လေပြေလေညှင်းလေး ဖြေးဖြေးလေးတိုက်တဲ့ အခါမှာ
ချယ်ရီပန်းပွင့်လေးတွေ ပင်ယံပေါ်ကနေ
တဖွဲဖွဲကြွေနေတာလေးကို မြင်ရတဲ့ မနက်ခင်းလေးဟာ
သဘာဝရဲ့ သက်ရှိပန်းချီကားတချပ်ကို ကြည့်နေရသလို...
ဘယ်အရာနဲ့ မှ နှိုင်းပြလို့ မရနိုင်တဲ့ငြိမ်းချမ်းအေးမြမူ့ ကို ခံစားရမိတယ်...။
Sakura - ဆာကူရာလို့ ခေါ်တဲ့ ချယ်ရီပန်းလေးတွေဟာ
လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်ချီကတည်းက ဟိမ၀န္တာတောင်တန်းကြီးတွေကနေ
မွေးဖွားခဲ့တဲ့ပန်းကလေးတွေဖြစ်တယ်လို့ ဆိုပါတယ်...။
တပင်လုံးညွှတ်နေအောင် လှပစွာဖူးပွင့်ပြီး
ငြိမ်းချမ်းခြင်းကို သာဓကပြုတဲ့ ဒီပန်းလေးတွေကို
ဂျပန်လူမျိုးတွေက အလွန်ပဲ တန်ဘိုးထား မြတ်နိုးကြပါတယ်...။
သူတို့ နိုင်ငံရဲ့ Samurai ဆာမူရိုင်းလို့ ခေါ်တဲ့ ကျဆုံးသွားတဲ့သူရဲကောင်းတွေဟာ
ချယ်ရီပန်းလေးတွေအဖြစ် ပြန်လည်မွေးဖွားလာကြတယ်လို့ 
ပုံပြင်လေးတပုဒ်လို ယုံကြည်ကြပါတယ်...။
ဂျပန်နိုင်ငံမှာ ချယ်ရီပန်းလေးတွေပွင့်တဲ့ရာသီ March လ ကနေ April လဆန်းအထိ
Hanami လို့ ခေါ်တဲ့ Spring ရာသီကြိုဆိုပွဲတွေကို နေ့ ရောညပါ ပြုလုပ်လေ့ရှိကြပါတယ်...။
လို့ ခေါ်ကြတယ်လို့ ဆိုပါတယ်...။
အမေရိကန်နိုင်ငံကို ချယ်ရီပန်းလေးတွေ ရောက်ရှိလာတဲ့အကြောင်းကတော့
၁၉၁၂ ခုနှစ် March လ ၂၇ ရက်နေ့ မှာ
အမေရိကန်နိုင်ငံရဲ့ မြို့ တော် Washington D.C မှာစိုက်ပျိုးဖို့ 
ဂျပန်နိုင်ငံ Tokyo မြို့ တော်ဝန်က နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ်
အမေရိကန်နိုင်ငံကို Yoshino ရိုရှီနို လို့ ခေါ်တဲ့ ချယ်ရီပန်းပင်
၃၀၀၀ ကိုလက်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်...။
၁၉၆၅ နှစ်မှာ နောက်ထပ်တခါ ချယ်ရီပင်ပေါင်း ၃၈၀၀ ကို လက်ဆောင်ပေးခဲ့ပါတယ်...။
အမေရိကန်နိုင်ငံ Washington D.C မြို့ တော်မှာ
The National Cheery Blossoms Festival ကိုနှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိပါတယ်...။
The National Cheery Blossoms Festival ကိုနှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိပါတယ်...။
နယူးယောက်မြို့ ရဲ့ Brooklyn Botanic Garden မှာလည်း
"Annual Sakura Cherry Blossom Festival" ကိုကျင်းပကြပါတယ်...။
"Annual Sakura Cherry Blossom Festival" ကိုကျင်းပကြပါတယ်...။
အမေရိကန်နိုင်ငံရဲ့ Georgia ပြည်နယ်က Macon မြို့ ဟာ
"Cherry Blossom Capital of the World" ကမ္ဘာ့ ချယ်ရီမြို့ တော်
ချယ်ရီအပင်ပေါင်း ၃၀၀၀၀၀ သုံးသိန်း ရှိတဲ့မြို့ တော်အဖြစ်
ထင်ရှားတဲ့မြို့ တော်ဖြစ်ပါတယ်...။
ချယ်ရီပန်းလေးတွေပွင့်တဲ့အချိန် ဒီရာသီလေးမှာ
ကိုယ်ထိုင်နေကျနေရာလေးနဲ့ ကိုယ်လျှောက်နေကျလမ်းကလေး...
"The Love Of Cherry Tree"
The sun shine so bright
in the quiet morning
I sit alone silently under the cherry tree
The pink flowers softly glow
on the beautiful tree
A gentle breeze
run through the leaves peacefully
The little birds singing happily
on the branch of the tree
The smell of cherry blossoms so sweet
fills the air that I breath
Oh... what a beautiful morning that I see
And I know in my heart
The Love Of Cherry Tree.
Written By
Me :)
Scion အတွက် Kwanzan ချယ်ရီပန်းလေးလက်ဆောင် :)
ချယ်ရီပန်းမျိုးပေါင်းများစွာရှိပါတယ်...
ကိုယ်အလွန်နှစ်သက်တဲ့ပန်းတမျိုးကတော့
kwanzan လို့ ခေါ်တဲ့ချယ်ရီပန်းမျိုးလေးပါ...
ပန်းနုရောင်လေးနဲ့  အပွင့်ကလည်း နှင်းဆီပန်းနဲ့ အလွန်တူသလို
ရနံ့ ကလည်းနှင်းဆီရနံ့ လိုသင်းပျံ့ ပါတယ်...။
ကိုယ့်ကိုခင်မင်ကြတဲ့ဓမ္မမိတ်ဆွေသူတော်ကောင်းများအားလုံးကို
ချယ်ရီပန်းလေးတွေနဲ့ အတူ
မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်...
January ၂ရက်နေ့ ကစပြီး တဆောင်းတွင်းလုံး တက်လိုက်ရတဲ့
ကိုယ့်ကျောင်းက အခု May လ ၁၅ ရက်နေ့ မှ Semester ပြီးဆုံးသွားပါတယ်...
ကျောင်းတက်ရင်းနဲ့  အစိုးရကျောင်းတခုမှာ ကလေးတွေကို စာသင်ပြပေးရတဲ့
Volunteer - အလုပ်ကိုလည်း လုပ်နေတာမို့ လုံးဝမအားတာနဲ့ 
ကိုယ့် Blog မှာ စာတွေလည်းမရေးဖြစ်ပါ...
(ကိုယ်ကစာရေးဆရာလည်းမဟုတ်ဘူးလေ...ဒါလည်းတခုပါ...)
ယခုကျောင်းပိတ်နေတဲ့နွေရာသီ ရသလောက် အချိန်အနည်းငယ်လေးမှာ
စာအချို့ တော့ ရေးဖြစ်မယ်လို့ ထင်ပါတယ်...။
တခုတော့ ပြောပါရစေ...
ကိုယ့် Blog မှာ မင်္ဂလာရှိတဲ့အကြောင်းတရားလေးတွေနဲ့ 
ဗဟုသုတရစရာ လေးတွေကိုပဲ ရေးချင်ပါတယ်...
ဗုဒ္ဓရဲ့ အဆုံးအမ ဓမ္မတရားတော်နဲ့ ဆန့် ကျင်ဖက်ဖြစ်တဲ့
အမင်္ဂလာဖြစ်မယ့် အကြောင်းတရားတွေကို
ဘ၀ရဲ့အလွန်တန်ဘိုးရှိတဲ့အချိန်တွေကို အကုန်ခံပြီး လုံးဝဥသုံ မရေးချင်ပါ...။
မည်သူ့ အတွက်မှ အကျိုးမရှိတဲ့ မင်္ဂလာမရှိတဲ့အကြောင်းတရားတွေကို
ရေးသားမျှဝေချင်စိတ်လည်းအလျှင်းမရှိပါ...။
သို့ သော်...မရေးချင်ပါပဲ ရေးရဦးမယ့်အကြောင်းတရားအချို့ တော့ရှိပါတယ်...။
ဓမ္မမိတ်ဆွေသူတော်ကောင်းများအားလုံးပဲ
ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...
*
*
*






No comments:
Post a Comment