Wednesday, May 6, 2015
*~~~ကိုယ်ရယ် ဆိုင်ယွန်ရယ် ချယ်ရီရယ်~~~*
နွေးထွေးသန့် စင်တဲ့နေရောင်ခြည်နုနုလေးတွေက
Spring ရာသီရဲ့ မနက်ခင်းလေးကို နေ့ အသစ်လေးတခုအဖြစ်အလှဆင်ထားသလိုပါပဲ...
ကိုယ်မရောက်တာကြာပြီဖြစ်တဲ့ ရေကန်ကြီးနဘေးကို 
ဒီမနက်ဆိုင်ယွန်နဲ့ အတူကိုယ်ရောက်လာခဲ့တယ်...။
တဆောင်းတွင်းလုံးရေတွေခဲနေတဲ့ရေကန်ကြီးက
ခုတော့ ပြာလွင်တဲ့မိုးကောင်းကင်အောက်မှာကြည်လင်လှပလို့ 
 ရွက်နုလေးတွေဝေဆာနေတဲ့သစ်ပင်လေးတွေက
တောက်ပတဲ့နေရောင်ခြည်အောက်မှာ သဘာဝရဲ့ပန်းချီကားတချပ်ပမာ 
လှချင်တိုင်းလှနေတော့တယ်...။
လတ်ဆတ်တဲ့လေပြေလေညှင်းလေးတွေကကိုယ့်ကိုလန်းဆန်းကြည်လင်သွားစေတယ်။
ကိုယ်လျှောက်နေကျလမ်းလေးအတိုင်းလျှောက်လာတော့...
ဟိုမှာတွေ့ ပါပြီ...
တနှစ်တခါ 
ပွင့်ရှာလေသော
ချယ်ရီပန်းလေးတွေရယ်လေ...
 တပင်လုံးဖွေးဖွေးလှုပ်အောင်ပွင့်နေကြရဲ့...။
နေရောင်ခြည်လည်းလင်းပါစေ...
ပန်းတွေမွှေးပါစေ
ငှက်ကလေးတွေမိုးတိမ်ကြား
ပျံနိုင်ကြစေသား...
***~~~***
ဒီရေကန်ကြီးမှာလိပ်ကလေးတွေ ဗျိုင်းကလေးတွေ ဇင်ယော်လေးတွေလည်းနေကြတယ်...။
သစ်ပင်ပေါ်မှာထိုင်နေတဲ့လိပ်မေမေကြီးနဲ့  ချစ်စရာလိပ်မျောက်လေး... 
ပန်းကလေးတွေပွင့်ရာမြေ...
သဘာဝသတ္တ၀ါလေးတွေပျော်ရွှင်ရာ
ငြိမ်းချမ်းလှပတဲ့ ကိုယ်တို့ ရဲ့ချယ်ရီမြေ...
*** *** ***
ရေကန်ကြီးနဘေးမှာ လမ်းလျှောက်ရင်း နဲ့ ဓါတ်ပုံလေးတွေရိုက်ပြီးနောက်
ဆိုင်ယွန်ကိုရပ်ထားတဲ့နေရာ ကိုယ်ပြန်ရောက်လာတော့
သူကနေပူထဲမှာစိတ်ရှည်ရှည်နဲ့ ကိုယ့်ကိုစောင့်နေရှာတယ်...
ဆိုင်ယွန်ကအရမ်းတော်တယ်...
သူ့ ကိုနှိုးလိုက်တာနဲ့  အဆင်သင့်ပဲ...
ဘယ်တော့မှပျင်းရိခြင်း အိပ်ငိုက်ခြင်းမရှိဘူး...
ကိုယ်နဲ့ တူတယ်... :) 
သူကအေးအေးဆေးဆေးနားနေတော့တယ်...။
(မှတ်ချက်) 
ဆိုင်ယွန်(Scion) ဆိုတာ Toyota ကထုတ်တဲ့ ကားအမျိုးစားပါ...။
၂၀၁၄ မှာဒီကားကိုထုတ်ခဲ့တဲ့တိုရိုတာ Company ကသူတို့ ထုတ်ခဲ့တဲ့ Camry 
ဆိုတဲ့ကားအမျိုးစားထက် အဆပေါင်း ၃၀ ပိုရောင်းရတဲ့ကားအမျိုးအစားဖြစ်ပါတယ်...။
ကမ္ဘာအ၀ှန်းကလူကြိုက်များတဲ့ကားလေးပါ...။
 Scion ဆိုတဲ့ဒီကားလေးရဲ့နာမည်က အင်္ဂလိပ်လိုအဓိပ္ပါယ်နှစ်မျိုးထွက်ပါတယ်
ပထမအဓိပ္ပါယ်က အဖူးအငုံကလေး ဖြစ်ပြီး နောက်တခုကတော့ အဆင့်အတန်းမြင့်သော
အထက်တန်းကျသောလို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်...။
( ကိုယ်ကဒီကားလေးကိုနှစ်သက်သောအားဖြင့်
သူ့ ကိုကျေးဇူးများစွာတင်သောအားဖြင့်
တမင်တကာ သူ့ နာမည်ကိုခေါင်းစဉ်ထဲမှာထည့်ရေးလိုက်ခြင်းပါ...)
အားလုံးပဲ ချယ်ရီပန်းလေးတွေလိုဖူးပွင့်လန်းဆန်း၍
Scion...အဆင့်အတန်းမြင့်သောသူတော်ကောင်းစိတ်ဓါတ်ဖြင့်အထက်တန်းကျကြပါစေ...
***~~~***
No comments:
Post a Comment