Sunday, November 15, 2015
*~~~အသိဥာဏ်ပညာဖြင့်လောကဓံမုန်တိုင်းကိုဖြတ်သန်းခြင်း (၁)~~~*
"ဆန္ဒ၀တော ကိံနာမ  ကမ္မနံ သိဇ္ဈတိ
ဝီရိယ၀တော  ကိံနာမ  ကမ္မနံ သိဇ္ဈတိ
စိတ္တ၀တော  ကိံနာမ  ကမ္မနံ သိဇ္ဈတိ
ပည၀တော   ကိံနာမ  ကမ္မနံ သိဇ္ဈတိ"
(ဗုဒ္ဓ)
ဆန္ဒပြင်းထန်သူ...
ဝီရိယမြဲမြံသူ...
စိတ်ဓါတ်ခိုင်ခံ့သူ...
အသိဥာဏ်ပညာရှိသူသည်...
အဘယ်သို့ သောအခက်အခဲကိုမဆို...
အောင်မြင်စွာကျော်ဖြတ်နိုင်မည်သာတည်း...။
လောကမှာရှိတဲ့သက်ရှိသတ္တ၀ါမှန်သမျှ
 လောကဓံနဲ့ ရင်ဆိုင်တွေ့ ကြုံ  ကြရတာပါ...
လောကဓံနဲ့ မတွေ့ ကြုံရတဲ့သတ္တ၀ါရယ်လို့ မရှိပါဘူး။ 
ဒီလိုတွေ့ ကြုံကြရတဲ့လောကဓံကိုကျော်ဖြတ်ကြတဲ့အခါမှာ 
လူပုဂ္ဂိုလ် အသီးသီးရဲ့ အသိဥာဏ်ပညာအတိုင်းတာကြီးမားရင်ကြီးမားသလို
သူတို့ ကြုံတွေ့ ရတဲ့လောကဓံတွေဟာ အံ့မခန်းဖွယ် အောင်မြင်မူ့ ကြီးတွေအဖြစ်
ပြောင်းလဲဖြစ်ပေါ်လာခဲ့ပြီး တချိန်ထဲတပြိုင်ထဲမှာပဲ လောကကောင်းကျိုးပြုမူ့ တွေ
လောကသားတွေအတွက်စံနမူနာပြုစရာ အတုယူစရာတွေနဲ့ သူတို့ ရဲ့ခံနိုင်ရည်စွမ်းအားတွေ
ဇွဲသတ္တိတွေဟာ ရာဇ၀င်တွင်လောက်အောင်မှတ်ကျောက်တင်နိုင်ခဲ့ကြတာကိုတွေ့ ရပါတယ်...။ 
ထို့ အတူပဲလောကဓံကိုရင်ဆိုင်ကြုံတွေ့ ကြတဲ့အခါမှာ အသိဥာဏ်ပညာနဲ့ ဖြတ်သန်းခြင်း
မပြုတဲ့လူသားတွေဟာ  အဲဒီလောကဓံရဲ့လှိုင်းတံပိုးအောက်မှာ ကြောက်မက်ဖွယ်ရာ
ကျဆုံးခဲ့ကြ ရာဇ၀င်တွေရိုင်းခဲ့ကြ အကျည်းတန်ခဲ့ကြတာကိုတွေ့ကြရမှာပါ...။
လောကဓံကိုဖြတ်သန်းကြတဲ့အထဲမှာ Glorious နဲ့ Notorious
 လောကမှာဆန့် ကျင်ဘက်အားဖြင့်ထင်ရှားခဲ့တဲ့  ဗုဒ္ဓရှင်တော်မြတ်နဲ့ ဒေ၀ဒတ်...
ကမ္ဘာပေါ်မှာထင်ရှားခဲ့တဲ့ မဟတ္တမဂန္တီနဲ့ ဟစ်တလာတို့ ရဲ့ဖြတ်သန်းမူ့ တွေကို
လေ့လာသုံးသပ်ကြည့်မိပါတယ်...။
 ဗုဒ္ဓအရှင်ဟာလေးအသင်္ချေနဲ့ ကမ္ဘာတသိန်းကာလကိုပါရမီတော်တွေဖြည့်ဆည်းပြီး
ဘုရားဖြစ်ခဲ့တယ်ဆိုတာ ဘုရားဖြစ်ဖို့ အတွက်ပါရမီဖြည့်ခဲ့တယ်ဆိုတာထက်
အမှန်တော့ လောကရဲ့အကောင်းအဆိုး
လောကဓံတရားတွေကိုကြံြ့ကံခံပြီးအသိဥာဏ်ပညာနဲ့ ဖြတ်သန်းခဲ့တဲ့
အရှင်မြတ်ရဲ့ဘ၀ပုံရိပ် မဟာဂန္တ၀င်ခရီးလို့ ပြောရင်ရနိုင်ပါလိမ့်မယ်...
ဘာကြောင့်လည်းဆိုရင် လောကကိုအောင်မြင်ခဲ့ပြီးလို့ သူဖြစ်ချင်ခဲ့တဲ့
ဘုရားအဖြစ်ကိုရောက်ရှိခဲ့တဲ့ဘ၀မှာတောင်
အရှင်မြတ်အပေါ်ကျရောက်လာတဲ့လောကဓံတရားကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။
ယနေ့ ဗုဒ္ဓဘာသာတိုင်းသိကြတဲ့ ဘုရားရှင်ရဲ့အလွန်ကြီးမားသော
အောင်မြင်မူ့ လို့ ရာဇ၀င်မှာကဗျည်းထိုးခဲ့တဲ့
အောင်ခြင်းရှစ်ပါးဆိုတာ သူဖြတ်သန်းခဲ့ရတဲ့လောကဓံတရားတွေပါပဲ...။
အဲဒီလောကဓံရှစ်ပါးတွင်မက နောက်ထပ်အဆိုးဆုံးလောကဓံကတော့
ဘုရားဖြစ်နေပေမယ့်ဒေ၀ဒတ်ရဲ့လုပ်ကြံမူ့ ကိုခံခဲ့ရတဲ့လောကဓံပါ။
ဘ၀အဆက်ဆက် ဖြစ်လေရာဘ၀သံသရာမှာ
 ဒေ၀ဒတ်ရဲ့ကောက်ကျစ်စဉ်းလဲမူ့ တွေကိုခံခဲ့ရသမျှ
နောက်ဆုံးဘ၀မှာတော့ဒေ၀ဒတ်ကိုအောင်နိုင်ခဲ့တာပါပဲ...။
ဒါဟာ အရှင်မြတ်အပေါ်ကျရောက်လာတဲ့အကြီးမားဆုံးလောကဓံကို
အမြင့်မြတ်ဆုံးနှလုံးသားနဲ့  ကြံ့ကြံ့ခံရင်း
အောင်မြင်စွာဖြတ်သန်းခဲ့ခြင်းလို့ ဆိုချင်ပါတယ်။ 
 ဗုဒ္ဓအရှင်ဟောကြားခဲ့တဲ့ ရွဲကုန်သည်ဇတ်ကိုလေ့လာကြည့်ရင်လည်း
အလွန်သံဝေဂယူစရာကောင်းတဲ့လူသားတွေရဲ့ဘ၀ပုံရိပ်တွေကိုတွေ့ ရမှာပါ...။
ဘုရားအလောင်းဖြစ်တော်မူတဲ့ရွဲကုန်သည်ဗုဒ္ဓအရှင်နဲ့ 
ဒေ၀ဒတ်အလောင်းရွဲကုန်သည်ဟာ လောကဓံတရားတွေနဲ့ 
ဆင်းရဲတဲ့ဘ၀မှာရုန်းကန်နေကြရတာခြင်းတူပေမယ့်
ဗုဒ္ဓအရှင်ကသူ့ ရဲ့ကိုယ်ကျင့်တရားနဲ့ 
လူ့ ဂုဏ်သိက္ခာကိုချနင်းပြီးမှရယူရမယ့်ချမ်းသာမူ့ ကိုမယူပဲ
ကိုယ်ကျင့်တရားကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ပြီး
လောကဓံကိုရင်ဆိုင်ခဲ့တယ်...အဆုံးမှာ သူ့ ရဲ့ကိုယ်ကျင့်တရားဖြောင့်မတ်မူ့ က
သူ့ ကိုပြန်လည်စောင့်ရှောက်ခဲ့တယ်...။
 ဒေ၀ဒတ်ရဲ့ဖြတ်သန်းမူ့ ကိုကြည့်မယ်ဆိုရင်တော့
သူ့ အပေါ်ကျရောက်လာတဲ့လောကဓံတရားတွေကို အသိဥာဏ်ပညာနဲ့ 
ဖြတ်သန်းခြင်းမရှိပဲ ကောက်ကျစ်စဉ်းလဲမူ့ တွေနဲ့ ဖြတ်သန်းခဲ့သမျှ
အဆုံးမှာသူရရှိခဲ့တဲ့ရလာဒ်ကတော့ အရှင်လတ်လတ်မြေမြိုခံရခြင်းနဲ့ 
ကြောက်မက်ဖွယ်ရာမဟာအ၀ီဇိဆိုတဲ့ငရဲဘုံပါပဲ...
ဒေ၀ဒတ်ရဲ့အသိဥာဏ်ပညာကင်းမဲ့မူ့ ဟာ
 ဗုဒ္ဓဘာသာသမိုင်းမှာဖျက်လို့ မရတဲ့အမဲစက်ကြီးစွန်းထင်းခဲ့ရတယ်
ဒေ၀ဒတ်ရဲ့ရာဇ၀င်ကိုအဆိုးရွားဆုံးကဗျည်းထိုးခဲ့တဲ့
 Notorious ပဲဖြစ်ခဲ့တာပါ...။ 
  *** 
ကမ္ဘာပေါ်မှာထင်ရှားခဲ့တဲ့ မဟတ္တမဂန္တီနဲ့ ဟစ်တလာတို့ ရဲ့ဖြတ်သန်းမူ့ ကို
နှိုင်းယှဉ်ကြည့်ရအောင်ပါ...
If you tell a big enough lie 
and tell it frequently enough, 
it will be believed.
Make the lie big, 
make it simple, 
keep saying it, 
and eventually they will believe it.
(Adolf Hitler)
ဂျူးလူမျိုးတွေကိုသန်းပေါင်းများစွာသတ်ဖြတ်ခဲ့ပြီး အနောက်ဥရောပမှာ
တန်ခိုးကြီးခဲ့တဲ့နာဇီပါတီခေါင်းဆောင်
ဟစ်တလာရယ်လို့ မဖြစ်လာခင် သာမာန်အရပ်သားဘ၀မှာ
ဟစ်တလာဟာ လောကဓံတရားရဲ့ရိုက်ခတ်မူ့ ကိုခံခဲ့ရတယ်။
 ဟစ်တလာဟာ ဖခင်မရှိတဲ့ဘ၀နဲ့ ကြီးပြင်းလာခဲ့ရသူပါ...
သူငယ်စဉ်ကသူ့ မိခင်နေမကောင်းဖြစ်နေတဲ့အချိန်မှာ
ဆရာဝန်ကိုသွားခေါ်တော့ ပိုက်ဆံအလုံလောက်
မပေးနိုင်တဲ့အတွက်ဆရာဝန်ကသူ့ မိခင်ကိုဆေးကုပေးဖို့ ငြင်းဆိုခဲ့တယ်။
အဲဒီဆရာဝန်ဟာဂျူးလူမျိုးဖြစ်တယ်လို့ ဆိုပါတယ်။
 နောက်တခါသူက တက္ကသိုလ်တခုမှာ ပန်းချီပညာနဲ့ ကျောင်းတက်ဖို့ 
ဝင်ခွှင့်လျှောက်တဲ့အခါ အရည်အချင်းမပြည့်မှီတဲ့အတွက် သူ့ ကိုဝင်ခွှင့်မပေးပဲ
တခြားသောဂျူးလူမျိုးတယောက်ကိုဝင်ခွှင့်ပေးလိုက်တယ်လို့ ဆိုပါတယ်...
ဒီလိုလောကဓံတွေရိုက်ခတ်ခံခဲ့ရတဲ့ဟစ်တလာဟာ
သူ့ အပေါ်ကျရောက်လာတဲ့လောကဓံကို အသိဥာဏ်ပညာနဲ့ 
ယထာဘူတကျကျတွေးခေါ်စဉ်းစားခြင်းမရှိပဲ ဂျူးလူမျိုးတွေကို
ပစ်မှတ်ထားပြီးအမုန်းကြီးမုန်းခဲ့တော့တယ်...။
သူ့ ရဲ့အမုန်းတရားဟာဂျူးလူမျိုးတွေအပေါ်မှာတဟုန်းဟုန်းတောက်လောင်ခဲ့တယ်။
ဟစ်တလာဟာ သူ့ အပေါ်ကျရောက်လာတဲ့လောကဓံကိုဖြတ်သန်းတဲ့အခါမှာ
အထက်မှာသူပြောခဲ့တဲ့အတိုင်း
"သင်ဟာလိမ်လည်မူ့ ကြီးတခုကိုမကြာခဏပြောပေးနေမယ်ဆိုရင်
အဲဒီလိမ်လည်မူ့ ဟာယုံကြည်မူ့ ဖြစ်လာလိမ့်မယ်...
ကြီးကြီးကျယ်ကျယ်လိမ်ပါ
ပိပိရိရိလိမ်ပါ
ဆက်ပြီးလိမ်ပါ
နောက်ဆုံးမှာအဲဒီလိမ်လည်မူ့ ဟာ
လူတွေရဲ့ယုံကြည်မူ့ ကြီးတခုဖြစ်လာပါလိမ့်မယ်..."  
(ဟစ်တလာ)
 ဟစ်တလာဟာမှားယွင်းတဲ့သူ့ ရဲ့မိစ္ဆာ ဒဿ       နတွေကိုဝါဒဖြန့် ခဲ့တယ်...
သူ့ ရဲ့ဂျူးလူမျိုးတွေအပေါ်မုန်းတီးမူ့ ဟာ ဂျာမန်တမျိုးသားလုံးရဲ့
မုန်းတီးမူ့ တွေဖြစ်အောင် အစွမ်းကုန်ကျိုးစားလုပ်ကြံခဲ့တယ်...
သူ့ ဘ၀ရဲ့နောက်ဆုံးမှာတော့ သူဟာ လိမ်လည်တတ်တဲ့
သူ့ ရဲ့ပါးစပ်ထဲကို သူကိုယ်တိုင်ပဲ အဆိပ်သောက်ခဲ့ရသလို
အဆိပ်သောက်လို့ မသေခင်မှာ သူ့ ကိုနှိမ်နင်းဖို့ သူရှိရာကို
အပြင်းအထန်ချီတက်လာနေတဲ့ရုရှားတပ်နီတွေရဲ့အဖမ်းခံရမှာစိုးတဲ့အတွက်
ပါးစပ်ထဲကိုသေနတ်ကျဉ်ဆံပစ်ထဲ့ပြီး သူ့ ကိုယ်သူအဆုံးစီရင်ခဲ့လေတယ်...။
ဟစ်တလာသည်လည်းဒေ၀ဒတ်ကဲ့သို့  လောကဓံတွေကို
အသိဥာဏ်ပညာမပါပဲဖြတ်သန်းခဲ့တဲ့အတွက်သူ ပြုခဲ့တဲ့သူ့ အကုသိုလ်တွေရဲ့
ပြန်လည်ဒဏ်ခတ်မူ့ တွေကိုကြောက်မယ်ဖွယ်ရာခံရပြီးကျဆုံးခဲ့တယ်...
သူ့ ရဲ့သမိုင်းကြောင်းဟာလည်းကမ္ဘာမှာအလွန်ပဲအကျည်းတန်ခဲ့ပါတယ်။
As long as the evil deed does not bear fruit, 
the fool thinks it is like honey; but when it ripens,
then the fool suffers grief.
( Buddha )
ဆက်ရန်...
 *
*
*
Tuesday, August 25, 2015
*~~~ကိုယ်ရယ် နန္ဒ၀န်ရယ် ကြာပန်းလေးတွေရယ်~~~*
ကိုယ်ခရီးသွားနေရာက ပြန်ရောက်ခြင်း နန္ဒ၀န်ဥယျာဉ်ဆီကို 
ကိုယ့်ရဲ့ ခြေမြန်တော် Unicorn-ယူနီကွန် (နတ်မြင်းပျံ)  နဲ့ အတူရောက်ဖြစ်ခဲ့တယ်...။ 
ကိုယ်ခရီးမသွားခင် ဥယျာဉ်ကြီးထဲကရေကန်မှာ
 ကြာပင်လေးတွေက အဖူးလေးတွေပဲရှိနေပါသေးတယ်။
အခုကိုယ်ပြန်ရောက်တော့ အရောင်အသွေးစုံတဲ့ ကြာပန်းလေးတွေ
ဖူးပွင့်ဝေဆာပြီး  လှချင်တိုင်းလှလို့ ...
ကိုယ်တို့ ရဲ့နန္ဒ၀န်ဥယျာဉ်ကြီးက
ဗြဟ္မစိုရ်ကြာပန်းလေးတွေနဲ့ 
လောကကိုအလှဆင်ပြီး
 မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနေတော့တယ်...
နန္ဒ၀န်မှာပွင့်တဲ့ကြာပန်းလေးတွေက
 ကြည်လင်စိမ်းမြနေတဲ့ ရေကန်ထဲမှာပွင့်တာပါ...  
ရွှံနွံထဲမှာပွင့်တာတော့မဟုတ်ပါဘူး...
ကြာပန်းလေးတွေကိုချစ်မြတ်နိုးတဲ့ကိုယ်တယောက်
 နတ်ရေကန်ကြီးထဲမှာကြာပွင့်လေးတွေ တပွင့်ပြီးတပွင့်ခူးနေခဲ့မိတယ်...။
 အခုကိုယ်ခူးခဲ့တဲ့ကြာပန်းလေးတွေကို ကိုယ့်လိုပဲကြာပန်းလေးတွေချစ်တတ်တဲ့
ကမ္ဘာအရပ်ရပ်ကမည်သူမဆို အားလုံးအတွက် 
ကိုယ်က ကြာပန်းလေးတွေလှူပါတယ်...
အင်တာနက်မှာလှူတဲ့ စတုဒီကြာ ပန်းအလှူပေါ့... :)
ပျော်ရွှင်စွာ ခူး....သို့ မဟုတ်... ကူးယူကြကုန်သော်... 
ကိုယ်ခူးခဲ့တဲ့ကြာပန်းလေးတွေက အများကြီးပါ...အကုန်လုံးမျှဝေချင်ပေမယ့် 
ဒီနေရာလေးမှာဆန့် သလောက်ပဲမျှဝေလိုက်ရပါတယ်... 
ဓမ္မမိတ်ဆွေများအားလုံး 
နန္ဒ၀န်မှာပွင့်တဲ့ ကြာပန်းလေးတွေလို
ဖူးပွင့်လှပကြပါစေ...  
***~~~***
ကိုယ်တယောက်နွေရာသီအားလပ်တဲ့ရက်တွေမှာ
ခရီးတွေသွားရင်း...
သဘာဝကိုချစ်တဲ့ကိုယ့်နှလုံးသားကင်မရာလေးနဲ့ 
သဘာဝပုံလေးတွေမှတ်တမ်းတင်ရင်း...
စာအုပ်လေးတွေဖတ်ရင်း...
ဝါတွင်းကာလမှာတရားတွေနာရင်း...
ဟောဒီဘဒ္ဒကမ္ဘာရဲ့နွေရက်လေးတွေထဲ
ငြိမ်းချမ်းစွာကိုယ်ဖြတ်သန်းရင်း...
*
*
*
Saturday, August 8, 2015
Ethics (ကိုယ်ကျင့်တရား)
  • ကိုယ်ကျင့်တရားနှင့်ပတ်သက်ပြီးပြောကြတဲ့အခါကျနော်ကထေရ ၀ါဒ စာပေ
  • ထေရ၀ါဒ အတွေးအခေါ်တွေအကြားမှာကြီးပြင်းလာခဲ့တဲ့သူတယောက်ဖြစ်တာကြောင့်
  • ကျနော်ပြောမဲ့အထဲမှာထေရ၀ါဒအတွေးအခေါ်တွေနဲ့ ယှဉ်တွဲနေတဲ့အရာတွေပဲဖြစ်မှာပါ။
  • သက်ဆိုင်ရာလူ့ အဖွဲ့ အစည်းတွေမှာသတ်မှတ်ထားတဲ့ကိုယ်ကျင့်တရားစံနှုန်းတွေရှိတယ် 
  • အဲဒါတွေကိုမလိုက်နာရင်ဖေါက်ဖျက်ခဲ့ရင်
  • ဘယ်လောက်အောင်မြင်တဲ့လူတွေပဲဖြစ်နေစေဦးတော့
  • ရေရှည်မှာမအောင်မြင်နိုင်ဘူးမတိုးတက်နိုင်ဘူး။
  •  ကိုယ်ကျင့်တရားကိုဘာနဲ့ တိုင်းတာသလဲ?
  • မြန်မာ့လူ့ ဘောင်မှာတော့ကိုယ်ကျင့်တရားနဲ့ ပြည့်စုံတဲ့
  • လူတော်လူကောင်းသူတော်ကောင်းဆိုတာကို
  • အကျင့်သီလနဲ့ ပညာ ဒီနှစ်ခုနဲ့ ပြည့်စုံတဲ့လူတွေကို
  • သူတော်ကောင်းလို့ သတ်မှတ်ထားပါတယ်၊ 
  • ဒီနှစ်ခုမှာတခုခုကချွတ်ယွင်းနေလို့ မရပါဘူး ၊ အကျင့်သီလတော့ပြည့်စုံပါရဲ့ ပညာမရှိရင်လဲအလုပ်မဖြစ်ပြန်ပါဘူး။
  • ကိုယ်ကျင့်တရားမှာပညာပါတယ် ကိုယ်ကျင့်တရားကိုပညာကစောင့်ပါတယ်
  • ပညာရှိမှကိုယ်ကျင့်တရားမြဲပါမယ်။
  • ကိုယ်ကျင့်တရားမြဲဖို့ ဆိုတာပြောနေလို့ တော့မရပါဘူးကိုယ်တိုင်ကျင့်မှရပါမယ်။
  • Reactive နဲ့  Proactive သမားဆိုပြီးလူမှာနှစ်မျိုးရှိတယ်
  • Reactive သမားကတော့မျှော်နေတယ် ဘာရမလဲ ဘယ်သူလုပ်ပေးမလဲ ဒါကိုပဲစောင့်နေတယ်။
  • ဆုတ်ယုတ်တဲ့အတွေးရှိတယ်။
  • Proactive သမားကတော့ဖြစ်ချင်တာကိုလုပ်ယူမယ် ကိုယ့်ဘာသာကိုယ်လုပ်မယ်ဘယ်သူ့ ကိုမှမျက်နှာငယ်ငယ်နဲ့ ကြည့်နေစရာမလိုဘူးဆိုတဲ့လူမျိုး Proactive သမားတွေများများရှိနေဖို့ လိုတယ်။
  • နောက်တခုက Personal Morality လုပ်နိုင်တဲ့လူတော့များတယ်။
  • Social Morality လုပ်နိုင်တဲ့လူတွေကတော့အားပျော့နေတယ်။
  • Social Morality သမားတွေအားကောင်းဖို့ လည်းလိုနေတယ်။
  • ဘာကိုမူသေထားပြီးကိုယ်ကျင့်တရားကောင်းအောင်နေမလဲ?
  • အဓိက သီလနဲ့ ပညာပဲ 
  • ခက်ခဲတာတော့အမှန်ပဲ အလေ့အကျင့်မပါပဲနဲ့ တော့မအောင်မြင်နိုင်ပါဘူး။
  • လုပ်ဆောင်လို့ ရတဲ့အခြေခံ ၅ ချက်ရှိတယ်။
  • (၁) သဒ္ဒါတရားထားပါ သဒ္ခါတရားရှိအောင်ပြောပါ ကူညီပေးပါ
  • စိတ်မှာသဒ္ခါတရားလှိုင်းကြီးနေဖို့ လိုတယ်။
  • သဒ္ခါတရားကောင်းတာနဲ့ အမျှကိုယ့်ရဲ့ ဟန်အမူအရာ ကိုယ်ရည်ကိုယ်သွေးကအစနှစ်လိုဖွယ်ရာဖြစ်လာမှာပဲ။
  • (၂) လေးစားမူ့ ထားပါ ။ သူများကိုလည်းလေးစားပါ မိမိကိုယ်ကိုလည်းလေးစားပါ။
  • လေးစားထိုက်သူဖြစ်ချင်ရင်တော့
  • သီလပညာနဲ့ ပြည့်စုံအောင်နေထိုင်ရပါမယ်၊
  • (၃) အချိန်ကိုသိတတ်ပါ ။ ဘယ်အချိန်မှာဘာလုပ်သင့်တယ်ဆိုတာကိုသိထားဖို့ လိုပါတယ်။
  • (၄) အလုပ်တခုကိုမလုပ်ခင်ကစဉ်းစားပါ ကြိုတွေးပါ လုပ်ပြီးမှနောင်တမရပါနဲ့ ။
  • (၅) ဘာလုပ်လုပ်သူတပါးကိုမထိခိုက်ပါစေနဲ့ 
  • ကောင်းတာလုပ်သည်ဖြစ်စေဦးတော့ သူတပါးကိုမထိခိုက်စေဖို့ အရေးကြီးပါတယ်။
  • ဒါတွေကိုလိုက်နာနိုင်ရင်တော့ကိုယ်ကျင့်တရားကောင်းတဲ့လူတယောက်ဖြစ်လာပါလိမ့်မယ်။
(ဆရာနန္ဒာသိန်းဇံ)
Eleven Journal မှကူးယူဖေါ်ပြပါသည်။
ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါး၇ွှင်လန်းချမ်းမြေ့ကြပါစေ...
 *
*
*
Tuesday, July 21, 2015
*~~~ဘ၀တက္ကသိုလ်မှပညာသင်ယူခြင်းအကြောင်း~~~*
 ကိုယ်တို့ ပြည်နယ် State University ရဲ့  Associate ဖြစ်တဲ့ကောလိပ်ကျောင်းတခုမှာ
ဆေးပညာနဲ့ ကျန်းမာရေးစောင့်ရှောက်မူ့ Program ကိုယူပြီးတက်ဖြစ်ပါတယ်...။
 ဒီပညာရပ်ကိုသင်ယူရတဲ့ကိုယ့်အတွက် ဘ၀မှာ အလွန်တန်ဘိုးကြီးမားလှတဲ့
အသိပညာ အတတ်ပညာနဲ့ ဗဟုသုတများစွာကိုရရှိခဲ့ပါတယ်...။
 ကိုယ်တို့ ပြည်နယ်မှာ ယူနီဗာစီတီပေါင်း ၃၁ ခုနဲ့ ကောလိပ်ကျောင်းပေါင်း ၇၈ ခုရှိပါတယ်။
ဒီပြည်နယ်ရဲ့ State University ဟာ အမေရိကန်နိုင်ငံရဲ့နံပါတ်လေးခုမြောက်
ကျောင်းသားဦးရေအများဆုံးနဲ့ အဆင့်မြင့်တဲ့ပညာရပ်တွေကိုသင်ကြားပေးတဲ့
တက္ကသိုလ်ကြီးတခုဖြစ်ပါတယ်။
"Education is not preparation for life;
Education is life itself."
(John Dewey)
"ပညာရေးဆိုတာ ဘ၀အတွက်ပြင်ဆင်ခြင်းမဟုတ်
ပညာရေးဆိုတာကိုက ဘ၀ပါပဲ"...လို့ ဆိုတဲ့  John Dewey ရဲ့အဆိုဟာ 
တကယ့်ကိုတန်ဘိုးကြီးမားတဲ့မဟာ ဒဿ      နပါပဲ...။
ဘာကြောင့်လည်းဆိုတော့ ယနေ့ ကမ္ဘာပေါ်မှာထိပ်တန်းရောက်နေတဲ့နိုင်ငံတွေအားလုံးဟာ
အသိပညာ အတတ်ပညာဆိုတဲ့ပညာရေးတွေနဲ့ 
အခိုင်အမာတည်ဆောက်ထားကြတဲ့နှို်င်ငံတွေချည်းပါပဲ...။ 
 ပညာရေးဟာနိုင်ငံတနိုင်ငံရဲ့အသက်သွေးကြောဖြစ်သလို
 ပညာရေးကိုတန်ဘိုးထားရကောင်းမှန်းမသိတဲ့နိုင်ငံတွေ ပညာရေးကိုစနစ်တကျ
တည်ဆောက်နိုင်ခြင်းမရှိတဲ့နိုင်ငံတွေဟာ ကမ္ဘာမှာဆင်းရဲမွဲတေနေကြဆဲပါပဲ...။
 ကိုယ်သင်ယူရတဲ့ဆေးပညာနဲ့ ပတ်သက်တဲ့ Medical Terms တွေ
Medical Terminology တွေ ခန္ခ္တာကိုယ်နဲ့ ပတ်သက်တဲ့အစိတ်အပိုင်းတွေကို
ခွဲခြမ်းစိတ်ဖြာသွားတဲ့ သိပ္ပံပညာရှင်တွေ ဆေးပညာရှင်တွေရဲ့ အသိဥာဏ်
ပညာတွေဟာ အံ့မခမ်းဖွယ်ကြီးမားလွန်းကြပါတယ်။
ခန္တာကိုယ်တခုလုံးကို အရေပြားတထောင့်မကျန် အတွင်းအပြင်
သတ်မှတ်ခေါ်ဝေါ်တဲ့ Body Structure and Function တွဟာလည်းအံ့သြစရာကောင်းပါတယ်။
ခန္တာကိုယ်ရဲ့ အခြေခံအစိတ်အပိုင်းတွေဖြစ်တဲ့ Cell, ( ကလပ်စည်း )
Tissue (အသားမျှင် ) နဲ့ Organs ( နှလုံး-အသဲ-ကျောက်ကပ် ) တွေကိုခွဲခြမ်းစိတ်ဖြာသွားပုံတွေ
The Integumentary System = ခန္တာကိုယ်ပေါ်ကအရေပြားနဲ့ ပတ်သက်တဲ့အစိတ်အပိုင်းတွေ
The Musculo -Skeletal System  = ခန္တာကိုယ်အတွင်းပိုင်းကအရိုးတွေနဲ့ 
Muscles - ကြွက်သားတွေရဲ့အစိတ်အပိုင်းတွေ
The Nervous System  = အာရုံအကြောတွေနဲ့ ပတ်သက်တဲ့အစိတ်အပိုင်းတွေ
The Central Nervous System = ဦးနှောက်အာရုံကြောနဲ့ ဆက်စပ်နေတဲ့
နောက်ကျောရိုးအစိတ်အပိုင်းတွေ
The Peripheral Nervous System  = အကြား- Ear
အမြင်- Eye  အနံ့ - Nose - ဦးနှောက်အာရုံခံမူ့  -Brain အစရှိတဲ့အစိတ်အပိုင်းတွေ
The Circulatory System = ခန္တာကိုယ်ရဲ့သွေး-  နှလုံး နဲ့ သွေးကြောလည်ပတ်မူ့ တွေ
The Lymphatic System  = အရေပြားအောက်ကခန္တာကိုယ်တခုလုံးကိုလှည့်ပတ်နေတဲ့
အဆီအရည်ကြည်တွေ
The Respiratory System  = အဆုပ်နဲ့ အသက်ရူသွင်းမူ့  Oxygen- အောက်ဆီဂျင်နဲ့ 
ခန္တာကိုယ်မှာမလိုအပ်တဲ့ Carbon Dioxide ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ
The Digestive System = ခန္တာကိုယ်ရဲ့  အစာအိမ် အူသိမ်အူမ အစာခြေမူ့ နဲ့ Waste-  အညစ်အကြေးထုတ်ပြစ်မူ့ တွေ
The Urinary System = ခန္တာကိုယ်ထဲက အရည်တွေမျှတနေအောင်လိုအပ်တဲ့ Sodium -ဆိုဒီယမ်တွေ
(ဥပမာ- ၀မ်းသွားတာ - အန်တာ တွေကြောင့် ကိုယ်တွင်းမှာလိုအပ်တဲ့ အရည်တွေကုန်ဆုံးပြီး
Dehydration - ဖြစ်တာမျိုး )
အခြားအရည်တွေဖြစ်တဲ့ ဆီး- သွေးထဲကမလိုအပ်တဲ့အရည် နဲ့ 
ခန္တာကိုယ်မှာလိုအပ်နေတဲ့အရည်တွေကိုမျှတအောင်လုပ်မူ့ တွေ
The Reproductive System = အမျိုးသား - The Male Reproductive System နဲ့ 
အမျိုးသမီး - The Female Reproductive System
တွေရဲ့ခန္တာကိုယ်ထဲက မတူညီတဲ့ထုတ်လုပ်မူ့ တွေ
The Endocrine System =  ခန္တာကိုယ်ရဲ့ကြီးထွားမူ့ အတွက် 
ဟိုမုန်း (Hormones) နဲ့ အားအင်တွေ သိုလှောင်ထားတဲ့ Gland လို့ ခေါ်တဲ့အဖုအလုံးတွေ... 
ဦးနှောက်နားမှာရှိတဲ့ Pineal gland
မျက်လုံးအနောက်နားမှာရှိတဲ့ Pituitary gland  ၊
လည်ချောင်းမှာရှိတဲ့ Thyroid gland  နဲ့ Parathyroid gland ၊
ရင်ဘတ်မှာရှိတဲ့ Thymus gland နဲ့ ခန္တာကိုယ်ရဲ့ညာဖက်ရင်ဘုံအောက်မှာရှိတဲ့ Adrenal gland တွေ...
The Immune System = ခန္တာကိုယ်ထဲကိုဝင်ရောက်လာတဲ့ Viruses နဲ့  Bacteria 
ရောဂါပိုးတွေကို ခန္တာကိုယ်ထဲက Cell တွေက ပြန်လည်တိုက်ဖျက်မူ့ တွေ၊
ဒီခန္တာကိုယ်ထဲက မလိုအပ်တဲ့ Cell တွေကပဲ ခန္တာကိုယ်ကိုပြန်လည်ဖျက်ဆီးပြစ်မူ့ တွေ
ဥပမာအားဖြင့် ကင်ဆာလိုရောဂါမျိုး...
အစရှိသဖြင့် လူ့ ခန္တာကိုယ်အရေပြားတထောင့်မကျန်ရှာဖွေတွေ့ ရှိမူ့ တွေဟာ
ဆေးပညာနဲ့ သိပ္ပံပညာရဲ့ခမ်းနားကြီးကျယ်စိတ်ဝင်စားစရာကောင်းတဲ့အရာတွေပါပဲ...။
ဒီခန္တာကိုယ်မှာ ဖြစ်ပွားတတ်တဲ့မရေမတွက်နိုင်သောရောဂါဆိုးတွေကိုလည်း 
သိပ္ပံပညာရှင်တွေနဲ့  ဆေးပညာရှင်တွေဟာ သူတို့ ဘ၀တခုလုံးမြှုပ်နှံပြီးဒါတွေကိုကုစားဖို့ ရှာဖွေကြတော့တာပါ...
သူတို့ ရှာဖွေတွေ့ ရှိသမျှ တန်ဘိုးအလွန်ကြီးမားတဲ့ပညာရပ်တွေ ဗဟုသုတတွေကိုလည်း 
တကမ္ဘာလုံးမှာရှိတဲ့လူသားတွေ အသက်ချမ်းသာရာရဖို့ 
ကောင်းကျိုးချမ်းသာရဖို့ အတွက်ဖြန့် ဝေတော့တာပါပဲ...
ဘယ်နိုင်ငံ ဘယ်လူမျိုး ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် သူတို့ မှာနယ်စည်းခြားဆိုတာမရှိသလို
သူတို့ ရှာဖွေတွေ့ ရှိသမျှတွေကိုလည်း သူတို့ နိုင်ငံတနိုင်ငံထဲအတွက်အသုံးပြုမယ်ဆိုတဲ့ 
အမြင်ကျဉ်းမြောင်းတဲ့တကိုယ်ကောင်းဝါဒတွေလည်းမရှိကြပါဘူး...။
သာဓကအနေနဲ့ ပြောရရင် ကမ္ဘာအ၀ှမ်းက Polio ရောဂါတိုက်ဖျက်ဖို့ အတွက် Bill Gates က
သန်းပေါင်း တစ်ထောင့်ရှစ်ရာကို သူ့ ရဲ့ဖောင်ဒေးရှင်းကိုလှူခဲ့ပြီး
သန်းပေါင်း ငါးထောင့်ငါးရာရရှိဖို့ အတွက် အခြားသောနိုင်ငံတွေကိုလည်း
တိုက်တွန်းခဲ့ပါတယ်...။ လာမယ့်သက္ကရာဇ် ၂၀၁၈ မှာ Polio ရောဂါဆိုတာ
ကမ္ဘာပေါ်မှာလုံးဝမရှိစေရဘူးဆိုတဲ့ဦးတည်ချက်နဲ့ ပါ...။
အမေရိကန်နိုင်ငံမှာ Polio ရောဂါကိုတိုက်ဖျက်ပြီးလို့ မရှိတော့ပါဘူး...
ယခုလက်ရှိ Polio ရောဂါဖြစ်ပွားနေသေးတဲ့နိုင်ငံတွေက နိုက်ဂျီးရီးယား၊
ပါကစ်စတန် ၊ အာဖဂန်နစ်စတန်နဲ့ အခြားဆင်းရဲတဲ့နိုင်ငံတွေပါပဲ...
 ဒီနိုင်ငံတွေဟာ အမေရိကန်နဲ့ ဘာသာလည်းမတူ လူမျိုးလည်းမတူတဲ့နိုင်ငံတွေပါ...။
ကမ္ဘာပေါ်မှာဒုတိယလူဦးရေအများဆုံးဖြစ်တဲ့ ဟိန္ဒူ ဘာသာနိုင်ငံ အိန္ဒိယ ကတော့ 
ဘီိလ်ဂိတ် ဖောင်ဒေးရှင်းရဲ့အများဆုံးကူညီမူ့ နဲ့ အိန္ဒိယနိုင်ငံမှာ Polio ရောဂါမရှိတော့ဘူးလို့ 
၂၀၁၂ ခုနှစ်မှာကြေငြာနိုင်ခဲ့ပါတယ်...။
( Polio ရောဂါဟာလူအများသိထားတဲ့အရိုးပြော့ တဲ့ သာမာန်ရောဂါမဟုတ်ပါဘူး
ဒီရောဂါဟာ ခန္တာကိုယ်ထဲကိုဝင်ရောက်လာတဲ့ဗိုင်းရပ်စ်တွေက 
ကိုယ်ထဲကကြွက်သားနဲ့ အရိုးတွေကိုဖျက်ဆီးပြစ်တဲ့အခါမှာ 
ခန္တာကိုယ်က Paralyze ဖြစ်ပြီးလုံးဝလမ်းမလျှောက်နိုင်တော့ပဲသေဆုံးတဲ့ရောဂါပါ...။
Polio ရောဂါဟာကူးစက်တတ်တဲ့ရောဂါလည်းဖြစ်ပါတယ်...။ )
အမေရိကန်နိုင်ငံမှာ နှစ်ဆယ်ရာစုရဲ့ပထမပိုင်း ၁၉၅၂ ခုနှစ်ဝန်းကျင်မှာ 
(Poliomyelitis ) လို့ ခေါ်တဲ့ Polio  ရောဂါကို လူပေါင်း ၆သောင်းခံစားခဲ့ရပါတယ်
ဒီအထဲမှာအမေရိကန်နိုင်ငံရဲ့ ၃၂ ယောက်မြောက်သမ္မတဖြစ်တဲ့ Franklin D. Roosevelt လည်းပါဝင်ခဲ့ပါတယ်။ ဒီရောဂါဟာမဖြစ်ခင် ကာကွယ်ဆေးထိုးပြီးကာကွယ်ထားလို့ ရပေမယ့်
ဖြစ်ပြီးမှဆိုရင်တော့ကုလို့ မရတော့ပါဘူး...။
Polio ရောဂါကာကွယ်တဲ့ထိုးဆေး Salk Vaccine ကို သိပ္ပံပညာရှင်လည်းဖြစ် 
ဆရာဝန်လည်းဖြစ်တဲ့ ဒေါက်တာ ဂျွို နက်စ်ဆောခ့်  ( Dr. Jonas Salk )
ဆိုတဲ့ဆရာဝန်ကရှာဖွေတွေ့ ရှိခဲ့ပြီး သောက်ဆေးနဲ့ ကာကွယ်ရတဲ့
Sabin Vaccine ကိုတော့ ဒေါက်တာ အလ်ဘတ် ဆဘင် (  Dr. Albert Sabin ) ကရှာဖွေတွေ့ ရှိခဲ့ပါတယ်။
ဘီလ်ဂိတ်ဟာ Polio ရောဂါတခုထဲအတွက်လှူဒါန်းခဲ့တာမဟုတ်ပါဘူး...
ကမ္ဘာ့ နိုင်ငံအအနှံ့ အပြားမှာဖြစ်ပွားနေတဲ့ အထူးသဖြင့်အာဖရိကနိုင်ငံနဲ့ 
အာရှနိုင်ငံ တွေမှာဖြစ်ပွားတတ်တဲ့ Malaria ရောဂါတိုက်ဖျက်ဖို့ အတွက်လည်း
ဒေါ်လာသန်းရာပေါင်းများစွာလှူဒါန်းခဲ့ပါတယ်...။
(Malaria ရောဂါဟာကမ္ဘာပေါ်မှာ လူအသေ အများဆုံးရောဂါထဲမှာအပါဝင်ဖြစ်ပါတယ်...။)
ဘီလ်ဂိတ်ကသူ့ ရဲ့ပိုင်ဆိုင်မူ့ ၉၅ ရာခိုင်နှုန်းကိုလှူဒါန်းသွားမယ်လို့ ဆိုပါတယ်...။ 
သူနဲ့ အတူလှူဒါန်းတဲ့သူကတော့ စီးပွားရေးပညာရှင်ကြီး  Billionaire Warren Buffet ပါ...။
သူက ၂၀၀၆ ခုနှစ်မှာ ဘီလ်ဂိတ်ရဲ့ဖောင်ဒေးရှင်းကို သူပိုင်ဆိုင်တဲ့
စတော့ခ် (Stock) ဘီလီယံ ၃၀ ကိုဘီလ်ဂိတ်ရဲ့ ဖောင်ဒေးရှင်းကိုလှူဒါန်းခဲ့ပါတယ်...။
Warren Buffet ကသူ့ ရဲ့ပိုင်ဆိုင်မူ့ ၉၉ ရာခိုင်နှုန်းကိုလှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သူနဲ့ အတူ ဘီလီယံနာ ပေါင်း ၇၀နီးပါး ကလည်းသူတို့ တွေရဲ့
ပိုင်ဆိုင်မူ့  ၅၀ ရာခိုင်နှုန်းကိုလှူဒါန်းကြမယ်လို့ ဆိုပါတယ်...။
ဒါဟာပညာတတ်သူတော်ကောင်းများရဲ့ မဟာလောကကောင်းကျိုးသယ်ပိုးမူ့ ကြီးလို့ ဆိုရမှာပါ...။
အထက်မှာပြောခဲ့တဲ့  John Dewey ရဲ့  "Education is not preparation for life;
Education is life itself." ဆိုတာကိုပြန်ကြည့်မယ်ဆိုရင် ပညာရေးဟာဘာကြောင့်
ဘ၀ဖြစ်ရတာလည်းဆိုတော့ ပညာသင်ယူခြင်းဆိုတာ Intelligence ဆိုတဲ့ အသိဥာဏ်နဲ့ 
သက်ဆိုင်ပါတယ်...။ ဥပမာ... ဘီလ်ဂိတ်က တက္ကသိုလ်ကနေ ကွန်ပြူတာပညာကို
သင်ယူခဲ့ပြီး သူ့ ရဲ့အသိဥာဏ်ထက်မြက်မူ့ နဲ့ သူဟာကွန်ပြူတာပရိုဂရမ်ကိုရှာဖွေတွေ့ ရှိခဲ့ပြီး
အောင်မြင်တဲ့စီးပွားရေးသမား ကမ္ဘာပေါ်မှာချမ်းသာကြွယ်ဝဆုံးသူ တယောက်ဖြစ်လာခဲ့ပါတယ်။
ပညာရေးဟာသူ့ ဘ၀ကိုအမြင့်ဆုံးအထိမြှင့်တင်ပေးခဲ့တာပါ... ဒီပညာဟာဒီနေရာမှာတင်
ဆုံးသွားခဲ့တာမဟုတ်ပဲနဲ့ ဒီပညာနဲ့ ပတ်သက်ပြီး ဆင့်ပွားရရှိခဲ့တဲ့ အကြီးမားဆုံးအရာကတော့
"Education is life itself" ပညာရေးဆိုတာဘ၀ပါ လို့ ပြောတဲ့ 
အကောင်းအဆိုးအမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်တဲ့ 
ပညာရေးရဲ့အဓိက အသက်သွေးကြောဖြစ်တဲ့ "Wisdom"  ကိုရရှိခဲ့လို့ ပါပဲ။
ပညာတတ်တွေဟာပညာရေးကြောင့်သူတို့ ပိုင်ဆိုင်ရရှိခဲ့တဲ့ချမ်းသာကြွယ်ဝမူ့ တွေနဲ့ 
လောကကောင်းကျိုးပြုရမယ်ဆိုတာကိုတွေးခေါ်ခဲ့တာတွေက သူ့ တို့ ရဲ့"ဘ၀" ဖြစ်ခဲ့တာပါ...။ 
Education = Intelligence + Wisdom လို့ ဆိုချင်ပါတယ်...။
လောကမှာပညာတတ်တွေအများကြီးရှိပါတယ်...ဒီအထဲမှာ ပညာတတ်ဝိသမလောဘသားတွေ
ပညာတတ်လူလိမ်တွေ...ပညာတတ်ကိုယ်ကျိုးရှာသမားတွေ...ပညာတတ်ခေါင်းပုံဖြတ်တွေ
ပညာတတ်အချောင်သမားတွေ...ပညာတတ် လူမိုက်တွေအများကြီးရှိပါတယ်...။
သို့ သော် ဒါတွေဟာတကယ့်ပညာတတ်တွေမဟုတ်ပါဘူး...။ 
တကယ်ပညာတတ်တဲ့သူတွေဟာ သူတို့ ဆီမှာ 
ကမ္ဘာကြီးကိုငြိမ်းချမ်းစေမယ့်
Compassion ရှိတယ်
Intelligence ရှိတယ်
Wisdom ရှိတယ်
Dignity ရှိတယ်
Quality ရှိတယ်
Morality ဆိုတဲ့
ဘ၀ရဲ့တန်ဘိုးအကြီးမားဆုံးလူ့ ဂုဏ်သိက္ခာဆိုတဲ့အရာတွေရှိပါတယ်...။ 
ဒီအရာတွေကပဲသူတို့ ဘ၀တွေကိုအဆင့်အတန်းအမြင့်ဆုံး 
အထက်တန်းအကျဆုံးဖြစ်အောင်ဖန်တီးပေးသွားတာပါ...။
ဒါဟာတကယ့်စစ်မှန်တဲ့
"Education is not preparation for life;
Education is life itself." ဆိုတဲ့ပညာရဲ့အမြင့်မားဆုံးအနှစ်သာရပါပဲ...။
*
*
*
ကိုယ်ဒီစာစုလေးကိုရေးခဲ့တာ ရက်အနည်းငယ်ကြာခဲ့ပါပြီ...
အခုမှပဲအပြီးသတ်ဖြစ်ပါတယ်...။ ဆေးပညာနဲ့ ပတ်သက်လို့ ကိုယ်သင်ယူခဲ့ရတဲ့
ရောဂါတွေအကြောင်းကိုအချိန်ရတဲ့အခါ ဗဟုသုတအဖြစ် ရေးသားမျှဝေပါဦးမယ်...
စာဖတ်တာကိုပဲဝါသနာပါပြီး စာရေးရတာကိုသိပ်ဝါသနာမပါတော့
တနှစ်လောက်မှတခါရေးဖြစ်ပါတယ်... :)
အားလုံးပဲကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ... 
Sunday, May 24, 2015
*~~~ကျွနုပ်၏တပိုင်းတစဒ ဿ န များ (၉)~~~*
လူတွေမှာအသိဥာဏ်ပညာကင်းမဲ့မူ့ 
ဆင်ခြင်တုံတရားကင်းမဲ့မူ့ 
အမြင်ကျဉ်းမြောင်းမူ့ ဆိုတဲ့အကြောင်းတရားတွေဟာ
အင်မတန်မှကြီးမားကြပါတယ်...
နေရာတကာမှာရူ့ ထောင့်တခုထဲကနေကြည့်ပြီး
မိမိလိုရာဆွဲတွေးတတ်တဲ့အကျင့်စရိုက်ဟာ လူ့ ပတ်ဝန်းကျင်နဲ့ လူအချင်းချင်းကို
အထင်အမြင်လွဲမှားမူ့ တွေနဲ့ ကြီးမားတဲ့လူမူ့ ပြဿ      နာတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။
သူတပါးရဲ့အကြောင်းကိုအပေါ်ယံကြည့်ပြီး
ဝေဖန်ရေးလုပ်တတ်ကြတဲ့ လူတွေရဲ့အပေါစားဆန်တဲ့စရိုက်တွေဟာ
လူ့ အသိုင်းအ၀ိုင်းမှာအဆိပ်အတောက်တွေဖြစ်ပြီး
မလိုလားအပ်တဲ့ပြဿ      နာတွေကိုမီးလောင်ရာလေပင့်ဆိုသလိုဖြစ်ပေါ်
လောင်ကျွမ်းလာနိုင်ပါတယ်...
အကောင်းဆုံးကတော့ သူတပါးကိုဝေဖန်မယ်ကြံရင်
ကိုယ့်အတွင်းစိတ်ကို
ပြန်ကြည့်
ပြန်မေး
ပြန်စစ်ဆေးတာက
လူပီသတဲ့လူတယောက်ဖြစ်ဖို့ အတွက်
အထောက်အကူပြုပါလိမ့်မယ်...။
*~*~*~*~*
သူတပါးကိုကောင်းစေချင်ရင် 
မိမိကိုယ်ကိုကောင်းအောင်အရင်လုပ်
သူတပါးကိုပြောင်းလဲစေချင်ရင် 
မိမိကိုယ်ကိုပြောင်းလဲအောင်အရင်လုပ်
သူတပါးကိုသူတော်ကောင်းဖြစ်စေချင်ရင် 
မိမိကိုယ်ကိုသူတော်ကောင်းဖြစ်အောင်အရင်လုပ်
ဒီအခြေခံသုံးချက်မရှိပဲနဲ့ 
ဘာတွေပဲပြောပြော ဘာတွေပဲလုပ်လုပ်
"Do as I say, Not as I do" ဆိုသလို
ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ ဆိုတဲ့
ဟီရိသြတပတရားမရှိတဲ့ အရှက်မဲ့တဲ့လုပ်ရပ်တွေပဲဖြစ်နေမှာပဲ...။
*~*~*~*~* 
လူတွေဟာဘ၀ရဲ့အခက်အခဲတွေ
ဒုက္ခအဖုံဖုံတွေ လောကဓံတရားတွေကို
ရင်ဆိုင်ကြုံတွေ့ လာရတဲ့အခါမှာ
လူသားတယောက်စောင့်စည်းရမယ့်
လူ့ ကျင့်ဝတ်တွေ လူ့ စည်းကမ်းတွေ
လူ့ ဂုဏ်သိက္ခာတွေကိုချိုးဖေါက်ပြီး
မိမိရဲ့စိတ်ထွက်ပေါက်နဲ့ ဘ၀ထွက်ပေါက်အတွက်
ဘာသာရေးကိုခုတုံးလုပ်အသုံးချမူ့ တွေ
နိုင်ငံရေးကိုခုတုံးလုပ်အသုံးချမူ့ တွေ
လူသားအချင်းချင်းခုတုံးလုပ်အသုံးချမူ့ တွေ
သတ်ဖြတ်ညှင်းဆဲမူ့ တွေ
လိမ်ညာလှည့်စားမူ့ တွေဖြစ်ပေါ်လာတော့တာပါပဲ...။
ဒါတွေဟာလူသားတွေရဲ့အကြီးမားဆုံးစာရိတ္တ မကဏ္ဍိုင်ပြိုလဲမူ့ နဲ့ 
လူသားအရင်းအမြစ်ဆုံးရှုံးမူ့ ကြီးပါပဲ...။
*~*~*~*~*
 လူတယောက်မှာအသိဥာဏ်ပညာကြီးမားလေ
အရှက်အကြောက်ကြီးမားလေ ဟီရိသြတပတရားကြီးမားလေ
မကောင်းမူ့ ကိုရှောင်ကျဉ်လေပဲ...။
*~*~*~*~*
အခြေခံလူ့ ကျင့်ဝတ်ဖြစ်တဲ့
 မိမိရဲ့ကိုယ်နှုတ်နှလုံးသုံးပါးနဲ့ 
လူ့ စည်းကမ်းဆိုတာကို 
လူပီသစွာထိမ်းသိမ်းရကောင်းမှန်းမသိတဲ့လူဟာ
လူဖြစ်ရှုံးတဲ့သူပါပဲ...။
*~*~*~*~*
သူတော်ကောင်းတွေရဲ့စိတ်အစဉ်မှာ
ဘာပဲပြောပြော ဘာပဲလုပ်လုပ်
သတိနဲ့ ပညာအရှေ့ ကအမြဲသွားတယ်
တန်ဘိုးမရှိတဲ့စကား 
အရှက်မရှိတဲ့စကားတွေကိုပြောရမှာအလွန်စက်ဆုတ်သလို
ပြောလေ့ပြောထရှိတဲ့ အကျင့်စရိုက်လည်းမရှိဘူး...။
*~*~*~*~*
အသိဥာဏ်ပညာရှိတဲ့သူဟာ
သဘောထားကြီးကြီးနဲ့ ခွှင့်လွှတ်တတ်တဲ့နှလုံးသားရှိတယ်
သူတပါးရဲ့ကောင်းကျိုးချ မ်းသာကိုပဲလိုလားတယ် 
မနာလိုဝန်တိုစိတ်မရှိဘူး
သူတပါးအကျိုးပျက်စီးရာပျက်စီးကြောင်း 
ဘယ်တော့မှလုပ်လေ့မရှိဘူး...။
*~*~*~*~*
အလွဲတွေအမှားတွေနဲ့ 
လွဲမှားသူတွေလုပ်တဲ့ နိုင်ငံရေးပဲဖြစ်ဖြစ်
ဘာသာရေးပဲဖြစ်ဖြစ်ကျဆုံးနေအုံးမှာပဲ...။
*~*~*~*~*
 သတိနဲ့ တွေး
သတိနဲ့ ကြည့်
သတိနဲ့ ပြော
သတိနဲ့ နေ
သတိနဲ့ လုပ်
သတိကိုအဖေါ်လုပ်ထားသူအဖို့ 
အဲဒီသတိဆိုတဲ့အဖေါ်ကပဲ 
 ပြဿ      နာတွေ၊ ဒုက္ခတွေ၊ အကုသိုလ်တွေ၊ ရန်မီးတွေကို
ကိုယ့်ဘ၀ထဲကနေဖယ်ရှားပေးသွားပါလိမ့်မယ်...။
*~*~*~*~*
သစ္စာတရားဆိုတာ
သူတော်ကောင်းတွေရဲ့နှလုံးသားမှာ
ထာဝရထွန်းလင်းနေမယ့်
ဓမ္မတရားတော်ဖြစ်တယ်...။
*~*~*~*~*
လောကမှာ လူပီသတဲ့သူရဲကောင်းတွေဆိုတာ
ဗြဟ္မစိုရ်နှလုံးသားနဲ့ 
လူ့ ဂုဏ်သိက္ခာ
အမှန်တရားနဲ့ 
သစ္စာတရားအတွက်ပဲ
အသက်ရှင်သန်နေကြတာပါ...။
*~*~*~*~*
*
*
*
Wednesday, May 6, 2015
*~~~ကိုယ်ရယ် ဆိုင်ယွန်ရယ် ချယ်ရီရယ်~~~*
နွေးထွေးသန့် စင်တဲ့နေရောင်ခြည်နုနုလေးတွေက
Spring ရာသီရဲ့ မနက်ခင်းလေးကို နေ့ အသစ်လေးတခုအဖြစ်အလှဆင်ထားသလိုပါပဲ...
ကိုယ်မရောက်တာကြာပြီဖြစ်တဲ့ ရေကန်ကြီးနဘေးကို 
ဒီမနက်ဆိုင်ယွန်နဲ့ အတူကိုယ်ရောက်လာခဲ့တယ်...။
တဆောင်းတွင်းလုံးရေတွေခဲနေတဲ့ရေကန်ကြီးက
ခုတော့ ပြာလွင်တဲ့မိုးကောင်းကင်အောက်မှာကြည်လင်လှပလို့ 
 ရွက်နုလေးတွေဝေဆာနေတဲ့သစ်ပင်လေးတွေက
တောက်ပတဲ့နေရောင်ခြည်အောက်မှာ သဘာဝရဲ့ပန်းချီကားတချပ်ပမာ 
လှချင်တိုင်းလှနေတော့တယ်...။
လတ်ဆတ်တဲ့လေပြေလေညှင်းလေးတွေကကိုယ့်ကိုလန်းဆန်းကြည်လင်သွားစေတယ်။
ကိုယ်လျှောက်နေကျလမ်းလေးအတိုင်းလျှောက်လာတော့...
ဟိုမှာတွေ့ ပါပြီ...
တနှစ်တခါ 
ပွင့်ရှာလေသော
ချယ်ရီပန်းလေးတွေရယ်လေ...
 တပင်လုံးဖွေးဖွေးလှုပ်အောင်ပွင့်နေကြရဲ့...။
နေရောင်ခြည်လည်းလင်းပါစေ...
ပန်းတွေမွှေးပါစေ
ငှက်ကလေးတွေမိုးတိမ်ကြား
ပျံနိုင်ကြစေသား...
***~~~***
ဒီရေကန်ကြီးမှာလိပ်ကလေးတွေ ဗျိုင်းကလေးတွေ ဇင်ယော်လေးတွေလည်းနေကြတယ်...။
သစ်ပင်ပေါ်မှာထိုင်နေတဲ့လိပ်မေမေကြီးနဲ့  ချစ်စရာလိပ်မျောက်လေး... 
ပန်းကလေးတွေပွင့်ရာမြေ...
သဘာဝသတ္တ၀ါလေးတွေပျော်ရွှင်ရာ
ငြိမ်းချမ်းလှပတဲ့ ကိုယ်တို့ ရဲ့ချယ်ရီမြေ...
*** *** ***
ရေကန်ကြီးနဘေးမှာ လမ်းလျှောက်ရင်း နဲ့ ဓါတ်ပုံလေးတွေရိုက်ပြီးနောက်
ဆိုင်ယွန်ကိုရပ်ထားတဲ့နေရာ ကိုယ်ပြန်ရောက်လာတော့
သူကနေပူထဲမှာစိတ်ရှည်ရှည်နဲ့ ကိုယ့်ကိုစောင့်နေရှာတယ်...
ဆိုင်ယွန်ကအရမ်းတော်တယ်...
သူ့ ကိုနှိုးလိုက်တာနဲ့  အဆင်သင့်ပဲ...
ဘယ်တော့မှပျင်းရိခြင်း အိပ်ငိုက်ခြင်းမရှိဘူး...
ကိုယ်နဲ့ တူတယ်... :) 
သူကအေးအေးဆေးဆေးနားနေတော့တယ်...။
(မှတ်ချက်) 
ဆိုင်ယွန်(Scion) ဆိုတာ Toyota ကထုတ်တဲ့ ကားအမျိုးစားပါ...။
၂၀၁၄ မှာဒီကားကိုထုတ်ခဲ့တဲ့တိုရိုတာ Company ကသူတို့ ထုတ်ခဲ့တဲ့ Camry 
ဆိုတဲ့ကားအမျိုးစားထက် အဆပေါင်း ၃၀ ပိုရောင်းရတဲ့ကားအမျိုးအစားဖြစ်ပါတယ်...။
ကမ္ဘာအ၀ှန်းကလူကြိုက်များတဲ့ကားလေးပါ...။
 Scion ဆိုတဲ့ဒီကားလေးရဲ့နာမည်က အင်္ဂလိပ်လိုအဓိပ္ပါယ်နှစ်မျိုးထွက်ပါတယ်
ပထမအဓိပ္ပါယ်က အဖူးအငုံကလေး ဖြစ်ပြီး နောက်တခုကတော့ အဆင့်အတန်းမြင့်သော
အထက်တန်းကျသောလို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်...။
( ကိုယ်ကဒီကားလေးကိုနှစ်သက်သောအားဖြင့်
သူ့ ကိုကျေးဇူးများစွာတင်သောအားဖြင့်
တမင်တကာ သူ့ နာမည်ကိုခေါင်းစဉ်ထဲမှာထည့်ရေးလိုက်ခြင်းပါ...)
အားလုံးပဲ ချယ်ရီပန်းလေးတွေလိုဖူးပွင့်လန်းဆန်း၍
Scion...အဆင့်အတန်းမြင့်သောသူတော်ကောင်းစိတ်ဓါတ်ဖြင့်အထက်တန်းကျကြပါစေ...
***~~~***