇာတသတ်မင်းကို
သူ တတ်ထားတဲ့ဈာန်အဘိဥာဉ်ကို အသုံးချပြီး ဖျားယောင်းသိမ်းသွင်းတယ်၊ 
သူ့ လုပ်တဲ့မကောင်းမူ့ တွေကို ဘာမှမသိတဲ့ ရဟန်းတော်တွေ နဲ့ လူတွေကို နားလှည့်ပြီး 
သူ့ ဘက်ပါအောင်အယုံသွင်းပြီးစည်းရုံးတယ်၊
ဒီလိုစည်းရုံးပြီးသူ့ လုပ်ရပ်ကို ထောက်ခံမူ့ ရဖို့ နည်းမျိုးစုံနဲ့ ကြိုးစားတယ်၊
အမှန်တော့ဒေ၀ဒတ်ဟာသူ့ ကိုယ်သူဘယ်လိုပင် သူတော်ကောင်းအယောင်ဆောင်နေပါစေ
သူလုပ်ထားတဲ့ အကုသိုလ်နဲ့ လုပ်နေဆဲ လုပ်ရပ်တွေဟာ သူယုတ်မာလုပ်ရပ်ဖြစ်ပြီး 
ဒီလုပ်ရပ်နဲ့ အကုသိုလ်တွေက သူ့ ကိုအ၀ီစိပို့ ဖို့ အတွက် 
သူ့ အနောက်မှာအရိပ်ပမာ ထပ်ချပ်မကွာလိုက်နေတယ်ဆိုတာ 
အကုသိုလ်တရားတွေ ဖုံးလွှမ်းနေတဲ့ ဒေ၀ဒတ်မှာ မြင်နိုင်စွမ်းမရှိတော့ပါဘူး...။
ဒေ၀ဒတ်ဟာ ဘုရားရှင်ကို လက်ရဲဇက်ရဲ သေကြောင်းကြံစည်ရဲပေမယ့်
သူလုပ်တဲ့အကုသိုလ်နဲ့  ရာဇ၀တ်မူ့ ကို ၀န်ခံရဲတဲ့သတ္တိတပြားသားမှမရှိပဲ
ဗီလိန်ကျင့် ဗီလိန်ကြံနဲ့ ချောင်းမြောင်းလုပ်ကြံခဲ့တာပါ...။
ဒေ၀ဒတ်ဟာ လောကမှာကြုံတောင့်ကြုံခဲ မြင်တွေ့ ရခဲတဲ့ 
လောကရဲ့အနှိုင်းမဲ့အရှင်ကိုဖူးမြင်ခွှင့်ရပြီး ရဟန်းဘ၀ကိုရရှိခဲ့တယ်ဆိုတာဟာ
အလွန်မှကြီးမားတဲ့ကုသိုလ်ကံပါ... ဒါပေမယ့် ဒီကုသိုလ်ကံတွေဟာ
ဒေ၀ဒတ်ရဲ့ ကောက်ကျစ်စဉ်းလဲတဲ့ အတွင်းစိတ်ဓါတ်နဲ့ ယုတ်ညံ့တဲ့ဗီဇ စရိုက်ကြောင့် 
မကောင်းမူ့ ပေါ်မှာမကောင်းမူ့ ဆင့် အကုသိုလ်ပေါ်မှာ အကုသိုလ်ဆင့်ပြီး
အဆုံးသတ်မှာတော့ သူလုပ်သမျှအကုသိုလ်တွေက သူ့ ကိုတရားစီရင်သွားတာပါပဲ။
ဒေ၀ဒတ်ရဲ့လုပ်ရပ်တွေကိုကြည့်မယ်ဆိုရင် အကုသိုလ်တရားဆိုးတွေဟာ
အလွန်ကြောက်စရာကောင်းပါတယ်၊ သူကိုယ်တိုင်လည်း အ၀ီစိရောက်ရသလို
သူ့ ရဲ့လှည့်စားဖျားယောင်းမူ့ ကိုခံရတဲ့ သူတွေလည်း အကုသိုလ်လက်ဝေခံတွေဖြစ်ပြီး
ငရဲဘုံကိုရောက်ကြရတယ်၊ အဇာတသတ်ဟာဒီဘ၀မှာ သောတာပန်ဖြစ်နိုင်တဲ့ ပါရမီတွေ
ရှိနေခဲ့တာတောင်မှ ဒေ၀ဒတ်ရဲ့ဖျားယောင်းမူ့ ကြောင့် ဖခင်ကိုသတ်ပြီး
ဘ၀အဆက်ဆက်က ဖြည့်ဆည်းခဲ့တဲ့ပါရမီတွေပျောက်ဆုံးခဲ့ပြီး
ငရဲရောက်ခဲ့ရတယ်။ သူယုတ်မာနဲ့ တွေ့ ရပြီဆိုရင် ပါရမီပျောက် ငရဲရောက်ဖို့ ပါပဲ။
ဒါကြောင့်မို့ လည်း အသေ၀နာစဗာလနံ လူမိုက်ကိုရှောင်ရှားဖို့ 
ဘုရားရှင်က မင်္ဂလသုတ်တော်မှာဟောတော်မူခဲ့တာပါ။
 လောကမှာ သူယုတ်မာတယောက်မွေးဖွားလာပြီဆိုရင် 
အဲဒီသူယုတ်မာရှိတဲ့ နေရာ သူယုတ်မာရှိတဲ့အရပ်ဟာ 
ယုတ်ညံ့ဆိုးရွားတဲ့ မကောင်းကျိုးတွေဖြစ်ပေါ်လာပြီး 
လောကမှာသူတော်ကောင်းတယောက်မွေးဖွားလာပြီဆိုရင် 
အဲဒီသူတော်ကောင်းရှိတဲ့နေရာ သူတော်ကောင်းရှိတဲ့အရပ်ဟာ
ကောင်းကျိုးချမ်းသာတွေဖြစ်ပေါ်လာတော့တယ်လို့ ဘုရားရှင်က ဟောကြားတော်မူခဲ့ပါတယ်။
ဗုဒ္ဓအရှင်မြတ်ကို မွေးဖွားလာခဲ့တဲ့အတွက် လောကမှာရှိတဲ့ မရေမတွက်နိုင်သော
လူ နတ် ဗြဟ္မာ သတ္တ၀ါတွေ သုဂတိဘုံကိုရောက်ကြရပြီး ကောင်းကျိုးချမ်းသာ 
မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံခဲ့ကြရပါတယ်။ 
ဒေ၀ဒတ် ကိုမွေးဖွားလာခဲ့တဲ့အတွက် ဒေ၀ဒတ်နဲ့ တကွ ဒေ၀ဒတ်နောက်လိုက်တွေကတော့ 
အ၀ီစိငရဲနဲ့ အပါယ်လေးဘုံကိုရောက်ကြရတယ်။
ဒါကြောင့်မို့  သူတော်ကောင်းနဲ့ သူယုတ်မာတို့ ရဲ့လုပ်ရပ်နဲ့ သွားရာလမ်းဟာ
မိုးနဲ့ မြေလိုကွာခြားကြတယ်ဆိုတာ ဗုဒ္ဓအရှင်နဲ့  ဒေ၀ဒတ်ကို
 နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။  
***~~~***
(လူမိုက်လက္ခဏာလေးပါး)
၁။ နည်းမှားတွေကို လုပ်တယ်။
၂။ သူတပါးကိုလည်း အဲဒီအမှားတွေ လုပ်ခိုင်းတယ်။
၃။ အဲဒီ နည်းမှားကြီးတွေကို သိပ်တန်ဖိုးထားတယ်။
၎။ မှားနေပြီလို့ ပြောရင် ပြောတဲ့သူကို ရန်ရှာတယ်။
(
ဘုရားအလောင်းတော် အကိတ္တိ ရသေ့ ဆုတောင်းခဲ့သည့်ဆုတောင်းငါးမျိုး)
၁။ လူမိုက်ကို မမြင် မတွေ့  မကြားပါရစေနဲ့။
၂။ လူမိုက်ကို မသိပါရစေနဲ့။
၃။ ရှောင်မရလို့ မြင်နေရ၊ ကြားနေရရင် အပေါင်းအသင်း မလုပ်ပါရစေနဲ့။
၎။ ရှောင်မရလို့ အပေါင်းအသင်း လုပ်နေရရင်လည်းပဲ သူတို့နဲ့ စကား မပြောပါရစေနဲ့။
၅။ မရှောင်သာလို့ ပြောရရင်လည်း သူတို့စကားကို အားပေးထောက်ခံမှုတွေ မလုပ်ပါရစေနဲ့။ 
*
*
*
ဓမ္မမိတ်ဆွေသူတော်ကောင်းများအားလုံးပဲ
ရန်သူမျိုးငါးပါးဘေးမှကင်းဝေးကြ၍
ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...
 Image result for scenery
Tuesday, June 20, 2017
*~~~အမေရိကန်နိုင်ငံရှိစာကြည့်တိုက်များအကြောင်း~~~*
The Library of Congress
(Google)
လောကမှာတန်ဘိုးရှိတဲ့အရာတွေထဲမှာစာအုပ်စာပေတွေဟာ
လူတွေအတွက်တန်ဘိုးအရှိဆုံးအရာတွေလို့ ပြောရင်ရနိုင်ပါလိမ့်မယ်...
အလွန်တန်ဘိုးရှိတဲ့ လူသားတွေရဲ့အသိဥာဏ်ပညာတွေဟာ
 ဒီစာအုပ်စာပေတွေကနေတဆင့်လောကကိုကောင်းကျိုးပြုနိုင်လို့ ပါပဲ...။
ခေတ်အဆက်ဆက်မှာရှိကြတဲ့ လူသားတွေဟာ လောက ကမ္ဘာမြေမှာ 
သူတို့ ရှာဖွေတွေ့ ရှိတဲ့ဗဟုသုတနဲ့ ပညာရပ်တွေကို လက်ဆင့်ကမ်းသယ်ဆောင်နိုင်ဖို့ အတွက် တန်ဘိုးရှိတဲ့ပညာရပ်တွေကို စာအုပ်စာပေတွေအဖြစ်ရေးသားပြုစုပြီးထားရှိခဲ့ကြပါတယ်...။
ရှေးခေတ်အဆက်ဆက်မှာလည်း ဒီလိုတန်ဘိုးရှိတဲ့စာပေတွေကို
လူတွေဟာကျောက်သားပေါ်မှာရေးထွင်းပြီး
ကျောက်စာများအဖြစ် နောင်လူသားတွေအတွက်လေ့လာဆည်းပူးနိုင်ဖို့ ထားရှိခဲ့ပါတယ်။ 
လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကျော်က ဗုဒ္ဓအရှင်ဟောကြားခဲ့တဲ့ ဓမ္မတရားတော်တွေကို
 ဒီနေ့ လူသားတွေလေ့လာသင်ယူခွှင့်ရနေကြတာဟာလည်း ခေတ်အဆက်ဆက်သယ်ဆောင်ခဲ့ကြတဲ့
စာပေတွေနဲ့  ဗုဒ္ဓရဲ့ ဓမ္မတရားတော်တွေကို အာဂုဏ်ဆောင်ခဲ့ကြတဲ့
မဟာလူသားတွေရဲ့ တနည်းအားဖြင့် သူတို့ တွေရဲ့နှလုံးသားနဲ့ ဦးနှောက်မှာ ကျောက်စာတွေလို
ထွင်းထုပြီးသယ်ဆောင်ခဲ့ကြလို့ ပါပဲ...။ 
ဒီနေ့ တိုးတက်လာတဲ့ခေတ်မှာတော့ လူတွေဟာတန်ဘိုးကြီးမားတဲ့ သိပ္ပံပညာ 
အတွေးအခေါ်ပညာရပ်နဲ့ သင်ယူလေ့လာစရာ ဘာသာရပ်အမျိုးမျိုးတွေကို 
စာအုပ်စာပေတွေအဖြစ် အလွန်ကြီးမားတဲ့ စာကြည့်တိုက် (Library) ကြီးတွေမှာသိမ်းဆည်းပြီး လေ့လာဆည်းပူးကြပါတယ်...။ 
နိုင်ငံတနိုင်ငံမှာ တန်ဘိုးရှိတဲ့လူတွေ ဘယ်လောက်ရှိသလဲလို့ သိချင်ရင်
အဲဒီနိုင်ငံမှာ စာကြည့်တိုက်တွေ ဘယ်လောက်ရှိသလဲဆိုတာနဲ့ 
လေ့လာကြည့်ရင်သိနိုင်ပါလိမ့်မယ်...။
ကိုယ်တိုင်လေ့လာဖြစ်တဲ့အမေရိကန်နိုင်ငံမှာရှိတဲ့ စာကြည့်တိုက်တွေအကြောင်းကို
ဗဟုသုတအဖြစ်မျှဝေလိုက်ပါတယ်...။
အမေရိကန်နိုင်ငံမှာ စာကြည့်တိုက်ပေါင်း တသိန်းတစ်သောင်းကျော်ခန့် ရှိပါတယ်...။
 နိုင်ငံရဲ့စာကြည့်တိုက်တွေအားလုံးစနစ်တကျခွဲထားပါတယ်...။
ဒီစာကြည့်တိုက်တွေထဲမှာ 
 ကျောင်းစာကြည့်တိုက် ( school libraries )  =  98,460
အများပြည်သူစာကြည့်တိုက် ( public Libraries ) = 6,966
တက္ကသိုလ်စာကြည့်တိုက် ( Research libraries ) = 3,796
အစိုးရစာကြည့်တိုက် ( Government Libraries ) = 936
စစ်ဘက်ဆိုင်ရာစာကြည့်တိုက် ( Arm Force Libraries ) = 252   စတဲ့စာကြည့်တိုက်တွေပါပဲ။
အမေရိကန်နိုင်ငံရဲ့အကြီးဆုံးစာကြည့်တိုက်ကြီး ၅ ခုကတော့
(၁)  Washington D.C မှာရှိတဲ့ The library of congress မှာ
လေ့လာစရာစာအုပ်စာပေပေါင်း 34,528,818 သုံးဆယ့်လေးသန်းကျော်ရှိပါတယ်။ 
စာအုပ်စာပေပေါင်း 19,090,261 ဆယ့်ကိုးသန်းကျော်ရှိပါတယ်။ 
(၃)  Massachusetts ပြည်နယ်က Harvard University ရဲ့ Library မှာစာအုပ်စာပေပေါင်း
16,832,956 ဆယ့်ခြောက်သန်းကျော် ဆယ့်ခုနှစ်သန်းနီးပါးရှိပါတယ်။
(၄) New York ပြည်နယ်က New York Public Library မှာ စာအုပ်စာပေပေါင်း
16,342,365 ဆယ့်ခြောက်သန်းကျော်ရှိပါတယ်။
(၅) Connecticut ပြည်နယ်မှာရှိတဲ့ Yale University ရဲ့ Library မှာ
စာအုပ်စာပေပေါင်း 15, 200, 000 ဆယ့်ငါးသန်းကျော်ရှိပါတယ်။
စာအုပ်တွေကို စာကြည့်တိုက်ကနေ ငှါးဖတ်တဲ့အခါ Check out လုပ်တဲ့ system ကို
မျှဝေလိုက်ပါတယ်။ 
စာကြည့်တိုက်မှာရှိတဲ့စာအုပ်တွေကိုရှာဖွေဖို့ Computer တွေကိုအခုလိုထားရှိပါတယ်။
စာအုပ်တွေကို Computer ထဲမှာရှာနိုင်သလို
စနစ်တကျ အမျိုးအစားအလိုက် ခွဲခြားထားတဲ့စာအုပ်တွေထဲမှာလည်း
ဖတ်ချင်တဲ့စာအုပ်တွေကိုရှာဖွေလို့ လွယ်ကူရန်အတွက်စီစဉ်ပေးထားပါတယ်။
 ကိုယ်ဖတ်ချင်တဲ့စာအုပ်ကိုငှားတဲ့အခါ ကိုယ့်မှာ member လုပ်ထားတဲ့
Library ကတ်နဲ့  အခုလို Check out  လုပ်ရပါတယ်
စာအုပ်ကိုတအုပ်စီလုပ်စရာမလိုပဲ ကိုယ်ငှါးထားတဲ့စာအုပ်အားလုံးကို
( စာအုပ် ခြောက်အုပ်မျှ ) Pad ပေါ်မှာတင်ပြီး Start လိုက်တာနဲ့ 
စာအုပ်နာမည်အားလုံးနဲ့ ဘယ်နေ့ ဘယ်ရက်မှာ စာအုပ်တွေကိုလာပြန်ပို့ ရမလဲဆိုတဲ့
လက်ခံစာရွက်လေးထွက်လာပါတယ်။
စာအုပ်တွေကို ပြန်လာပို့ မယ်ဆိုရင်
အခုလိုစာအုပ်တွေကိုတအုပ်ချင်းဆီ စက်ထဲထည့်လိုက်ရုံပါပဲ...။
အကယ်၍ စာအုပ်က သတ်မှတ်ထားတဲ့ရက်ထက်ကျော်သွားရင်တော့
ရက်လွန်ခပေးရပါတယ်။ 
Computer မှာ member Card ကို Check out လုပ်လိုက်တာနဲ့ 
ရက်ဘယ်လောက်လွန်သွားလဲဆိုတာနဲ့ ရက်လွန်ခကို
တွေ့ ရမှာပါ။ 
ကလေးတွေအတွက် စာဖတ်ချင်စရာနေရာလေးတွေနဲ့ 
ကစားတဲ့နေရာလေးတွေလည်း
စာကြည့်တိုက်မှာဖန်တီးပေးထားပါတယ်။
 Library မှာတိတ်တိတ်ဆိတ်ဆိတ်နဲ့ ကျောင်းစာတွေဖတ်ချင်တယ်ဆိုရင်လည်း
ကျောင်းသားတွေအတွက် သီးသန့် အခန်းလေးတွေ ဖန်တီးပေးထားပါတယ်။
အင်တာနက်သုံးလိုသူများအတွက် Free Internet 
Computer များလည်းရှိပါတယ်။
တိတ်ဆိတ်အေးချမ်းစွာနားနေတဲ့နေရာလေးတွေလည်းရှိပါတယ်။
အားလပ်ချိန်မှာအထွေထွေဗဟုသုတလေ့လာချင်တဲ့သူများအတွက်
အသိပညာရှင် အတတ်ပညာရှင်တွေကိုဖိတ်ခေါ်ပြီး
အခုလိုလေ့လာကြတဲ့ အစီအစဉ်တွေကျင်းပတဲ့အခန်းတွေလည်းရှိပါတယ်။
စာကြည့်တိုက်မှာအလွန်သန့် ရှင်းတဲ့ Toilets တွေကိုလည်းထားရှိပါတယ်။
စာဖတ်တဲ့သူတွေအားလုံး ရောဂါကင်းဝေးစေဖို့ 
လက်ဆေးပြီးရင် လက်ကိုအခြောက်ခံတဲ့လေမှုတ်စက်နဲ့ 
Paper တွေလည်းရှိပါတယ်။
ယနေ့ ခေတ်မှာလူပီသတဲ့လူတွေနေတဲ့နိုင်ငံကြီးတွေမှာ
လူသားအဆက်ဆက် အသိပညာတိုးတက်ရေး ကျန်းမာရေး
ကလေးတွေကို အသိဥာဏ်ပညာတိုးတက်ဖွံ့ ဖြိုးစေရေးအတွက်
အဖက်ဖက်ကအစွမ်းကုန် ဆောင်ရွက်စောင့်ရှောက်နေကြတာကို
လေ့လာတွေ့ ရှိရတဲ့အခါမှာ ဒီလိုနိုင်ငံတွေမှာ လူဖြစ်ရတာဟာ 
လူဖြစ်ရကျိုးနပ်ကြတယ်လို့ နားလည်မိပါတယ်။
သူတို့ တွေဟာ အသိဥာဏ်ပညာတွေကို လက်ဆင့်ကမ်းသယ်ယူကြရင်း
သူတို့ ရဲ့ဘ၀တွေကို ဖယောင်းတိုင်လေးတွေလို အလင်းတွေကူးစက်
ပြီးဘ၀တန်ဘိုးရှိစွာ လောကကောင်းကျိုးသယ်ပိုးကြတဲ့
လူသားတွေအဖြစ်နဲ့ ရှင်သန်နေကြတဲ့သူတွေပါပဲ...။
*
*
*
ဓမ္မမိတ်ဆွေ သူတော်ကောင်းများအားလုံးပဲ
ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြပါစေ...
Saturday, May 27, 2017
*~~~ချယ်ရီပန်းတို့ ပွင့်ရာမြေ~~~*
လေပြေလေညှင်းလေး ဖြေးဖြေးလေးတိုက်တဲ့ အခါမှာ
ချယ်ရီပန်းပွင့်လေးတွေ ပင်ယံပေါ်ကနေ 
တဖွဲဖွဲကြွေနေတာလေးကို မြင်ရတဲ့ မနက်ခင်းလေးဟာ
သဘာဝရဲ့ သက်ရှိပန်းချီကားတချပ်ကို ကြည့်နေရသလို... 
ဘယ်အရာနဲ့ မှ နှိုင်းပြလို့ မရနိုင်တဲ့ငြိမ်းချမ်းအေးမြမူ့ ကို ခံစားရမိတယ်...။
Sakura - ဆာကူရာလို့ ခေါ်တဲ့ ချယ်ရီပန်းလေးတွေဟာ 
လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်ချီကတည်းက ဟိမ၀န္တာတောင်တန်းကြီးတွေကနေ
မွေးဖွားခဲ့တဲ့ပန်းကလေးတွေဖြစ်တယ်လို့ ဆိုပါတယ်...။
  တပင်လုံးညွှတ်နေအောင် လှပစွာဖူးပွင့်ပြီး
 ငြိမ်းချမ်းခြင်းကို သာဓကပြုတဲ့ ဒီပန်းလေးတွေကို
ဂျပန်လူမျိုးတွေက အလွန်ပဲ တန်ဘိုးထား မြတ်နိုးကြပါတယ်...။ 
သူတို့ နိုင်ငံရဲ့ Samurai ဆာမူရိုင်းလို့ ခေါ်တဲ့ ကျဆုံးသွားတဲ့သူရဲကောင်းတွေဟာ
ချယ်ရီပန်းလေးတွေအဖြစ် ပြန်လည်မွေးဖွားလာကြတယ်လို့ 
ပုံပြင်လေးတပုဒ်လို ယုံကြည်ကြပါတယ်...။
ဂျပန်နိုင်ငံမှာ ချယ်ရီပန်းလေးတွေပွင့်တဲ့ရာသီ March လ ကနေ April လဆန်းအထိ
Hanami လို့ ခေါ်တဲ့ Spring ရာသီကြိုဆိုပွဲတွေကို နေ့ ရောညပါ ပြုလုပ်လေ့ရှိကြပါတယ်...။
ညအချိန်မှာ ကျင်းပတဲ့ ပွဲတော်ကိုတော့   yozakura (夜桜) "night sakura"
လို့ ခေါ်ကြတယ်လို့ ဆိုပါတယ်...။ 
အမေရိကန်နိုင်ငံကို ချယ်ရီပန်းလေးတွေ ရောက်ရှိလာတဲ့အကြောင်းကတော့
၁၉၁၂ ခုနှစ် March လ ၂၇ ရက်နေ့ မှာ
အမေရိကန်နိုင်ငံကို Yoshino ရိုရှီနို လို့ ခေါ်တဲ့ ချယ်ရီပန်းပင်
၃၀၀၀ ကိုလက်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်...။
၁၉၆၅ နှစ်မှာ နောက်ထပ်တခါ ချယ်ရီပင်ပေါင်း ၃၈၀၀ ကို လက်ဆောင်ပေးခဲ့ပါတယ်...။
The National Cheery Blossoms Festival ကိုနှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိပါတယ်...။ 
"Annual Sakura Cherry Blossom Festival" ကိုကျင်းပကြပါတယ်...။
ချယ်ရီပန်းလေးတွေပွင့်တဲ့အချိန် ဒီရာသီလေးမှာ
ကိုယ်ထိုင်နေကျနေရာလေးနဲ့ ကိုယ်လျှောက်နေကျလမ်းကလေး...
"The Love Of Cherry Tree" 
The sun shine so bright
 in the quiet morning
I sit alone silently under the cherry tree
The pink flowers softly glow 
on the beautiful tree
A gentle breeze 
run through the leaves peacefully
The little birds singing happily 
on the branch of the tree
The smell of cherry blossoms so sweet
fills the air that I breath
Oh... what a beautiful morning that I see
And I know in my heart
The Love Of Cherry Tree.
Written By 
Me  :)
 Scion အတွက် Kwanzan ချယ်ရီပန်းလေးလက်ဆောင်  :)
ချယ်ရီပန်းမျိုးပေါင်းများစွာရှိပါတယ်...
ကိုယ်အလွန်နှစ်သက်တဲ့ပန်းတမျိုးကတော့
 kwanzan လို့ ခေါ်တဲ့ချယ်ရီပန်းမျိုးလေးပါ...
ပန်းနုရောင်လေးနဲ့  အပွင့်ကလည်း နှင်းဆီပန်းနဲ့ အလွန်တူသလို
ရနံ့ ကလည်းနှင်းဆီရနံ့ လိုသင်းပျံ့ ပါတယ်...။
ကိုယ့်ကိုခင်မင်ကြတဲ့ဓမ္မမိတ်ဆွေသူတော်ကောင်းများအားလုံးကို
 ချယ်ရီပန်းလေးတွေနဲ့ အတူ
မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်...
January ၂ရက်နေ့ ကစပြီး  တဆောင်းတွင်းလုံး တက်လိုက်ရတဲ့
ကိုယ့်ကျောင်းက အခု May လ ၁၅ ရက်နေ့ မှ Semester ပြီးဆုံးသွားပါတယ်...
ကျောင်းတက်ရင်းနဲ့  အစိုးရကျောင်းတခုမှာ ကလေးတွေကို စာသင်ပြပေးရတဲ့
Volunteer - အလုပ်ကိုလည်း လုပ်နေတာမို့ လုံးဝမအားတာနဲ့ 
ကိုယ့် Blog မှာ စာတွေလည်းမရေးဖြစ်ပါ...
(ကိုယ်ကစာရေးဆရာလည်းမဟုတ်ဘူးလေ...ဒါလည်းတခုပါ...)
ယခုကျောင်းပိတ်နေတဲ့နွေရာသီ ရသလောက် အချိန်အနည်းငယ်လေးမှာ
တခုတော့ ပြောပါရစေ...
ကိုယ့် Blog မှာ မင်္ဂလာရှိတဲ့အကြောင်းတရားလေးတွေနဲ့ 
ဗဟုသုတရစရာ လေးတွေကိုပဲ ရေးချင်ပါတယ်...
ဗုဒ္ဓရဲ့ အဆုံးအမ ဓမ္မတရားတော်နဲ့ ဆန့် ကျင်ဖက်ဖြစ်တဲ့
အမင်္ဂလာဖြစ်မယ့် အကြောင်းတရားတွေကို 
ဘ၀ရဲ့အလွန်တန်ဘိုးရှိတဲ့အချိန်တွေကို အကုန်ခံပြီး လုံးဝဥသုံ မရေးချင်ပါ...။
 မည်သူ့ အတွက်မှ အကျိုးမရှိတဲ့ မင်္ဂလာမရှိတဲ့အကြောင်းတရားတွေကို
ရေးသားမျှဝေချင်စိတ်လည်းအလျှင်းမရှိပါ...။ 
ဓမ္မမိတ်ဆွေသူတော်ကောင်းများအားလုံးပဲ 
ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...
*
*
*