Monday, February 15, 2016

*~~~အသိပေးခြင်း~~~*


Life is hard for one with a sense of shame,
who always seeks purity,
who is free from attachment, 
who is modest and who sees clearly 
what is proper livelihood.

( Dhammapada )

ဓမ္မမိတ်ဆွေသူတော်ကောင်းများကို အသိပေးပါရစေ...။
ကိုယ့်ကျန်းမာရေးအခြေအနေကြောင့် ဘလောက်မှာစာမရေးဖြစ်တာကြာခဲ့ပါပြီ...။ 
ကိုယ့်ကိုသိက္ခာချဖို့ အတွက်မသူတော်တွေက အကောင့်အတုတွေနဲ့ 
ကိုယ့်ပုံစံဖမ်းပြီးလိုက်ရေးနေတာတွေ မဟုတ်မဟတ်လုပ်ဇတ်တွေနဲ့ 
ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ကြံဖန်တီးနေကြတာတွေ တွေ့ ရပါတယ်...။  
ကိုယ့်ကိုသေပြီလို့ သတင်းလွှင့်သူကလွှင့်
အမျိုးမျိုးသောကောက်ကျစ်စဉ်းလဲမူ့ တွေနဲ့ မနာလိုဝန်တို ယုတ်မာနေကြတာပါ။
ကိုယ့်ရဲ့ Email ကိုဟက်ပြီးအခိုးခံထားရတာလည်းကြာပါပြီ...။ 
ဒီဘလောက်ကိုလည်း ဟက်ပြီးနည်းမျိုးစုံနဲ့ တိုက်ခိုက်တာခံခဲ့ရပါတယ်...။
ကိုယ့်မှာ ကိုယ်ပိုင် ဖေ့ဘွတ်အကောင့်လည်းမရှိသလို 
တခါမှလည်း ဘယ်သူ့ ကိုမှ ဘာကွန်မန့် မှမရေးဖူးပါ...။ 
ကိုယ်က ဘလောက့်စလုပ်ကတည်းက ဒီနေရာမှာပဲစာရေးပါတယ်။
တခြားဘယ်နေရာမှာမှရေးလည်းမရေး...သိလည်းမသိပါ။
 သူယုတ်မာတွေရဲ့လုပ်ရပ်တွေကို မြင်တွေ့ ပေမယ့်
အကုသိုလ်တွေကိုတုန့် ပြန်ချင်စိတ်အလျှင်းမရှိတာလည်းတကြောင်း
ကိုယ့်မှာမသူတော်တွေကိုလိုက်ကြည့်ပြီး ဖြေရှင်းနေဖို့ 
အချိန်လည်းမရှိသလို စိတ်လည်းမ၀င်စားပါ။ 
ဘယ်မသူတော်ရဲ့ လိမ်ညာလှည့်စား ထိုးနှက်တိုက်ခိုက်မူ့ ကိုမှ
မတုန်လှုပ်သလို မြူတမှုန်မျလည်းအလေးမထားပါ...။

အခုပြောတယ်ဆိုတဲ့နေရာမှာ ပြဿ        နာတွေရှုပ်သထက်ရှုပ်မှာမလိုချင်တာနဲ့ 
မပြောချင်သော်လည်းပြောလိုက်ရခြင်းဖြစ်ပါတယ်...။
 ဒါကြောင့် ဒီလိုမသူတော်များရဲ့လုပ်ရပ်တွေကို အထူးသတိထားကြဖို့ နဲ့ 
ထင်ယောင်ထင်မှားမဖြစ်ကြဖို့ အကုသိုလ်မပွါးကြဖို့ ဓမ္မမိတ်ဆွေများကိုအသိပေးပါရစေ...။

you will never reach your destination
if you stop and throw stones at every dog that barks.
(Winston Churchill)
 
"အသိဥာဏ်ပညာခေါင်းပါးတဲ့ ဗာလနံလိုလူစားမျိုးတွေဟာ 
သူတို့ ရဲ့အင်မတန်မှ အဆင့်အတန်းနိမ့်ကျတဲ့
အရှက်မဲ့တဲ့ ကဲ့ရဲ့မူ့ တွေ လုပ်ကြံ ပြောဆိုမူ့ တွေ
လူ့ စည်းကမ်းဆိုတာဘာမှန်းမသိတဲ့လူတွေကို 
သင်ကအရေးလုပ်ပြီး တုန့် ပြန်နေမယ်ဆိုရင်
သင်လိုရာခရီးကိုရောက်မှာမဟုတ်တော့ဘူးတဲ့..."
ဒါကြောင့်မို့ သူတို့ ပြောချင်ရာပြောပါစေ...
သူတပါးကို ယုတ်ညံ့စွာပုတ်ခတ်ပြောဆိုလေ...
သူတို့ ရဲ့စိတ်ဓါတ်နဲ့ လူ့ အဆင့်အတန်းအောက်တန်းကျသွားလေပါပဲ...။  

 Life is easy for one who is shameless 
and bold as a crow,
who slanders others and pretentious, 
aggressive and corrupt.

Life is hard for one with a sense of shame,
who always seeks purity,
who is free from attachment, 
who is modest and who sees clearly 
what is proper livelihood.

( Dhammapada )

*** *** ***

(ကိုယ်ပြောချင်တာလေးတခုရှိတယ်...သူတော်ကောင်းတွေရဲ့နှလုံးသားဆိုတာ
အလွန်လှပတဲ့ပန်းဥယျာဉ်ကြီးတခုမှာ ပန်းပွင့်လေးတွေအပေါ်
ဝတ်မှုံကူးကြတဲ့ လိပ်ပြာလေးတွေလိုပါပဲ...သူတော်ကောင်းနှလုံးသားချင်း
Mind to mind... Heart to heart...သူတော်ကောင်းတရားတွေ
သူတော်ကောင်းစိတ်ဓါတ်တွေ သူတော်ကောင်းလုပ်ရပ်တွေနဲ့ 
ကမ္ဘာကြီးရဲ့ ဘယ်အရပ် ဘယ်ဒေသ ဘယ်နေရာမှာပဲရှိနေနေ 
 မြင့်မြတ်ခြင်း ၀တ်မှုံလေးတွေကူးစက်ကြပါတယ်...။
အချို့ သောပညာရှိသူတော်ကောင်းများဆိုရင်
ကိုယ့်ကိုတခါမှ တွေ့ လည်းမတွေ့ ဖူး
 မြင်လည်းမမြင်ဖူး အသံတောင်မကြားဖူးပေမယ့်
ကိုယ့်ရဲ့အတွင်းစိတ်နှလုံးသားကို အသိဥာဏ်ပညာနဲ့ 
ခံစားနားလည် နိုင်စွမ်း မြင်နိုင်စွမ်းရှိကြတာကိုလည်းတွေ့ ရပါတယ်...
အဲဒီအတွက် အံ့သြမိတာတော့အမှန်ပါ...။
သာမာန်လူတွေဆိုရင်တော့ဒီလိုမြင်နိုင်ဖို့ ဆိုတာအင်မတန်ခဲယဉ်းပါတယ်။
အကြံပြုချက်များအတွက်လည်းကျေးဇူးအနန္တပါ...။
ကိုယ်က ဘယ်သူ့ ကိုပဲဖြစ်ဖြစ် ကြီးသူကိုရိုသေ ငယ်သူကိုလေးစားဆိုတဲ့
ဂါရ၀တရားနဲ့ ပဲ လေးလေးစားစားဆက်ဆံပါတယ်...
ကိုယ့်ရဲ့ခင်မင်မူ့ ဟာ အပေါ်ယံခင်မင်မူ့ မဟုတ်တဲ့လူပီသတဲ့ခင်မင်မူ့ ပါ...၊ 
သူတပါးကိုကိုယ်ကအင်မတန် တန်ဘိုးထားပါတယ်...အသိမှတ်ပြုပါတယ်။
ကိုယ့်ကိုသူတပါးကဒုက္ခပေးတာသိရင်တောင်
 ကိုယ်ကမြွေဟောက်လိုတော့ပါးပြင်းမထောင်ပြတတ်သူလေ...
ကိုယ့်ကိုချစ်ခင်ကြတဲ့ဓမ္မမိတ်ဆွေ ပညာရှိသူတော်ကောင်းများအားလုံးကို
နှလုံးသားနဲ့ ဂါရ၀ပြုပါတယ်...။
 ဘာပဲဖြစ်ဖြစ် ကိုယ်က သူတော်ကောင်းပဲဖြစ်ချင်သူမို့ 
ဘယ်လိုအခက်ခဲအတားဆီးကိုမဆို ကျော်ဖြတ်ရင်း 
အရိယာနွယ်ဝင်သူတော်ကောင်းများလျှောက်ခဲ့တဲ့ဒီလမ်းလေးပေါ်မှာပဲ
နိဗ္ဗာန်မရောက်မချင်းကိုယ်ရှိနေမှာပါ...။)
***  *** ***


ဓမ္မမိတ်ဆွေသူတော်ကောင်းများအားလုံး ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ကြပါစေ...
*
*
*

No comments:

Post a Comment