Friday, January 30, 2015
*~~~ကိုယ်နဲ့ သဘာဝရဲ့ရင်သွေးငယ်လေးများအကြောင်း (၁)~~~*
နွေဦးရာသီလေးမှာ ကိုယ်ဒီနေရာလေးကိုပြောင်းလာခဲ့တယ်...။
ကိုယ်နေတဲ့ပတ်ဝန်းကျင်လေးက တိတ်ဆိတ်ငြိမ်သက်အေးချမ်းသာယာပြီး
ပန်းဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ သဘာဝရေကန်ကြီးနဲ့ လှပသန့် ရှင်းတဲ့ Park လည်းရှိတယ်...။
 တောင်ကုန်းလေးပေါ်ကနေ လှမ်းမြင်ရတဲ့တောအုပ်ကလေးတခုလည်းရှိတယ်...။ 
တောအုပ်ကလေးလိုမျိုးဖြစ်အောင် သစ်ပင်တွေကိုစိုက်ပျိုးပြီးထိမ်းသိမ်းထားကြတာပါ...။ (သဘာဝပတ်ဝန်းကျင်ကို ဘယ်လောက်များတန်ဘိုးထားပြီး အမျှော်အမြင်ကြီးကြီးနဲ့ ထိမ်းသိမ်းကြသလဲဆိုရင် 
သက်တမ်းအားဖြင့် ၆၀ ကျော် တွေဖြစ်နေကြပြီဆိုတော့ သူတို့ သက်တမ်းကုန်ဆုံးလို့ ရာသီဥတုဒဏ် လေဒဏ်မိုးဒဏ်မခံနိုင်ပဲပြိုလဲမသွားခင် အဲဒီအပင်တွေရဲ့အနားမှာနောက်ထပ်သစ်ပင်အသစ်တွေကို
ကြိုတင်အစားထိုးစိုက်ပျိုးထားကြပါတယ်...။)
ကိုယ်ဒီနေရာလေးကိုရောက်တော့ ဒီပတ်ဝန်းကျင်မှာမှီခိုနေထိုင်ကြတဲ့
ငှက်ကလေးတွေများရှိလေမလားဆိုတဲ့အတွေးနဲ့ ငှက်ကလေးတွေအတွက်
အစာကျွေး တဲ့ဖန်အိမ်ကလေးတွေဝယ် ငှက်အစာလေးတွေထည့်ပြီး အိမ်ရှေ့ ကချယ်ရီပင်လေးမှာချိတ်ထားလိုက်တယ်...။
နှစ်ရက်သုံးရက်လောက်ကြာသွားပေမယ့် ငှက်ကလေးတကောင်မှအစာလာစားတာမတွေ့ ပါဘူး...။
ကိုယ်လည်းအရမ်းပျော်သွားပြီး သူတို့ စားဖို့ အစာလေးတွေ ထပ်ထည့်ထားပေးလိုက်တယ်...။
ဒီလိုနဲ့ ငှက်ကလေးတွေအများကြီး ချယ်ရီပင်လေးမှာလာနားပြီး အစာလာစားကြတာကိုတွေ့ ရတယ်...။
   ကြက်တူရွေးလေးတွေ...
သာလိကာလေးတွေ... :)
Blue Jay လို့ ခေါ်တဲ့ ငှက်ကလေးတွေ...
သစ်ရွက်ကလေးတွေကြွေနေတဲ့ ချယ်ရီပင်လေးပေါ်မှာ
 ပျော်ရွှင်စွာနဲ့ အသံလေးတွေဆူညံနေကြတဲ့
နားပူနားဆာလေးတွေ... :) 
သူတို့ လေးတွေကိုကြည့်ပြီး သီချင်းလေးတပုဒ်သတိရမိတယ်... 
ငှက်ကလေးများတို့ ရယ်...
မနက်ခင်းမိုးလင်းတိုင်းကွယ်
သီချင်းလေးများညည်းလို့ 
ပြူတင်းပေါက်ဖွင့်တော့လောကကြီးတွေ့ ရတယ်
အိမ်ပြူတင်းပေါက်မှကွယ်
လေညှင်းကလေးများရယ်
ဟိုမှာပန်းလေးများ
ဟိုမှာမိုးသားများ
         လှမ်းလို့ မြင်နေဆဲ... ... ...    
( ဆက်ရန်... ... )  :)
*
*
*
No comments:
Post a Comment